Analysis Article Premier League

အာကြီးနဲ့ ချဲလ်ဆီးပဲဆိုတဲ့ EPL ပွဲစဉ်(၂၅)အတွက် ပေါလ်မာဆန်ရဲ့ ခန့်မှန်းချက်များ

ဖူလ်ဟမ်-ဝုလ်ဗာဟမ့်ပ်တန်
ဖူလ်ဟမ်တို့အတွက် AMEX ကွင်းမှာ ဘယ်သူမှ ထင်မထားတဲ့ကြားက ဆရာကြီး ဘရိုက်တန်ကို ဖြုတ်လိုက်နိုင်ခဲ့တာက လက်ရှိအနေအထားကို ယုံကြည်မှု ပိုကောင်းစေပါတယ်။ ဝုလ်ဗ်စ်တို့ကတော့ နိုင်သင့်နိုင်ထိုက်တဲ့ ပွဲမှာ ဘုန်းမောက်ကို အိမ်ကွင်းရှုံးပွဲတွေ့ခဲ့တာက သူတို့ရဲ့ တည်ဆောက်ထားခဲ့ရတဲ့ ပုံစံကောင်းကို ရပ်တန့်သွားစေပြီး အဝေးကွင်းမှာရော ပုံစံကောင်းကို ပြန်လည်ရှာဖွေနိုင်ပါ့မလားဆိုတာ သံသယ ဝင်စရာပါ။ တန်းဆင်းဇုန်ကနေ လွတ်နိုင်ဖို့ ယုံကြည်မှု ရှိနေသေးတဲ့ ဝံပုလွေတွေအနေနဲ့ ဒီတစ်ပတ်မှာလည်း ရှုံးပွဲဆက်သွားနိုင်ပြီး ဖူလ်ဟမ်တို့ကတော့ ဥရောပ မျှော်လင့်ချက်အတွက် အိမ်ကွင်းမှာ ကျဉ်းမြောင်းတဲ့ နိုင်ပွဲကို ရယူပါလိမ့်မယ်။ (ဖူလ်ဟမ် 1-0 ဝုလ်ဗ်စ်)

အဲဗာတန်-အက်စ်တန်ဗီလာ
ရှောင်ဒိုက်ချ်နဲ့ တန်းဆင်းဇုန်က ရုန်းထွက်နေတဲ့ အဲဗာတန်တို့နဲ့ အမ်မရီရဲ့ ဟာဟင်တောက်ကျွတ် ဗီလာတို့ တွေ့ဆုံမယ့် ပွဲစဉ်မှာ ဧည့်သည်တွေ အသာရနိုင်မယ်ဆိုရင် ကစားကွက်တစ်ခုတည်းပဲ ဖြစ်နိုင်ပါတယ်။ ဗီလာတို့အနေနဲ့ တိုက်စစ်ပိုင်းကတော့ ရင်ခုန်စရာတွေ ပေးစွမ်းနိုင်ပေမယ့် ခံစစ်ပိုင်းမှာ ဖရိုဖရဲဖြစ်နေပြီး နောက်ဆုံး သုံးပွဲမှာ ၁၁ ဂိုးအထိ ပေးလိုက်ရတာကတော့ ရုပ်ပျက်လွန်းပါတယ်။ အမ်မရီတို့အနေနဲ့ ခံစစ်ကို တည်ဆောက်နိုင်ခဲ့ရင်တောင် အိမ်ကွင်းမှာ ပိတ်ကစားပြီး တစ်ဂိုးဆို ဆိုသလောက် အကျိုးရှိအောင် လုပ်လာမယ့် အဲဗာတန်ကို နိုင်ဖို့ကတော့ အခွင့်အရေးနည်းနေလို့ အိမ်ရှင်တွေနဲ့ပဲ ပူးပေါင်းကြရအောင်ပါ။ (အဲဗာတန် 1-0 ဗီလာ)

