Match Report Premier League

ဘုန်းမောက်ကို အနိုင်ယူပြီး အာဆင်နယ် အကျောမခံဘဲ ပြန်ကပ်တဲ့ မန်စီးတီး

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရီကို လူးဝစ္စ၊ အာကန်ဂျီ၊ ရူဘင် ဒီယက်စ်နဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ဂွန်ဒိုးဝမ်၊ ရိုဒရီ၊ ဖိုဒန်နဲ့ ဂရီးလစ်ရှ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဒီဘရိုင်းနား ကြံ့ခိုင်မှု မပြည့်ဝလို့ အရန်ခုံမှာပဲ ထားခဲ့ရချိန်မှာ ဟားလန်းရဲ့ နောက်ကနေ အယ်လ်ဗာရက်ဇ်က လိုက်ကစားတဲ့ ပုံစံကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘုန်းမောက်တို့ကတော့ ဂိုးသမား နီတို၊ ခံစစ်မှာ ဆီနက်ဆီ၊ မက်ဖမ်၊ စတီဖင်စ်၊ အဒမ် စမစ်နဲ့ ဇီမူရာတို့ကို ငါးယောက်အထိ ထားခဲ့ပြီး ကွင်းလယ်မှာတော့ တစ်ပွဲသာ ကစားပြီး ဂိုးသွင်းပြခဲ့တဲ့ တာဗားနီးယာ ပြန်နာသွားချိန်မှာ လားမား၊ ဘီလင်း၊ ဟာမက် ထရာအိုရေးနဲ့ အူယက်တာရာတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဆိုလန်ကီတစ်ဦးတည်းကို တင်ကစားလာခဲ့တာပါ။

ပွဲချိန် ၁၅ မိနစ်မှာကတည်းက မန်စီးတီးတို့ အဖွင့်ဂိုး စတင်သွင်းယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ဖိုဒန်ရဲ့ ညာခြမ်းက ဆွဲဝင်ပြီး ထိုးဖောက်မှုက ကန်ခွင့်မသာဘဲ ပြန်ထွက်လာတာကို ဟားလန်းက အနီးကပ် ကျုံးထည့်ခဲ့တာက ဘားထိပြီး ပြန်ထွက်လာတာကို အခွင့်အရေးကို မလွတ်တမ်း စောင့်ပြီး အသုံးချနိုင်ခဲ့တဲ့ အယ်လ်ဗာရက်ဇ်က ဘယ်ဘက်တိုင်နားကနေ ပိတ်သွင်းသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၂၉ မိနစ်မှာတော့ မန်စီးတီးတို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ပြေးထွက်ပြီး ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့တဲ့ ဂွန်ဒိုးဝမ်ရဲ့ ပေးပို့မှုကို ဖိုဒန်က ပိတ်သွင်းဖို့ ကြိုးစားခဲ့ပေမယ့် ဇီမူရာက ဖျက်ထုတ်ခဲ့လို့ လည်ထွက်လာတဲ့ ဘောလုံးကို ဟားလန်းက ပြေးဝင်ကန်သွင်းယူသွားခဲ့တာပါ။

ပွဲချိန် ၄၅ မိနစ်မှာတော့ ဧည့်သည်တွေပဲ တတိယ ဦးဆောင်ဂိုးကို ထပ်မံရယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်မှာ ဘောလုံးပေးရင်း ဘယ်သူမှ မရှိတဲ့ အဝေးကြီးကို တစ်ယောက်ယောက် ယူနိုးနိုးနဲ့ လှမ်းပေးလိုက်တဲ့ ဘီလင်းရဲ့ အမှားကနေ ဖိုဒန်က ဖြတ်တောက်ရယူသွားခဲ့ပြီး တားဆီးဖို့ ကြိုးစားတဲ့ စတီဖင်စ်ရဲ့ ဖိအားပေးမှုကို တောင့်ခံရင်း ဂိုးသမား နီတိုနဲ့ အတွေ့မှာ အပြင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

