La Liga Match Report Premier League UCL&UEL

လီဗာပူးလ်တို့ကို ပေးပျော်ပြီးမှ အားကြီးနဲ့ ချေမှုန်းပြီး သင်ခန်းစာပေးခဲ့တဲ့ ရီးရဲလ်

ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကူတွာ၊ ခံစစ်မှာ ကာဗာဟယ်လ်၊ အယ်ဒါ မီလီတို၊ ရူဒီဂါ၊ အလာဘာတို့နဲ့ လူပြန်စုံလာခဲ့ပြီး ကွင်းလယ်မှာတော့ ကာမာဗင်ဂါ၊ မိုဒရစ်ချ်နဲ့ ဗယ်လ်ဗာဒီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ဗီနီးရှပ်စ် ဂျူနီယာ၊ ဘင်ဇီးမားနဲ့ ရိုဒရီဂိုတို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် လီဗာပူးလ်အသင်းကတော့ ဂိုးသမား အယ်လစ်ဆန်၊ ခံစစ်မှာ ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်၊ အလက်ဇန်းဒါး-အာနိုးလ်ဒ်နဲ့ ရောဘတ်ဆန်တို့ကို ခင်းကျင်းလာခဲ့ပြီး ကွင်းလယ်မှာတော့ ဘိုင်ချက်တစ်ချ်၊ ဖာဘင်ညိုနဲ့ ဟန်ဒါဆန်တို့ကို နေရာချထားခဲ့သလို တိုက်စစ်မှာတော့ ဒါဝင် နူးညက်ဇ်၊ ဆာလားနဲ့ ဂက်ခ်ပိုတို့ကို အသုံးပြုလာခဲ့တာပါ။

ပွဲချိန် ၄ မိနစ်မှာကတည်းက လီဗာပူးလ်တို့ စတင်ဦးဆောင်နိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ဆာလားက ဂိုးဧရိယာထဲကို ခင်းပေးရာမှာ ရီးရဲလ်နောက်ခံလူ မီလီတိုရဲ့ နောက်ကို သတိမထားမှုကို အခွင့်ကောင်းယူပြီး နူးညက်ဇ်က Blind Side ကနေ ပြေးဝင်ပိတ်သွင်းခဲ့သလို အိမ်ရှင်တွေရဲ့ အန်းဖီးလ်မှာ အမြန်ဆုံးသွင်းယူခဲ့တဲ့ ချန်ပီယံလိဂ်ဂိုးလည်းဖြစ်လာခဲ့ပါတယ်။

ပွဲချိန် ၁၄ မိနစ်မှာ လီဗာပူးလ်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကာဗာဟယ်လ် နောက်ပြန်ပေးတဲ့ ဘောလုံးကို ရင်ဘတ်နဲ့ထိန်းပြီး ပြန်ပေးဖို့ ကြိုးစားတဲ့ ဂိုးသမား ကူတွာက ခန္ဓာကိုယ်အလှည့်မှာ ဒူးနဲ့ထိပြီး ဘောလုံးက နောက်တစ်ကြိမ် ရှင်းထုတ်လို့ မရတဲ့ အကွာအဝေးကို ထွက်အလာမှာ အသင့်စောင့်နေတဲ့ ဆာလားက ပိတ်သွင်းနိုင်ခဲ့တာပါ။

ဒီဂိုးအတွက် ဘယ်လ်ဂျီယမ်သားကို ကားရီးယပ်စ်အထာ လုပ်တာလားလို့ ပြောစရာလည်းဖြစ်ခဲ့ရသလို ဒဏ်ရာကနေ ပြန်လာချိန်မှာ အမှားလုပ်မိခဲ့တာကြောင့် အထနှေးသလိုဖြစ်နေတဲ့ ရီးရဲလ်တို့ အန်းဖီးလ်မှာ အခက်ကြုံခဲ့ရသလို လီဗာပူးလ်တို့အနေနဲ့ သူတို့နှစ်သင်းကြားက ချန်ပီယံလိဂ်ဖလားကြွေးတွေကို ဒီတစ်ကြိမ်တော့ အကောင်းဆုံး လက်စားချေနိုင်တော့မှာလားလို့ ထင်စရာလည်းဖြစ်ခဲ့ရပါတယ်။

