Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၇.၉.၂၀၂၀

– ေနာက္ခံလူ ရွကိုဒရန္ မူစတာဖီအတြက္ အာဆင္နယ္အသင္းနဲ႔ လာဇီယိုတုိ႔ၾကားမွာ သေဘာတူညီမွဳရဖို႔ ကစားသမားရဲ႕ဖခင္ျဖစ္သူနဲ႔ ေအးဂ်င့္တုိ႔ လုပ္ေဆာင္ေနခဲ့ၿပီး အသင္းခ်င္း သေဘာတူညီႏုိင္ဖို႔ နီးစပ္ေနသလို ကစားသမားရဲ႕ လစာေငြကို ေလွ်ာ့ခ်ယူရဖို႔အတြက္ပဲ ေဆြးေႏြးရဖို႔ ရွိေန။

– လီဗာပူးလ္နဲ႔ပြဲအတြက္ အာဆင္နယ္ေနာက္ခံလူ ကီရန္ တီယာနီ ဒဏ္ရာက ေကာင္းမြန္လာခဲ့သလို ျပန္လည္ပါဝင္မွာျဖစ္ၿပီး သူတုိ႔ရဲ႕ ပုံစံက် ၃-၄-၃ ကစားကြက္ကိုပဲ အန္းဖီးလ္ကြင္းမွာ ခင္းက်င္းလာဖို႔ နည္းျပ မီခယ္လ္ အာတီတာ လုပ္ေဆာင္သြားဖြယ္ရွိ။

– အာဆင္နယ္ဘက္က ေအာဝါအတြက္ ယူ႐ို ၃၆ သန္းနဲ႔ ကမ္းလွမ္းထားခဲ့တာကို ပယ္ခ်ခဲ့တဲ့ လီယြန္အသင္းအေနနဲ႔ ယူ႐ုိသန္း ၅၀ ေပးမွ သူတုိ႔ကစားသမားကို လက္လႊတ္မယ္လို႔ ေျပာလိုက္ၿပီး အာဆင္နယ္ဘက္ကေတာ့ ဒုတိယအႀကိမ္ တုိးျမႇင့္ကမ္းလွမ္းဖို႔ရွိေန။

– အက္သလက္တီကို မက္ဒရစ္ဘက္က တိက်ေသခ်ာတဲ့ ကတိကဝတ္မ်ဳိးနဲ႔ ရာသီကုန္မွာ ေခၚယူဖို႔ မကမ္းလွမ္းခဲ့ဘူးဆုိရင္ေတာ့ ေတာ္ရဲရားရဲ႕ အေျပာင္းအေရႊ႕ ပ်က္ျပယ္ဖြယ္ရွိေနၿပီး အာဆင္နယ္မွာပဲ ဆက္ရွိဖို႔ ျဖစ္ႏုိင္။

– အာဆင္နယ္မွာ ဘရာဇီးလ္သားေတြ ပုိမုိမ်ားျပားလာႏုိင္ၿပီး အီတလီလက္ေရြးစင္အသင္းကို ေရြးခ်ယ္ထားတဲ့ ဘရာဇီးလ္သား ေဂ်ာ္ဂ်င္ညဳိကို ခ်ဲလ္ဆီးအသင္းကေန ေခၚယူသြားႏုိင္ဖို႔ မန္စီးတီးတုန္းက ဆႏၵမျပည့္ခဲ့တဲ့ အာတီတာ ႀကဳိးစားဖြယ္ရွိ။

– အာတီတာေၾကာင့္သာ အာဆင္နယ္အသင္းမွာ ဆက္ရွိေနတာျဖစ္ၿပီး စပိန္သားနည္းျပ မရွိဘူးဆုိရင္ သူလည္း ဆက္ကစားျဖစ္မွာ မဟုတ္ဘူးလို႔ ဆြစ္ဇာလန္ကြင္းလယ္လူ ဂရာနစ္ ခ်ာကာေျပာၾကား။