လက်စတာစီးတီး-အာဆင်နယ်
အာဆင်နယ်တို့အနေနဲ့ ချန်ပီယံဖြစ်ချင်ရင် ဒီလိုပွဲမျိုးကို အမှတ်လျော့လို့ မဖြစ်ဘဲ နိုင်ကို နိုင်ရမှာပါ။ လက်စတာတို့ကတော့ အိမ်ကွင်းမှာ အာဆင်နယ်တို့ကို ထိုးနှက်ဖို့ ကြိုးစားလာမှာဖြစ်ပြီး ဖုန်းတစ်ဂိုး ရမ်းစ်ဒေးလ်အနေနဲ့ ဒဟေးယားလိုမျိုး လက်စွမ်းမပြနိုင်ခဲ့ရင် မျက်ရည်ကျစရာတွေ ဖြစ်လာနိုင်ပါတယ်။ အာတီတာအနေနဲ့ ပါတေး ကာကွယ်ပေးမထားတဲ့ ခံစစ်ကို ပုံစံကောင်းရဖို့ မလုပ်နိုင်သေးချိန်မှာ လက်စတာကို သူတင်ကိုယ်တင် ကစားရမှာဖြစ်ပြီး ချန်ပီယံဆုကို လိုချင်ရင်တော့ တိုက်စစ်က ပိုပြီး ဂိုးသွင်းနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ လက်စတာခံစစ်ရဲ့ ညံ့ဖျင်းမှုက အသိသာကြီးဖြစ်လို့ ဧည့်သည် ဂန်းနားတွေက ဗီလာနဲ့ပွဲကလိုပဲ နိုင်သွားလိမ့်မယ်လို့ ယုံကြည်ရမှာပါ။ (လက်စတာ 2-3 အာဆင်နယ်)

ဝက်စ်ဟမ်း-နော့တင်ဟမ်ဖောရက်စ်
ဝက်စ်ဟမ်းတို့အနေနဲ့ အမှတ်တွေ လျော့တာ များလွန်းနေပြီး တန်းဆင်းဇုန်ကနေ မခွဲနိုင် မခွာရက်ပဲ ဖြစ်နေခဲ့ရတာပါ။ ဒါပေမယ့် သူတို့အတွက် အားတက်စရာကတော့ ဇယားရဲ့ အောက်တစ်ဝက် အဆင့် ၁၁ ကနေ ၂၀ အထိ ကွာခြားချက်က ၁၀ မှတ်သာ ရှိနေပြီ အဆင့် ၁၁ က ဗီလာတို့နဲ့ သူတို့က ၈ မှတ်သာ ကွာဟနေတာဖြစ်ပါတယ်။ ဖောရက်စ်တို့အနေနဲ့ အဝေးကွင်းမှာ ခံစစ်ကို အားပြုလာနိုင်ပေမယ့် အထနှေးပြီး အမှားတွေ လုပ်တတ်တာကြောင့် လျင်မြန်တဲ့ ဘိုဝင်တို့အုပ်စုက အခွင့်အရေးယူနိုင်ဖွယ်ရှိနေသလို တန်းဆင်းမယ့် အဆင့် မဟုတ်ဘူးဆိုတာ သက်သေပြရမယ့် ဟမ်းမားတွေအနေနဲ့ သစ်ပင်တွေကို တူနဲ့ထုရမယ့် အချိန်ပါပဲ။ (ဝက်စ်ဟမ်း 2-0 ဖောရက်စ်)

