သီယာရီ အွန်နရီဟာ အာဆင်နယ်အသင်းကို ဝယ်ယူဖို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေမယ့်လည်း မြောက်လန်ဒန်ကလပ်အသင်းကို စတန် ခရိုယန်ကီက ဆက်လက် ပဲ့ကိုင်နေတဲ့အတွက် ဘာကြောင့်ပျော်ရွှင်မိလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဧပြီလမှာ အာဆင်နယ်ရဲ့ တသက်တာထိပ်တန်းဂိုးသွင်းရှင်ဟာ အမေရိကန်ဘီလျံနာ ခရိုယန်ကီဆီကနေ အာဆင်နယ်အသင်းကို ဝယ်ယူဖို့ ကြိုးပမ်းခဲ့တဲ့ Spotify တည်ထောင်သူ ဒန်နီရယ် အီယက်ခ်ကို ထောက်ခံခဲ့တဲ့ လူတွေထဲက တစ်ဦး ဖြစ်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက အသင်းမှာ ရင်းနှီးမြှုပ်နှံမှုတွေ ကင်းမဲ့နေတာကြောင့် ပရိသတ်တွေကြားမှာ စိတ်ပျက်ဒေါသထွက်ခဲ့ကြတာဖြစ်ပြီး ဂန်းနားတွေဟာ ချန်ပီယံလိဂ်လိဂ်ဝင်ခွင့်မရခဲ့သလို အသင်းတာဝန်ရှိသူတွေဟာ ဥရောပစူပါလိဂ်မှာ ပါဝင်ပတ်သက်ခဲ့တာကြောင့် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၂၀၂၃ ခုနှစ်အရောက်မှာတော့ အသင်းက အများကြီး ပိုမိုကောင်းမွန်တဲ့နေရာမှာ ရှိနေပြီဖြစ်ပြီး နည်းပြ အာတီတာလက်အောက်မှာ အံ့အားသင့်ဖွယ်ရာသီကို ပိုင်ဆိုင်ခဲ့ပြီးနောက်ပိုင်း အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂ မှတ်အသာနဲ့ ရပ်တည်နေတာ ဖြစ်ပါတယ်။
“အဲဒီအချိန်တုန်းက (အီယက်ခ်)က အသင်းကို ရောင်း၊ ရောင်း၊ ရောင်းဆိုပြီး ဖြစ်နေခဲ့တဲ့ ပရိသတ်တွေအတွက် အဖြေကို ကမ်းလှမ်းချင်ခဲ့တယ်။ ကျွန်တော်တို့ အဖြေကို ကမ်းလှမ်းခဲ့တယ်။ အဲဒီလို မဖြစ်ခဲ့ပါဘူး။ ကျွန်တော်က အာဆင်နယ်ပရိသတ်ပါ။ အနိုင်ယူကြရအောင်။ အဲဒါက အရေးမကြီးပါဘူး”
“ကျွန်တော်တို့ အဲဒီမှာ အဖြေကို ကမ်းလှမ်းဖို့ ရှိခဲ့တယ်။ ခင်ဗျား လိုချင်တယ်။ ခင်ဗျားမလိုချင်ဘူး။ အဲဒါက အရေးမကြီးပါဘူး။ အခု အားလုံးက အဆင်ပြေနေတယ်။ ဘာကြောင့် တစ်စုံတယောက်က အနှောင့်အယှက်ပေးချင်ရမှာလဲ။ ကျွန်တော် လိုချင်တာလည်း အဲဒါပဲ။ ကျွန်တော်နဲ့ပဲဖြစ်ဖြစ်၊ ကျွန်တော် မရှိဘဲဖြစ်ဖြစ် အာဆင်နယ်ကို အောင်မြင်စေချင်တယ်။ အဲဒါက အဓိကအချက်ပဲ”လို့ ပြောကြားခဲ့ပါတယ်။
အာတီတာဟာ ယခုရာသီမှာ ဂန်းနားတွေကို ဆုဖလားစိန်ခေါ်သူတွေ အမှန်တကယ်ဖြစ်လာအောင် ကိုင်တွယ်ပေးနိုင်ခဲ့ပြီး ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံး ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ရယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
