Match Report Premier League

ဂ်ာမန္သားေတြ ဂိုးေပါက္မပြင့္ေသးတဲ့ ပရီးမီးယားလိဂ္မွာ ခ်ဲလ္ဆီးတုိ႔ ႐ုန္းကန္ရဆဲ သေရပြဲ

ဒီေန႔ပြဲမွာေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ သီယာဂို ေဆးလ္ဗားကို ေနာက္တန္းမွာ ခရစၥတင္ဆန္နဲ႔တြဲၿပီး ပြဲထြက္လာေစခဲ့ၿပီး တိုက္စစ္မွာေတာ့ ဟာဗတ္ဇ္နဲ႔ အတြဲမိခဲ့တဲ့ ေအဘရာဟမ္ကို ဆက္သုံးခဲ့သလို ကြင္းလယ္ကိုေတာ့ ကိုဗာခ်စ္၊ ကန္ေတ၊ ေမာင့္တုိ႔အတြဲနဲ႔ ကစားခဲ့ပါတယ္။

ေစာေစာစီးစီးမွာပဲ တန္ျပန္တုိက္စစ္ကေန ခ်ဲလ္ဆီးတုိ႔ ဂိုးေပးလိုက္ရၿပီး လ်င္ျမန္တဲ့ ကစားသမားတစ္ဦးျဖစ္တဲ့ မက္သီးယပ္စ္ ပါရဲရားက ညာျခမ္းက ဆြဲေျပးၿပီး ဘယ္မွာ လြတ္ေနတဲ့ ကယ္လမ္ ေရာ္ဘင္ဆန္ကို ေပးရာမွာ ေရာ္ဘင္ဆန္က ေနာက္ခံလူေတြ ၾကားထဲက ကန္သြင္းခဲ့ရာမွာ ကီပါအစား ဝင္ကစားတဲ့ ကာဘယ္လီ႐ို ေႏွးေကြးေနလို႔ ဂိုးစေပးခဲ့ရပါတယ္။

အသက္ ၃၉ ႏွစ္အရြယ္ ဂိုးသမားဟာ ဒီေန႔မွာ ဝက္စ္ဘရြန္းရဲ႕ ကန္ခ်က္ေတြကို တုံ႔ျပန္ရာမွာ အေတာ္ေလး ေနာက္က်ေနခဲ့ၿပီး ဂိုးေထာင့္လို ေနရာမ်ဳိးေတြကို ေဘာလုံးေရာက္သြားခဲ့ရင္ ကာကြယ္ႏိုင္မယ့္ပုံစံမရွိသလို ပြဲခ်ိန္ ၂၅ မိနစ္မွာလည္း ေရာ္ဘင္ဆန္ကပဲ သီယာဂို ေဆးလ္ဗားရဲ႕ အမွားက ရသြားခဲ့ၿပီး ေအာက္ကို ကန္သြင္းရာမွာ ကာဘယ္လီ႐ုိ မကာကြယ္ႏုိင္ဘဲ ဂိုးထပ္ေပးခဲ့ရတာပါ။

ဆက္တုိက္ဆုိသလိုပဲ ႏွစ္မိနစ္အၾကာမွာ ေထာင့္ကန္ေဘာကေန ဖားေလာင္း ေခါင္းတုိက္ခ်ေပးတာကို လူမကၽြံဘဲရွိေနတဲ့ ေနာက္ခံလူ ဘာတလီက အနီးကပ္ပိတ္သြင္းခဲ့လို႔ ခ်ဲလ္ဆီးတုိ႔ တတိယဂိုး ေပးခဲ့ရၿပီး လမ္းပတ္တစ္ေယာက္ေတာ့ လူထုတ္ပုံမွားယြင္းျခင္းရဲ႕ ဒဏ္ကို ခံခဲ့ရသလို ပထမပိုင္းမွာ သုံးဂိုး-ဂိုးမရွိနဲ႔ အိမ္ရွင္ေတြ အႏိုင္ရေနခဲ့ပါတယ္။

