UCL&UEL

ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်အတွက် ပြိုင်ဘက်တွေ သိခဲ့ရပြီဖြစ်တဲ့ အာဆင်နယ်နဲ့ မန်ယူနိုက်တက်

ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်အတွက် မဲခွဲပွဲကို ဆွစ်ဇာလန်နိုင်ငံ၊ နိုင်ယွန်မြို့က ယူအီးအက်ဖ်အေ ဌာနချုပ်မှာ ယနေ့နံနက်(မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်)မှာ ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိမှာတော့ မဲခွဲရလဒ်အပြည့်အစုံကို သိရှိခဲ့ရပြီဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကြာသပတေးနေ့ညမှာ ဘာစီလိုနာအသင်းကို Play-off အဆင့်မှာ ၂ ကျော့ပေါင်း ၄-၃ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် ၁၆ သင်းရှုံးထွက်အဆင့်အတွက် မဲခွဲရလဒ်အရ လာလီဂါကလပ်အသင်းဖြစ်တဲ့ ရီးရဲလ်ဘက်တစ်အသင်းနဲ့အတူ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ရီးရဲလ် ဘက်တစ်အသင်းနဲ့ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာမှာ နာဘီ ဖီကီရာရဲ့ တစ်လုံးတည်းသော သွင်းဂိုးကြောင့် ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ရဲ့ ပရီးမီးယားလိဂ်ဖလားပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်ကလည်း ယူရိုပါလိဂ်အုပ်စုဗိုလ်အဖြစ် ၁၆ သင်းရှုံးထွက်အဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ခဲ့ပြီးနောက် ပေါ်တူဂီထိပ်သီးအသင်းကြီးဖြစ်တဲ့ စပို့တင်း လစ္စဘွန်းနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီ ယူရိုပါကွန်းဖရင့်လိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ မော်ရင်ညိုရဲ့ ရိုးမားအသင်းကတော့ ရီးရဲလ်ဆိုစီဒက်နဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး စီးရီးအေထိပ်သီးအသင်းကြီးဖြစ်တဲ့ ဂျူဗင်တပ်ကတော့ ဘွန်ဒက်စ်လီဂါအမှတ်ပေးဇယားအဆင့် ၄ နေရာမှာ ရပ်တည်နေတဲ့ ဖရိုင်းဘတ်နဲ့ တွေ့ဆုံနေတာ ဖြစ်ပါတယ်။

ယူရိုပါလိဂ်ဖလားကို ၆ ကြိမ်အထိ ဆွတ်ခူးထားနိုင်ခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီ ချန်ပီယံ ဆီဗီလာအသင်းကတော့ တူရကီထိပ်သီးအသင်းကြီးဖြစ်တဲ့ ဖီနာဘာချီနဲ့ ကျရောက်ခဲ့ပြီး ရှက်တာဒိုးနတ်နဲ့ ဖီယင်နု၊ လေဗာကူဆင်နဲ့ ဖီရန်ဗားရို့စ်၊ ယူနီယံဘာလင်နဲ့ ယူနီယံအက်စ်ဂျီတို့ တွေ့ဆုံခဲ့ပါတယ်။

ယူရိုပါလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်တွေကို လာမယ့် မတ်လ ၉ ရက်နေ့မှာ စတင်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ မတ်လ ၁၆ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္အတြက္ မဲခြဲပြဲကို ဆြစ္ဇာလန္ႏိုင္ငံ၊ ႏိုင္ယြန္ၿမိဳ႕က ယူအီးအက္ဖ္ေအ ဌာနခ်ဳပ္မွာ ယေန႔နံနက္(ျမန္မာစံေတာ္ခ်ိန္ ညေန ၅ နာရီ ၃၀ မိနစ္)မွာ က်င္းပျပဳလုပ္ခဲ့ၿပီး လက္ရွိမွာေတာ့ မဲခြဲရလဒ္အျပည့္အစုံကို သိရွိခဲ့ရၿပီျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၾကာသပေတးေန႔ညမွာ ဘာစီလိုနာအသင္းကို Play-off အဆင့္မွာ ၂ ေက်ာ့ေပါင္း ၄-၃ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ၁၆ သင္းရႈံးထြက္အဆင့္အတြက္ မဲခြဲရလဒ္အရ လာလီဂါကလပ္အသင္းျဖစ္တဲ့ ရီးရဲလ္ဘက္တစ္အသင္းနဲ႔အတူ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာ ၁၀ ရက္ေန႔မွာ ရီးရဲလ္ ဘက္တစ္အသင္းနဲ႔ ေျခစမ္းပြဲ ယွဥ္ၿပိဳင္ကစားခဲ့ရာမွာ နာဘီ ဖီကီရာရဲ႕ တစ္လုံးတည္းေသာ သြင္းဂိုးေၾကာင့္ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ ပရီးမီးယားလိဂ္ဖလားၿပိဳင္ဘက္ျဖစ္တဲ့ အာဆင္နယ္ကလည္း ယူ႐ိုပါလိဂ္အုပ္စုဗိုလ္အျဖစ္ ၁၆ သင္းရႈံးထြက္အဆင့္ကို တိုက္႐ိုက္တက္ေရာက္ႏိုင္ခဲ့ၿပီးေနာက္ ေပၚတူဂီထိပ္သီးအသင္းႀကီးျဖစ္တဲ့ စပို႔တင္း လစၥဘြန္းနဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီ ယူ႐ိုပါကြန္းဖရင့္လိဂ္ ခ်န္ပီယံျဖစ္ခဲ့တဲ့ ေမာ္ရင္ညိဳရဲ႕ ႐ိုးမားအသင္းကေတာ့ ရီးရဲလ္ဆိုစီဒက္နဲ႔ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး စီးရီးေအထိပ္သီးအသင္းႀကီးျဖစ္တဲ့ ဂ်ဴဗင္တပ္ကေတာ့ ဘြန္ဒက္စ္လီဂါအမွတ္ေပးဇယားအဆင့္ ၄ ေနရာမွာ ရပ္တည္ေနတဲ့ ဖ႐ိုင္းဘတ္နဲ႔ ေတြ႕ဆုံေနတာ ျဖစ္ပါတယ္။

ယူ႐ိုပါလိဂ္ဖလားကို ၆ ႀကိမ္အထိ ဆြတ္ခူးထားႏိုင္ခဲ့တဲ့ ၂၀၁၉-၂၀၂၀ ရာသီ ခ်န္ပီယံ ဆီဗီလာအသင္းကေတာ့ တူရကီထိပ္သီးအသင္းႀကီးျဖစ္တဲ့ ဖီနာဘာခ်ီနဲ႔ က်ေရာက္ခဲ့ၿပီး ရွက္တာဒိုးနတ္နဲ႔ ဖီယင္ႏု၊ ေလဗာကူဆင္နဲ႔ ဖီရန္ဗား႐ို႕စ္၊ ယူနီယံဘာလင္နဲ႔ ယူနီယံအက္စ္ဂ်ီတို႔ ေတြ႕ဆုံခဲ့ပါတယ္။

ယူ႐ိုပါလိဂ္ ၁၆ သင္းရႈံးထြက္အဆင့္ပြဲစဥ္ေတြကို လာမယ့္ မတ္လ ၉ ရက္ေန႔မွာ စတင္ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး ဒုတိယအေက်ာ့ပြဲစဥ္ေတြကိုေတာ့ မတ္လ ၁၆ ရက္ေန႔မွာ က်င္းပျပဳလုပ္သြားမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.