ဒါပေမယ့် ပွဲချိန် ၂၁ မိနစ်မှာတော့ ရီးရဲလ်တို့ ပြန်လာနိုင်စေဖို့ ချေပဂိုးရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဗီနီးရှပ်စ်က ဘယ်ခြမ်းကနေ ဆွဲယူလာပြီး ဘင်ဇီးမားနဲ့ အပေးအယူလုပ်ရင်း ပြန်ရတဲ့ ဘောလုံးကို ဖာဘင်ညိုနဲ့ ဂျိုးဂိုမက်ဇ်တို့ နှစ်ယောက် ပိတ်ထားတဲ့ကြားက အဝေးတိုင်ဘက်ကို အပြင်းကန်သွင်းရာမှာ ဂိုးသမား အယ်လစ်ဆန် အငိုက်မိပြီး မကာကွယ်နိုင်ခဲ့လို့ နှစ်ဂိုး-တစ်ဂိုးပြန်ဖြစ်လာခဲ့တာပါ။

ပွဲချိန် ၃၆ မိနစ်မှာတော့ ပွဲရဲ့ အလှည့်အပြောင်းဖြစ်စေမယ့် ဒုတိယ ချေပဂိုးကို ရီးရဲလ်တို့ ထပ်မံရယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ခံစစ်ကနေ ဂျိုးဂိုမက်ဇ်ရဲ့ နောက်ပြန်ပေးတဲ့ ဘောလုံးကို အယ်လစ်ဆန်က ရှင်းထုတ်ရာမှာ ပြေးဝင်လာတဲ့ ဗီနီးရှပ်စ်နဲ့ထိပြီး ဂိုးထဲ ဝင်သွားခဲ့လို့ ကမ္ဘာ့အဆင့်ဂိုးသမားဆိုတာ ဒီလိုပဲ ရောင်းကြသလားလို့ ကူတွာနဲ့အတူ အတွေးပေါက်စရာလည်းဖြစ်ခဲ့ရပါတယ်။

ပထမပိုင်းမှာ ဧည့်သည်တွေထက် အမှားတွေ ပိုမိုကျူးလွန်ခဲ့တဲ့ လီဗာပူးလ်တို့အနေနဲ့ ဦးဆောင်ထားရာကနေ မထင်မှတ်ဘဲ နှစ်ဂိုးစီသရေ ရလဒ်ကိုသာ ပိုင်ဆိုင်နိုင်ခဲ့သလို ညာခြမ်းခံစစ်မှာ ညံ့မြဲညံ့ဆဲဖြစ်ပြီး ဗီနီးရှပ်စ်ကို နေရာလွတ်တွေ ပက်ပက်စက်စက် ပေးပစ်ခဲ့တဲ့ အလက်ဇန်းဒါး-အာနိုးလ်ဒ် အတွက်လည်း ယာဂန် ကလော့ပ်မှာ အဖြေမရှိဘဲဖြစ်ခဲ့ရတာပါ။

ဒုတိယပိုင်း ပြန်စပြီး ပွဲချိန် ၄၇ မိနစ်မှာတော့ ရီးရဲလ်တို့ နောက်ကနေ ပြန်လည်ဦးဆောင်သွားခဲ့ကြပြီး တတိယဂိုး ရရှိခဲ့ကြသလို ဒီဂိုးကိုတော့ ညာခြမ်းမှာ ရတဲ့ ဧရိယာအစပ်က ဖရီးကစ်ကို မိုဒရစ်ချ်က ခြောက်ကိုက်စည်းထိပ် ဂိုးရှေ့ကို ကန်တင်ပေးရာမှာ အတန်းလိုက်ကြီး ငြိမ်နေခဲ့တဲ့ လီဗာပူးလ် ခံစစ်သမားတွေရှေ့ကနေ နောက်ခံလူ မီလီတိုက အလျင်အမြန် ပြေးဝင်ပြီး ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၅ မိနစ်မှာ အိမ်ရှင်တွေကို မက်ဒရစ်သားတွေက ထပ်မံနှိပ်စက်ခဲ့ပြန်ပြီး ဒီစတုတ္ထဂိုးကိုတော့ ညာခြမ်းတိုက်စစ်ကနေ ကာဗာဟယ်လ်၊ ရိုဒရီဂိုနဲ့ ဘင်ဇီးမားတို့ လုပ်ချင်သလို လုပ်ပြီးမှ ဧရိယာအစပ်မှာ ပြန်ရလာတဲ့ ဘောလုံးကို ဘယ်လွန်ဒေါရှင်က ဘယ်ခြေနဲ့ အနိမ့်ဘော ကန်သွင်းဖို့ ကြိုးစားရာမှာ နောက်ခံလူ ဂျိုးဂိုမက်ဇ်နဲ့ ထိပြီး လမ်းကြောင်းပြောင်းသွားခဲ့လို့ ကာကွယ်ဖို့ ကြိုးစားတဲ့ အယ်လစ်ဆန် ငုတ်တုတ်မေ့ခဲ့ရတာပါ။