ဒုတိယပိုင္းမွာေတာ့ အလြန္ဆုိအစား အက္ဇ္ပီလီေကြတာ၊ ကိုဗာခ်စ္အစား ဟဒ္ဆန္-အိုဒြဳိင္းတုိ႔ ဝင္လာခ်ိန္မွာေတာ့ အသင္းရဲ႕ ကစားကြက္က ဟန္ခ်က္ညီသြားခဲ့ၿပီး တုိက္စစ္ဆင္မွဳေတြ ျပဳလုပ္လာႏုိင္ခဲ့ေပမယ့္ သီယာဂို ေဆးလ္ဗားကို ျမန္ဆန္တဲ့ ေနာက္ခံလူေတြျဖစ္တဲ့ ဇူးမား၊ ႐ူဒီဂါတုိ႔လို ကစားသမားေတြနဲ႔ မတြဲဘဲ ခရစၥတင္ဆန္နဲ႔ တြဲထားမွဳေၾကာင့္ လ်င္ျမန္တဲ့ ဝက္စ္ဘရြန္းရဲ႕ ၿခိမ္းေျခာက္မွဳေတြကို ႀကဳံေတြ႕ခဲ့ရၿပီး ဂိုးေပါက္ထပ္မတည့္ခဲ့လိုသာ ဂိုးထပ္မေပးခဲ့ရတာလည္းျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာေတာ့ ဘယ္ျခမ္းမွာ လြတ္ေနတဲ့ အက္ဇ္ပီလီေကြတာကို ေပးတဲ့ ျဖတ္တင္ေဘာကို စပိန္သား အသင္းေခါင္းေဆာင္က ျပန္ခ်ေပးရာကတစ္ဆင့္ ေမဆန္ေမာင့္က အတြင္းကို ဆြဲဝင္ၿပီး ကန္သြင္းခဲ့ရာမွာ ေနာက္ခံလူနဲ႔ ကြယ္ၿပီး ဝင္သြားခဲ့လုိ႔ ပထမေခ်ပဂိုး ရရွိခဲ့ပါတယ္။

လူစားဝင္ကစားသမားေတြ အလုပ္ျဖစ္တယ္လို႔ ဆုိရမွာျဖစ္ၿပီး ပထမေခ်ပဂိုးကို အက္ဇ္ပီလီေကြတာက ဖန္တီးေပးခဲ့သလို ပြဲခ်ိန္ မိနစ္ ၇၀ မွာေတာ့ ဟဒ္ဆန္-အိုဒြဳိင္းက ဂိုးဧရိယာထဲက ဟာဗတ္ဇ္နဲ႔ ဝမ္းတူးလွမ္း႐ိုက္ၿပီး ပါးပါးနပ္နပ္ ကန္သြင္းႏုိင္ခဲ့လို႔ ဒုတိယေခ်ပဂိုး ထပ္ရခဲ့ၿပီး ခ်ဲလ္ဆီးတုိ႔ ပုိၿပီး တုိက္စစ္ဆင္ကစားဖို႔ စိတ္ဓာတ္တက္ၾကြလာခဲ့ပါတယ္။

ပြဲခ်ိန္ ၇၃ မိနစ္မွာ သီယာဂို ေဆးလ္ဗားအစား ဂ်ီ႐ူးကို ထည့္သြင္းခဲ့တဲ့ လမ္းပတ္ရဲ႕ လုပ္ရပ္ကေတာ့ နည္းဗ်ဴဟာ အေျပာင္းအလဲထက္ သူ႕ကိုယ္သူ စဥ္ဆက္မျပတ္ ႀကဳိးစားေနေၾကာင္း Safe Side ယူ ကာကြယ္တဲ့ လုပ္ရပ္လုိ႔ပဲ ျမင္မိၿပီး တုိက္စစ္မွာ လူေတြ ပုံေနတာဟာ ဘာမွ အက်ဳိးမထူးခဲ့သလို ကစားကြက္ က်ပ္ေနခဲ့တာပဲ အဖတ္တင္ခဲ့ပါတယ္။