လိဒ်စ်ယူနိုက်တက်-ဆောက်သမ်တန်
လိဒ်စ်တို့ရဲ့ လက်ရှိပုံစံက ပျက်စီးနေခဲ့သလို ဝတ်ဖို့ဒ်နဲ့ ပရီးမီးယားလိဂ်မှာ အိုးနင်းခွက်နင်းဖြစ်ပြီးမှ အထုတ်ခံရတဲ့ ဟာဗီ ဂါစီယာကို နည်းပြသစ် ခန့်ထားတာလောက်နဲ့ကတော့ ပုံစံကောင်းပြန်ရဖို့ ခက်ပါတယ်။ ဆောက်သမ်တန်တို့ကတော့ ယာယီနည်းပြ ရူဘင် ဆဲလက်စ်ရဲ့ လက်ထဲမှာ ချဲလ်ဆီးကို စုဖွဲ့မှုကောင်းကောင်းနဲ့ အဝေးကွင်းမှာ ဖုတ်နိုင်ခဲ့ပြီး ဝါ့ဒ်-ပရောက်စ်အနေနဲ့ ဖရီးကစ်နဲ့ နိုင်ပွဲရှာနိုင်ခဲ့သလို ဒီတစ်ခါမှာလည်း နောက်ထပ်နိုင်ပွဲတစ်ပွဲကိုများ အယ်လန်ရုတ်ဒ်မှာ ဖန်တီးသွားတော့မလားလို့ ရင်ခုန်ရပါတယ်။ ဒါပေမယ့် နည်းပြသစ်နဲ့ဆို မျက်နှာလုပ်ချင်ကြတဲ့ အစဉ်အလာကြောင့် လိဒ်စ်တို့အနေနဲ့ အိမ်ကွင်းမှာ ကျားကုတ်ကျားခဲ ကစားသွားကြမှာဖြစ်လို့ တန်းဆင်းဇုန်တိုက်ပွဲကတော့ သူတော်စင်တွေနဲ့ တစ်မှတ်စီပဲ ခွဲရယူရဖို့ များနေပါတယ်။ (လိဒ်စ် 1-1 စိန့်)

ဘုန်းမောက်-မန်ချက်စတာစီးတီး
ဘုန်းမောက်တို့အနေနဲ့ သူတို့ရဲ့ ကွင်းလယ်ဖန်တီးရှင် တာဗားနီးယာ ပြန်ပါလာအပြီးမှာ ကစားပုံက ပိုကောင်းလာခဲ့သလို အဝေးကွင်းမှာ ဝုလ်ဗ်စ်တို့ကို အနိုင်ရခဲ့သလို နောက်ဆုံးနှစ်ပွဲက ခြေစွမ်းက အသိအမှတ်တော့ ပြုပေးရမှာဖြစ်ပါတယ်။ မန်စီးတီးတို့ကတော့ ချန်ပီယံလိဂ်နဲ့ အာရုံများနေပြီး အဝေးကွင်းမှာ သရေကျသွားခဲ့သလို ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းနားကတော့ ဖျားနေတာကနေ ပြန်လာနိုင်မလား စောင့်ကြည့်ရမှာပါ။ နှစ်သင်းကြားက အရည်အသွေးချင်းကတော့ ကွာခြားမှုတွေ များနေခဲ့သလို ဒီတစ်ပွဲ အမှတ်လျော့ခဲ့ရင် အာဆင်နယ်တို့နဲ့ ပိုဝေးသွားမှာကြောင့် ခြေကုန်ထုတ်ကန်လာနိုင်ပြီး စီးတီးတို့ပဲ ဂိုးပြတ်နိုင်သွားနိုင်ပါတယ်။ (ဘုန်းမောက် 0-4 မန်စီးတီး)

