Premier League

လက်စတာနဲ့ပွဲက VAR ညစ်ပတ်မှုကို အီယန်ရိုက်နဲ့ အာဆင်နယ်ဖန်တွေ ပေါက်ကွဲ

အာဆင်နယ်အသင်းအနေနဲ့ လက်စတာစီးတီးအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနိုင်မရဖို့အတွက် ဒိုင်လူကြီး ခရိတ် ပေါ်ဆန်နဲ့ VAR ဒိုင် မိုက်ကယ် ဆာလစ္စဘာရီတို့ရဲ့ အင်ပြည့်အားပြည့် တားဆီးခြင်းကို ခံခဲ့ရပြီး ဘယ်လိုမှ ပိတ်ပင်ညစ်ပတ်လို့ မရတဲ့တော့ ဂါဘရီယယ်လ် မာတီနယ်လီရဲ့ ဂိုးကြောင့်သာ နိုင်ပွဲဆက်ခဲ့တာဖြစ်ပါတယ်။

ဒီနေ့ပွဲမတိုင်ခင်မှာ အာဆင်နယ်တို့အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ကို အရမ်းမမျှော်လင့်ထားနဲ့ဆိုပြီး ပြောထားခဲ့တဲ့ လက်စတာနည်းပြ ဘရန်ဒန် ရော့ဂျားစ်ရဲ့ စကားကတော့ ဒိုင်ကူပြီး အနိုင်ယူဖို့ ကြိုးစားမှာဖြစ်လို့ ကြိုပြောထားခဲ့တာလားလို့လည်း သံသယဝင်စရာဖြစ်ခဲ့ပြီး ပြစ်ဒဏ်ဘော ကျူးလွန်မှု မှန်သမျှကို မြေခွေးတွေ တစ်ဝါမှ မထိခဲ့တာကလည်း ရွံစရာဖြစ်ခဲ့ရသေးတာပါ။

ဂျော်ဂျင်ညိုရဲ့ ခေါင်းကို လက်နဲ့ရိုက်၊ တံတောင်နဲ့ ထောင်းသွားခဲ့ကြသလို မာတီနယ်လီကိုလည်း ကြုံရင်ကြုံသလို ပိုင်းခဲ့ကြတဲ့ လက်စတာရဲ့ ကစားသမားတွေရဲ့ ပြစ်ဒဏ်ကျူးလွန်မှုတွေက ကြိုက်သလိုလုပ် ခွင့်ပြုခံထားခဲ့ရချိန်မှာ ခရိတ် ပေါ်ဆန်ရဲ့ ကိုင်တွယ်မှုက စိတ်ပျက်ဖွယ်ကောင်းလွန်းသလို ဒီနေ့ပွဲအတွက် ပရီးမီးယားလိဂ်အနေနဲ့ ဘာဇာတ်ညွှန်းရေးထားသလဲဆိုတာလည်း မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။

မိုက်ခရိုစကုပ်နဲ့ သေသေချာချာကြည့်မှ မြင်နိုင်မယ့် ဘန်ဝှိုက်ရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကို VAR က မြင်ပြီး အာဆင်နယ်တို့ရဲ့ ဂိုးကို ပယ်ဖျက်ခဲ့ပေမယ့် နောက်ကနေ ဆာကာကို သိသိသာသာကြီး ဆွဲဖက်ထားခဲ့တဲ့ ဆောက်တာရဲ့ ပြစ်ဒဏ်ကျူးလွန်မှုကိုတော့ ပင်နယ်တီပေးဖို့ ပျက်ကွက်ခဲ့သလို VAR တောင် ပြန်မကြည့်ဘဲ လျစ်လျူရှုခဲ့တာကြောင့် ပရိသတ်တွေနဲ့ အသင်းဂန္ထဝင် အီယန်ရိုက်အပါအဝင် အလန်ရှီးရားကပါ ပြစ်တင်ပြောကြားသွားခဲ့တာပါ။

