Premier League

အသင်းမှားပြောင်းမိလို့ မပျော်မရွှင်ဖြစ်နေတဲ့ မာဒရစ်ခ်နဲ့ပတ်သတ်ပြီး အာဆင်နယ်ကို အပြစ်တင်လိုက်တဲ့ ရှက်တာ

ဒါရီယို ဆနာက ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ ယူကရိန်းတောင်ပံကစားသမားက ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် မိုင်ခေလို မာဒရစ်ခ်အကြောင်းကို ဆွေးနွေးခဲ့ပါတယ်။

မိုင်ခေလို မာဒရစ်ခ်ဟာ ပြီးခဲ့တဲ့ဆောင်းရာသီအပြောင်းအရွှေ့ဈေးကွက်အဆုံးမှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့ ယူကရိန်း တောင်ပံကစားသမားအတွက် အရာအားလုံးက စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာခဲ့ဘူးလို့ ပြောရရင် မှန်မှာဖြစ်ပါတယ်။ မာဒရစ်ခ်ဟာ ချဲလ်ဆီးကို ပြောင်းရွှေ့ပြီးကတည်းက သွင်းဂိုးရော ဂိုးဖန်တီးမှုပါ ဖန်တီးပေးနိုင်ခြင်းမရှိခဲ့သူဖြစ်ပြီး စတမ်းဖို့ဒ် ဘရစ်ချ်မှာ အနိုင်ရရှိခဲ့တဲ့အသင်းရဲ့ အစိတ်အပိုင်းတောင် မဖြစ်ခဲ့တာဖြစ်ပါတယ်။

ဆနာရဲ့ ပြောကြားချက်အရ မာဒရစ်ခ်ဟာ ချဲလ်ဆီးအသင်းမှာ ကောင်းမွန်တဲ့စိတ်အခြေအနေမှာ ရှိမနေဘဲ ရှက်တာဒိုးနတ် အားကစားဒါရိုက်တာက ယူကရိန်းစစ်ပွဲပြီးသွားတဲ့အချိန်ကျရင် မာဒရစ်ခ်ကို ပြန်လည်ခေါ်ယူမယ်လို့တောင် ဟာသ ဖောက်ခဲ့တာ ဖြစ်ပါတယ်။

“ဈေးကွက်က ဈေးနှုန်းကို ဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော် မဟုတ်သလို ကျွန်တော်တို့ဥက္ကဌက ဆုံးဖြတ်ခဲ့တာမဟုတ်ပါဘူး။ မာဒရစ်ခ်က သူ့ရဲ့နေရာမှာဆိုရင် အမ်ဘာပေ ဒါမှမဟုတ် ဗင်နီးရှပ်စ်တို့ပြီးရင် ဥရောပမှာ အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးပါ”

“တစ်စုံတယောက်က ရှက်တာဒိုးနတ်က ကစားသမားကို ဝယ်ယူချင်ရင် သူတို့တွေ ကျွန်တော်တို့ကို လေးစားရပါမယ်။ ကျွန်တော်တို့ ကစားသမားတွေကို ဘယ်လိုရောင်းချရမလဲနဲ့ ဘယ်လိုဝယ်ယူရမလဲဆိုတာကို သိပါတယ်။ သူက ကျွန်တော်တို့ရဲ့အကယ်ဒမီကနေ ထွက်တဲ့ကစားသမားပါ။ အံ့အားသင့်စရာကောင်းတဲ့ကလေးပါ။ အံ့အားသင့်စရာကောင်းတဲ့ကစားသမားပါ။ ကံဆိုးစွာနဲ့ အခု ချဲလ်ဆီး သူက ကောင်းမွန်တဲ့စိတ်အခြေအနေမှာ ရှိမနေပါဘူး။ ဒါပေမယ့် သူ့မှာ လာမယ့်နှစ်တွေအတွင်း ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာဖို့ အရည်အသွေးအားလုံး ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