ခရစ္စတယ်လ်ပဲလေ့စ်-လီဗာပူးလ်
ပဲလေ့စ်တို့အနေနဲ့ လီဗာပူးလ်နဲ့ ဒီရာသီမှာ နှစ်ကျော့စလုံး မရှုံးအောင် ကစားသွားနိုင်မလားဆိုတာကတော့ စိတ်ဝင်စားစရာပါ။ ဇာဟာ မပါနိုင်သေးပေမယ့် သူ့ရဲ့ ဘယ်ခြမ်းမှာ အီဇီ ခြေစွမ်းပြနေခဲ့တာက အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ တိုင်ပတ်နေတဲ့ လီဗာပူးလ်ညာခြမ်းအတွက် စိုးရိမ်စရာ ဖြစ်နေသလို ယာဂန် ကလော့ပ်အတွက်တော့ ဒီအချိန်မှာ ပြန်တွေ့တာ ဘာလုပ်ရမှာလဲလို့ပဲ ဆိုရတော့မှာပါ။ ဗီယာရာအနေနဲ့ အန်းဖီးလ်မှာတုန်းက တစ်ယောက်အသာနဲ့ ကစားပြီး မနိုင်လိုက်တာကို စိတ်မကျေပွဲ နွှဲမှာဖြစ်သလို ဒါဝင် နူးညက်ဇ်ကတော့ ခြေစွမ်းပြတက်လာချိန်မှာ အနီကတ် ပေးခဲ့တဲ့ အသင်းကို လက်စားချေဖို့ ကြိုးစားမှာဖြစ်ပေမယ့် ကိုယ်စီမှာ အားနည်းချက်တွေနဲ့မို့ သရေဆိုရင်လည်း မဆန်းဘူးလို့ ပြောရမှာဖြစ်ပါတယ်။ (ပဲလေ့စ် 1-1 လီဗာပူးလ်)

တော့တင်ဟမ်ဟော့စပါး-ချဲလ်ဆီး
ဂရေဟမ် ပေါ့တာအနေနဲ့ ရှုံးပေါင်းလည်း များလှပါပြီဆိုတော့မှ စပါးစ်နဲ့ အဝေးကွင်းမှာ တွေ့ရမှာက အဆိုးထဲက အကောင်းလား၊ ဘူးလေးရာ ဖရုံဆင့်မှာလားကတော့ စိတ်ဝင်စားစရာဖြစ်နေပါတယ်။ စပါးစ်တို့အနေနဲ့ ချဲလ်ဆီးကို ဘောလုံးပေးကိုင်မှာ သေချာနေခဲ့သလို ကိုယ့်ဘာသာကိုယ် တိုင်ပတ်နေတဲ့ ဧည့်သည်တွေကို သူတို့အားသန်တဲ့ ကောင်တာတွေနဲ့ပဲ ထိုးနှက်ဖို့ လုပ်ဆောင်လာမှာဖြစ်ပါတယ်။ ပေါလ် မာဆန်ကတော့ ဒီပွဲကို ချဲလ်ဆီးတို့ အနိုင်ပဲ ငါးကောင်ရေလို့ မယုံနိုင်စရာ ခန့်မှန်းလိုက်ပြီး ဟာရီကိန်းတို့ အုပ်စုထက် မူဒရစ်၊ ဖဲလစ္စနဲ့ မာဒူးကီတို့က ခြေစွမ်းပြနိုင်လိမ့်မယ်လို့ ဂန်းနားဟောင်း ပီသစွာနဲ့ စပါးစ်ကို ဘက်ကန်လိုက်တာလည်းဖြစ်ပါတယ်။ တကယ်တမ်းမှာ အဲ့ဒီလိုဖြစ်လာနိုင်ပါ့မလားဆိုတာတော့ အခွင့်အရေး နည်းလွန်းတယ်လို့ပဲ ဆိုရမှာပါ။ (စပါးစ် 0-3 ချဲလ်ဆီး ) (စပါးစ် 2-1 ချဲလ်ဆီး <မယုံနိုင်သော Admin>)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဖူလ္ဟမ္-ဝုလ္ဗာဟမ့္ပ္တန္
ဖူလ္ဟမ္တို႔အတြက္ AMEX ကြင္းမွာ ဘယ္သူမွ ထင္မထားတဲ့ၾကားက ဆရာႀကီး ဘ႐ိုက္တန္ကို ျဖဳတ္လိုက္ႏိုင္ခဲ့တာက လက္ရွိအေနအထားကို ယုံၾကည္မႈ ပိုေကာင္းေစပါတယ္။ ဝုလ္ဗ္စ္တို႔ကေတာ့ ႏိုင္သင့္ႏိုင္ထိုက္တဲ့ ပြဲမွာ ဘုန္းေမာက္ကို အိမ္ကြင္းရႈံးပြဲေတြ႕ခဲ့တာက သူတို႔ရဲ႕ တည္ေဆာက္ထားခဲ့ရတဲ့ ပုံစံေကာင္းကို ရပ္တန႔္သြားေစၿပီး အေဝးကြင္းမွာေရာ ပုံစံေကာင္းကို ျပန္လည္ရွာေဖြႏိုင္ပါ့မလားဆိုတာ သံသယ ဝင္စရာပါ။ တန္းဆင္းဇုန္ကေန လြတ္ႏိုင္ဖို႔ ယုံၾကည္မႈ ရွိေနေသးတဲ့ ဝံပုေလြေတြအေနနဲ႔ ဒီတစ္ပတ္မွာလည္း ရႈံးပြဲဆက္သြားႏိုင္ၿပီး ဖူလ္ဟမ္တို႔ကေတာ့ ဥေရာပ ေမွ်ာ္လင့္ခ်က္အတြက္ အိမ္ကြင္းမွာ က်ဥ္းေျမာင္းတဲ့ ႏိုင္ပြဲကို ရယူပါလိမ့္မယ္။ (ဖူလ္ဟမ္ 1-0 ဝုလ္ဗ္စ္)