ပထမပိုင်းမှာ မန်စီးတီးတို့က ဘုန်းမောက်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ကြပြီး ဒုတိယပိုင်းမှာလည်း ဂွါဒီယိုလာရဲ့ လူတွေပဲ အသာစီး ရယူထားနိုင်ခဲ့ကြသလို အိမ်ရှင် ချယ်ရီတွေကတော့ နည်းပြ အိုနီးလ်ရဲ့ လုပ်နိုင်စွမ်းနဲ့ လက်ရှိကစားသမားတွေရဲ့ အတွဲအဖက် မမိမှုတွေကို ပေါင်းစပ်ဖို့က ဝေးကွာလွန်းနေတဲ့အတွက် ကစားပုံက ဖရိုဖရဲဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၁ မိနစ်မှာတော့ မန်စီးတီးတို့ပဲ စတုတ္ထ ဦးဆောင်ဂိုးကို ရယူသွားခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းက ဖိုဒန်ရဲ့ နှစ်ကြိမ်ဆက်တိုက် ဖြတ်တင်မှုကို ဂိုးသမား နီတို ပုတ်ထုတ်လို့ ပြန်ကျလာတဲ့ ဘောလုံးကို အယ်လ်ဗာရက်ဇ်က အပြင်းကန်သွင်းခဲ့ရာမှာ ရှင်းထုတ်ဖို့ ကြိုးစားတဲ့ မက်ဖမ်နဲ့ထိပြီး ဂိုးထဲကို ဝင်သွားခဲ့လို့ Own Goal ဖြစ်သွားခဲ့ရပါတယ်။

ဒီနောက်မှာတော့ ဘုန်းမောက်တို့ဘက်က အဒမ် စမစ်၊ ဘီလင်းနဲ့ ထရာအိုရေးတို့အစား ဖရက်ဒရစ်ခ်၊ ရို့သ်ဝဲလ်နဲ့ အန်ထော်နီတို့ကို ထည့်ကစားခဲ့သလို မန်စီးတီးတို့ဘက်ကတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်၊ ဂရီးလစ်ရှ်၊ ဟားလန်းနဲ့ အာကေတို့အစား ကယ်လ်ဗင် ဖိလစ်၊ ဆာဂျီယို ဂိုမက်ဇ်၊ မာရက်ဇ်၊ ပါရိုနီနဲ့ ဝေါ်လ်ကာတို့ကို ထည့်သွင်းကစားခဲ့ကြတာပါ။

ပွဲချိန် ၈၃ မိနစ်မှာတော့ ဘုန်းမောက်တို့ဘက်က အရှက်ပြေ ချေပဂိုးတစ်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ဇီမူရာက ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ချိုးပေးရာမှာ ရှင်းထုတ်ပုံ မပီပြင်တဲ့ ရူဘင် ဒီယက်စ်ရဲ့ ပေါ့လျော့မှုကြောင့် လွတ်ထွက်လာတဲ့ ဘောလုံးကို လားမားက အပြင်း ကန်သွင်းသွားခဲ့တာလည်းဖြစ်ပါတယ်။

ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာစီးတီးတို့က ဘုန်းမောက်တို့ကို လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပြီး အာဆင်နယ်တို့ ငါးမှတ်ဖြတ်သွားမယ့် အရေးကနေ နိုင်ပွဲနဲ့အတူ ရှောင်လွှဲနိုင်ခဲ့သလို နှစ်မှတ် အကွာအဝေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ခဲ့ချိန်မှာ ဘုန်းမောက်တို့ကတော့ တန်းဆင်းဇုန်မှာပဲ ဆက်လက်ပျော်မွေ့နေခဲ့ရပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ရီကို လူးဝစၥ၊ အာကန္ဂ်ီ၊ ႐ူဘင္ ဒီယက္စ္နဲ႔ အာေကတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဂြန္ဒိုးဝမ္၊ ႐ိုဒရီ၊ ဖိုဒန္နဲ႔ ဂရီးလစ္ရွ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဒီဘ႐ိုင္းနား ႀကံ့ခိုင္မႈ မျပည့္ဝလို႔ အရန္ခုံမွာပဲ ထားခဲ့ရခ်ိန္မွာ ဟားလန္းရဲ႕ ေနာက္ကေန အယ္လ္ဗာရက္ဇ္က လိုက္ကစားတဲ့ ပုံစံကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဘုန္းေမာက္တို႔ကေတာ့ ဂိုးသမား နီတို၊ ခံစစ္မွာ ဆီနက္ဆီ၊ မက္ဖမ္၊ စတီဖင္စ္၊ အဒမ္ စမစ္နဲ႔ ဇီမူရာတို႔ကို ငါးေယာက္အထိ ထားခဲ့ၿပီး ကြင္းလယ္မွာေတာ့ တစ္ပြဲသာ ကစားၿပီး ဂိုးသြင္းျပခဲ့တဲ့ တာဗားနီးယာ ျပန္နာသြားခ်ိန္မွာ လားမား၊ ဘီလင္း၊ ဟာမက္ ထရာအိုေရးနဲ႔ အူယက္တာရာတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဆိုလန္ကီတစ္ဦးတည္းကို တင္ကစားလာခဲ့တာပါ။

ပြဲခ်ိန္ ၁၅ မိနစ္မွာကတည္းက မန္စီးတီးတို႔ အဖြင့္ဂိုး စတင္သြင္းယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ဖိုဒန္ရဲ႕ ညာျခမ္းက ဆြဲဝင္ၿပီး ထိုးေဖာက္မႈက ကန္ခြင့္မသာဘဲ ျပန္ထြက္လာတာကို ဟားလန္းက အနီးကပ္ က်ဳံးထည့္ခဲ့တာက ဘားထိၿပီး ျပန္ထြက္လာတာကို အခြင့္အေရးကို မလြတ္တမ္း ေစာင့္ၿပီး အသုံးခ်ႏိုင္ခဲ့တဲ့ အယ္လ္ဗာရက္ဇ္က ဘယ္ဘက္တိုင္နားကေန ပိတ္သြင္းသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၂၉ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ေျပးထြက္ၿပီး ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့တဲ့ ဂြန္ဒိုးဝမ္ရဲ႕ ေပးပို႔မႈကို ဖိုဒန္က ပိတ္သြင္းဖို႔ ႀကိဳးစားခဲ့ေပမယ့္ ဇီမူရာက ဖ်က္ထုတ္ခဲ့လို႔ လည္ထြက္လာတဲ့ ေဘာလုံးကို ဟားလန္းက ေျပးဝင္ကန္သြင္းယူသြားခဲ့တာပါ။

ပြဲခ်ိန္ ၄၅ မိနစ္မွာေတာ့ ဧည့္သည္ေတြပဲ တတိယ ဦးေဆာင္ဂိုးကို ထပ္မံရယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ခံစစ္မွာ ေဘာလုံးေပးရင္း ဘယ္သူမွ မရွိတဲ့ အေဝးႀကီးကို တစ္ေယာက္ေယာက္ ယူႏိုးႏိုးနဲ႔ လွမ္းေပးလိုက္တဲ့ ဘီလင္းရဲ႕ အမွားကေန ဖိုဒန္က ျဖတ္ေတာက္ရယူသြားခဲ့ၿပီး တားဆီးဖို႔ ႀကိဳးစားတဲ့ စတီဖင္စ္ရဲ႕ ဖိအားေပးမႈကို ေတာင့္ခံရင္း ဂိုးသမား နီတိုနဲ႔ အေတြ႕မွာ အျပင္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

