Bundesliga

ခ်န္ပီယံလိဂ္ရဲ႕ စံခ်ိန္သစ္ေတြကို ထပ္မံရယူႏုိင္ခဲ့တဲ့ ဟားလန္း

ေဒါ့မြန္အသင္းက ေခၚယူထားခဲ့တဲ့ လူငယ္တုိက္စစ္မွဴး အာလင္း ဟားလန္းရဲ႕ ဆာ့လ္ဇ္ဘတ္အသင္းဟာ ၿပဳိင္ပြဲက ထြက္ခြာခဲ့ရေပမယ့္ သူ႕ရဲ႕ သြင္းဂိုးေတြကေတာ့ အသင္းသစ္ကို ေျပာင္းေရႊ႕ကစားတဲ့ ပထမဆုံးပြဲမွာပဲ ထပ္မံရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ရဲ႕ စံခ်ိန္သစ္ေတြကိုလည္း ထပ္မံရယူႏုိင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ပြဲစဥ္မွာ ေဒါ့မြန္အသင္းအတြက္ ပထမဆုံးခ်န္ပီယံလိဂ္ပြဲစဥ္ကို ကစားခဲ့တဲ့ ဟားလန္းဟာ ပီအက္စ္ဂ်ီအသင္းဘက္ကို ႏွစ္ဂိုးသြင္းယူႏိုင္ခဲ့ၿပီး ဒီရာသီခ်န္ပီယံလိဂ္မွာ သူ႕ရဲ႕ ကိုးဂိုးေျမာက္နဲ႔ ဆယ္ဂိုးေျမာက္တုိ႔ကို သြင္းယူခဲ့သလို ခုနစ္ပြဲမွာ ဆယ္ဂိုးရရွိခဲ့တာလည္းျဖစ္ပါတယ္။

ဟားလန္းအေနနဲ႔ ခ်န္ပီယံလိဂ္ကို စတင္ကစားခဲ့သူေတြထဲမွာ ပြဲအနည္းဆုံးနဲ႔ ဆယ္ဂိုးဆုိတဲ့ အေရအတြက္ကို ေရာက္ရွိႏိုင္သူအျဖစ္ အနီးဆုံးေနရာက စံခ်ိန္ေဟာင္းကို ေလးပြဲအသာနဲ႔ ရယူႏုိင္ခဲ့တာျဖစ္ၿပီး ဒါဟာ ပထမဆုံးရာသီကို ယွဥ္ၿပဳိင္ရသူေတြထဲမွာလည္း ဂိုးအမ်ားဆုံးစံခ်ိန္လည္း ျဖစ္ခဲ့ပါတယ္။

“ဒီပြဲရဲ႕ အေကာင္းဆုံးဆုကို ရယူႏုိင္ခဲ့လို႔ ဝမ္းသာမိပါတယ္။ ကၽြန္ေတာ့္အေနနဲ႔ေတာ့ ဒီထက္ ပုိေကာင္းေအာင္ လုပ္ႏုိင္ေသးတယ္လုိ႔ ထင္မိၿပီး လက္ရွိအဆင့္အတန္းမွာ ပိုေကာင္းတဲ့ ကစားသမားျဖစ္ေအာင္ ႀကဳိးစားသြားမွာပါ။ ဒီေန႔ရလဒ္ကေတာ့ အႏၲရာယ္မ်ားတဲ့ ရလဒ္ျဖစ္ေနေသးၿပီး လာမယ့္ပြဲဟာ သူတုိ႔ရဲ႕ အင္အားျပည့္တိုက္စစ္ဆင္မယ့္ပြဲ ျဖစ္လာမွာပါ”လို႔ ဟားလန္းက ဝမ္းသာစကားဆုိခဲ့ၿပီး ေနာက္တစ္ဆင့္အတြက္ေတာ့ စိတ္မခ်ေသးဘူးလို႔ ေျပာၾကားသြားခဲ့ပါတယ္။