အဲဗာတန္-အက္စ္တန္ဗီလာ
ေရွာင္ဒိုက္ခ်္နဲ႔ တန္းဆင္းဇုန္က ႐ုန္းထြက္ေနတဲ့ အဲဗာတန္တို႔နဲ႔ အမ္မရီရဲ႕ ဟာဟင္ေတာက္ကြၽတ္ ဗီလာတို႔ ေတြ႕ဆုံမယ့္ ပြဲစဥ္မွာ ဧည့္သည္ေတြ အသာရႏိုင္မယ္ဆိုရင္ ကစားကြက္တစ္ခုတည္းပဲ ျဖစ္ႏိုင္ပါတယ္။ ဗီလာတို႔အေနနဲ႔ တိုက္စစ္ပိုင္းကေတာ့ ရင္ခုန္စရာေတြ ေပးစြမ္းႏိုင္ေပမယ့္ ခံစစ္ပိုင္းမွာ ဖ႐ိုဖရဲျဖစ္ေနၿပီး ေနာက္ဆုံး သုံးပြဲမွာ ၁၁ ဂိုးအထိ ေပးလိုက္ရတာကေတာ့ ႐ုပ္ပ်က္လြန္းပါတယ္။ အမ္မရီတို႔အေနနဲ႔ ခံစစ္ကို တည္ေဆာက္ႏိုင္ခဲ့ရင္ေတာင္ အိမ္ကြင္းမွာ ပိတ္ကစားၿပီး တစ္ဂိုးဆို ဆိုသေလာက္ အက်ိဳးရွိေအာင္ လုပ္လာမယ့္ အဲဗာတန္ကို ႏိုင္ဖို႔ကေတာ့ အခြင့္အေရးနည္းေနလို႔ အိမ္ရွင္ေတြနဲ႔ပဲ ပူးေပါင္းၾကရေအာင္ပါ။ (အဲဗာတန္ 1-0 ဗီလာ)

