Match Preview Premier League

ပွဲပြီးခါနီးမှ ဂိုးသွင်းခြေတွေ့ပြီး ဖောရက်စ်တို့ကို အပြတ်ဝုန်းခဲ့တဲ့ ဝက်စ်ဟမ်း

ဝက်စ်ဟမ်းအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဖာဘီယန်စကီး၊ ခံစစ်မှာ အော့ဘွန်နာ၊ အာဂွါဒ်၊ ဆိုဖာလ်နဲ့ ဘင်ဂျွန်ဆန်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဒက်ကလန် ရိုက်စ်၊ ပါကေးတာနဲ့ ဆိုးချက်ခ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဘိုဝင်၊ ဘင်ရာမာနဲ့ ဒန်နီအင်းစ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

ဧည့်သည် နော့တင်ဟမ် ဖောရက်စ်တို့ကတော့ ဂိုးသမား ကီလော် နာဗက်စ်၊ ခံစစ်မှာ ဝေါရဲလ်၊ ဖလိပီ၊ နီကို ဝီလီယမ်စ်နဲ့ ရီနန် လိုဒီတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ကိုးလ်ဘက်၊ ရှယ်လ်ဗီနဲ့ ဖရွိုင်လာတို့ကို တွဲဖက်ပေးခဲ့ပြီး တိုက်စစ်မှာတော့ ဂစ်ဘ်စ်-ဝှိုက်၊ ဘရင်နန် ဂျွန်ဆန်နဲ့ ခရစ္စဝုဒ်တို့ကို တင်ကစားလာခဲ့တာပါ။

ပွဲစကတည်းက အမှားတွေ လုပ်နေတဲ့ ဖောရက်စ်တို့ကြောင့် ဝက်စ်ဟမ်းတို့ ခြိမ်းခြောက်နိုင်ခဲ့သလို အိမ်ရှင်တွေဘက်က ထောင့်ကန်ဘောတွေ မကြာခဏ ရနေခဲ့ပြီး ကီလော် နာဗက်စ်တစ်ယောက် အသည်းအသန် ကာကွယ်နေခဲ့ရသလို စောစောစီးစီး ဂိုးပေးရဖို့ နီးစပ်ခဲ့ပေမယ့် ကံကောင်းနေခဲ့လို့ သက်သာခဲ့ရတာဖြစ်သလို စတိဗ် ကူးပါးအနေနဲ့ ဒီနေ့မှာ ဒေးဗစ်မွိုက်ရဲ့ ပြိုင်ဘက်အဆင့်မှာ ရှိမနေခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ အခွင့်အရေးတွေကို အသုံးမချတတ်ခဲ့တဲ့ ဝက်စ်ဟမ်းတို့ ဂိုးမရှိသရေရသာ ရခဲ့ပြီး ဒုတိယပိုင်း ပြန်အစမှာတော့ တိုက်စစ်ကို ပိုမိုပံ့ပိုးနိုင်ဖို့ ဆိုဖာလ်အစား ခရက်စ်ဝဲလ်ကို ထည့်သွင်းလာခဲ့သလို ဖောရက်စ်တို့ဘက်ကို ဖိကစားနိုင်ခဲ့ပြီး ဘိုဝင်ရဲ့ ကန်ချက်တစ်ကြိမ်က တိုင်ထိထွက်ခဲ့လို့ ဟမ်းမားတွေ ရင်ခံခဲ့ရတာပါ။

ဖောရက်စ်တို့ဘက်က ရှယ်လ်ဗီအစား အွန်ဒရေ အာယူးကို ထည့်ပြီး အပြောင်းအလဲလုပ်ခဲ့အပြီးမှာတော့ နောက်ခံလူ ဖလိပီနဲ့ ဘောလုံးလုရင်း ထိခိုက်မိခဲ့တဲ့ ဂိုးသမား ဖာဘီယန်စကီး ဆက်မကစားနိုင်တော့တာကြောင့် သူ့အစား အရန်ခုံက အာရီယိုးလားနဲ့ အစားထိုးခဲ့ရသလို ပွဲကိုတော့ ဝက်စ်ဟမ်းတို့ပဲ ဖိကစားနေခဲ့ပါတယ်။

ပွဲချိန် မိနစ် ၇၀ မှာတော့ ဝက်စ်ဟမ်းတို့ အဖွင့်ဂိုး စတင်ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းကနေ ဘောလုံးရလာတဲ့ ဘိုဝင်ရဲ့ Cross Shot ကို ဖောရက်စ်ခံစစ်က မတားလိုက်နိုင်ဘဲ လွတ်ထွက်သွားတာကို တိုက်စစ်မှူး ဒန်နီ အင်းစ်က အနီးကပ် ကန်သွင်းခဲ့ရာမှာ ဂိုးသမား နာဗက်စ်ပါ အငိုက်မိသွားခဲ့လို့ လူကျွံသလိုလို ရှိတဲ့ ဂိုးကိုတော့ VAR ပြန်ကြည့်ပြီး ဂိုးပေးခဲ့ရတာပါ။

