Premier League

ဟာလန်းကို မက်ဆီနဲ့ နှိုင်းယှဉ်ပြီး ပြောဆိုလိုက်တဲ့ ဂွါဒီယိုလာ

မန်ချက်စတာစီးတီးနည်းပြ ပက် ဂွါဒီယိုလာက အာလင်း ဟာလန်းက လီယွန်နယ် မက်ဆီလိုမဟုတ်ဘဲ ဂိုးသွင်းယူဖို့အတွက် အသင်းကို လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ ပရီးမီးယားလိဂ်က ပထမဆုံးရာသီမှာ ဂိုးသွင်းနှုန်းကောင်းတဲ့ရာသီကို ပိုင်ဆိုင်နေသူဖြစ်ပြီး လိဂ်ပွဲစဉ် ၂၃ ပွဲသာ ပါဝင်ကစားထားချိန်မှာ သွင်းဂိုး၂၇ ဂိုးနဲ့ ဂိုးဖန်တီးမှု ၄ ကြိမ်အထိ ပြုလုပ်ပေးထားတာဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ ပြီးခဲ့တဲ့ရာသီမှာ မိုဟာမက် ဆာလားနဲ့ ဆွန်ဟောင်မင်တို့ ရွှေဖိနပ်ဆု ပူးတွဲရရှိခဲ့တဲ့ သွင်းဂိုးအရေအတွက် ၂၃ ဂိုးကို ကျော်ဖြတ်ထားနိုင်ခဲ့ပြီးဖြစ်ပေမယ့်လည်း မန်စီးတီးဟာ ဆုဖလားပြိုင်ပွဲမှာ အာဆင်နယ်ကို အမီလိုက်ဖို့ ကြိုးပမ်းနေရတာဖြစ်ပါတယ်။

အာဆင်နယ်ဂန္တဝင် သီယာရီ အွန်နရီက ဟာလန်းရောက်လာပြီးကတည်းက မန်စီးတီးက ပိုဆိုးလာတယ်လို့ ယုံကြည်နေပေမယ့်လည်း လီဗာပူးလ်ဂန္တဝင် ကာရေဂါကတော့ ဒေါ့မွန်ကြယ်ပွင့်ဟောင်းက အသင်းမှားပြောင်းမိခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

ဒီလို ထင်မြင်ချက်တွေ ရှိနေပေမယ့်လည်း ဂွါဒီယိုလာက ၎င်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူးဘက်ကနေ အခိုင်အမာ ကာကွယ် ပြောဆိုမှုတွေ ပြုလုပ်လိုက်တာ ဖြစ်ပါတယ်။

“သူက ဂိုးတွေသွင်းယူဖို့ အသင်းကို လိုအပ်တယ်။ သူက မက်ဆီလိုမျိုး မဟုတ်ပါဘူး။ မက်ဆီက ဘောလုံးကို ရယူပြီး ကစားသမား ၃၊ ၄ ယောက်လောက်ကို လိမ်ခေါက်ပြီး ဖြတ်ကျော်နိုင်ပါတယ်။ သူက သူ့ဘာသာ ပွဲကို အဆုံးအဖြတ်ပေးနိုင်တယ်။ အာလင်းကျတော့ အသင်းကို လိုအပ်တယ်။ သူ့တစ်ယောက်တည်းနဲ့ မပြီးဘူး”

“ကျွန်တော်တို့ ကစားသမားတွေကို ‘ငါ့ကောင်တွေ ဒီလိုအခြေအနေမျိုးမှာ သူက အဲဒီမှာ ရှိနေတယ်’ဆိုပြီး ပြောနိုင်ဖို့ နည်းလမ်း ရှာရမယ်။ သူ့ကို ကျွန်တော်တို့ နည်းနည်းလေး ပိုကောင်းကောင်း နားလည်တဲ့အခါကျရင် ဂိုးတွေသွင်းပါလိမ့်မယ်။ ကျွန်တော် အဲဒါနဲ့ပတ်သက်ပြီး သံသယမရှိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးနည္းျပ ပက္ ဂြါဒီယိုလာက အာလင္း ဟာလန္းက လီယြန္နယ္ မက္ဆီလိုမဟုတ္ဘဲ ဂိုးသြင္းယူဖို႔အတြက္ အသင္းကို လိုအပ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