သီယာရီ အြန္နရီဟာ အာဆင္နယ္အသင္းကို ဝယ္ယူဖို႔ ႀကိဳးပမ္းမႈ မေအာင္ျမင္ခဲ့ေပမယ့္လည္း ေျမာက္လန္ဒန္ကလပ္အသင္းကို စတန္ ခ႐ိုယန္ကီက ဆက္လက္ ပဲ့ကိုင္ေနတဲ့အတြက္ ဘာေၾကာင့္ေပ်ာ္႐ႊင္မိလဲဆိုတာကို ရွင္းျပခဲ့ပါတယ္။
၂၀၂၁ ခုႏွစ္ ဧၿပီလမွာ အာဆင္နယ္ရဲ႕ တသက္တာထိပ္တန္းဂိုးသြင္းရွင္ဟာ အေမရိကန္ဘီလ်ံနာ ခ႐ိုယန္ကီဆီကေန အာဆင္နယ္အသင္းကို ဝယ္ယူဖို႔ ႀကိဳးပမ္းခဲ့တဲ့ Spotify တည္ေထာင္သူ ဒန္နီရယ္ အီယက္ခ္ကို ေထာက္ခံခဲ့တဲ့ လူေတြထဲက တစ္ဦး ျဖစ္ခဲ့ပါတယ္။
အဲဒီအခ်ိန္တုန္းက အသင္းမွာ ရင္းႏွီးျမႇဳပ္ႏွံမႈေတြ ကင္းမဲ့ေနတာေၾကာင့္ ပရိသတ္ေတြၾကားမွာ စိတ္ပ်က္ေဒါသထြက္ခဲ့ၾကတာျဖစ္ၿပီး ဂန္းနားေတြဟာ ခ်န္ပီယံလိဂ္လိဂ္ဝင္ခြင့္မရခဲ့သလို အသင္းတာဝန္ရွိသူေတြဟာ ဥေရာပစူပါလိဂ္မွာ ပါဝင္ပတ္သက္ခဲ့တာေၾကာင့္ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရတာ ျဖစ္ပါတယ္။
ဒါေပမယ့္လည္း ၂၀၂၃ ခုႏွစ္အေရာက္မွာေတာ့ အသင္းက အမ်ားႀကီး ပိုမိုေကာင္းမြန္တဲ့ေနရာမွာ ရွိေနၿပီျဖစ္ၿပီး နည္းျပ အာတီတာလက္ေအာက္မွာ အံ့အားသင့္ဖြယ္ရာသီကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ပိုင္း အမွတ္ေပးဇယားထိပ္ဆုံးမွာ ၂ မွတ္အသာနဲ႔ ရပ္တည္ေနတာ ျဖစ္ပါတယ္။
“အဲဒီအခ်ိန္တုန္းက (အီယက္ခ္)က အသင္းကို ေရာင္း၊ ေရာင္း၊ ေရာင္းဆိုၿပီး ျဖစ္ေနခဲ့တဲ့ ပရိသတ္ေတြအတြက္ အေျဖကို ကမ္းလွမ္းခ်င္ခဲ့တယ္။ ကြၽန္ေတာ္တို႔ အေျဖကို ကမ္းလွမ္းခဲ့တယ္။ အဲဒီလို မျဖစ္ခဲ့ပါဘူး။ ကြၽန္ေတာ္က အာဆင္နယ္ပရိသတ္ပါ။ အႏိုင္ယူၾကရေအာင္။ အဲဒါက အေရးမႀကီးပါဘူး”
“ကြၽန္ေတာ္တို႔ အဲဒီမွာ အေျဖကို ကမ္းလွမ္းဖို႔ ရွိခဲ့တယ္။ ခင္ဗ်ား လိုခ်င္တယ္။ ခင္ဗ်ားမလိုခ်င္ဘူး။ အဲဒါက အေရးမႀကီးပါဘူး။ အခု အားလုံးက အဆင္ေျပေနတယ္။ ဘာေၾကာင့္ တစ္စုံတေယာက္က အေႏွာင့္အယွက္ေပးခ်င္ရမွာလဲ။ ကြၽန္ေတာ္ လိုခ်င္တာလည္း အဲဒါပဲ။ ကြၽန္ေတာ္နဲ႔ပဲျဖစ္ျဖစ္၊ ကြၽန္ေတာ္ မရွိဘဲျဖစ္ျဖစ္ အာဆင္နယ္ကို ေအာင္ျမင္ေစခ်င္တယ္။ အဲဒါက အဓိကအခ်က္ပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။
အာတီတာဟာ ယခုရာသီမွာ ဂန္းနားေတြကို ဆုဖလားစိန္ေခၚသူေတြ အမွန္တကယ္ျဖစ္လာေအာင္ ကိုင္တြယ္ေပးႏိုင္ခဲ့ၿပီး ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံး ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ရယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.