ပွဲချိန် ၇၃ မိနစ်မှာ ဝက်စ်ဟမ်းတို့ပဲ ဆက်တိုက်ဆိုသလို ဒုတိယ ဦးဆောင်ဂိုး ရရှိခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဘောလုံးလုယူနိုင်ခဲ့တဲ့ ပါကေးတာက အလယ်ကို ထည့်ပေးရာမှာ ဘင်ရာမာက ဧရိယာထဲအထိ တောက်လျှောက်ဆွဲဝင်ပြီး အနိမ့်ဘော ချိုးပေးရာမှာ ဖောရက်နောက်ခံလူတွေရဲ့ ရှေ့ကနေ ဒန်နီအင်းစ်ကပဲ ပြေးဝင်ပိတ်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၇၈ မိနစ်မှာတော့ အနိုင်သေချာစေမယ့် တတိယဂိုးကို ဝက်စ်ဟမ်းတို့ပဲ သွင်းယူသွားခဲ့ကြပြန်သလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံး ပြန်ရလာပြီး တိုက်စစ်ဆင်လာခဲ့တဲ့ ဒက်ကလန် ရိုက်စ်က ဘယ်ခြမ်းကို ထုတ်ပေးခဲ့ရာမှာ ဘင်ရာမာက ရရှိသွားခဲ့ပြီး တောင်ပံကနေ ဧရိယာထိပ်ကို ပြန်ချိုးပေးရာမှာ ရိုက်စ်ကပဲ လူကြားထဲကနေ ညာဘက်တိုင်ထောင့်ကို ဝေ့ဝိုက်ကန်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ အိမ်ရှင်တွေဘက်က ဘင်ရာမာ၊ ပါကေးတာနဲ့ ဒန်နီအင်းစ်တို့အစား ဖော်နယ်လ်စ်၊ လန်ဇီနီနဲ့ အန်တိုနီယိုတို့ကို ထည့်ခဲ့ပြီး ပွဲကို ထိန်းဖို့ ကြံခဲ့သလို ဧည့်သည်တွေဘက်ကတော့ ရီနန် လိုဒီ၊ ခရစ္စဝုဒ်နဲ့ ဘရင်နန် ဂျွန်ဆန်တို့အစား တော့ဖိုလို၊ လင်ဂတ်နဲ့ ဆာရစ်ချ်တို့ကို လဲကစားပြီး ရလဒ်ပြောင်းနိုင်ဖို့ ကြိုးစားလာခဲ့တာပါ။

ဒါပေမယ့် ပွဲချိန် ၈၅ မိနစ်မှာ ဝက်စ်ဟမ်းတို့ပဲ ဂိုးရသွားခဲ့ပြန်ပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ခရက်စ်ဝဲလ် ပေးတာကို ဖော်နယ်လ်စ်က တစ်ချက် ခေါက်ပြီးမှ ဧရိယာထဲကနေ အဝေးတိုင်ဘက်ဆီ လှမ်းမ,ပေးရာမှာ အန်တိုနီယိုက သူ့ရှေ့မှာ ရှိနေတဲ့ တော့ဖိုလိုထက် ဦးအောင် ခေါင်းတိုက်သွင်းနိုင်ခဲ့လို့ စတုတ္ထ ပွဲသိမ်းဂိုး ရရှိခဲ့တာဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ ဝက်စ်ဟမ်းယူနိုက်တက်တို့က နော့တင်ဟမ် ဖောရက်စ်တို့ကို လေးဂိုး-ဂိုးမရှိနဲ့ အပြတ်အသတ် အနိုင်ယူပြီး တန်းဆင်းဇုန်ကနေ အဆင့် ၁၆ နေရာဆီ ရုန်းထွက်လာနိုင်ခဲ့ကြလို နည်းပြ ဒေးဗစ်မွိုက်စ်ရဲ့ ဖိအားတွေ လျော့ကျလာခဲ့ပြီး ဖောရက်စ်တို့ကတော့ ရှေ့တလောက နိုင်ပွဲတွေ ရထားတာကြောင့် တန်းဆင်းဇုန် ရုန်းဘက်တွေကို လက်ပြန်ကမ်းမယ့် ပုံစံမှာ ရှိနေခဲ့ကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဝက္စ္ဟမ္းအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဖာဘီယန္စကီး၊ ခံစစ္မွာ ေအာ့ဘြန္နာ၊ အာဂြါဒ္၊ ဆိုဖာလ္နဲ႔ ဘင္ဂြၽန္ဆန္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဒက္ကလန္ ႐ိုက္စ္၊ ပါေကးတာနဲ႔ ဆိုးခ်က္ခ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဘိုဝင္၊ ဘင္ရာမာနဲ႔ ဒန္နီအင္းစ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

