Analysis Article Carabao & FA Premier League

ငှက်ကျားနဲ့ မန်ယူရဲ့ လိဂ်ဖလားဖိုင်နယ်အတွက် သုံးသပ်လိုက်တဲ့ အာဆင်နယ်ဂန္ထဝင်

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီရာသီ ဖလားလေးလုံး အိပ်မက်မှာ ပထမဆုံးဖြစ်တဲ့ ကာရာဘောင်းဖလားကို ရယူနိုင်ဖို့အတွက် နယူးကာဆယ်လ်တို့နဲ့ တနင်္ဂနွေနေ့ည မြန်မာစံချိန်တော်ချိန် ၁၁ နာရီမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဝင်ဘလီကွင်းကြီးက ဗိုလ်လုပွဲကို စောင့်ကြည့်ဖို့ အာဆင်နယ်ဂန္ထဝင် ပေါလ်မာဆန်က ခန့်မှန်းလာခဲ့ပါတယ်။

ဆော်ဒီပိုင်ရှင်တွေရဲ့ နယူးကာဆယ်လ်တို့အနေနဲ့ ဘာဖလားနဲ့ဖြစ်ဖြစ် ဂုဏ်လုပ်နိုင်ဖို့ အသည်းအသန် ငတ်မွတ်ဆာလောင်နေခဲ့တာဖြစ်ပြီး သူတို့ အသင်းသားတွေကို အချိုရည်ဖလားရခဲ့ရင် ဘောနပ်စ်ဆုကြေးအဖြစ် ပေါင်တစ်သန်း ပေးသွားမယ်လို့ အသင်းဘက် အာမခံထားခဲ့သလို ဒီပမာဏက ပြိုင်ပွဲရဲ့ တရားဝင်ဆုကြေးထက်တောင် ဆယ်ဆ များပြားနေခဲ့တာပါ။

အင်္ကျီက နာမည်အတိုကောက်တွေ ခပ်ဆင်ဆင်တူနေတဲ့ EtH အဲရစ် တန်ဟတ်နဲ့ EH အက်ဒီဟောင်းတို့ရဲ့ အားပြိုင်ပွဲမှာ အိုးလ်ထရက်ဖို့ဒ်က ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒီရာသီတစ်ကြိမ် တွေ့ဆုံခဲ့ကြသလိုမျိုး ဇီးဇီးသရေပွဲမျိုးတော့ ဖြစ်လာဖို့ နည်းနေသလို နှစ်ဦးစလုံးရဲ့ ပထမဆုံး ဆုဖလားရယူခွင့်အတွက် အင်ပြည့်အားပြည့် ကြိုးစားလာမှာဖြစ်ပါတယ်။

နယူးကာဆယ်လ်တို့အနေနဲ့ ဒီလထဲမှာ ဇာတာကျနေခဲ့သလို နောက်ဆုံး သုံးပွဲဆက်တိုက် မနိုင်ဘဲ အိမ်ကွင်းမှာ လီဗာပူးလ်ကိုပါ ရှုံးနိမ့်ခဲ့သလို ဒီပွဲမှာ ဂိုးသမား နစ်ခ် ပုပ် အနီပြခံလိုက်ရတာက ကာရာဘောင်းဖလားနဲ့ ဝေးကွာသွားစေခဲ့ပြီး အရန်ဂိုးသမားဖြစ်တဲ့ မာတင် ဒူဘရက်ဗ်ကာကလည်း မန်ယူမှာ ကစားထားတုန်းက Cup Tie မိနေခဲ့လို့ မပါဝင်နိုင်ဘဲ နံပါတ် တစ်နဲ့ နှစ်တို့ကို အသုံးမပြုနိုင်တော့တာပါ။

