La Liga Premier League

ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲကို ဟောကိန်းထုတ်လိုက်တဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီဟာ ပရီးမီးယားလိဂ်ဖလားကို ကိုင်မြှောက်ဖို့ တိုက်ပွဲဝင်နေတဲ့ အာဆင်နယ်၊ မန်စီးတီး၊ မန်ယူနိုက်တက်တို့ရဲ့ပြိုင်ပွဲအပေါ် ၎င်းရဲ့ ဟောကိန်းကို ပြောကြားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေတာဖြစ်ပြီး ဒုတိယနေရာက မန်ချက်စတာစီးတီးကို ၂ မှတ်ဖြတ်ထားတာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကလည်း နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ ၇ ပွဲအထိ အနိုင်ရရှိခဲ့ပြီးနောက် ဆုဖလားပြိုင်ပွဲထဲကို ဝင်ရောက်လာခဲ့တာဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးက ဂန်းနားတွေနဲ့ ၅ မှတ်အကွာ တတိယနေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

အဲရစ် တန်ဟက်ရဲ့အသင်းဟာ ကြာသပတေးနေ့မှာ ယူရိုပါလိဂ်ဒုတိယအကျော့ပွဲစဉ်အဖြစ် ဘာစီလိုနာနဲ့ ရင်ဆိုင်သွားရမှာဖြစ်ပြီး ပထမအကျော့ နူးကမ့်က ပွဲစဉ်မှာ ၂-၂ နဲ့ သရေကျခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့်ပွဲစဉ်မှာ အနိုင်ရရုံနဲ့ နောက်တဆင့် တက်ရောက်နိုင်မယ်ဆိုတာကို သိရှိနေပြီး ဘာစီလိုနာနည်းပြဇာဗီဟာ ကစားသမားဘဝတုန်းက မန်ယူနိုက်တက်ကို ဘာစီလိုနာနဲ့အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ၂ ကြိမ်အထိ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ကြာသပတေးနေ့ပွဲစဉ်ဟာ မတူညီတဲ့ အဆင့်မှာ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်ဖြစ်ပေမယ့်လည်း ရင်ခုန်စိတ်လှုပ်ရှားစရာပွဲစဉ်ဖြစ်နေသေးတာဖြစ်ပြီး အိုးထရက်ဖို့ဒ်က ပွဲမတိုင်ခင် The Times နဲ့ အင်တာဗျူးမှာ ဇာဗီက ပြီးခဲ့တဲ့နွေရာသီမှာ ပရီးမီးယားလိဂ်ကို ရောက်ရှိခဲ့တဲ့အချိန်ကတည်းက တန်ဟက်လုပ်ခဲ့တဲ့အလုပ်တွေအတွက် အပြည့်အဝ ချီးကျူးမှုတွေ ပြုလုပ်ခဲ့ပြီး ဘယ်အသင်းက ပရီးမီးယားလိဂ်ဖလားကို အနိုင်ရရှိနိုင်မလဲလို့ ယုံကြည်လဲဆိုတဲ့မေးခွန်းကိုလည်း ဖြေကြားခဲ့တာဖြစ်ပါတယ်။

“အာဆင်နယ်၊ စီးတီးနဲ့ ယူနိုက်တက်တို့က အရမ်းကို စိတ်လှုပ်ရှားစရာကောင်းတဲ့ ဗိုလ်လုပွဲကို ကစားသွားကြတော့မှာပါ။ သူတို့တွေ အရမ်းကောင်းကောင်း ကစားနေတယ်။ သူတို့တွေက အားကောင်းပေမယ့် လိဂ်က အရမ်းကိုတောင်းဆိုမှုများပါတယ်။ ကျွန်တော် အနိုင်ရမယ့်သူကို ဟောကိန်းမထုတ်ရဲပါဘူး။ ကျွန်တော် အသင်း ၃ သင်းစလုံးကို အမြင့်မားဆုံး လေးစားမှု ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာနည္းျပ ဇာဗီဟာ ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမႇာက္ဖို႔ တိုက္ပြဲဝင္ေနတဲ့ အာဆင္နယ္၊ မန္စီးတီး၊ မန္ယူႏိုက္တက္တို႔ရဲ႕ၿပိဳင္ပြဲအေပၚ ၎ရဲ႕ ေဟာကိန္းကို ေျပာၾကားခဲ့ပါတယ္။