သုံးဂိုး-ႏွစ္ဂိုးနဲ႔ ပြဲၿပီးေတာ့မယ္လို႔ ထင္ေနတုန္းမွာပဲ နာက်င္အခ်ိန္ပို ၃ မိနစ္မွာ ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကေန ျပန္ထြက္လာခဲ့တာကို ေမဆန္ေမာင့္ ကန္သြင္းခဲ့ရာမွာ ေနာက္တန္းနဲ႔ ၿငိၿပီး ေရွ႕ေရာက္လာခဲ့တဲ့ ေဘာလုံးကို ေအဘရာဟမ္က ကန္သြင္းၿပီး ဝက္စ္ဘရြန္းဆီက တစ္မွတ္ ခြဲယူႏုိင္ေစမယ့္ ဂိုးကို ရရွိခဲ့သလို သုံးဂိုးစီ သေရနဲ႔ ပြဲၿပီးဆုံးခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းရဲ႕ အားနည္းခ်က္ကေတာ့ ဒီေန႔ပြဲမွာ လ်င္ျမန္ၿပီး ကစားအားေကာင္းတဲ့ တစ္ဖက္အသင္းကို ေလ့လာမထားဘဲ အလြန္ဆုိလို ကစားသမားမ်ဳိးနဲ႔ ေလးပင္တဲ့ ေနာက္တန္းကို သုံးခဲ့လို႔ သီယာဂို ေဆးလ္ဗားပါ နာမည္ပ်က္ခဲ့ရတဲ့ ပြဲလို႔ ယူဆမိၿပီး တုိက္စစ္မွာ ေငြသုံးၾကမ္းထားလုိ႔ ဂိုးေတြက မစိုးရိမ္ရေပမယ့္ ခံစစ္ကေတာ့ လုံးဝ ဒိန္းဂ်ားအေနအထားကို ေရာက္ရွိေနၿပီလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ လာမယ့္ပြဲေတြမွာ အသစ္ေရာက္လာတဲ့ ဂိုးသမား မန္ဒီနဲ႔ အတြဲအဖက္ေကာင္းတစ္ခုကို ေသခ်ာ အထိုင္မခ်ႏုိင္ဘူးဆုိရင္ ေငြသုံးထားတဲ့ ပုိင္ရွင္ေတြ အတြက္ နည္းျပသစ္ဆိုတာလည္းျဖစ္လာႏုိင္တာမို႔ ႏုိင္ရမယ့္ပြဲေတြမွာ မျဖစ္မေန သုံးမွတ္ရႏုိင္ဖို႔ လိုအပ္ေနေသးေၾကာင္းလည္း သုံးသပ္လုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: ဒီနေ့ပွဲမှာတော့ ချဲလ်ဆီးအသင်းအနေနဲ့ သီယာဂို ဆေးလ်ဗားကို နောက်တန်းမှာ ခရစ္စတင်ဆန်နဲ့တွဲပြီး ပွဲထွက်လာစေခဲ့ပြီး တိုက်စစ်မှာတော့ ဟာဗတ်ဇ်နဲ့ အတွဲမိခဲ့တဲ့ အေဘရာဟမ်ကို ဆက်သုံးခဲ့သလို ကွင်းလယ်ကိုတော့ ကိုဗာချစ်၊ ကန်တေ၊ မောင့်တို့အတွဲနဲ့ ကစားခဲ့ပါတယ်။

စောစောစီးစီးမှာပဲ တန်ပြန်တိုက်စစ်ကနေ ချဲလ်ဆီးတို့ ဂိုးပေးလိုက်ရပြီး လျင်မြန်တဲ့ ကစားသမားတစ်ဦးဖြစ်တဲ့ မက်သီးယပ်စ် ပါရဲရားက ညာခြမ်းက ဆွဲပြေးပြီး ဘယ်မှာ လွတ်နေတဲ့ ကယ်လမ် ရော်ဘင်ဆန်ကို ပေးရာမှာ ရော်ဘင်ဆန်က နောက်ခံလူတွေ ကြားထဲက ကန်သွင်းခဲ့ရာမှာ ကီပါအစား ဝင်ကစားတဲ့ ကာဘယ်လီရို နှေးကွေးနေလို့ ဂိုးစပေးခဲ့ရပါတယ်။