ဒီအချိန်မှာ ဝင်ကစားမယ့် တတိယဂိုးသမားကတော့ အားရစရာကောင်းလွန်းနေခဲ့ပြီး လီဗာပူးလ်တို့ကို ချန်ပီယံလိဂ်ဖလားတစ်လုံး နစ်နာစေခဲ့တဲ့ စောင်တလွဲ လိုရစ် ကားရီးယပ်စ်ဖြစ်နေတာကတော့ အားကြီးနဲ့ကျပ်လိုက်သလိုပဲလို့ ကာရန်ယူရတော့မှာဖြစ်သလို နောက်ဆုံးသုံးရာသီအတွင်း ၄ ပွဲတောင်မှ ပြည့်အောင် ကစားမထားခဲ့တာကလည်း ကြီးမားတဲ့ စိုးရိမ်စရာဖြစ်နေခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်တို့ကတော့ ငှက်ကျားတွေနဲ့ မတူဘဲ အကောင်းဆုံးပုံစံမှာ ရှိနေခဲ့သလို တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ခြေစွမ်းက တည်ငြိမ်လွန်းခဲ့ချိန်မှာ ဒီလိုကစားသမားမျိုးရဲ့ ဘက်စုံထောင့်စုံက ဂိုးသွင်းယူနိုင်မှုတွေကို ကားရီးယပ်စ်နဲ့ ရင်ဆိုင်ရမယ့် နယူးကာဆယ်လ်ပရိသတ်တွေအတွက်တော့ ပွဲစကတည်းက ရင်တမမနဲ့ ကြည့်ရတော့မှာပါ။

ဒီလိုပွဲမျိုးမှာ ဘယ်တောင်ပံက လူငယ်ကစားသမား ဂါနာချိုကို တန်ဟတ်တို့ ပွဲအစမှာ အသုံးပြုလာနိုင်ပြီး ရက်ရှ်ဖို့ဒ်ကို အထောင်တိုက်စစ်မှာ တင်ကစားလာနိုင်သလို ပဲလေ့စ်နဲ့ပွဲက အနီကတ်ကြောင့် သုံးပွဲပယ်ပြစ်ဒဏ်ကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဘရာဇီးလ်သား ကာစီမီရိုလည်း ပြန်လည်ပါဝင်လာနိုင်မှာဖြစ်လို့ သရဲနီတွေဘက်ကတော့ ပိုလို့တောင် အားကောင်းလာဦးမှာဖြစ်ပါတယ်။

ဒီကြားထဲမှာ နယူးကာဆယ်လ်တို့အနေနဲ့ Boring Boring 1-0 ဝမ်းဇီးအသင်းဖြစ်နေခဲ့တာက ကြာပြီဖြစ်သလို ဒီကြားထဲမှာ တစ်ဂိုးထက် ပိုမသွင်းနိုင်တဲ့ အလက်ဇန်းဒါး အီဆက်ခ်နဲ့ ကယ်လမ် ဝီလ်ဆန်တို့ ဦးဆောင်တဲ့ ရှေ့တန်းကြောင့် ခံစစ်ကနေသာ ဂိုးပေးခဲ့ရရင် သရေတောင်ပြန်ဖြစ်နေခဲ့လို့ နည်းပြ အက်ဒီဟောင်းအတွက် ကြီးမားတဲ့ အခက်အခဲကိုလည်း ဖြေရှင်းရဦးမှာဖြစ်ပါတယ်။

ဒါကြောင့် သူတို့တွေအနေနဲ့ ဒီရာသီမှာ ဆုဖလားတွေ ရယူဖို့ထက် စပါးစ်နဲ့အပြိုင် အဆင့် ၄ ကို ရယူဖို့ကိုပဲ စိတ်နှစ်ထားရမယ့်အချိန်မှာ အဓိကလူတွေ မပါဝင်ဘဲ ကစားရမယ့် ကာရာဘောင်းကတော့ အားမတန် မာန်လျှော့ရဖို့ပဲ ဖြစ်လာနိုင်ပြီး တန်ဟတ်နဲ့ မန်ချက်စတာယူနိုက်တက်တို့အတွက် ဖလားတစ်လုံးနဲ့ အဖွင့်လှသွားဖို့ ရှိနေကြောင်း ပေါလ်မာဆန်က (မန်ယူ 2-1 နယူးကာဆယ်လ်)လို့ နှစ်ဂိုး-တစ်ဂိုး ရလဒ်နဲ့အတူ ခန့်မှန်းထားပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီရာသီ ဖလားေလးလုံး အိပ္မက္မွာ ပထမဆုံးျဖစ္တဲ့ ကာရာေဘာင္းဖလားကို ရယူႏိုင္ဖို႔အတြက္ နယူးကာဆယ္လ္တို႔နဲ႔ တနဂၤေႏြေန႔ည ျမန္မာစံခ်ိန္ေတာ္ခ်ိန္ ၁၁ နာရီမွာ ယွဥ္ၿပိဳင္ကစားသြားမွာျဖစ္ၿပီး ဝင္ဘလီကြင္းႀကီးက ဗိုလ္လုပြဲကို ေစာင့္ၾကည့္ဖို႔ အာဆင္နယ္ဂႏၴဝင္ ေပါလ္မာဆန္က ခန႔္မွန္းလာခဲ့ပါတယ္။

