La Liga

မက်ဆီသာပြန်လာရင် နူးကမ့်မှာပဲ ဆက်နေဖို့ အဆင်သင့်ဖြစ်နေတဲ့ ဘာဆာကြယ်ပွင့် ၂ ဦး

ဆာဂီယို ဘူးစ်ကတ်နဲ့ ယော်ဒီ အယ်လ်ဘာတို့ဟာ လီယွန်နယ် မက်ဆီသာ ပီအက်စ်ဂျီအသင်းကနေ ပြန်လည်ပြောင်းရွှေ့လာခဲ့မယ်ဆိုရင် ဘာစီလိုနာမှာ ဆက်နေချင်တဲ့ဆန္ဒကို ထုတ်ဖော်ပြသခဲ့တယ်လို့ ဂျာနယ်လစ် ဂျရတ် ရိုရဲရိုးက ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဆီကနေ တောင်းဆိုမှုမဟုတ်ပေမယ့် ကစားသမားတွေဟာ အသင်းခေါင်းဆောင်ဟောင်းသာ ပြန်လာရင် လစာလျှော့ယူပြီး အသင်းကို ကူညီပေးသွားဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ကြတာဖြစ်တယ်လို့ ရိုမဲရိုးက ထပ်လောင်း ပြောကြားခဲ့ပါတယ်။ လီယွန်နယ် မက်ဆီဟာ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲမှာ ရောက်ရှိနေသူဖြစ်ပြီး ပဲရစ်မှာ ဆက်နေဖို့အတွက် လိဂန်းထိပ်သီးအသင်းကြီးနဲ့ ပြောဆိုဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

သတင်းတွေရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီဟာ အာဂျင်တီးနားကြယ်ပွင့်ကို အသင်းမှာ ဆက်နေအောင် စည်းရုံးဖို့အတွက် လစာတိုးမြှင့်ကမ်းလှမ်းခဲ့ပေမယ့်လည်း လီယွန်နယ် မက်ဆီက နွေရာသီထက်ကျော်လွန်ပြီး အသင်းမှာ ဆက်နေမယ်လို့ ကတိပေးခြင်းမရှိသေးတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းနဲ့ မပြီးဆုံးနိုင်တဲ့ စာချုပ်သက်တမ်းတိုး ဆွေးနွေးမှုတွေ ပြုလုပ်နေချိန်မှာ ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေ့မယ့် သတင်းတွေကလည်း အရှိန်အဟုန်နဲ့ ထွက်ပေါ်လာနေတာဖြစ်ပြီး အာဂျင်တီးနားဂန္တဝင်ရဲ့အသင်းဖော်ဟောင်း ဇာဗီက နူးကမ့်မှာ နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်နေတာဖြစ်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ မယုံနိုင်လောက်အောင် နက်ရှိုင်းတဲ့ ဆက်ဆံရေးရှိသူဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ ပီအက်စ်ဂျီအတွက် နူးကမ့်ကို မစွန့်ခွာခင် ကစားသမားဘဝ တစ်လျှောက်လုံးကို ကတ်တလန်အသင်းကြီးမှာ ကုန်ဆုံးခဲ့တာ ဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာနဲ့တူ ရှိနေခဲ့တဲ့အချိန်အတွင်း ဆုဖလား ၃၄ လုံးအထိ ရရှိခဲ့ရာမှာ လာလီဂါဖလား ၁၀ ကြိမ်၊ ကိုပါဒယ်ရေးဖလား ၇ ကြိမ်နဲ့ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်အထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီရဲ့ နူးကမ့်ကို ပြန်လာမယ့် ကောလာလဟတွေက ပရိသတ်တွေကြားမှာ စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်လာစေခဲ့ပြီး တောက်ပတဲ့ကစားသမားဘဝ နောက်ဆုံးနေဝင်ချိန်မှာ အသင်းဖော်ဟောင်းတွေနဲ့ ပြန်လည်ဆုံစည်းတာကို မြင်တွေ့ချင်နေကြတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ နည်းပြဇာဗီလက်အောက်မှာ ဥရောပထိပ်တန်းအသင်းကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို ပြန်လည်ရရှိလာတဲ့ လက္ခဏာတွေ ပြသနေတာကြောင့် မက်ဆီသာ ပြန်လာရင် ကတ်တလန်အသင်းကြီးအတွက် နောက်ထပ် အင်အားတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆာဂီယို ဘူးစ္ကတ္နဲ႔ ေယာ္ဒီ အယ္လ္ဘာတို႔ဟာ လီယြန္နယ္ မက္ဆီသာ ပီအက္စ္ဂ်ီအသင္းကေန ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့မယ္ဆိုရင္ ဘာစီလိုနာမွာ ဆက္ေနခ်င္တဲ့ဆႏၵကို ထုတ္ေဖာ္ျပသခဲ့တယ္လို႔ ဂ်ာနယ္လစ္ ဂ်ရတ္ ႐ိုရဲ႐ိုးက ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဆီကေန ေတာင္းဆိုမႈမဟုတ္ေပမယ့္ ကစားသမားေတြဟာ အသင္းေခါင္းေဆာင္ေဟာင္းသာ ျပန္လာရင္ လစာေလွ်ာ့ယူၿပီး အသင္းကို ကူညီေပးသြားဖို႔ ဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့ၾကတာျဖစ္တယ္လို႔ ႐ိုမဲ႐ိုးက ထပ္ေလာင္း ေျပာၾကားခဲ့ပါတယ္။ လီယြန္နယ္ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္း ေနာက္ဆုံးႏွစ္ထဲမွာ ေရာက္ရွိေနသူျဖစ္ၿပီး ပဲရစ္မွာ ဆက္ေနဖို႔အတြက္ လိဂန္းထိပ္သီးအသင္းႀကီးနဲ႔ ေျပာဆိုေဆြးေႏြးမႈေတြ ျပဳလုပ္ေနခဲ့တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

