Premier League UCL&UEL

တစ်ခါသေဖူးလို့ ပျဉ်ဖိုးနားလည်ခဲ့ပုံရတဲ့ ကာစီမီရိုကိုကြည့်ပြီး သဘောကျနေတဲ့ ပရိသတ်များ

ကြာသပတေးနေ့ညနေက ယူရိုပါလိဂ် play-off ဒုတိယအကျော့ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာကစားသမားတွေ ပွဲကြမ်းဖို့ အဆင်သင့်ဖြစ်နေချိန်မှာ ကာစီမီရိုရဲ့ တုံ့ပြန်မှုက ရယ်မောစရာကောင်းခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ကြာသပတေးနေ့ည အိုးထရက်ဖို့ဒ်မှာ ဘာစီလိုနာကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ၂ ကျော့ပေါင်း ၄-၃ နဲ့ ယူရိုပါလိဂ်ဖလားအတွက် ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းကို ဖြုတ်ပြီး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာက ဘရူနို ဖာနန်ဒက်စ်က ဘာလ်ဒီကို ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် ပင်နယ်တီရရှိခဲ့ပြီး ရောဘတ် လီဗန်ဒေါ့ဗ်စကီးက ပင်နယ်တီကနေတဆင့် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ ပထမပိုင်းအပြီးမှာ ဖရက်ဒ်ရဲ့ သွင်းဂိုးနဲ့ ချေပဂိုး ပြန်လည် သွင်းယူနိုင်ခဲ့ပြီး အိုးထရက်ဖို့ဒ်ကွင်းထဲက ပွဲစဉ်ရဲ့ အရှိန်အဟုန်က တဟုန်ထိုး မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဒုတိယပိုင်းပွဲကစားချိန်အလယ်လောက်မှာ မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဝမ်-ဘစ်ဆာကာက ဖရန်ကီ ဒီ ယုံးကို ပြစ်ဒဏ်ကျူးလွန်ခဲ့ပြီးနောက် ဘာစီလိုနာကွင်းလယ်လူ လဲကျသွားချိန်မှာ ဖာနန်ဒက်စ် ကန်လိုက်တဲ့ဘောလုံးက ဒတ်ချ်ကွင်းလယ်ကစားသမားရဲ့ ဗိုက်ကို ထိမှန်သွားခဲ့တဲ့အတွက် နှစ်ဖက်ကစားသမားတွေကြား ရန်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

နှစ်ဖက်အသင်းက ကစားသမားတွေဟာ အလျင်အမြန်ပဲ ရန်ပွဲထဲမှာ ပါဝင်ဖို့ အပြေးအလွှား ရောက်လာခဲ့ကြပြီး မန်ချက်စတာယူနိုက်တက်ကစားသမားတွေက အာရာအူဟို ဦးဆောင်တဲ့ ထိပ်တိုက်တွေ့ဆုံမှုကနေ ဖာနန်ဒက်စ်ကို ဆွဲထုတ်ဖို့ ကြိုးပမ်းခဲ့ကြတာဖြစ်ပါတယ်။ အဲဒီရန်ပွဲမှာ အနီရောင်ရှပ်နဲ့ ကစားသမားတစ်ဦးကတော့ မပါဝင်ခဲ့တာကို သတိပြုမိခဲ့ပြီး ကာစီမီရိုဟာ ၎င်းရဲ့ ခေါင်းပေါ်ကို လက်တင်ပြီး နောက်မှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို ကြည့်င်္နေခဲ့တာကို မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ယခုလအစောပိုင်းတုန်းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ရန်ပွဲကို ဝင်ရောက်ဖျန်ဖြေရာမှာ ခရစ္စတယ် ပဲလေ့စ်ကွင်းလယ်လူ ဝီလ် ဟုချ်ရဲ့ လည်ပင်းကို ကိုင်ခဲ့တယ်လို့ ဆုံးဖြတ်ခြင်းခံခဲ့ရပြီးနောက် ၃ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်းလည်းဖြစ်နေတာကြောင့် ကာစီမီရိုဟာ ဘာစီလိုနာနဲ့ ယှဉ်ပြိုင်ကစားရတဲ့ ပွဲစဉ်က ဘယ်လောက်အထိ ပြင်းထန်လဲဆိုတာကို သိရှိနေတာဖြစ်ပြီး ဘရာဇီးလ်ကွင်းလယ်ကြယ်ပွင့်ဟာ ရန်ပွဲကို ရှောင်နေတဲ့ပုံတွေ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာခဲ့ပြီးနောက် မန်ယူနိုက်တက်ကွင်းလယ်လူက သူသာ ဝင်ပါရင် ဘာတွေဖြစ်မလဲဆိုတာကို သိနေပြီးသားလို့ ပရိသတ်တွေက ဟာသဖောက်ခဲ့ပါတယ်။

