Match Report Premier League

ေျခစြမ္းမေကာင္းေပမယ့္ ယုံၾကည္မွဳေကာင္းနဲ႔ ေနာက္ဆုံးမိနစ္မွာ ပင္နယ္တီကေန ႏုိင္ပြဲယူတဲ့ ယူႏုိက္တက္

မန္ခ်က္စတာယူႏုိက္တက္အသင္းဟာ သူတုိ႔ရဲ႕ လူေျပာမ်ားေနတဲ့ ခံစစ္အတြဲျဖစ္တဲ့ လင္ဒီေလာ့ဖ္နဲ႔ မက္ဂြဳိင္းယားကို မေျပာင္းမလဲ ထည့္သြင္း လာခဲ့ၿပီး ရလဒ္ကေတာ့ ဘ႐ိုက္တန္ရဲ႕ အႀကိမ္ႀကိမ္ ထုိးေဖာက္ဂိုးသြင္းမွဳေတြနဲ႔ ႀကဳံေတြ႕ခဲ့ရသလို တုိက္စစ္က ကစားသမားေတြရဲ႕ ဇြဲမေလွ်ာ့ဘဲ ႀကဳိးစားႏုိင္ခဲ့မွဳေၾကာင့္သာ ေနာက္ဆုံးမိနစ္မွာ ပင္နယ္တီရခဲ့ၿပီး အႏုိင္ရရွိခဲ့တာျဖစ္ပါတယ္။

ဘ႐ိုက္တန္ကေတာ့ သူတုိ႔ရဲ႕ ေတာင္ပံတုိက္စစ္နဲ႔ လ်င္ျမန္မွဳေတြကို အားျပဳကစားခဲ့ရာမွာ ပြဲခ်ိန္ ၈ မိနစ္မွာပဲ ဂိုးဧရိယာထိပ္ကေန ထေရာ့ဆတ္ ကန္သြင္းခြင့္ရေပမယ့္ ဘယ္ဘက္တုိင္ထိထြက္ခဲ့လုိ႔ နစ္နာခဲ့ရၿပီး မိနစ္ ၂၀ မွာလည္း သူ႕ရဲ႕ ကန္ခ်က္ပဲ ညာဘက္တုိင္ထိထြက္ခဲ့လို႔ ယူႏုိက္တက္တုိ႔ ကံေကာင္းခဲ့ရပါတယ္။

ပြဲခ်ိန္ ၃၈ မိနစ္မွာေတာ့ ဂိုးဧရိယာထဲ ေဘာလုံးဆြဲဝင္လာခဲ့တဲ့ လမ့္ပ္ေတကို တားဆီးဖို႔ ႀကဳိးစားရာမွာ ေဘာလုံးမထိဘဲ လူကိုသာ ထိမိခဲ့တဲ့ ဖာနန္ဒက္စ္ေၾကာင့္ ပင္နယ္တီေပးခဲ့ရၿပီး ဒါကို တုိက္စစ္မွဴး ေမာ္ေပက ကန္သြင္းၿပီး ဦးေဆာင္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ ပထမပုိင္းမၿပီးခင္မွာပဲ ယူႏုိက္တက္တုိ႔ ျပန္လည္ေခ်ပႏုိင္ခဲ့ၿပီး ပြဲခ်ိန္ ၄၃ မိနစ္မွာ ဖာနန္ဒက္စ္ရဲ႕ ဖရီးကစ္ကို မာတစ္ခ်္ ျပန္ခ်ေပးတာမွာ အသင္းေခါင္းေဆာင္ မက္ဂြဳိင္းယားနဲ႔ လူးဝစၥ ဒန္႔ခ္တုိ႔ အၿပဳိင္လုရင္း ဘ႐ိုက္တန္အသင္းေခါင္းေဆာင္က ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့လို႔ ပထမပုိင္းမွာ တစ္ဂိုးစီ သေရက်ေနခဲ့ပါတယ္။

ဒုတိယပုိင္းမွာေတာ့ ဘ႐ိုက္တန္တုိ႔ရဲ႕ တစ္သင္းလုံးတက္ဖိတဲ့ ကစားကြက္ကေန ယူႏုိက္တက္ရဲ႕ လ်င္ျမန္တဲ့ တုိက္စစ္မွဴးေတြ မၾကာခဏ ကၽြတ္ထြက္ေနခဲ့ၿပီး ပြဲခ်ိန္ ၅၂ မိနစ္မွာေတာ့ တန္ျပန္တုိက္စစ္ကေန ေဘာလုံးရသြားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က ဘ႐ိုက္တန္ေနာက္ခံလူေတြကို ေသြးေအးေအးနဲ႔ စိတ္တုိင္းက် လိမ္ေခါက္ၿပီးမွ အျပင္းကန္သြင္းခဲ့ရာမွာ ဦးေဆာင္ဂိုး ျပန္လည္ရယူႏုိင္ခဲ့ပါတယ္။