– ကိုဗစ္-၁၉ အတြက္ ကာကြယ္တားဆီးေရး လုပ္ငန္းေတြကို မိမိတုိ႔ေတြအေနနဲ႔ တင္းတင္းက်ပ္က်ပ္ ေဆာင္ရြက္ေနၿပီး သူ႕အေနနဲ႔ မတတ္ႏုိင္တဲ့ ကိစၥျဖစ္တဲ့ ႏိုင္ငံတကာလက္ေရြးစင္အသင္းေတြရဲ႕ တာဝန္မွာ ကစားသမားေတြ ကူးစက္ခံရမွာကိုေတာ့ အာတီတာ စိုးရိမ္ေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– နောက်ခံလူ ရှကိုဒရန် မူစတာဖီအတွက် အာဆင်နယ်အသင်းနဲ့ လာဇီယိုတို့ကြားမှာ သဘောတူညီမှုရဖို့ ကစားသမားရဲ့ဖခင်ဖြစ်သူနဲ့ အေးဂျင့်တို့ လုပ်ဆောင်နေခဲ့ပြီး အသင်းချင်း သဘောတူညီနိုင်ဖို့ နီးစပ်နေသလို ကစားသမားရဲ့ လစာငွေကို လျှော့ချယူရဖို့အတွက်ပဲ ဆွေးနွေးရဖို့ ရှိနေ။

– လီဗာပူးလ်နဲ့ပွဲအတွက် အာဆင်နယ်နောက်ခံလူ ကီရန် တီယာနီ ဒဏ်ရာက ကောင်းမွန်လာခဲ့သလို ပြန်လည်ပါဝင်မှာဖြစ်ပြီး သူတို့ရဲ့ ပုံစံကျ ၃-၄-၃ ကစားကွက်ကိုပဲ အန်းဖီးလ်ကွင်းမှာ ခင်းကျင်းလာဖို့ နည်းပြ မီခယ်လ် အာတီတာ လုပ်ဆောင်သွားဖွယ်ရှိ။

– အာဆင်နယ်ဘက်က အောဝါအတွက် ယူရို ၃၆ သန်းနဲ့ ကမ်းလှမ်းထားခဲ့တာကို ပယ်ချခဲ့တဲ့ လီယွန်အသင်းအနေနဲ့ ယူရိုသန်း ၅၀ ပေးမှ သူတို့ကစားသမားကို လက်လွှတ်မယ်လို့ ပြောလိုက်ပြီး အာဆင်နယ်ဘက်ကတော့ ဒုတိယအကြိမ် တိုးမြှင့်ကမ်းလှမ်းဖို့ရှိနေ။

– အက်သလက်တီကို မက်ဒရစ်ဘက်က တိကျသေချာတဲ့ ကတိကဝတ်မျိုးနဲ့ ရာသီကုန်မှာ ခေါ်ယူဖို့ မကမ်းလှမ်းခဲ့ဘူးဆိုရင်တော့ တော်ရဲရားရဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ဖွယ်ရှိနေပြီး အာဆင်နယ်မှာပဲ ဆက်ရှိဖို့ ဖြစ်နိုင်။

– အာဆင်နယ်မှာ ဘရာဇီးလ်သားတွေ ပိုမိုများပြားလာနိုင်ပြီး အီတလီလက်ရွေးစင်အသင်းကို ရွေးချယ်ထားတဲ့ ဘရာဇီးလ်သား ဂျော်ဂျင်ညိုကို ချဲလ်ဆီးအသင်းကနေ ခေါ်ယူသွားနိုင်ဖို့ မန်စီးတီးတုန်းက ဆန္ဒမပြည့်ခဲ့တဲ့ အာတီတာ ကြိုးစားဖွယ်ရှိ။

– အာတီတာကြောင့်သာ အာဆင်နယ်အသင်းမှာ ဆက်ရှိနေတာဖြစ်ပြီး စပိန်သားနည်းပြ မရှိဘူးဆိုရင် သူလည်း ဆက်ကစားဖြစ်မှာ မဟုတ်ဘူးလို့ ဆွစ်ဇာလန်ကွင်းလယ်လူ ဂရာနစ် ချာကာပြောကြား။

– ကိုဗစ်-၁၉ အတွက် ကာကွယ်တားဆီးရေး လုပ်ငန်းတွေကို မိမိတို့တွေအနေနဲ့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်နေပြီး သူ့အနေနဲ့ မတတ်နိုင်တဲ့ ကိစ္စဖြစ်တဲ့ နိုင်ငံတကာလက်ရွေးစင်အသင်းတွေရဲ့ တာဝန်မှာ ကစားသမားတွေ ကူးစက်ခံရမှာကိုတော့ အာတီတာ စိုးရိမ်နေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.