ပရီးမီးယားလိဂ်ဒိုင်လူကြီးဟောင်း ဒါးမော့ ဂါလာဂါကလည်း ဆာကာရဲ့ ပြစ်ဒဏ်ကျူးလွန်ခံရမှုဟာ ပင်နယ်တီဖြစ်ကြောင်း ထောက်ခံသွားခဲ့သလို အာဆင်နယ်ဂန္ထဝင် အီယန်ရိုက်တော့ ဒါဟာ ထူးခြားဆန်းကြယ်လွန်းတဲ့ အမှားကြီးကြီးပဲလို့ လှောင်ပြောင်သွားခဲ့ပြီး သူ့ကို ပရီးမီးယားလိဂ် ထာဝရဂိုးသွင်းဘုရင် အလန် ရှီးရားကလည်း ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် ပေးကို ပေးရမယ့် ပင်နယ်တီလို့ ဆိုသွားခဲ့ပါတယ်။

အာဆင်နယ်ပရိသတ်တွေကတော့ “VAR အကြောင်း ပြောရတာ မောလှပြီဖြစ်ပြီး ကျက်သရေလည်း တုံးလွန်းပါတယ်။ ဘန်ဝှိုက်ရဲ့ ဖောင်းဘောနဲ့ ဂိုးကို ပယ်ဖျက်ခဲ့တယ်ဆိုရင်တောင် ဆာကာအတွက်တော့ ပင်နယ်တီပြန်ပေးသင့်တာပေါ့။ အခုကတော့ အာဆင်နယ် အသာစီးရနိုင်သမျှကို မျက်ကန်းတွေလို ကြည့်နေခဲ့တာပဲ”လို့ ပေါက်ကွဲသွားခဲ့ကြတာပါ။

အာဆင်နယ်တို့ရဲ့ ဂိုးရနိုင်တဲ့ အနေအထားမှန်သမျှကို အကျင့်ပျက် ခြစားတဲ့ ပုံစံတွေနဲ့ တားဆီးနေခဲ့တဲ့ ပရီးမီးယားလိဂ်ဒိုင်တွေရဲ့ လုပ်ရပ်တွေကတော့ ပရိသတ်တွေအတွက် ဆိုရှယ်မီဒီယာတွေပေါ်မှာ ပေါက်ကွဲဒေါသထွက်စရာဖြစ်ခဲ့ရသလို ဒုတိယပိုင်းအစမှာ ဂိုးသွင်းတဲ့ မာတီနယ်လီကို အန်ဒီဒီက တက်နင်းတာကိုလည်း အဝါမပြခဲ့တာက ရယ်စရာကောင်းလွန်းခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာ ဆာကာရဲ့ သွင်းဂိုးမှာလည်း မာတီနယ်လီ အမှန်တကယ် လူကျွံကြောင်းကို VAR က သေချာမပြခဲ့ဘဲ ပွင့်လင်းမြင်သာ မရှိခဲ့တာက ဒီနေ့ပွဲရဲ့ နောက်ထပ် အရုပ်ဆိုးမှုတစ်ခုဖြစ်ခဲ့ရသလို တောင်းပန်ရုံနဲ့ ကျေနပ်ရတဲ့ မာဖီးယားဆန်ဆန် ပရီးမီးယားလိဂ်ရဲ့ ယုတ်မာမှုတွေကို အာဆင်နယ်တို့အနေနဲ့ လာမယ့်ပွဲတွေမှာလည်း မဖြစ်မနေ ကျော်လွှားဖို့ မောင်းတင်ထားရဦးမှာပါ။

ဂန်းနားတို့ရဲ့ ကင်းပါဝါ စတေဒီယမ်က အဖိုးတန်နိုင်ပွဲကတော့ ပရိသတ်တွေအတွက် သိပ်ကို ပျော်ရွှင်ဝမ်းမြောက်ဖြစ်ခဲ့ရပြီး အဖက်ဖက်က ဝိုင်းညစ်သမျှကို ကြံ့ကြံ့ခံနိုင်ခဲ့တဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ မာကျောမှုနဲ့ မဆုတ်မနစ် ကြိုးစားအားထုတ်မှုကို ပြသနိုင်ခဲ့တာကြောင့် ဂုဏ်ယူနိုင်တဲ့ နိုင်ပွဲတစ်ပွဲလည်းဖြစ်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္အသင္းအေနနဲ႔ လက္စတာစီးတီးအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားခဲ့ရတဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ အႏိုင္မရဖို႔အတြက္ ဒိုင္လူႀကီး ခရိတ္ ေပၚဆန္နဲ႔ VAR ဒိုင္ မိုက္ကယ္ ဆာလစၥဘာရီတို႔ရဲ႕ အင္ျပည့္အားျပည့္ တားဆီးျခင္းကို ခံခဲ့ရၿပီး ဘယ္လိုမွ ပိတ္ပင္ညစ္ပတ္လို႔ မရတဲ့ေတာ့ ဂါဘရီယယ္လ္ မာတီနယ္လီရဲ႕ ဂိုးေၾကာင့္သာ ႏိုင္ပြဲဆက္ခဲ့တာျဖစ္ပါတယ္။