လက္စတာစီးတီး-အာဆင္နယ္
အာဆင္နယ္တို႔အေနနဲ႔ ခ်န္ပီယံျဖစ္ခ်င္ရင္ ဒီလိုပြဲမ်ိဳးကို အမွတ္ေလ်ာ့လို႔ မျဖစ္ဘဲ ႏိုင္ကို ႏိုင္ရမွာပါ။ လက္စတာတို႔ကေတာ့ အိမ္ကြင္းမွာ အာဆင္နယ္တို႔ကို ထိုးႏွက္ဖို႔ ႀကိဳးစားလာမွာျဖစ္ၿပီး ဖုန္းတစ္ဂိုး ရမ္းစ္ေဒးလ္အေနနဲ႔ ဒေဟးယားလိုမ်ိဳး လက္စြမ္းမျပႏိုင္ခဲ့ရင္ မ်က္ရည္က်စရာေတြ ျဖစ္လာႏိုင္ပါတယ္။ အာတီတာအေနနဲ႔ ပါေတး ကာကြယ္ေပးမထားတဲ့ ခံစစ္ကို ပုံစံေကာင္းရဖို႔ မလုပ္ႏိုင္ေသးခ်ိန္မွာ လက္စတာကို သူတင္ကိုယ္တင္ ကစားရမွာျဖစ္ၿပီး ခ်န္ပီယံဆုကို လိုခ်င္ရင္ေတာ့ တိုက္စစ္က ပိုၿပီး ဂိုးသြင္းႏိုင္ဖို႔ ႀကိဳးစားရပါလိမ့္မယ္။ လက္စတာခံစစ္ရဲ႕ ညံ့ဖ်င္းမႈက အသိသာႀကီးျဖစ္လို႔ ဧည့္သည္ ဂန္းနားေတြက ဗီလာနဲ႔ပြဲကလိုပဲ ႏိုင္သြားလိမ့္မယ္လို႔ ယုံၾကည္ရမွာပါ။ (လက္စတာ 2-3 အာဆင္နယ္)

ဝက္စ္ဟမ္း-ေနာ့တင္ဟမ္ေဖာရက္စ္
ဝက္စ္ဟမ္းတို႔အေနနဲ႔ အမွတ္ေတြ ေလ်ာ့တာ မ်ားလြန္းေနၿပီး တန္းဆင္းဇုန္ကေန မခြဲႏိုင္ မခြာရက္ပဲ ျဖစ္ေနခဲ့ရတာပါ။ ဒါေပမယ့္ သူတို႔အတြက္ အားတက္စရာကေတာ့ ဇယားရဲ႕ ေအာက္တစ္ဝက္ အဆင့္ ၁၁ ကေန ၂၀ အထိ ကြာျခားခ်က္က ၁၀ မွတ္သာ ရွိေနၿပီ အဆင့္ ၁၁ က ဗီလာတို႔နဲ႔ သူတို႔က ၈ မွတ္သာ ကြာဟေနတာျဖစ္ပါတယ္။ ေဖာရက္စ္တို႔အေနနဲ႔ အေဝးကြင္းမွာ ခံစစ္ကို အားျပဳလာႏိုင္ေပမယ့္ အထေႏွးၿပီး အမွားေတြ လုပ္တတ္တာေၾကာင့္ လ်င္ျမန္တဲ့ ဘိုဝင္တို႔အုပ္စုက အခြင့္အေရးယူႏိုင္ဖြယ္ရွိေနသလို တန္းဆင္းမယ့္ အဆင့္ မဟုတ္ဘူးဆိုတာ သက္ေသျပရမယ့္ ဟမ္းမားေတြအေနနဲ႔ သစ္ပင္ေတြကို တူနဲ႔ထုရမယ့္ အခ်ိန္ပါပဲ။ (ဝက္စ္ဟမ္း 2-0 ေဖာရက္စ္)