ဧည့္သည္ ေနာ့တင္ဟမ္ ေဖာရက္စ္တို႔ကေတာ့ ဂိုးသမား ကီေလာ္ နာဗက္စ္၊ ခံစစ္မွာ ေဝါရဲလ္၊ ဖလိပီ၊ နီကို ဝီလီယမ္စ္နဲ႔ ရီနန္ လိုဒီတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ကိုးလ္ဘက္၊ ရွယ္လ္ဗီနဲ႔ ဖ႐ြိဳင္လာတို႔ကို တြဲဖက္ေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ဂစ္ဘ္စ္-ဝႈိက္၊ ဘရင္နန္ ဂြၽန္ဆန္နဲ႔ ခရစၥဝုဒ္တို႔ကို တင္ကစားလာခဲ့တာပါ။

ပြဲစကတည္းက အမွားေတြ လုပ္ေနတဲ့ ေဖာရက္စ္တို႔ေၾကာင့္ ဝက္စ္ဟမ္းတို႔ ၿခိမ္းေျခာက္ႏိုင္ခဲ့သလို အိမ္ရွင္ေတြဘက္က ေထာင့္ကန္ေဘာေတြ မၾကာခဏ ရေနခဲ့ၿပီး ကီေလာ္ နာဗက္စ္တစ္ေယာက္ အသည္းအသန္ ကာကြယ္ေနခဲ့ရသလို ေစာေစာစီးစီး ဂိုးေပးရဖို႔ နီးစပ္ခဲ့ေပမယ့္ ကံေကာင္းေနခဲ့လို႔ သက္သာခဲ့ရတာျဖစ္သလို စတိဗ္ ကူးပါးအေနနဲ႔ ဒီေန႔မွာ ေဒးဗစ္မြိဳက္ရဲ႕ ၿပိဳင္ဘက္အဆင့္မွာ ရွိမေနခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ အခြင့္အေရးေတြကို အသုံးမခ်တတ္ခဲ့တဲ့ ဝက္စ္ဟမ္းတို႔ ဂိုးမရွိသေရရသာ ရခဲ့ၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ တိုက္စစ္ကို ပိုမိုပံ့ပိုးႏိုင္ဖို႔ ဆိုဖာလ္အစား ခရက္စ္ဝဲလ္ကို ထည့္သြင္းလာခဲ့သလို ေဖာရက္စ္တို႔ဘက္ကို ဖိကစားႏိုင္ခဲ့ၿပီး ဘိုဝင္ရဲ႕ ကန္ခ်က္တစ္ႀကိမ္က တိုင္ထိထြက္ခဲ့လို႔ ဟမ္းမားေတြ ရင္ခံခဲ့ရတာပါ။

ေဖာရက္စ္တို႔ဘက္က ရွယ္လ္ဗီအစား အြန္ဒေရ အာယူးကို ထည့္ၿပီး အေျပာင္းအလဲလုပ္ခဲ့အၿပီးမွာေတာ့ ေနာက္ခံလူ ဖလိပီနဲ႔ ေဘာလုံးလုရင္း ထိခိုက္မိခဲ့တဲ့ ဂိုးသမား ဖာဘီယန္စကီး ဆက္မကစားႏိုင္ေတာ့တာေၾကာင့္ သူ႔အစား အရန္ခုံက အာရီယိုးလားနဲ႔ အစားထိုးခဲ့ရသလို ပြဲကိုေတာ့ ဝက္စ္ဟမ္းတို႔ပဲ ဖိကစားေနခဲ့ပါတယ္။

ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဝက္စ္ဟမ္းတို႔ အဖြင့္ဂိုး စတင္ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းကေန ေဘာလုံးရလာတဲ့ ဘိုဝင္ရဲ႕ Cross Shot ကို ေဖာရက္စ္ခံစစ္က မတားလိုက္ႏိုင္ဘဲ လြတ္ထြက္သြားတာကို တိုက္စစ္မႉး ဒန္နီ အင္းစ္က အနီးကပ္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား နာဗက္စ္ပါ အငိုက္မိသြားခဲ့လို႔ လူကြၽံသလိုလို ရွိတဲ့ ဂိုးကိုေတာ့ VAR ျပန္ၾကည့္ၿပီး ဂိုးေပးခဲ့ရတာပါ။