အသက် ၃၉ နှစ်အရွယ် ဂိုးသမားဟာ ဒီနေ့မှာ ဝက်စ်ဘရွန်းရဲ့ ကန်ချက်တွေကို တုံ့ပြန်ရာမှာ အတော်လေး နောက်ကျနေခဲ့ပြီး ဂိုးထောင့်လို နေရာမျိုးတွေကို ဘောလုံးရောက်သွားခဲ့ရင် ကာကွယ်နိုင်မယ့်ပုံစံမရှိသလို ပွဲချိန် ၂၅ မိနစ်မှာလည်း ရော်ဘင်ဆန်ကပဲ သီယာဂို ဆေးလ်ဗားရဲ့ အမှားက ရသွားခဲ့ပြီး အောက်ကို ကန်သွင်းရာမှာ ကာဘယ်လီရို မကာကွယ်နိုင်ဘဲ ဂိုးထပ်ပေးခဲ့ရတာပါ။

ဆက်တိုက်ဆိုသလိုပဲ နှစ်မိနစ်အကြာမှာ ထောင့်ကန်ဘောကနေ ဖားလောင်း ခေါင်းတိုက်ချပေးတာကို လူမကျွံဘဲရှိနေတဲ့ နောက်ခံလူ ဘာတလီက အနီးကပ်ပိတ်သွင်းခဲ့လို့ ချဲလ်ဆီးတို့ တတိယဂိုး ပေးခဲ့ရပြီး လမ်းပတ်တစ်ယောက်တော့ လူထုတ်ပုံမှားယွင်းခြင်းရဲ့ ဒဏ်ကို ခံခဲ့ရသလို ပထမပိုင်းမှာ သုံးဂိုး-ဂိုးမရှိနဲ့ အိမ်ရှင်တွေ အနိုင်ရနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အလွန်ဆိုအစား အက်ဇ်ပီလီကွေတာ၊ ကိုဗာချစ်အစား ဟဒ်ဆန်-အိုဒွိုင်းတို့ ဝင်လာချိန်မှာတော့ အသင်းရဲ့ ကစားကွက်က ဟန်ချက်ညီသွားခဲ့ပြီး တိုက်စစ်ဆင်မှုတွေ ပြုလုပ်လာနိုင်ခဲ့ပေမယ့် သီယာဂို ဆေးလ်ဗားကို မြန်ဆန်တဲ့ နောက်ခံလူတွေဖြစ်တဲ့ ဇူးမား၊ ရူဒီဂါတို့လို ကစားသမားတွေနဲ့ မတွဲဘဲ ခရစ္စတင်ဆန်နဲ့ တွဲထားမှုကြောင့် လျင်မြန်တဲ့ ဝက်စ်ဘရွန်းရဲ့ ခြိမ်းခြောက်မှုတွေကို ကြုံတွေ့ခဲ့ရပြီး ဂိုးပေါက်ထပ်မတည့်ခဲ့လိုသာ ဂိုးထပ်မပေးခဲ့ရတာလည်းဖြစ်ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာတော့ ဘယ်ခြမ်းမှာ လွတ်နေတဲ့ အက်ဇ်ပီလီကွေတာကို ပေးတဲ့ ဖြတ်တင်ဘောကို စပိန်သား အသင်းခေါင်းဆောင်က ပြန်ချပေးရာကတစ်ဆင့် မေဆန်မောင့်က အတွင်းကို ဆွဲဝင်ပြီး ကန်သွင်းခဲ့ရာမှာ နောက်ခံလူနဲ့ ကွယ်ပြီး ဝင်သွားခဲ့လို့ ပထမချေပဂိုး ရရှိခဲ့ပါတယ်။