သတင္းေတြရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီဟာ အာဂ်င္တီးနားၾကယ္ပြင့္ကို အသင္းမွာ ဆက္ေနေအာင္ စည္း႐ုံးဖို႔အတြက္ လစာတိုးျမႇင့္ကမ္းလွမ္းခဲ့ေပမယ့္လည္း လီယြန္နယ္ မက္ဆီက ေႏြရာသီထက္ေက်ာ္လြန္ၿပီး အသင္းမွာ ဆက္ေနမယ္လို႔ ကတိေပးျခင္းမရွိေသးတာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းနဲ႔ မၿပီးဆုံးႏိုင္တဲ့ စာခ်ဳပ္သက္တမ္းတိုး ေဆြးေႏြးမႈေတြ ျပဳလုပ္ေနခ်ိန္မွာ ဘာစီလိုနာအသင္းကို ျပန္လည္ေျပာင္းေ႐ႊ႕မယ့္ သတင္းေတြကလည္း အရွိန္အဟုန္နဲ႔ ထြက္ေပၚလာေနတာျဖစ္ၿပီး အာဂ်င္တီးနားဂႏၲဝင္ရဲ႕အသင္းေဖာ္ေဟာင္း ဇာဗီက ႏူးကမ့္မွာ နည္းျပအျဖစ္ တာဝန္ယူကိုင္တြယ္ေနတာျဖစ္ပါတယ္။

မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႔ မယုံႏိုင္ေလာက္ေအာင္ နက္ရႈိင္းတဲ့ ဆက္ဆံေရးရွိသူျဖစ္ၿပီး ၂၀၂၁ ခုႏွစ္မွာ ပီအက္စ္ဂ်ီအတြက္ ႏူးကမ့္ကို မစြန႔္ခြာခင္ ကစားသမားဘဝ တစ္ေလွ်ာက္လုံးကို ကတ္တလန္အသင္းႀကီးမွာ ကုန္ဆုံးခဲ့တာ ျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာနဲ႔တူ ရွိေနခဲ့တဲ့အခ်ိန္အတြင္း ဆုဖလား ၃၄ လုံးအထိ ရရွိခဲ့ရာမွာ လာလီဂါဖလား ၁၀ ႀကိမ္၊ ကိုပါဒယ္ေရးဖလား ၇ ႀကိမ္နဲ႔ ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္အထိ ရရွိခဲ့တာ ျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီရဲ႕ ႏူးကမ့္ကို ျပန္လာမယ့္ ေကာလာလဟေတြက ပရိသတ္ေတြၾကားမွာ စိတ္လႈပ္ရွားမႈကို ျဖစ္ေပၚလာေစခဲ့ၿပီး ေတာက္ပတဲ့ကစားသမားဘဝ ေနာက္ဆုံးေနဝင္ခ်ိန္မွာ အသင္းေဖာ္ေဟာင္းေတြနဲ႔ ျပန္လည္ဆုံစည္းတာကို ျမင္ေတြ႕ခ်င္ေနၾကတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ နည္းျပဇာဗီလက္ေအာက္မွာ ဥေရာပထိပ္တန္းအသင္းႀကီးဆိုတဲ့ ဂုဏ္ပုဒ္ကို ျပန္လည္ရရွိလာတဲ့ လကၡဏာေတြ ျပသေနတာေၾကာင့္ မက္ဆီသာ ျပန္လာရင္ ကတ္တလန္အသင္းႀကီးအတြက္ ေနာက္ထပ္ အင္အားတစ္ခု ျဖစ္လာမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.