ဒီအသက္ ၁၉ ႏွစ္အရြယ္ တုိက္စစ္မွဴးအေနနဲ႔ အနည္းဆုံး ေနာက္ထပ္ခ်န္ပီယံလိဂ္တစ္ပြဲ ထပ္မံကစားရဦးမွာျဖစ္လို႔ ပီအက္စ္ဂ်ီကြင္းမွာ သြင္းဂိုးေတြ ထပ္ၿပီး ရယူႏုိင္မလားလဲ ေစာင့္ၾကည့္ရဖို႔ ရွိေနၿပီး ဘြန္ဒက္စ္လီဂါကစားသမားတစ္ေယာက္ရဲ႕ ပထမဆုံး ခုနစ္ပြဲမွာ ၿပဳိင္ပြဲစုံ ၁၁ ဂိုး ရရွိခဲ့တာဟာ စံခ်ိန္တစ္ခုလည္းျဖစ္ေနခဲ့ေၾကာင္း သိရွိရပါတယ္။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: ဒေါ့မွန်အသင်းက ခေါ်ယူထားခဲ့တဲ့ လူငယ်တိုက်စစ်မှူး အာလင်း ဟားလန်းရဲ့ ဆာ့လ်ဇ်ဘတ်အသင်းဟာ ပြိုင်ပွဲက ထွက်ခွာခဲ့ရပေမယ့် သူ့ရဲ့ သွင်းဂိုးတွေကတော့ အသင်းသစ်ကို ပြောင်းရွှေ့ကစားတဲ့ ပထမဆုံးပွဲမှာပဲ ထပ်မံရရှိခဲ့ပြီး ချန်ပီယံလိဂ်ရဲ့ စံချိန်သစ်တွေကိုလည်း ထပ်မံရယူနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ပွဲစဉ်မှာ ဒေါ့မွန်အသင်းအတွက် ပထမဆုံးချန်ပီယံလိဂ်ပွဲစဉ်ကို ကစားခဲ့တဲ့ ဟားလန်းဟာ ပီအက်စ်ဂျီအသင်းဘက်ကို နှစ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒီရာသီချန်ပီယံလိဂ်မှာ သူ့ရဲ့ ကိုးဂိုးမြောက်နဲ့ ဆယ်ဂိုးမြောက်တို့ကို သွင်းယူခဲ့သလို ခုနစ်ပွဲမှာ ဆယ်ဂိုးရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဟားလန်းအနေနဲ့ ချန်ပီယံလိဂ်ကို စတင်ကစားခဲ့သူတွေထဲမှာ ပွဲအနည်းဆုံးနဲ့ ဆယ်ဂိုးဆိုတဲ့ အရေအတွက်ကို ရောက်ရှိနိုင်သူအဖြစ် အနီးဆုံးနေရာက စံချိန်ဟောင်းကို လေးပွဲအသာနဲ့ ရယူနိုင်ခဲ့တာဖြစ်ပြီး ဒါဟာ ပထမဆုံးရာသီကို ယှဉ်ပြိုင်ရသူတွေထဲမှာလည်း ဂိုးအများဆုံးစံချိန်လည်း ဖြစ်ခဲ့ပါတယ်။

“ဒီပွဲရဲ့ အကောင်းဆုံးဆုကို ရယူနိုင်ခဲ့လို့ ဝမ်းသာမိပါတယ်။ ကျွန်တော့်အနေနဲ့တော့ ဒီထက် ပိုကောင်းအောင် လုပ်နိုင်သေးတယ်လို့ ထင်မိပြီး လက်ရှိအဆင့်အတန်းမှာ ပိုကောင်းတဲ့ ကစားသမားဖြစ်အောင် ကြိုးစားသွားမှာပါ။ ဒီနေ့ရလဒ်ကတော့ အန္တရာယ်များတဲ့ ရလဒ်ဖြစ်နေသေးပြီး လာမယ့်ပွဲဟာ သူတို့ရဲ့ အင်အားပြည့်တိုက်စစ်ဆင်မယ့်ပွဲ ဖြစ်လာမှာပါ”လို့ ဟားလန်းက ဝမ်းသာစကားဆိုခဲ့ပြီး နောက်တစ်ဆင့်အတွက်တော့ စိတ်မချသေးဘူးလို့ ပြောကြားသွားခဲ့ပါတယ်။

ဒီအသက် ၁၉ နှစ်အရွယ် တိုက်စစ်မှူးအနေနဲ့ အနည်းဆုံး နောက်ထပ်ချန်ပီယံလိဂ်တစ်ပွဲ ထပ်မံကစားရဦးမှာဖြစ်လို့ ပီအက်စ်ဂျီကွင်းမှာ သွင်းဂိုးတွေ ထပ်ပြီး ရယူနိုင်မလားလဲ စောင့်ကြည့်ရဖို့ ရှိနေပြီး ဘွန်ဒက်စ်လီဂါကစားသမားတစ်ယောက်ရဲ့ ပထမဆုံး ခုနစ်ပွဲမှာ ပြိုင်ပွဲစုံ ၁၁ ဂိုး ရရှိခဲ့တာဟာ စံချိန်တစ်ခုလည်းဖြစ်နေခဲ့ကြောင်း သိရှိရပါတယ်။

REF: METRO
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.