ေဆာ္ဒီပိုင္ရွင္ေတြရဲ႕ နယူးကာဆယ္လ္တို႔အေနနဲ႔ ဘာဖလားနဲ႔ျဖစ္ျဖစ္ ဂုဏ္လုပ္ႏိုင္ဖို႔ အသည္းအသန္ ငတ္မြတ္ဆာေလာင္ေနခဲ့တာျဖစ္ၿပီး သူတို႔ အသင္းသားေတြကို အခ်ိဳရည္ဖလားရခဲ့ရင္ ေဘာနပ္စ္ဆုေၾကးအျဖစ္ ေပါင္တစ္သန္း ေပးသြားမယ္လို႔ အသင္းဘက္ အာမခံထားခဲ့သလို ဒီပမာဏက ၿပိဳင္ပြဲရဲ႕ တရားဝင္ဆုေၾကးထက္ေတာင္ ဆယ္ဆ မ်ားျပားေနခဲ့တာပါ။

အက်ႌက နာမည္အတိုေကာက္ေတြ ခပ္ဆင္ဆင္တူေနတဲ့ EtH အဲရစ္ တန္ဟတ္နဲ႔ EH အက္ဒီေဟာင္းတို႔ရဲ႕ အားၿပိဳင္ပြဲမွာ အိုးလ္ထရက္ဖို႔ဒ္က ပရီးမီးယားလိဂ္ပြဲစဥ္မွာ ဒီရာသီတစ္ႀကိမ္ ေတြ႕ဆုံခဲ့ၾကသလိုမ်ိဳး ဇီးဇီးသေရပြဲမ်ိဳးေတာ့ ျဖစ္လာဖို႔ နည္းေနသလို ႏွစ္ဦးစလုံးရဲ႕ ပထမဆုံး ဆုဖလားရယူခြင့္အတြက္ အင္ျပည့္အားျပည့္ ႀကိဳးစားလာမွာျဖစ္ပါတယ္။

နယူးကာဆယ္လ္တို႔အေနနဲ႔ ဒီလထဲမွာ ဇာတာက်ေနခဲ့သလို ေနာက္ဆုံး သုံးပြဲဆက္တိုက္ မႏိုင္ဘဲ အိမ္ကြင္းမွာ လီဗာပူးလ္ကိုပါ ရႈံးနိမ့္ခဲ့သလို ဒီပြဲမွာ ဂိုးသမား နစ္ခ္ ပုပ္ အနီျပခံလိုက္ရတာက ကာရာေဘာင္းဖလားနဲ႔ ေဝးကြာသြားေစခဲ့ၿပီး အရန္ဂိုးသမားျဖစ္တဲ့ မာတင္ ဒူဘရက္ဗ္ကာကလည္း မန္ယူမွာ ကစားထားတုန္းက Cup Tie မိေနခဲ့လို႔ မပါဝင္ႏိုင္ဘဲ နံပါတ္ တစ္နဲ႔ ႏွစ္တို႔ကို အသုံးမျပဳႏိုင္ေတာ့တာပါ။