လိဒ္စ္ယူႏိုက္တက္-ေဆာက္သမ္တန္
လိဒ္စ္တို႔ရဲ႕ လက္ရွိပုံစံက ပ်က္စီးေနခဲ့သလို ဝတ္ဖို႔ဒ္နဲ႔ ပရီးမီးယားလိဂ္မွာ အိုးနင္းခြက္နင္းျဖစ္ၿပီးမွ အထုတ္ခံရတဲ့ ဟာဗီ ဂါစီယာကို နည္းျပသစ္ ခန႔္ထားတာေလာက္နဲ႔ကေတာ့ ပုံစံေကာင္းျပန္ရဖို႔ ခက္ပါတယ္။ ေဆာက္သမ္တန္တို႔ကေတာ့ ယာယီနည္းျပ ႐ူဘင္ ဆဲလက္စ္ရဲ႕ လက္ထဲမွာ ခ်ဲလ္ဆီးကို စုဖြဲ႕မႈေကာင္းေကာင္းနဲ႔ အေဝးကြင္းမွာ ဖုတ္ႏိုင္ခဲ့ၿပီး ဝါ့ဒ္-ပေရာက္စ္အေနနဲ႔ ဖရီးကစ္နဲ႔ ႏိုင္ပြဲရွာႏိုင္ခဲ့သလို ဒီတစ္ခါမွာလည္း ေနာက္ထပ္ႏိုင္ပြဲတစ္ပြဲကိုမ်ား အယ္လန္႐ုတ္ဒ္မွာ ဖန္တီးသြားေတာ့မလားလို႔ ရင္ခုန္ရပါတယ္။ ဒါေပမယ့္ နည္းျပသစ္နဲ႔ဆို မ်က္ႏွာလုပ္ခ်င္ၾကတဲ့ အစဥ္အလာေၾကာင့္ လိဒ္စ္တို႔အေနနဲ႔ အိမ္ကြင္းမွာ က်ားကုတ္က်ားခဲ ကစားသြားၾကမွာျဖစ္လို႔ တန္းဆင္းဇုန္တိုက္ပြဲကေတာ့ သူေတာ္စင္ေတြနဲ႔ တစ္မွတ္စီပဲ ခြဲရယူရဖို႔ မ်ားေနပါတယ္။ (လိဒ္စ္ 1-1 စိန႔္)

ဘုန္းေမာက္-မန္ခ်က္စတာစီးတီး
ဘုန္းေမာက္တို႔အေနနဲ႔ သူတို႔ရဲ႕ ကြင္းလယ္ဖန္တီးရွင္ တာဗားနီးယာ ျပန္ပါလာအၿပီးမွာ ကစားပုံက ပိုေကာင္းလာခဲ့သလို အေဝးကြင္းမွာ ဝုလ္ဗ္စ္တို႔ကို အႏိုင္ရခဲ့သလို ေနာက္ဆုံးႏွစ္ပြဲက ေျခစြမ္းက အသိအမွတ္ေတာ့ ျပဳေပးရမွာျဖစ္ပါတယ္။ မန္စီးတီးတို႔ကေတာ့ ခ်န္ပီယံလိဂ္နဲ႔ အာ႐ုံမ်ားေနၿပီး အေဝးကြင္းမွာ သေရက်သြားခဲ့သလို ကြင္းလယ္ဖန္တီးရွင္ ဒီဘ႐ိုင္းနားကေတာ့ ဖ်ားေနတာကေန ျပန္လာႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။ ႏွစ္သင္းၾကားက အရည္အေသြးခ်င္းကေတာ့ ကြာျခားမႈေတြ မ်ားေနခဲ့သလို ဒီတစ္ပြဲ အမွတ္ေလ်ာ့ခဲ့ရင္ အာဆင္နယ္တို႔နဲ႔ ပိုေဝးသြားမွာေၾကာင့္ ေျခကုန္ထုတ္ကန္လာႏိုင္ၿပီး စီးတီးတို႔ပဲ ဂိုးျပတ္ႏိုင္သြားႏိုင္ပါတယ္။ (ဘုန္းေမာက္ 0-4 မန္စီးတီး)