ပထမပိုင္းမွာ မန္စီးတီးတို႔က ဘုန္းေမာက္တို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့ၾကၿပီး ဒုတိယပိုင္းမွာလည္း ဂြါဒီယိုလာရဲ႕ လူေတြပဲ အသာစီး ရယူထားႏိုင္ခဲ့ၾကသလို အိမ္ရွင္ ခ်ယ္ရီေတြကေတာ့ နည္းျပ အိုနီးလ္ရဲ႕ လုပ္ႏိုင္စြမ္းနဲ႔ လက္ရွိကစားသမားေတြရဲ႕ အတြဲအဖက္ မမိမႈေတြကို ေပါင္းစပ္ဖို႔က ေဝးကြာလြန္းေနတဲ့အတြက္ ကစားပုံက ဖ႐ိုဖရဲျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၁ မိနစ္မွာေတာ့ မန္စီးတီးတို႔ပဲ စတုတၳ ဦးေဆာင္ဂိုးကို ရယူသြားခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းက ဖိုဒန္ရဲ႕ ႏွစ္ႀကိမ္ဆက္တိုက္ ျဖတ္တင္မႈကို ဂိုးသမား နီတို ပုတ္ထုတ္လို႔ ျပန္က်လာတဲ့ ေဘာလုံးကို အယ္လ္ဗာရက္ဇ္က အျပင္းကန္သြင္းခဲ့ရာမွာ ရွင္းထုတ္ဖို႔ ႀကိဳးစားတဲ့ မက္ဖမ္နဲ႔ထိၿပီး ဂိုးထဲကို ဝင္သြားခဲ့လို႔ Own Goal ျဖစ္သြားခဲ့ရပါတယ္။

ဒီေနာက္မွာေတာ့ ဘုန္းေမာက္တို႔ဘက္က အဒမ္ စမစ္၊ ဘီလင္းနဲ႔ ထရာအိုေရးတို႔အစား ဖရက္ဒရစ္ခ္၊ ႐ို႕သ္ဝဲလ္နဲ႔ အန္ေထာ္နီတို႔ကို ထည့္ကစားခဲ့သလို မန္စီးတီးတို႔ဘက္ကေတာ့ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္၊ ဂရီးလစ္ရွ္၊ ဟားလန္းနဲ႔ အာေကတို႔အစား ကယ္လ္ဗင္ ဖိလစ္၊ ဆာဂ်ီယို ဂိုမက္ဇ္၊ မာရက္ဇ္၊ ပါ႐ိုနီနဲ႔ ေဝၚလ္ကာတို႔ကို ထည့္သြင္းကစားခဲ့ၾကတာပါ။

ပြဲခ်ိန္ ၈၃ မိနစ္မွာေတာ့ ဘုန္းေမာက္တို႔ဘက္က အရွက္ေျပ ေခ်ပဂိုးတစ္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ဇီမူရာက ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ခ်ိဳးေပးရာမွာ ရွင္းထုတ္ပုံ မပီျပင္တဲ့ ႐ူဘင္ ဒီယက္စ္ရဲ႕ ေပါ့ေလ်ာ့မႈေၾကာင့္ လြတ္ထြက္လာတဲ့ ေဘာလုံးကို လားမားက အျပင္း ကန္သြင္းသြားခဲ့တာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာစီးတီးတို႔က ဘုန္းေမာက္တို႔ကို ေလးဂိုး-တစ္ဂိုးနဲ႔ အႏိုင္ရရွိသြားခဲ့ၿပီး အာဆင္နယ္တို႔ ငါးမွတ္ျဖတ္သြားမယ့္ အေရးကေန ႏိုင္ပြဲနဲ႔အတူ ေရွာင္လႊဲႏိုင္ခဲ့သလို ႏွစ္မွတ္ အကြာအေဝးကို ဆက္လက္ထိန္းသိမ္းထားႏိုင္ခဲ့ခ်ိန္မွာ ဘုန္းေမာက္တို႔ကေတာ့ တန္းဆင္းဇုန္မွာပဲ ဆက္လက္ေပ်ာ္ေမြ႕ေနခဲ့ရပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.