ဒီအခ်ိန္မွာ ဝင္ကစားမယ့္ တတိယဂိုးသမားကေတာ့ အားရစရာေကာင္းလြန္းေနခဲ့ၿပီး လီဗာပူးလ္တို႔ကို ခ်န္ပီယံလိဂ္ဖလားတစ္လုံး နစ္နာေစခဲ့တဲ့ ေစာင္တလြဲ လိုရစ္ ကားရီးယပ္စ္ျဖစ္ေနတာကေတာ့ အားႀကီးနဲ႔က်ပ္လိုက္သလိုပဲလို႔ ကာရန္ယူရေတာ့မွာျဖစ္သလို ေနာက္ဆုံးသုံးရာသီအတြင္း ၄ ပြဲေတာင္မွ ျပည့္ေအာင္ ကစားမထားခဲ့တာကလည္း ႀကီးမားတဲ့ စိုးရိမ္စရာျဖစ္ေနခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္တို႔ကေတာ့ ငွက္က်ားေတြနဲ႔ မတူဘဲ အေကာင္းဆုံးပုံစံမွာ ရွိေနခဲ့သလို တိုက္စစ္မႉး မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ ေျခစြမ္းက တည္ၿငိမ္လြန္းခဲ့ခ်ိန္မွာ ဒီလိုကစားသမားမ်ိဳးရဲ႕ ဘက္စုံေထာင့္စုံက ဂိုးသြင္းယူႏိုင္မႈေတြကို ကားရီးယပ္စ္နဲ႔ ရင္ဆိုင္ရမယ့္ နယူးကာဆယ္လ္ပရိသတ္ေတြအတြက္ေတာ့ ပြဲစကတည္းက ရင္တမမနဲ႔ ၾကည့္ရေတာ့မွာပါ။

ဒီလိုပြဲမ်ိဳးမွာ ဘယ္ေတာင္ပံက လူငယ္ကစားသမား ဂါနာခ်ိဳကို တန္ဟတ္တို႔ ပြဲအစမွာ အသုံးျပဳလာႏိုင္ၿပီး ရက္ရွ္ဖို႔ဒ္ကို အေထာင္တိုက္စစ္မွာ တင္ကစားလာႏိုင္သလို ပဲေလ့စ္နဲ႔ပြဲက အနီကတ္ေၾကာင့္ သုံးပြဲပယ္ျပစ္ဒဏ္ကေန ျပန္လည္လြတ္ေျမာက္လာတဲ့ ဘရာဇီးလ္သား ကာစီမီ႐ိုလည္း ျပန္လည္ပါဝင္လာႏိုင္မွာျဖစ္လို႔ သရဲနီေတြဘက္ကေတာ့ ပိုလို႔ေတာင္ အားေကာင္းလာဦးမွာျဖစ္ပါတယ္။

ဒီၾကားထဲမွာ နယူးကာဆယ္လ္တို႔အေနနဲ႔ Boring Boring 1-0 ဝမ္းဇီးအသင္းျဖစ္ေနခဲ့တာက ၾကာၿပီျဖစ္သလို ဒီၾကားထဲမွာ တစ္ဂိုးထက္ ပိုမသြင္းႏိုင္တဲ့ အလက္ဇန္းဒါး အီဆက္ခ္နဲ႔ ကယ္လမ္ ဝီလ္ဆန္တို႔ ဦးေဆာင္တဲ့ ေရွ႕တန္းေၾကာင့္ ခံစစ္ကေနသာ ဂိုးေပးခဲ့ရရင္ သေရေတာင္ျပန္ျဖစ္ေနခဲ့လို႔ နည္းျပ အက္ဒီေဟာင္းအတြက္ ႀကီးမားတဲ့ အခက္အခဲကိုလည္း ေျဖရွင္းရဦးမွာျဖစ္ပါတယ္။

ဒါေၾကာင့္ သူတို႔ေတြအေနနဲ႔ ဒီရာသီမွာ ဆုဖလားေတြ ရယူဖို႔ထက္ စပါးစ္နဲ႔အၿပိဳင္ အဆင့္ ၄ ကို ရယူဖို႔ကိုပဲ စိတ္ႏွစ္ထားရမယ့္အခ်ိန္မွာ အဓိကလူေတြ မပါဝင္ဘဲ ကစားရမယ့္ ကာရာေဘာင္းကေတာ့ အားမတန္ မာန္ေလွ်ာ့ရဖို႔ပဲ ျဖစ္လာႏိုင္ၿပီး တန္ဟတ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္တို႔အတြက္ ဖလားတစ္လုံးနဲ႔ အဖြင့္လွသြားဖို႔ ရွိေနေၾကာင္း ေပါလ္မာဆန္က (မန္ယူ 2-1 နယူးကာဆယ္လ္)လို႔ ႏွစ္ဂိုး-တစ္ဂိုး ရလဒ္နဲ႔အတူ ခန႔္မွန္းထားပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.