podcast ရဲ့ စီစဉ်တင်ဆက်သူက ဆနာကို မာဒရစ်ခ်ကို ရောင်းချခဲ့တာကို စိတ်မကောင်းဖြစ်ခဲ့လားလို့ မေးမြန်းခဲ့ရာမှာ “အဲဒါက ပြဿနာမဟုတ်ပါဘူး။ ကျွန်တော်တို့ စစ်ပွဲအပြီးမှာ သူ့ကို ပြန်ဝယ်မှာပါ။ ကျွန်တော်တို့ စစ်ပွဲပြီးရင် သူ့ကို ပြန်ဝယ်မှာပါ”လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဒါရီယို ဆနာက မာဒရစ်ခ်ရဲ့ စတမ်းဖို့ဒ် ဘရစ်ချ်အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး “အာဆင်နယ်ကို လေးစားသမှုနဲ့ပါ။ အဆုံးမှာတော့ အဲဒါက မာဒရစ်ခ်ရဲ့ဆုံးဖြတ်ချက်ပါ။ ဘာလို့လဲဆိုတော့ ချဲလ်ဆီးက သူလိုချင်တဲ့အရာကို ပေးခဲ့လို့ဖြစ်ပြီး သူကလည်း ချဲလ်ဆီးကို သွားချင်တယ်လို့ ပြောခဲ့လို့ပါ။ အဲဒါက ရိုးရှင်းပါတယ်။ အပြောင်းအရွှေ့အဆိုပြုချက်နဲ့ပတ်သက်ပြီး ဈေးနှုန်းက ယူရိုသန်း ၁၀၀(ယူရိုသန်း ၇၀+၃၀)ပါ။ အာဆင်နယ်က မာဒရစ်ကို နှစ်သက်ခဲ့ပေမယ့်လည်း ချဲလ်ဆီးက သူ့ကို ဝယ်ယူဖို့အတွက် ပိုပြီး ခိုင်ခိုင်မာမာရှိပြီး ပိုပြီး အဆင်သင့်ဖြစ်နေခဲ့ပါတယ်”လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဒါရီယို ဆနာက ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမွာ ယူကရိန္းေတာင္ပံကစားသမားက ခ်ဲလ္ဆီးအသင္းကို ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ခဲ့ၿပီးေနာက္ မိုင္ေခလို မာဒရစ္ခ္အေၾကာင္းကို ေဆြးေႏြးခဲ့ပါတယ္။

မိုင္ေခလို မာဒရစ္ခ္ဟာ ၿပီးခဲ့တဲ့ေဆာင္းရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္အဆုံးမွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ေပမယ့္ လက္ရွိအခ်ိန္မွာေတာ့ ယူကရိန္း ေတာင္ပံကစားသမားအတြက္ အရာအားလုံးက စီစဥ္ထားတဲ့အတိုင္း ျဖစ္မလာခဲ့ဘူးလို႔ ေျပာရရင္ မွန္မွာျဖစ္ပါတယ္။ မာဒရစ္ခ္ဟာ ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက သြင္းဂိုးေရာ ဂိုးဖန္တီးမႈပါ ဖန္တီးေပးႏိုင္ျခင္းမရွိခဲ့သူျဖစ္ၿပီး စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အႏိုင္ရရွိခဲ့တဲ့အသင္းရဲ႕ အစိတ္အပိုင္းေတာင္ မျဖစ္ခဲ့တာျဖစ္ပါတယ္။

ဆနာရဲ႕ ေျပာၾကားခ်က္အရ မာဒရစ္ခ္ဟာ ခ်ဲလ္ဆီးအသင္းမွာ ေကာင္းမြန္တဲ့စိတ္အေျခအေနမွာ ရွိမေနဘဲ ရွက္တာဒိုးနတ္ အားကစားဒါ႐ိုက္တာက ယူကရိန္းစစ္ပြဲၿပီးသြားတဲ့အခ်ိန္က်ရင္ မာဒရစ္ခ္ကို ျပန္လည္ေခၚယူမယ္လို႔ေတာင္ ဟာသ ေဖာက္ခဲ့တာ ျဖစ္ပါတယ္။