လူစားဝင်ကစားသမားတွေ အလုပ်ဖြစ်တယ်လို့ ဆိုရမှာဖြစ်ပြီး ပထမချေပဂိုးကို အက်ဇ်ပီလီကွေတာက ဖန်တီးပေးခဲ့သလို ပွဲချိန် မိနစ် ၇၀ မှာတော့ ဟဒ်ဆန်-အိုဒွိုင်းက ဂိုးဧရိယာထဲက ဟာဗတ်ဇ်နဲ့ ဝမ်းတူးလှမ်းရိုက်ပြီး ပါးပါးနပ်နပ် ကန်သွင်းနိုင်ခဲ့လို့ ဒုတိယချေပဂိုး ထပ်ရခဲ့ပြီး ချဲလ်ဆီးတို့ ပိုပြီး တိုက်စစ်ဆင်ကစားဖို့ စိတ်ဓာတ်တက်ကြွလာခဲ့ပါတယ်။

ပွဲချိန် ၇၃ မိနစ်မှာ သီယာဂို ဆေးလ်ဗားအစား ဂျီရူးကို ထည့်သွင်းခဲ့တဲ့ လမ်းပတ်ရဲ့ လုပ်ရပ်ကတော့ နည်းဗျူဟာ အပြောင်းအလဲထက် သူ့ကိုယ်သူ စဉ်ဆက်မပြတ် ကြိုးစားနေကြောင်း Safe Side ယူ ကာကွယ်တဲ့ လုပ်ရပ်လို့ပဲ မြင်မိပြီး တိုက်စစ်မှာ လူတွေ ပုံနေတာဟာ ဘာမှ အကျိုးမထူးခဲ့သလို ကစားကွက် ကျပ်နေခဲ့တာပဲ အဖတ်တင်ခဲ့ပါတယ်။

သုံးဂိုး-နှစ်ဂိုးနဲ့ ပွဲပြီးတော့မယ်လို့ ထင်နေတုန်းမှာပဲ နာကျင်အချိန်ပို ၃ မိနစ်မှာ ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေ ပြန်ထွက်လာခဲ့တာကို မေဆန်မောင့် ကန်သွင်းခဲ့ရာမှာ နောက်တန်းနဲ့ ငြိပြီး ရှေ့ရောက်လာခဲ့တဲ့ ဘောလုံးကို အေဘရာဟမ်က ကန်သွင်းပြီး ဝက်စ်ဘရွန်းဆီက တစ်မှတ် ခွဲယူနိုင်စေမယ့် ဂိုးကို ရရှိခဲ့သလို သုံးဂိုးစီ သရေနဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ချဲလ်ဆီးအသင်းရဲ့ အားနည်းချက်ကတော့ ဒီနေ့ပွဲမှာ လျင်မြန်ပြီး ကစားအားကောင်းတဲ့ တစ်ဖက်အသင်းကို လေ့လာမထားဘဲ အလွန်ဆိုလို ကစားသမားမျိုးနဲ့ လေးပင်တဲ့ နောက်တန်းကို သုံးခဲ့လို့ သီယာဂို ဆေးလ်ဗားပါ နာမည်ပျက်ခဲ့ရတဲ့ ပွဲလို့ ယူဆမိပြီး တိုက်စစ်မှာ ငွေသုံးကြမ်းထားလို့ ဂိုးတွေက မစိုးရိမ်ရပေမယ့် ခံစစ်ကတော့ လုံးဝ ဒိန်းဂျားအနေအထားကို ရောက်ရှိနေပြီလည်းဖြစ်ပါတယ်။

ဒါကြောင့် လာမယ့်ပွဲတွေမှာ အသစ်ရောက်လာတဲ့ ဂိုးသမား မန်ဒီနဲ့ အတွဲအဖက်ကောင်းတစ်ခုကို သေချာ အထိုင်မချနိုင်ဘူးဆိုရင် ငွေသုံးထားတဲ့ ပိုင်ရှင်တွေ အတွက် နည်းပြသစ်ဆိုတာလည်းဖြစ်လာနိုင်တာမို့ နိုင်ရမယ့်ပွဲတွေမှာ မဖြစ်မနေ သုံးမှတ်ရနိုင်ဖို့ လိုအပ်နေသေးကြောင်းလည်း သုံးသပ်လိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.