Premier League

အနိုင် ၃ မှတ်ရမယ့်အခွင့်အရေးကို ပိတ်ဆို့ခဲ့လို့ ပြစ်တင်ခံနေရတဲ့ ဟန်ဒါဆန်

ဂျော်ဒန် ဟန်ဒါဆန်ဟာ အလက်ဇန်းဒါး-အာနိုးရဲ့ အလွတ်ကောင်းမွန်တဲ့ အလွတ်တည်ကန်ဘော ကန်သွင်းတဲ့ လမ်းကြောင်းတည့်တည့်မှာ ရှိနေခဲ့ပြီးနောက် လီဗာပူးလ်အသင်း ဂိုးရမယ့်အခွင့်အရေးကို မမျှော်လင့်ဘဲ ပိတ်ဆို့မိခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ခရစ္စတယ် ပဲလေ့စ် နောက်ခံလူ နေသန်နီရယ် ကလိုင်းက ဂျိုတာကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် အလွန်အန္တရာယ်ရှိတဲ့ နေရာမှာ အလွတ်တည်ကန်ဘော ကန်ခွင့် ရရှိခဲ့တာ ဖြစ်ပါတယ်။

မိုဟာမက် ဆာလားနဲ့ အလက်ဇန်းဒါး-အာနိုးတို့က အလွတ်တည်ကန်ဘောအတွက် နေရာယူခဲ့ကြပြီး အီဂျစ်တိုက်စစ်မှူးက အသင်းဖော် ကန်သွင်းနိုင်အောင် ဘောလုံးကို အနီးကပ် ပေးခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်နောက်ခံကစားသမားက ဆာလား ပေးလိုက်တဲ့ ဘောလုံးကို အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့ ဂိုးကန်သွင်းယူနိုင်တော့မယ့်ပုံပေါ်ခဲ့တာဖြစ်ပေမယ့်လည်း လီဗာပူးလ်အသင်းခေါင်းဆောင်က အံ့အားသင့်ဖွယ် ပိတ်ဆို့မိခဲ့တာဖြစ်ပါတယ်။

ဂျော်ဒန် ဟန်ဒါဆန်ဟာ အာနိုး ကန်သွင်းလိုက်တဲ့ ဘောလုံးလမ်းကြောင်းတည့်တည့်မှာရှိနေခဲ့တာကြောင့် ဘောလုံးက ခေါင်းနဲ့ ထိမှန်ပြီး ဂိုးလွန်ဘောဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းခေါင်းဆောင် ဟန်ဒါဆန်ဟာ အသင်းက ဂိုးသွင်းမှာကို တားဆီးသလိုဖြစ်ခဲ့တာကြောင့် လူမှုကွန်ရက်ပေါ်မှာ လီဗာပူးလ်ပရိသတ်တွေရဲ့ ဒေါသတကြီး ပြစ်တင်ဝေဖန်မှုတွေကို ခံခဲ့ရတယ်ဆိုတာ ပြောဖို့တောင် လိုမယ်မထင်ပါဘူး။

“ဒီကန်ချက်က ကျိန်းသေပေါက် ဂိုးပိုက်ထဲကို တန်းနေတာပဲ။ ဟန်ဒါဆန်က အဲဒါကို ပိတ်ဆို့ခဲ့တယ်။ သူ့ကို အရမ်းမုန်းတယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ဟန်ဒါဆန်က တကယ်ကို ငါတိုနဲ့ ဆန့်ကျင်ပြီး ကစားနေတာပဲ ဟားဟားဟားဟား”လို့ မှတ်ချက်ပေးခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဂ်ာ္ဒန္ ဟန္ဒါဆန္ဟာ အလက္ဇန္းဒါး-အာႏိုးရဲ႕ အလြတ္ေကာင္းမြန္တဲ့ အလြတ္တည္ကန္ေဘာ ကန္သြင္းတဲ့ လမ္းေၾကာင္းတည့္တည့္မွာ ရွိေနခဲ့ၿပီးေနာက္ လီဗာပူးလ္အသင္း ဂိုးရမယ့္အခြင့္အေရးကို မေမွ်ာ္လင့္ဘဲ ပိတ္ဆို႔မိခဲ့ပါတယ္။

လီဗာပူးလ္အသင္းဟာ ခရစၥတယ္ ပဲေလ့စ္ ေနာက္ခံလူ ေနသန္နီရယ္ ကလိုင္းက ဂ်ိဳတာကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီးေနာက္ အလြန္အႏၲရာယ္ရွိတဲ့ ေနရာမွာ အလြတ္တည္ကန္ေဘာ ကန္ခြင့္ ရရွိခဲ့တာ ျဖစ္ပါတယ္။

မိုဟာမက္ ဆာလားနဲ႔ အလက္ဇန္းဒါး-အာႏိုးတို႔က အလြတ္တည္ကန္ေဘာအတြက္ ေနရာယူခဲ့ၾကၿပီး အီဂ်စ္တိုက္စစ္မႉးက အသင္းေဖာ္ ကန္သြင္းႏိုင္ေအာင္ ေဘာလုံးကို အနီးကပ္ ေပးခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးလ္ေနာက္ခံကစားသမားက ဆာလား ေပးလိုက္တဲ့ ေဘာလုံးကို အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္နဲ႔ ဂိုးကန္သြင္းယူႏိုင္ေတာ့မယ့္ပုံေပၚခဲ့တာျဖစ္ေပမယ့္လည္း လီဗာပူးလ္အသင္းေခါင္းေဆာင္က အံ့အားသင့္ဖြယ္ ပိတ္ဆို႔မိခဲ့တာျဖစ္ပါတယ္။

ေဂ်ာ္ဒန္ ဟန္ဒါဆန္ဟာ အာႏိုး ကန္သြင္းလိုက္တဲ့ ေဘာလုံးလမ္းေၾကာင္းတည့္တည့္မွာရွိေနခဲ့တာေၾကာင့္ ေဘာလုံးက ေခါင္းနဲ႔ ထိမွန္ၿပီး ဂိုးလြန္ေဘာျဖစ္သြားခဲ့တာ ျဖစ္ပါတယ္။

လီဗာပူးလ္အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ဟာ အသင္းက ဂိုးသြင္းမွာကို တားဆီးသလိုျဖစ္ခဲ့တာေၾကာင့္ လူမႈကြန္ရက္ေပၚမွာ လီဗာပူးလ္ပရိသတ္ေတြရဲ႕ ေဒါသတႀကီး ျပစ္တင္ေဝဖန္မႈေတြကို ခံခဲ့ရတယ္ဆိုတာ ေျပာဖို႔ေတာင္ လိုမယ္မထင္ပါဘူး။

“ဒီကန္ခ်က္က က်ိန္းေသေပါက္ ဂိုးပိုက္ထဲကို တန္းေနတာပဲ။ ဟန္ဒါဆန္က အဲဒါကို ပိတ္ဆို႔ခဲ့တယ္။ သူ႔ကို အရမ္းမုန္းတယ္”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ဟန္ဒါဆန္က တကယ္ကို ငါတိုနဲ႔ ဆန႔္က်င္ၿပီး ကစားေနတာပဲ ဟားဟားဟားဟား”လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.