ဒီပြဲမွာ ဒိုင္လူႀကီး ခရစၥ ကာဗန္နာကေတာ့ သူ႕ရဲ႕ ၿပီးခဲ့တဲ့ ရာသီက စြမ္းေဆာင္ရည္ေတြနဲ႔ လားလားမွ မဆုိင္ေတာ့ဘဲ ဆုံးျဖတ္ခ်က္ေတြက ေဝဝါးေနခဲ့သလို ဘ႐ိုက္တန္ရဲ႕ အယုံသြင္းၿပီး ယူခဲ့တဲ့ ပထမပင္နယ္တီအခြင့္အေရးကို VAR ၾကည့္ၿပီးမွ ပယ္ဖ်က္ခဲ့ရသလို တကယ္တမ္းရသင့္တဲ့ မက္ဂြဳိင္းယား ဆြဲလွဲခဲ့တာကိုေတာ့ လုံးဝကို ျငင္းပယ္သြားခဲ့တာလည္းျဖစ္ပါတယ္။

ဘ႐ိုက္တန္ကြင္းလယ္လူ ထေရာ့ဆတ္ကေတာ့ ဒီေန႔ပြဲမွာ ကံဆုိးခဲ့ၿပီး ပထမပုိင္းမွာ ဘယ္တိုင္ညာတုိင္ထိခဲ့တဲ့ သူ႕ရဲ႕ အားထုတ္မွဳေတြနဲ႔အတူ ဒုတိယပိုင္း ၇၅ မိနစ္မွာေတာ့ Perfect Hat Trick လုိ႔ ေျပာလုိ႔ရတဲ့ ဘားကို ထိေအာင္ ကန္ခဲ့တာကေတာ့ ဆုိးရြားတဲ့ မွတ္တမ္းလည္းျဖစ္ခဲ့ၿပီး တစ္ပြဲတည္း သုံးႀကိမ္ ေနရာစုံကို Woodwork လုိ႔ အၾကမ္းဖ်င္းေခၚတဲ့ တုိင္နဲ႔ ဘားေတြကို ထိခဲ့တာလည္းျဖစ္ပါတယ္။

နာက်င္အခ်ိန္ပို ၄ မိနစ္မွာေတာ့ အိမ္ရွင္ဘ႐ိုက္တန္တုိ႔ ေခ်ပဂိုး ျပန္ရခဲ့ၿပီး ညာေတာင္ပံက အီရန္ကစားသမား ဂ်ာဟန္ဘက္ခ္ရွ္ရဲ႕ ျဖတ္တင္ေဘာကို ဝက္ဘ္စတာ ေခါင္းမတုိက္မိဘဲ က်လာတာကို ပြဲခ်ိန္ မိနစ္ ၆၀ မွာ တုိင္ထိၿပီး ဂိုးမရခဲ့တဲ့ ေဆာ္လီ မာ့ခ်္က ေခါင္းတုိက္သြင္းယူႏုိင္ခဲ့ပါတယ္။

ဒါေပမယ့္ ဘာမဆုိျဖစ္သြားႏုိင္တဲ့ ပရီးမီးယားလိဂ္ပြဲေတြရဲ႕ အထာအတုိင္းပဲ နာက်င္အခ်ိန္ပုိ ၅ မိနစ္ျပည့္ခါနီးမွာ ယူႏိုက္တက္တုိ႔ ေထာင့္ကန္ေဘာရခဲ့ၿပီး တုိက္စစ္ကစားသမားေတြရဲ႕ စိတ္ဓာတ္ေကာင္းေကာင္းနဲ႔ ႀကဳိးစားမွဳကေန ရတဲ့ ေထာင့္ကန္ေဘာကို ေခါင္းတုိက္ရာမွာ ေမာ္ေပ လက္နဲ႔ ထိမိခဲ့လုိ႔ ပင္နယ္တီရခဲ့ၿပီး ဒါကို ဖာနန္ဒက္စ္က ပထမပုိင္းက အမွားအတြက္ တည္တည္ၿငိမ္ၿငိမ္နဲ႔ ျပန္လည္ေပးဆပ္ သြင္းယူႏုိင္ခဲ့တာျဖစ္ပါတယ္။

