Premier League

ပရီးမီးယားလိဂ်မှာ မက်ဆီ ကစားလို့ရနိုင်လားဆိုတာ အဖြေပေးခဲ့တဲ့ မက်ကယ်လစ္စတာ

ဘရိုက်တန်ကြယ်ပွင့် အလက်ဆစ် မက်ကယ်လစ္စတာက အာဂျင်တီးနားလက်ရွေးစင်အသင်းဖော် လီယွန်နယ် မက်ဆီက ပရီးမီးယားလိဂ်က ဘဝမှာ အသားကျဖို့ ဘာပြဿနာမှရှိမှာမဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။

မက်ကယ်လစ္စတာက လီယွန်နယ် မက်ဆီသာ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ကစားခဲ့မယ်ဆိုရင် လက်ရှိအတိုင်း ထပ်တူထပ်မျှ အောင်မြင်မှု ရရှိလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပြီး ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲက အာဂျင်တီးနားမှော်ဆရာရဲ့ စွမ်းဆောင်ရည်က ဘယ်လိုပတ်ဝန်းကျင်မျိုးမှာမဆို အောင်မြင်အောင်လုပ်နိုင်တယ်ဆိုတာ ဥပမာပြသခဲ့တာလို့ ပြောကြားခဲ့ပါတယ်။

“တကယ်လို့ မက်ဆီသာ ပရီးမီးယားလိဂ်မှာ ကစားခဲ့မယ်ဆိုရင် သူက အကောင်းဆုံးဖြစ်လိမ့်မယ်ဆိုတာ သံသယမရှိပါဘူး။ သူ့အတွက် အရမ်းခက်ခဲမှာလားဆိုရင် ကျွန်တော်တို့ အဲဒီလို မထင်ပါဘူး”

“သူက အဲဒါကို ကမ္ဘာ့ဖလားမှာ ပြသခဲ့ပါတယ်။ ကမ္ဘာပေါ်က အခက်ခဲဆုံးပြိုင်ပွဲမှာ ပြသခဲ့တာပါ။ သူက ဘယ်လောက်အထိ ကောင်းမွန်လဲနဲ့ အသင်းအတွက် ဘယ်လောက်အထိ အရေးပါလဲဆိုတာကို ပြသခဲ့တာပါ”

“အာဂျင်တီးနားမှာ ကျွန်တော်တို့ သူ့ကို တကယ်ကျေးဇူးတင်ပြီး ဂုဏ်ယူကြပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကြောင့်ပဲ ကျွန်တော်တို့ ကမ္ဘာ့ဖလားချန်ပီယံတွေ ဖြစ်ခဲ့တယ်ဆိုတာကို သိနေကြလို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ကာတာမှာ အောင်ပွဲရခဲ့တဲ့ အာဂျင်တီးနားအသင်းအတွက် အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် တောင်အမေရိကအသင်းကစားခဲ့တဲ့ ၇ ပွဲမှာ ၆ ပွဲအထိ ပွဲထွက်ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

လက်ရှိကစားနေတဲ့ ရာသီမှာ မက်ကယ်လစ္စတာက ဘရိုက်တန်အသင်းအတွက် ပရီးမီးယားလိဂ် ၁၉ ပွဲမှာ သွင်းဂိုး ၅ ဂိုး သွင်းယူပေးထားပြီး ယခုလာမယ့်နွေရာသီမှာ အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ဖို့ သတင်းတွေ ထွက်ပေါ်နေတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘ႐ိုက္တန္ၾကယ္ပြင့္ အလက္ဆစ္ မက္ကယ္လစၥတာက အာဂ်င္တီးနားလက္ေ႐ြးစင္အသင္းေဖာ္ လီယြန္နယ္ မက္ဆီက ပရီးမီးယားလိဂ္က ဘဝမွာ အသားက်ဖို႔ ဘာျပႆနာမွရွိမွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့ပါတယ္။

မက္ကယ္လစၥတာက လီယြန္နယ္ မက္ဆီသာ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ႊ႕ကစားခဲ့မယ္ဆိုရင္ လက္ရွိအတိုင္း ထပ္တူထပ္မွ် ေအာင္ျမင္မႈ ရရွိလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ၿပီး ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲက အာဂ်င္တီးနားေမွာ္ဆရာရဲ႕ စြမ္းေဆာင္ရည္က ဘယ္လိုပတ္ဝန္းက်င္မ်ိဳးမွာမဆို ေအာင္ျမင္ေအာင္လုပ္ႏိုင္တယ္ဆိုတာ ဥပမာျပသခဲ့တာလို႔ ေျပာၾကားခဲ့ပါတယ္။

“တကယ္လို႔ မက္ဆီသာ ပရီးမီးယားလိဂ္မွာ ကစားခဲ့မယ္ဆိုရင္ သူက အေကာင္းဆုံးျဖစ္လိမ့္မယ္ဆိုတာ သံသယမရွိပါဘူး။ သူ႔အတြက္ အရမ္းခက္ခဲမွာလားဆိုရင္ ကြၽန္ေတာ္တို႔ အဲဒီလို မထင္ပါဘူး”

“သူက အဲဒါကို ကမာၻ႔ဖလားမွာ ျပသခဲ့ပါတယ္။ ကမာၻေပၚက အခက္ခဲဆုံးၿပိဳင္ပြဲမွာ ျပသခဲ့တာပါ။ သူက ဘယ္ေလာက္အထိ ေကာင္းမြန္လဲနဲ႔ အသင္းအတြက္ ဘယ္ေလာက္အထိ အေရးပါလဲဆိုတာကို ျပသခဲ့တာပါ”

“အာဂ်င္တီးနားမွာ ကြၽန္ေတာ္တို႔ သူ႔ကို တကယ္ေက်းဇူးတင္ၿပီး ဂုဏ္ယူၾကပါတယ္။ ဘာလို႔လဲဆိုေတာ့ သူ႔ေၾကာင့္ပဲ ကြၽန္ေတာ္တို႔ ကမာၻ႔ဖလားခ်န္ပီယံေတြ ျဖစ္ခဲ့တယ္ဆိုတာကို သိေနၾကလို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ကာတာမွာ ေအာင္ပြဲရခဲ့တဲ့ အာဂ်င္တီးနားအသင္းအတြက္ အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ခု ျဖစ္ခဲ့ၿပီး ကမာၻ႔ဖလားၿပိဳင္ပြဲတေလွ်ာက္ ေတာင္အေမရိကအသင္းကစားခဲ့တဲ့ ၇ ပြဲမွာ ၆ ပြဲအထိ ပြဲထြက္ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

လက္ရွိကစားေနတဲ့ ရာသီမွာ မက္ကယ္လစၥတာက ဘ႐ိုက္တန္အသင္းအတြက္ ပရီးမီးယားလိဂ္ ၁၉ ပြဲမွာ သြင္းဂိုး ၅ ဂိုး သြင္းယူေပးထားၿပီး ယခုလာမယ့္ေႏြရာသီမွာ အသင္းႀကီးတစ္သင္းကို ေျပာင္းေ႐ႊ႕ဖို႔ သတင္းေတြ ထြက္ေပၚေနတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.