ပြဲခ်ိန္ ၇၃ မိနစ္မွာ ဝက္စ္ဟမ္းတို႔ပဲ ဆက္တိုက္ဆိုသလို ဒုတိယ ဦးေဆာင္ဂိုး ရရွိခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေဘာလုံးလုယူႏိုင္ခဲ့တဲ့ ပါေကးတာက အလယ္ကို ထည့္ေပးရာမွာ ဘင္ရာမာက ဧရိယာထဲအထိ ေတာက္ေလွ်ာက္ဆြဲဝင္ၿပီး အနိမ့္ေဘာ ခ်ိဳးေပးရာမွာ ေဖာရက္ေနာက္ခံလူေတြရဲ႕ ေရွ႕ကေန ဒန္နီအင္းစ္ကပဲ ေျပးဝင္ပိတ္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၇၈ မိနစ္မွာေတာ့ အႏိုင္ေသခ်ာေစမယ့္ တတိယဂိုးကို ဝက္စ္ဟမ္းတို႔ပဲ သြင္းယူသြားခဲ့ၾကျပန္သလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံး ျပန္ရလာၿပီး တိုက္စစ္ဆင္လာခဲ့တဲ့ ဒက္ကလန္ ႐ိုက္စ္က ဘယ္ျခမ္းကို ထုတ္ေပးခဲ့ရာမွာ ဘင္ရာမာက ရရွိသြားခဲ့ၿပီး ေတာင္ပံကေန ဧရိယာထိပ္ကို ျပန္ခ်ိဳးေပးရာမွာ ႐ိုက္စ္ကပဲ လူၾကားထဲကေန ညာဘက္တိုင္ေထာင့္ကို ေဝ့ဝိုက္ကန္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ အိမ္ရွင္ေတြဘက္က ဘင္ရာမာ၊ ပါေကးတာနဲ႔ ဒန္နီအင္းစ္တို႔အစား ေဖာ္နယ္လ္စ္၊ လန္ဇီနီနဲ႔ အန္တိုနီယိုတို႔ကို ထည့္ခဲ့ၿပီး ပြဲကို ထိန္းဖို႔ ႀကံခဲ့သလို ဧည့္သည္ေတြဘက္ကေတာ့ ရီနန္ လိုဒီ၊ ခရစၥဝုဒ္နဲ႔ ဘရင္နန္ ဂြၽန္ဆန္တို႔အစား ေတာ့ဖိုလို၊ လင္ဂတ္နဲ႔ ဆာရစ္ခ်္တို႔ကို လဲကစားၿပီး ရလဒ္ေျပာင္းႏိုင္ဖို႔ ႀကိဳးစားလာခဲ့တာပါ။

ဒါေပမယ့္ ပြဲခ်ိန္ ၈၅ မိနစ္မွာ ဝက္စ္ဟမ္းတို႔ပဲ ဂိုးရသြားခဲ့ျပန္ၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ခရက္စ္ဝဲလ္ ေပးတာကို ေဖာ္နယ္လ္စ္က တစ္ခ်က္ ေခါက္ၿပီးမွ ဧရိယာထဲကေန အေဝးတိုင္ဘက္ဆီ လွမ္းမ,ေပးရာမွာ အန္တိုနီယိုက သူ႔ေရွ႕မွာ ရွိေနတဲ့ ေတာ့ဖိုလိုထက္ ဦးေအာင္ ေခါင္းတိုက္သြင္းႏိုင္ခဲ့လို႔ စတုတၳ ပြဲသိမ္းဂိုး ရရွိခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ ဝက္စ္ဟမ္းယူႏိုက္တက္တို႔က ေနာ့တင္ဟမ္ ေဖာရက္စ္တို႔ကို ေလးဂိုး-ဂိုးမရွိနဲ႔ အျပတ္အသတ္ အႏိုင္ယူၿပီး တန္းဆင္းဇုန္ကေန အဆင့္ ၁၆ ေနရာဆီ ႐ုန္းထြက္လာႏိုင္ခဲ့ၾကလို နည္းျပ ေဒးဗစ္မြိဳက္စ္ရဲ႕ ဖိအားေတြ ေလ်ာ့က်လာခဲ့ၿပီး ေဖာရက္စ္တို႔ကေတာ့ ေရွ႕တေလာက ႏိုင္ပြဲေတြ ရထားတာေၾကာင့္ တန္းဆင္းဇုန္ ႐ုန္းဘက္ေတြကို လက္ျပန္ကမ္းမယ့္ ပုံစံမွာ ရွိေနခဲ့ေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.