ဒီပြဲကို အႏုိင္ရရွိခဲ့လို႔ ယူႏုိက္တက္တုိ႔ ေျခစြမ္းမေကာင္းေပမယ့္ စိတ္ဓာတ္ေကာင္းကိုေတာ့ အနည္းဆုံးအေနနဲ႔ ပုိင္ဆုိင္ထားဆဲဆုိတာကို သက္ေသျပႏုိင္ခဲ့ၿပီး ခံစစ္ပုိင္းသာ ေကာင္းမြန္ရင္ ရလဒ္ေကာင္းေတြကို ရယူႏုိင္ဖို႔လည္း ယုံၾကည္မွဳကို တည္ေဆာက္ႏုိင္ခဲ့ပါတယ္။ ဒီပြဲရဲ႕ ႏွစ္ဂိုးေပးခဲ့ရတဲ့ ရလဒ္နဲ႔ ပင္နယ္တီေတြ ေတာင္းဆုိခံခဲ့ရတဲ့ ခံစစ္ကိုေတာ့ ျပဳျပင္ရဦးမွာျဖစ္ၿပီး အေျပာင္းအေရႊ႕မပိတ္သိမ္းခင္အမီ ေဆာင္ရြက္ႏုိင္ဖို႔လည္း ေမွ်ာ္လင့္ရေၾကာင္း သုံးသပ္တင္ျပလုိက္ရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: မန်ချက်စတာယူနိုက်တက်အသင်းဟာ သူတို့ရဲ့ လူပြောများနေတဲ့ ခံစစ်အတွဲဖြစ်တဲ့ လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားကို မပြောင်းမလဲ ထည့်သွင်း လာခဲ့ပြီး ရလဒ်ကတော့ ဘရိုက်တန်ရဲ့ အကြိမ်ကြိမ် ထိုးဖောက်ဂိုးသွင်းမှုတွေနဲ့ ကြုံတွေ့ခဲ့ရသလို တိုက်စစ်က ကစားသမားတွေရဲ့ ဇွဲမလျှော့ဘဲ ကြိုးစားနိုင်ခဲ့မှုကြောင့်သာ နောက်ဆုံးမိနစ်မှာ ပင်နယ်တီရခဲ့ပြီး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဘရိုက်တန်ကတော့ သူတို့ရဲ့ တောင်ပံတိုက်စစ်နဲ့ လျင်မြန်မှုတွေကို အားပြုကစားခဲ့ရာမှာ ပွဲချိန် ၈ မိနစ်မှာပဲ ဂိုးဧရိယာထိပ်ကနေ ထရော့ဆတ် ကန်သွင်းခွင့်ရပေမယ့် ဘယ်ဘက်တိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ရပြီး မိနစ် ၂၀ မှာလည်း သူ့ရဲ့ ကန်ချက်ပဲ ညာဘက်တိုင်ထိထွက်ခဲ့လို့ ယူနိုက်တက်တို့ ကံကောင်းခဲ့ရပါတယ်။

ပွဲချိန် ၃၈ မိနစ်မှာတော့ ဂိုးဧရိယာထဲ ဘောလုံးဆွဲဝင်လာခဲ့တဲ့ လမ့်ပ်တေကို တားဆီးဖို့ ကြိုးစားရာမှာ ဘောလုံးမထိဘဲ လူကိုသာ ထိမိခဲ့တဲ့ ဖာနန်ဒက်စ်ကြောင့် ပင်နယ်တီပေးခဲ့ရပြီး ဒါကို တိုက်စစ်မှူး မော်ပေက ကန်သွင်းပြီး ဦးဆောင်နိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပထမပိုင်းမပြီးခင်မှာပဲ ယူနိုက်တက်တို့ ပြန်လည်ချေပနိုင်ခဲ့ပြီး ပွဲချိန် ၄၃ မိနစ်မှာ ဖာနန်ဒက်စ်ရဲ့ ဖရီးကစ်ကို မာတစ်ချ် ပြန်ချပေးတာမှာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ လူးဝစ္စ ဒန့်ခ်တို့ အပြိုင်လုရင်း ဘရိုက်တန်အသင်းခေါင်းဆောင်က ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့လို့ ပထမပိုင်းမှာ တစ်ဂိုးစီ သရေကျနေခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ဘရိုက်တန်တို့ရဲ့ တစ်သင်းလုံးတက်ဖိတဲ့ ကစားကွက်ကနေ ယူနိုက်တက်ရဲ့ လျင်မြန်တဲ့ တိုက်စစ်မှူးတွေ မကြာခဏ ကျွတ်ထွက်နေခဲ့ပြီး ပွဲချိန် ၅၂ မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ ဘောလုံးရသွားခဲ့တဲ့ ရက်ရှ်ဖို့ဒ်က ဘရိုက်တန်နောက်ခံလူတွေကို သွေးအေးအေးနဲ့ စိတ်တိုင်းကျ လိမ်ခေါက်ပြီးမှ အပြင်းကန်သွင်းခဲ့ရာမှာ ဦးဆောင်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဒိုင်လူကြီး ခရစ္စ ကာဗန်နာကတော့ သူ့ရဲ့ ပြီးခဲ့တဲ့ ရာသီက စွမ်းဆောင်ရည်တွေနဲ့ လားလားမှ မဆိုင်တော့ဘဲ ဆုံးဖြတ်ချက်တွေက ဝေဝါးနေခဲ့သလို ဘရိုက်တန်ရဲ့ အယုံသွင်းပြီး ယူခဲ့တဲ့ ပထမပင်နယ်တီအခွင့်အရေးကို VAR ကြည့်ပြီးမှ ပယ်ဖျက်ခဲ့ရသလို တကယ်တမ်းရသင့်တဲ့ မက်ဂွိုင်းယား ဆွဲလှဲခဲ့တာကိုတော့ လုံးဝကို ငြင်းပယ်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဘရိုက်တန်ကွင်းလယ်လူ ထရော့ဆတ်ကတော့ ဒီနေ့ပွဲမှာ ကံဆိုးခဲ့ပြီး ပထမပိုင်းမှာ ဘယ်တိုင်ညာတိုင်ထိခဲ့တဲ့ သူ့ရဲ့ အားထုတ်မှုတွေနဲ့အတူ ဒုတိယပိုင်း ၇၅ မိနစ်မှာတော့ Perfect Hat Trick လို့ ပြောလို့ရတဲ့ ဘားကို ထိအောင် ကန်ခဲ့တာကတော့ ဆိုးရွားတဲ့ မှတ်တမ်းလည်းဖြစ်ခဲ့ပြီး တစ်ပွဲတည်း သုံးကြိမ် နေရာစုံကို Woodwork လို့ အကြမ်းဖျင်းခေါ်တဲ့ တိုင်နဲ့ ဘားတွေကို ထိခဲ့တာလည်းဖြစ်ပါတယ်။