ခရစၥတယ္လ္ပဲေလ့စ္-လီဗာပူးလ္
ပဲေလ့စ္တို႔အေနနဲ႔ လီဗာပူးလ္နဲ႔ ဒီရာသီမွာ ႏွစ္ေက်ာ့စလုံး မရႈံးေအာင္ ကစားသြားႏိုင္မလားဆိုတာကေတာ့ စိတ္ဝင္စားစရာပါ။ ဇာဟာ မပါႏိုင္ေသးေပမယ့္ သူ႔ရဲ႕ ဘယ္ျခမ္းမွာ အီဇီ ေျခစြမ္းျပေနခဲ့တာက အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ တိုင္ပတ္ေနတဲ့ လီဗာပူးလ္ညာျခမ္းအတြက္ စိုးရိမ္စရာ ျဖစ္ေနသလို ယာဂန္ ကေလာ့ပ္အတြက္ေတာ့ ဒီအခ်ိန္မွာ ျပန္ေတြ႕တာ ဘာလုပ္ရမွာလဲလို႔ပဲ ဆိုရေတာ့မွာပါ။ ဗီယာရာအေနနဲ႔ အန္းဖီးလ္မွာတုန္းက တစ္ေယာက္အသာနဲ႔ ကစားၿပီး မႏိုင္လိုက္တာကို စိတ္မေက်ပြဲ ႏႊဲမွာျဖစ္သလို ဒါဝင္ ႏူးညက္ဇ္ကေတာ့ ေျခစြမ္းျပတက္လာခ်ိန္မွာ အနီကတ္ ေပးခဲ့တဲ့ အသင္းကို လက္စားေခ်ဖို႔ ႀကိဳးစားမွာျဖစ္ေပမယ့္ ကိုယ္စီမွာ အားနည္းခ်က္ေတြနဲ႔မို႔ သေရဆိုရင္လည္း မဆန္းဘူးလို႔ ေျပာရမွာျဖစ္ပါတယ္။ (ပဲေလ့စ္ 1-1 လီဗာပူးလ္)

ေတာ့တင္ဟမ္ေဟာ့စပါး-ခ်ဲလ္ဆီး
ဂေရဟမ္ ေပါ့တာအေနနဲ႔ ရႈံးေပါင္းလည္း မ်ားလွပါၿပီဆိုေတာ့မွ စပါးစ္နဲ႔ အေဝးကြင္းမွာ ေတြ႕ရမွာက အဆိုးထဲက အေကာင္းလား၊ ဘူးေလးရာ ဖ႐ုံဆင့္မွာလားကေတာ့ စိတ္ဝင္စားစရာျဖစ္ေနပါတယ္။ စပါးစ္တို႔အေနနဲ႔ ခ်ဲလ္ဆီးကို ေဘာလုံးေပးကိုင္မွာ ေသခ်ာေနခဲ့သလို ကိုယ့္ဘာသာကိုယ္ တိုင္ပတ္ေနတဲ့ ဧည့္သည္ေတြကို သူတို႔အားသန္တဲ့ ေကာင္တာေတြနဲ႔ပဲ ထိုးႏွက္ဖို႔ လုပ္ေဆာင္လာမွာျဖစ္ပါတယ္။ ေပါလ္ မာဆန္ကေတာ့ ဒီပြဲကို ခ်ဲလ္ဆီးတို႔ အႏိုင္ပဲ ငါးေကာင္ေရလို႔ မယုံႏိုင္စရာ ခန႔္မွန္းလိုက္ၿပီး ဟာရီကိန္းတို႔ အုပ္စုထက္ မူဒရစ္၊ ဖဲလစၥနဲ႔ မာဒူးကီတို႔က ေျခစြမ္းျပႏိုင္လိမ့္မယ္လို႔ ဂန္းနားေဟာင္း ပီသစြာနဲ႔ စပါးစ္ကို ဘက္ကန္လိုက္တာလည္းျဖစ္ပါတယ္။ တကယ္တမ္းမွာ အဲ့ဒီလိုျဖစ္လာႏိုင္ပါ့မလားဆိုတာေတာ့ အခြင့္အေရး နည္းလြန္းတယ္လို႔ပဲ ဆိုရမွာပါ။ (စပါးစ္ 0-3 ခ်ဲလ္ဆီး ) (စပါးစ္ 2-1 ခ်ဲလ္ဆီး <မယုံႏိုင္ေသာ Admin>)

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.