ဒီေန႔ပြဲမတိုင္ခင္မွာ အာဆင္နယ္တို႔အေနနဲ႔ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ဖို႔ကို အရမ္းမေမွ်ာ္လင့္ထားနဲ႔ဆိုၿပီး ေျပာထားခဲ့တဲ့ လက္စတာနည္းျပ ဘရန္ဒန္ ေရာ့ဂ်ားစ္ရဲ႕ စကားကေတာ့ ဒိုင္ကူၿပီး အႏိုင္ယူဖို႔ ႀကိဳးစားမွာျဖစ္လို႔ ႀကိဳေျပာထားခဲ့တာလားလို႔လည္း သံသယဝင္စရာျဖစ္ခဲ့ၿပီး ျပစ္ဒဏ္ေဘာ က်ဴးလြန္မႈ မွန္သမွ်ကို ေျမေခြးေတြ တစ္ဝါမွ မထိခဲ့တာကလည္း ႐ြံစရာျဖစ္ခဲ့ရေသးတာပါ။

ေဂ်ာ္ဂ်င္ညိဳရဲ႕ ေခါင္းကို လက္နဲ႔႐ိုက္၊ တံေတာင္နဲ႔ ေထာင္းသြားခဲ့ၾကသလို မာတီနယ္လီကိုလည္း ႀကဳံရင္ႀကဳံသလို ပိုင္းခဲ့ၾကတဲ့ လက္စတာရဲ႕ ကစားသမားေတြရဲ႕ ျပစ္ဒဏ္က်ဴးလြန္မႈေတြက ႀကိဳက္သလိုလုပ္ ခြင့္ျပဳခံထားခဲ့ရခ်ိန္မွာ ခရိတ္ ေပၚဆန္ရဲ႕ ကိုင္တြယ္မႈက စိတ္ပ်က္ဖြယ္ေကာင္းလြန္းသလို ဒီေန႔ပြဲအတြက္ ပရီးမီးယားလိဂ္အေနနဲ႔ ဘာဇာတ္ၫႊန္းေရးထားသလဲဆိုတာလည္း ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါတယ္။

မိုက္ခ႐ိုစကုပ္နဲ႔ ေသေသခ်ာခ်ာၾကည့္မွ ျမင္ႏိုင္မယ့္ ဘန္ဝႈိက္ရဲ႕ ျပစ္ဒဏ္က်ဴးလြန္မႈကို VAR က ျမင္ၿပီး အာဆင္နယ္တို႔ရဲ႕ ဂိုးကို ပယ္ဖ်က္ခဲ့ေပမယ့္ ေနာက္ကေန ဆာကာကို သိသိသာသာႀကီး ဆြဲဖက္ထားခဲ့တဲ့ ေဆာက္တာရဲ႕ ျပစ္ဒဏ္က်ဴးလြန္မႈကိုေတာ့ ပင္နယ္တီေပးဖို႔ ပ်က္ကြက္ခဲ့သလို VAR ေတာင္ ျပန္မၾကည့္ဘဲ လ်စ္လ်ဴရႈခဲ့တာေၾကာင့္ ပရိသတ္ေတြနဲ႔ အသင္းဂႏၴဝင္ အီယန္႐ိုက္အပါအဝင္ အလန္ရွီးရားကပါ ျပစ္တင္ေျပာၾကားသြားခဲ့တာပါ။