“ဘရိုက သူ့မွေးနေ့မှာ နားရက်ယူဖို့ ဆုံးဖြတ်ခဲ့တယ်။ သူ့ကို အပြစ်မတင်ပါဘူး”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး နောက်ထပ်ပရိသတ်တစ်ဦးကလည်း “သူ ဝင်ပါရင် ဘာဖြစ်မလဲဆိုတာကို သိနေခဲ့တယ်။ ဉာဏ်ကောင်းလိုက်တဲ့လူ”လို့ နောက်ထပ်ပရိသတ်တစ်ဦးက မှတ်ချက်ပေးခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အန်တိုနီရဲ့ သွင်းဂိုးကြောင့် ပွဲကစားချိန်ပြီးဆုံးခါနီး ၁၇ မိနစ်လိုမှာ အနိုင်ဂိုးကို ရရှိခဲ့ပြီး လက်ရှိမှာတော့ လာမယ့် ၁၆ သင်းရှုံးထွက်အဆင့်မှာ ဘယ်အသင်းနဲ့တွေ့ဆုံရမလဲဆိုတာကို ယနေ့မဲခွဲရလဒ်ကို စောင့်မျှော်ရတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ၾကာသပေတးေန႔ညေနက ယူ႐ိုပါလိဂ္ play-off ဒုတိယအေက်ာ့ပြဲစဥ္မွာ မန္ခ်က္စတာယူႏိုက္တက္နဲ႔ ဘာစီလိုနာကစားသမားေတြ ပြဲၾကမ္းဖို႔ အဆင္သင့္ျဖစ္ေနခ်ိန္မွာ ကာစီမီ႐ိုရဲ႕ တုံ႔ျပန္မႈက ရယ္ေမာစရာေကာင္းခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ၾကာသပေတးေန႔ည အိုးထရက္ဖို႔ဒ္မွာ ဘာစီလိုနာကို ၂-၁ နဲ႔ အႏိုင္ရရွိခဲ့ၿပီး ၂ ေက်ာ့ေပါင္း ၄-၃ နဲ႔ ယူ႐ိုပါလိဂ္ဖလားအတြက္ ေရပန္းအစားဆုံးအသင္းေတြထဲက တစ္သင္းကို ျဖဳတ္ၿပီး ၁၆ သင္းရႈံးထြက္အဆင့္ကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာက ဘ႐ူႏို ဖာနန္ဒက္စ္က ဘာလ္ဒီကို ပင္နယ္တီဧရိယာထဲမွာ ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီးေနာက္ ပင္နယ္တီရရွိခဲ့ၿပီး ေရာဘတ္ လီဗန္ေဒါ့ဗ္စကီးက ပင္နယ္တီကေနတဆင့္ ဦးေဆာင္ဂိုးကို သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ပထမပိုင္းအၿပီးမွာ ဖရက္ဒ္ရဲ႕ သြင္းဂိုးနဲ႔ ေခ်ပဂိုး ျပန္လည္ သြင္းယူႏိုင္ခဲ့ၿပီး အိုးထရက္ဖို႔ဒ္ကြင္းထဲက ပြဲစဥ္ရဲ႕ အရွိန္အဟုန္က တဟုန္ထိုး ျမင့္တက္လာခဲ့တာ ျဖစ္ပါတယ္။

ဒုတိယပိုင္းပြဲကစားခ်ိန္အလယ္ေလာက္မွာ မန္ခ်က္စတာယူႏိုက္တက္ေနာက္ခံလူ ဝမ္-ဘစ္ဆာကာက ဖရန္ကီ ဒီ ယုံးကို ျပစ္ဒဏ္က်ဴးလြန္ခဲ့ၿပီးေနာက္ ဘာစီလိုနာကြင္းလယ္လူ လဲက်သြားခ်ိန္မွာ ဖာနန္ဒက္စ္ ကန္လိုက္တဲ့ေဘာလုံးက ဒတ္ခ်္ကြင္းလယ္ကစားသမားရဲ႕ ဗိုက္ကို ထိမွန္သြားခဲ့တဲ့အတြက္ ႏွစ္ဖက္ကစားသမားေတြၾကား ရန္ပြဲျဖစ္ပြားခဲ့တာျဖစ္ပါတယ္။