အာဆင္နယ္အသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားကို ဦးေဆာင္ေနတာျဖစ္ၿပီး ဒုတိယေနရာက မန္ခ်က္စတာစီးတီးကို ၂ မွတ္ျဖတ္ထားတာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကလည္း ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၁၀ ပြဲမွာ ၇ ပြဲအထိ အႏိုင္ရရွိခဲ့ၿပီးေနာက္ ဆုဖလားၿပိဳင္ပြဲထဲကို ဝင္ေရာက္လာခဲ့တာျဖစ္ၿပီး အမွတ္ေပးဇယားထိပ္ဆုံးက ဂန္းနားေတြနဲ႔ ၅ မွတ္အကြာ တတိယေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။

အဲရစ္ တန္ဟက္ရဲ႕အသင္းဟာ ၾကာသပေတးေန႔မွာ ယူ႐ိုပါလိဂ္ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ဘာစီလိုနာနဲ႔ ရင္ဆိုင္သြားရမွာျဖစ္ၿပီး ပထမအေက်ာ့ ႏူးကမ့္က ပြဲစဥ္မွာ ၂-၂ နဲ႔ သေရက်ခဲ့တာျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ အိုးထရက္ဖို႔ဒ္မွာ ကစားရမယ့္ပြဲစဥ္မွာ အႏိုင္ရ႐ုံနဲ႔ ေနာက္တဆင့္ တက္ေရာက္ႏိုင္မယ္ဆိုတာကို သိရွိေနၿပီး ဘာစီလိုနာနည္းျပဇာဗီဟာ ကစားသမားဘဝတုန္းက မန္ယူႏိုက္တက္ကို ဘာစီလိုနာနဲ႔အတူ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ၂ ႀကိမ္အထိ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

ၾကာသပေတးေန႔ပြဲစဥ္ဟာ မတူညီတဲ့ အဆင့္မွာ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲစဥ္ျဖစ္ေပမယ့္လည္း ရင္ခုန္စိတ္လႈပ္ရွားစရာပြဲစဥ္ျဖစ္ေနေသးတာျဖစ္ၿပီး အိုးထရက္ဖို႔ဒ္က ပြဲမတိုင္ခင္ The Times နဲ႔ အင္တာဗ်ဴးမွာ ဇာဗီက ၿပီးခဲ့တဲ့ေႏြရာသီမွာ ပရီးမီးယားလိဂ္ကို ေရာက္ရွိခဲ့တဲ့အခ်ိန္ကတည္းက တန္ဟက္လုပ္ခဲ့တဲ့အလုပ္ေတြအတြက္ အျပည့္အဝ ခ်ီးက်ဴးမႈေတြ ျပဳလုပ္ခဲ့ၿပီး ဘယ္အသင္းက ပရီးမီးယားလိဂ္ဖလားကို အႏိုင္ရရွိႏိုင္မလဲလို႔ ယုံၾကည္လဲဆိုတဲ့ေမးခြန္းကိုလည္း ေျဖၾကားခဲ့တာျဖစ္ပါတယ္။

“အာဆင္နယ္၊ စီးတီးနဲ႔ ယူႏိုက္တက္တို႔က အရမ္းကို စိတ္လႈပ္ရွားစရာေကာင္းတဲ့ ဗိုလ္လုပြဲကို ကစားသြားၾကေတာ့မွာပါ။ သူတို႔ေတြ အရမ္းေကာင္းေကာင္း ကစားေနတယ္။ သူတို႔ေတြက အားေကာင္းေပမယ့္ လိဂ္က အရမ္းကိုေတာင္းဆိုမႈမ်ားပါတယ္။ ကြၽန္ေတာ္ အႏိုင္ရမယ့္သူကို ေဟာကိန္းမထုတ္ရဲပါဘူး။ ကြၽန္ေတာ္ အသင္း ၃ သင္းစလုံးကို အျမင့္မားဆုံး ေလးစားမႈ ရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.