“ေဈးကြက္က ေဈးႏႈန္းကို ဆုံးျဖတ္ခဲ့တာပါ။ ကြၽန္ေတာ္ မဟုတ္သလို ကြၽန္ေတာ္တို႔ဥကၠဌက ဆုံးျဖတ္ခဲ့တာမဟုတ္ပါဘူး။ မာဒရစ္ခ္က သူ႔ရဲ႕ေနရာမွာဆိုရင္ အမ္ဘာေပ ဒါမွမဟုတ္ ဗင္နီးရွပ္စ္တို႔ၿပီးရင္ ဥေရာပမွာ အေကာင္းဆုံးကစားသမားေတြထဲကတစ္ဦးပါ”

“တစ္စုံတေယာက္က ရွက္တာဒိုးနတ္က ကစားသမားကို ဝယ္ယူခ်င္ရင္ သူတို႔ေတြ ကြၽန္ေတာ္တို႔ကို ေလးစားရပါမယ္။ ကြၽန္ေတာ္တို႔ ကစားသမားေတြကို ဘယ္လိုေရာင္းခ်ရမလဲနဲ႔ ဘယ္လိုဝယ္ယူရမလဲဆိုတာကို သိပါတယ္။ သူက ကြၽန္ေတာ္တို႔ရဲ႕အကယ္ဒမီကေန ထြက္တဲ့ကစားသမားပါ။ အံ့အားသင့္စရာေကာင္းတဲ့ကေလးပါ။ အံ့အားသင့္စရာေကာင္းတဲ့ကစားသမားပါ။ ကံဆိုးစြာနဲ႔ အခု ခ်ဲလ္ဆီး သူက ေကာင္းမြန္တဲ့စိတ္အေျခအေနမွာ ရွိမေနပါဘူး။ ဒါေပမယ့္ သူ႔မွာ လာမယ့္ႏွစ္ေတြအတြင္း ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္လာဖို႔ အရည္အေသြးအားလုံး ရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

podcast ရဲ႕ စီစဥ္တင္ဆက္သူက ဆနာကို မာဒရစ္ခ္ကို ေရာင္းခ်ခဲ့တာကို စိတ္မေကာင္းျဖစ္ခဲ့လားလို႔ ေမးျမန္းခဲ့ရာမွာ “အဲဒါက ျပႆနာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ စစ္ပြဲအၿပီးမွာ သူ႔ကို ျပန္ဝယ္မွာပါ။ ကြၽန္ေတာ္တို႔ စစ္ပြဲၿပီးရင္ သူ႔ကို ျပန္ဝယ္မွာပါ”လို႔ ျပန္လည္တုံ႔ျပန္ခဲ့ပါတယ္။

ဒါရီယို ဆနာက မာဒရစ္ခ္ရဲ႕ စတမ္းဖို႔ဒ္ ဘရစ္ခ်္အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္ၿပီး “အာဆင္နယ္ကို ေလးစားသမႈနဲ႔ပါ။ အဆုံးမွာေတာ့ အဲဒါက မာဒရစ္ခ္ရဲ႕ဆုံးျဖတ္ခ်က္ပါ။ ဘာလို႔လဲဆိုေတာ့ ခ်ဲလ္ဆီးက သူလိုခ်င္တဲ့အရာကို ေပးခဲ့လို႔ျဖစ္ၿပီး သူကလည္း ခ်ဲလ္ဆီးကို သြားခ်င္တယ္လို႔ ေျပာခဲ့လို႔ပါ။ အဲဒါက ႐ိုးရွင္းပါတယ္။ အေျပာင္းအေ႐ႊ႕အဆိုျပဳခ်က္နဲ႔ပတ္သက္ၿပီး ေဈးႏႈန္းက ယူ႐ိုသန္း ၁၀၀(ယူ႐ိုသန္း ၇၀+၃၀)ပါ။ အာဆင္နယ္က မာဒရစ္ကို ႏွစ္သက္ခဲ့ေပမယ့္လည္း ခ်ဲလ္ဆီးက သူ႔ကို ဝယ္ယူဖို႔အတြက္ ပိုၿပီး ခိုင္ခိုင္မာမာရွိၿပီး ပိုၿပီး အဆင္သင့္ျဖစ္ေနခဲ့ပါတယ္”လို႔ ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.