ႏွစ္ဖက္အသင္းက ကစားသမားေတြဟာ အလ်င္အျမန္ပဲ ရန္ပြဲထဲမွာ ပါဝင္ဖို႔ အေျပးအလႊား ေရာက္လာခဲ့ၾကၿပီး မန္ခ်က္စတာယူႏိုက္တက္ကစားသမားေတြက အာရာအူဟို ဦးေဆာင္တဲ့ ထိပ္တိုက္ေတြ႕ဆုံမႈကေန ဖာနန္ဒက္စ္ကို ဆြဲထုတ္ဖို႔ ႀကိဳးပမ္းခဲ့ၾကတာျဖစ္ပါတယ္။ အဲဒီရန္ပြဲမွာ အနီေရာင္ရွပ္နဲ႔ ကစားသမားတစ္ဦးကေတာ့ မပါဝင္ခဲ့တာကို သတိျပဳမိခဲ့ၿပီး ကာစီမီ႐ိုဟာ ၎ရဲ႕ ေခါင္းေပၚကို လက္တင္ၿပီး ေနာက္မွာ ျဖစ္ပ်က္ေနတဲ့ကိစၥေတြကို ၾကည့္ေနၤခဲ့တာကို ျမင္ေတြ႕ခဲ့ရတာ ျဖစ္ပါတယ္။

အသက္ ၃၁ ႏွစ္အ႐ြယ္ ကြင္းလယ္ကစားသမားဟာ ယခုလအေစာပိုင္းတုန္းက ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္အတြင္း ရန္ပြဲကို ဝင္ေရာက္ဖ်န္ေျဖရာမွာ ခရစၥတယ္ ပဲေလ့စ္ကြင္းလယ္လူ ဝီလ္ ဟုခ်္ရဲ႕ လည္ပင္းကို ကိုင္ခဲ့တယ္လို႔ ဆုံးျဖတ္ျခင္းခံခဲ့ရၿပီးေနာက္ ၃ ပြဲပယ္ ျပစ္ဒဏ္ခ်မွတ္ျခင္း ခံခဲ့ရတာျဖစ္ပါတယ္။ ရီးရဲလ္မက္ဒရစ္ကစားသမားေဟာင္းလည္းျဖစ္ေနတာေၾကာင့္ ကာစီမီ႐ိုဟာ ဘာစီလိုနာနဲ႔ ယွဥ္ၿပိဳင္ကစားရတဲ့ ပြဲစဥ္က ဘယ္ေလာက္အထိ ျပင္းထန္လဲဆိုတာကို သိရွိေနတာျဖစ္ၿပီး ဘရာဇီးလ္ကြင္းလယ္ၾကယ္ပြင့္ဟာ ရန္ပြဲကို ေရွာင္ေနတဲ့ပုံေတြ လူမႈကြန္ရက္ေပၚမွာ ထြက္ေပၚလာခဲ့ၿပီးေနာက္ မန္ယူႏိုက္တက္ကြင္းလယ္လူက သူသာ ဝင္ပါရင္ ဘာေတြျဖစ္မလဲဆိုတာကို သိေနၿပီးသားလို႔ ပရိသတ္ေတြက ဟာသေဖာက္ခဲ့ပါတယ္။

“ဘ႐ိုက သူ႔ေမြးေန႔မွာ နားရက္ယူဖို႔ ဆုံးျဖတ္ခဲ့တယ္။ သူ႔ကို အျပစ္မတင္ပါဘူး”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “သူ ဝင္ပါရင္ ဘာျဖစ္မလဲဆိုတာကို သိေနခဲ့တယ္။ ဉာဏ္ေကာင္းလိုက္တဲ့လူ”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးက မွတ္ခ်က္ေပးခဲ့ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ အန္တိုနီရဲ႕ သြင္းဂိုးေၾကာင့္ ပြဲကစားခ်ိန္ၿပီးဆုံးခါနီး ၁၇ မိနစ္လိုမွာ အႏိုင္ဂိုးကို ရရွိခဲ့ၿပီး လက္ရွိမွာေတာ့ လာမယ့္ ၁၆ သင္းရႈံးထြက္အဆင့္မွာ ဘယ္အသင္းနဲ႔ေတြ႕ဆုံရမလဲဆိုတာကို ယေန႔မဲခြဲရလဒ္ကို ေစာင့္ေမွ်ာ္ရေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.