နာကျင်အချိန်ပို ၄ မိနစ်မှာတော့ အိမ်ရှင်ဘရိုက်တန်တို့ ချေပဂိုး ပြန်ရခဲ့ပြီး ညာတောင်ပံက အီရန်ကစားသမား ဂျာဟန်ဘက်ခ်ရှ်ရဲ့ ဖြတ်တင်ဘောကို ဝက်ဘ်စတာ ခေါင်းမတိုက်မိဘဲ ကျလာတာကို ပွဲချိန် မိနစ် ၆၀ မှာ တိုင်ထိပြီး ဂိုးမရခဲ့တဲ့ ဆော်လီ မာ့ချ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဘာမဆိုဖြစ်သွားနိုင်တဲ့ ပရီးမီးယားလိဂ်ပွဲတွေရဲ့ အထာအတိုင်းပဲ နာကျင်အချိန်ပို ၅ မိနစ်ပြည့်ခါနီးမှာ ယူနိုက်တက်တို့ ထောင့်ကန်ဘောရခဲ့ပြီး တိုက်စစ်ကစားသမားတွေရဲ့ စိတ်ဓာတ်ကောင်းကောင်းနဲ့ ကြိုးစားမှုကနေ ရတဲ့ ထောင့်ကန်ဘောကို ခေါင်းတိုက်ရာမှာ မော်ပေ လက်နဲ့ ထိမိခဲ့လို့ ပင်နယ်တီရခဲ့ပြီး ဒါကို ဖာနန်ဒက်စ်က ပထမပိုင်းက အမှားအတွက် တည်တည်ငြိမ်ငြိမ်နဲ့ ပြန်လည်ပေးဆပ် သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဒီပွဲကို အနိုင်ရရှိခဲ့လို့ ယူနိုက်တက်တို့ ခြေစွမ်းမကောင်းပေမယ့် စိတ်ဓာတ်ကောင်းကိုတော့ အနည်းဆုံးအနေနဲ့ ပိုင်ဆိုင်ထားဆဲဆိုတာကို သက်သေပြနိုင်ခဲ့ပြီး ခံစစ်ပိုင်းသာ ကောင်းမွန်ရင် ရလဒ်ကောင်းတွေကို ရယူနိုင်ဖို့လည်း ယုံကြည်မှုကို တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒီပွဲရဲ့ နှစ်ဂိုးပေးခဲ့ရတဲ့ ရလဒ်နဲ့ ပင်နယ်တီတွေ တောင်းဆိုခံခဲ့ရတဲ့ ခံစစ်ကိုတော့ ပြုပြင်ရဦးမှာဖြစ်ပြီး အပြောင်းအရွှေ့မပိတ်သိမ်းခင်အမီ ဆောင်ရွက်နိုင်ဖို့လည်း မျှော်လင့်ရကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
SPORTS A2Z.