ပရီးမီးယားလိဂ္ဒိုင္လူႀကီးေဟာင္း ဒါးေမာ့ ဂါလာဂါကလည္း ဆာကာရဲ႕ ျပစ္ဒဏ္က်ဴးလြန္ခံရမႈဟာ ပင္နယ္တီျဖစ္ေၾကာင္း ေထာက္ခံသြားခဲ့သလို အာဆင္နယ္ဂႏၴဝင္ အီယန္႐ိုက္ေတာ့ ဒါဟာ ထူးျခားဆန္းၾကယ္လြန္းတဲ့ အမွားႀကီးႀကီးပဲလို႔ ေလွာင္ေျပာင္သြားခဲ့ၿပီး သူ႔ကို ပရီးမီးယားလိဂ္ ထာဝရဂိုးသြင္းဘုရင္ အလန္ ရွီးရားကလည္း ဘာအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ ေပးကို ေပးရမယ့္ ပင္နယ္တီလို႔ ဆိုသြားခဲ့ပါတယ္။

အာဆင္နယ္ပရိသတ္ေတြကေတာ့ “VAR အေၾကာင္း ေျပာရတာ ေမာလွၿပီျဖစ္ၿပီး က်က္သေရလည္း တုံးလြန္းပါတယ္။ ဘန္ဝႈိက္ရဲ႕ ေဖာင္းေဘာနဲ႔ ဂိုးကို ပယ္ဖ်က္ခဲ့တယ္ဆိုရင္ေတာင္ ဆာကာအတြက္ေတာ့ ပင္နယ္တီျပန္ေပးသင့္တာေပါ့။ အခုကေတာ့ အာဆင္နယ္ အသာစီးရႏိုင္သမွ်ကို မ်က္ကန္းေတြလို ၾကည့္ေနခဲ့တာပဲ”လို႔ ေပါက္ကြဲသြားခဲ့ၾကတာပါ။

အာဆင္နယ္တို႔ရဲ႕ ဂိုးရႏိုင္တဲ့ အေနအထားမွန္သမွ်ကို အက်င့္ပ်က္ ျခစားတဲ့ ပုံစံေတြနဲ႔ တားဆီးေနခဲ့တဲ့ ပရီးမီးယားလိဂ္ဒိုင္ေတြရဲ႕ လုပ္ရပ္ေတြကေတာ့ ပရိသတ္ေတြအတြက္ ဆိုရွယ္မီဒီယာေတြေပၚမွာ ေပါက္ကြဲေဒါသထြက္စရာျဖစ္ခဲ့ရသလို ဒုတိယပိုင္းအစမွာ ဂိုးသြင္းတဲ့ မာတီနယ္လီကို အန္ဒီဒီက တက္နင္းတာကိုလည္း အဝါမျပခဲ့တာက ရယ္စရာေကာင္းလြန္းခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာ ဆာကာရဲ႕ သြင္းဂိုးမွာလည္း မာတီနယ္လီ အမွန္တကယ္ လူကြၽံေၾကာင္းကို VAR က ေသခ်ာမျပခဲ့ဘဲ ပြင့္လင္းျမင္သာ မရွိခဲ့တာက ဒီေန႔ပြဲရဲ႕ ေနာက္ထပ္ အ႐ုပ္ဆိုးမႈတစ္ခုျဖစ္ခဲ့ရသလို ေတာင္းပန္႐ုံနဲ႔ ေက်နပ္ရတဲ့ မာဖီးယားဆန္ဆန္ ပရီးမီးယားလိဂ္ရဲ႕ ယုတ္မာမႈေတြကို အာဆင္နယ္တို႔အေနနဲ႔ လာမယ့္ပြဲေတြမွာလည္း မျဖစ္မေန ေက်ာ္လႊားဖို႔ ေမာင္းတင္ထားရဦးမွာပါ။

ဂန္းနားတို႔ရဲ႕ ကင္းပါဝါ စေတဒီယမ္က အဖိုးတန္ႏိုင္ပြဲကေတာ့ ပရိသတ္ေတြအတြက္ သိပ္ကို ေပ်ာ္႐ႊင္ဝမ္းေျမာက္ျဖစ္ခဲ့ရၿပီး အဖက္ဖက္က ဝိုင္းညစ္သမွ်ကို ႀကံ့ႀကံ့ခံႏိုင္ခဲ့တဲ့ စိတ္ဓာတ္ပိုင္းဆိုင္ရာ မာေက်ာမႈနဲ႔ မဆုတ္မနစ္ ႀကိဳးစားအားထုတ္မႈကို ျပသႏိုင္ခဲ့တာေၾကာင့္ ဂုဏ္ယူႏိုင္တဲ့ ႏိုင္ပြဲတစ္ပြဲလည္းျဖစ္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.