ဟာလန္းဟာ ပရီးမီးယားလိဂ္က ပထမဆုံးရာသီမွာ ဂိုးသြင္းႏႈန္းေကာင္းတဲ့ရာသီကို ပိုင္ဆိုင္ေနသူျဖစ္ၿပီး လိဂ္ပြဲစဥ္ ၂၃ ပြဲသာ ပါဝင္ကစားထားခ်ိန္မွာ သြင္းဂိုး၂၇ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၄ ႀကိမ္အထိ ျပဳလုပ္ေပးထားတာျဖစ္ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ရာသီမွာ မိုဟာမက္ ဆာလားနဲ႔ ဆြန္ေဟာင္မင္တို႔ ေ႐ႊဖိနပ္ဆု ပူးတြဲရရွိခဲ့တဲ့ သြင္းဂိုးအေရအတြက္ ၂၃ ဂိုးကို ေက်ာ္ျဖတ္ထားႏိုင္ခဲ့ၿပီးျဖစ္ေပမယ့္လည္း မန္စီးတီးဟာ ဆုဖလားၿပိဳင္ပြဲမွာ အာဆင္နယ္ကို အမီလိုက္ဖို႔ ႀကိဳးပမ္းေနရတာျဖစ္ပါတယ္။

အာဆင္နယ္ဂႏၲဝင္ သီယာရီ အြန္နရီက ဟာလန္းေရာက္လာၿပီးကတည္းက မန္စီးတီးက ပိုဆိုးလာတယ္လို႔ ယုံၾကည္ေနေပမယ့္လည္း လီဗာပူးလ္ဂႏၲဝင္ ကာေရဂါကေတာ့ ေဒါ့မြန္ၾကယ္ပြင့္ေဟာင္းက အသင္းမွားေျပာင္းမိခဲ့တာလို႔ ေျပာၾကားခဲ့ပါတယ္။

ဒီလို ထင္ျမင္ခ်က္ေတြ ရွိေနေပမယ့္လည္း ဂြါဒီယိုလာက ၎ရဲ႕ ၾကယ္ပြင့္တိုက္စစ္မႉးဘက္ကေန အခိုင္အမာ ကာကြယ္ ေျပာဆိုမႈေတြ ျပဳလုပ္လိုက္တာ ျဖစ္ပါတယ္။

“သူက ဂိုးေတြသြင္းယူဖို႔ အသင္းကို လိုအပ္တယ္။ သူက မက္ဆီလိုမ်ိဳး မဟုတ္ပါဘူး။ မက္ဆီက ေဘာလုံးကို ရယူၿပီး ကစားသမား ၃၊ ၄ ေယာက္ေလာက္ကို လိမ္ေခါက္ၿပီး ျဖတ္ေက်ာ္ႏိုင္ပါတယ္။ သူက သူ႔ဘာသာ ပြဲကို အဆုံးအျဖတ္ေပးႏိုင္တယ္။ အာလင္းက်ေတာ့ အသင္းကို လိုအပ္တယ္။ သူ႔တစ္ေယာက္တည္းနဲ႔ မၿပီးဘူး”

“ကြၽန္ေတာ္တို႔ ကစားသမားေတြကို ‘ငါ့ေကာင္ေတြ ဒီလိုအေျခအေနမ်ိဳးမွာ သူက အဲဒီမွာ ရွိေနတယ္’ဆိုၿပီး ေျပာႏိုင္ဖို႔ နည္းလမ္း ရွာရမယ္။ သူ႔ကို ကြၽန္ေတာ္တို႔ နည္းနည္းေလး ပိုေကာင္းေကာင္း နားလည္တဲ့အခါက်ရင္ ဂိုးေတြသြင္းပါလိမ့္မယ္။ ကြၽန္ေတာ္ အဲဒါနဲ႔ပတ္သက္ၿပီး သံသယမရွိပါဘူး”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.