လီဗာပူးလ်တို့ဘက်က တစ်ဖက်ခံစစ်ကို ထိုးဖောက်နိုင်ဖို့ အားကုန်သွားပုံရတဲ့ တိုက်စစ်က ဂက်ခ်ပိုနဲ့ နူးညက်ဇ်တို့အစား ဂျိုတာနဲ့ ဖာမီနိုတို့ကို ထည့်သွင်းပြီး ပွဲချိန် ၆၄ မိနစ်မှာ အပြောင်းအလဲ စတင်လုပ်ဆောင်လာခဲ့ပေမယ့် ကံကောင်းမှုကို ကွင်းထဲ ယူလာဖို့ မေ့နေခဲ့တဲ့ အိမ်ရှင်တွေအနေနဲ့ ချေပဂိုး ပြန်ရဖို့ မဖြစ်နိုင်ခဲ့ကြဘဲ ခံစစ်ကို မပြင်ဆင်နိုင်မှုကြောင့် ဂိုးထပ်ပေးခဲ့ရသေးတာဖြစ်ပါတယ်။

ပွဲချိန် ၆၇ မိနစ်မှာတော့ ရီးရဲလ်တို့ကပဲ အိမ်ရှင်တွေ အသံတိတ်သွားစေမယ့် ပဉ္စမဂိုးကို သွင်းယူနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဘောလုံးပျက်တဲ့ ဖာဘင်ညိုဆီကနေ လူငယ်လေးလို သွက်သွက်လက်လက် ဖြတ်ယူသွားတဲ့ မိုဒရစ်ချ်က စတင်ခဲ့တဲ့ တန်ပြန်တိုက်စစ်ကို ဗီနီးရှပ်စ်က ဘယ်ခြမ်းက ရယူပြီး ဧရိယာထိပ်မှာ ခင်းပေးတဲ့ ဘောလုံးကို ဘင်ဇီးမားက ဂိုးသမား အယ်လစ်ဆန်ကိုပါ ခေါက်ပြီးမှ ဂိုးထဲ ကန်ထည့်သွားနိုင်ခဲ့တာပါ။

ပွဲချိန်အပြည့်မှာတော့ အဲဗာတန်နဲ့ နယူးကာဆယ်လ်တို့ကို အနိုင်ယူပြီး ပြန်လာနိုင်ပြီ ထင်နေတဲ့ လီဗာပူးလ်တို့အတွက် သူတို့ရဲ့ လက်ရှိပုံစံနဲ့ ဘာမှ မဖြစ်နိုင်သေးကြောင်းကို ချန်ပီယံလိဂ်ဘုရင် ရီးရဲလ်မက်ဒရစ်တို့က သင်ခန်းစာပေးသွားခဲ့သလို ငါးဂိုး-နှစ်ဂိုးနဲ့ အန်းဖီးလ်မှာ အရှက်ခွဲသွားခဲ့ပြီး ရှုံးထွက်အဆင့်ကနေ စောစောစီးစီး အနားယူဖို့ တိုက်တွန်းသွားနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။


REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကူတြာ၊ ခံစစ္မွာ ကာဗာဟယ္လ္၊ အယ္ဒါ မီလီတို၊ ႐ူဒီဂါ၊ အလာဘာတို႔နဲ႔ လူျပန္စုံလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာမာဗင္ဂါ၊ မိုဒရစ္ခ်္နဲ႔ ဗယ္လ္ဗာဒီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ဗီနီးရွပ္စ္ ဂ်ဴနီယာ၊ ဘင္ဇီးမားနဲ႔ ႐ိုဒရီဂိုတို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ လီဗာပူးလ္အသင္းကေတာ့ ဂိုးသမား အယ္လစ္ဆန္၊ ခံစစ္မွာ ဗန္ဒိုက္၊ ဂ်ိဳးဂိုမက္ဇ္၊ အလက္ဇန္းဒါး-အာႏိုးလ္ဒ္နဲ႔ ေရာဘတ္ဆန္တို႔ကို ခင္းက်င္းလာခဲ့ၿပီး ကြင္းလယ္မွာေတာ့ ဘိုင္ခ်က္တစ္ခ်္၊ ဖာဘင္ညိဳနဲ႔ ဟန္ဒါဆန္တို႔ကို ေနရာခ်ထားခဲ့သလို တိုက္စစ္မွာေတာ့ ဒါဝင္ ႏူးညက္ဇ္၊ ဆာလားနဲ႔ ဂက္ခ္ပိုတို႔ကို အသုံးျပဳလာခဲ့တာပါ။

ပြဲခ်ိန္ ၄ မိနစ္မွာကတည္းက လီဗာပူးလ္တို႔ စတင္ဦးေဆာင္ႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန ဆာလားက ဂိုးဧရိယာထဲကို ခင္းေပးရာမွာ ရီးရဲလ္ေနာက္ခံလူ မီလီတိုရဲ႕ ေနာက္ကို သတိမထားမႈကို အခြင့္ေကာင္းယူၿပီး ႏူးညက္ဇ္က Blind Side ကေန ေျပးဝင္ပိတ္သြင္းခဲ့သလို အိမ္ရွင္ေတြရဲ႕ အန္းဖီးလ္မွာ အျမန္ဆုံးသြင္းယူခဲ့တဲ့ ခ်န္ပီယံလိဂ္ဂိုးလည္းျဖစ္လာခဲ့ပါတယ္။

ပြဲခ်ိန္ ၁၄ မိနစ္မွာ လီဗာပူးလ္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကာဗာဟယ္လ္ ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို ရင္ဘတ္နဲ႔ထိန္းၿပီး ျပန္ေပးဖို႔ ႀကိဳးစားတဲ့ ဂိုးသမား ကူတြာက ခႏၶာကိုယ္အလွည့္မွာ ဒူးနဲ႔ထိၿပီး ေဘာလုံးက ေနာက္တစ္ႀကိမ္ ရွင္းထုတ္လို႔ မရတဲ့ အကြာအေဝးကို ထြက္အလာမွာ အသင့္ေစာင့္ေနတဲ့ ဆာလားက ပိတ္သြင္းႏိုင္ခဲ့တာပါ။

ဒီဂိုးအတြက္ ဘယ္လ္ဂ်ီယမ္သားကို ကားရီးယပ္စ္အထာ လုပ္တာလားလို႔ ေျပာစရာလည္းျဖစ္ခဲ့ရသလို ဒဏ္ရာကေန ျပန္လာခ်ိန္မွာ အမွားလုပ္မိခဲ့တာေၾကာင့္ အထေႏွးသလိုျဖစ္ေနတဲ့ ရီးရဲလ္တို႔ အန္းဖီးလ္မွာ အခက္ႀကဳံခဲ့ရသလို လီဗာပူးလ္တို႔အေနနဲ႔ သူတို႔ႏွစ္သင္းၾကားက ခ်န္ပီယံလိဂ္ဖလားေႂကြးေတြကို ဒီတစ္ႀကိမ္ေတာ့ အေကာင္းဆုံး လက္စားေခ်ႏိုင္ေတာ့မွာလားလို႔ ထင္စရာလည္းျဖစ္ခဲ့ရပါတယ္။

ဒါေပမယ့္ ပြဲခ်ိန္ ၂၁ မိနစ္မွာေတာ့ ရီးရဲလ္တို႔ ျပန္လာႏိုင္ေစဖို႔ ေခ်ပဂိုးရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဗီနီးရွပ္စ္က ဘယ္ျခမ္းကေန ဆြဲယူလာၿပီး ဘင္ဇီးမားနဲ႔ အေပးအယူလုပ္ရင္း ျပန္ရတဲ့ ေဘာလုံးကို ဖာဘင္ညိဳနဲ႔ ဂ်ိဳးဂိုမက္ဇ္တို႔ ႏွစ္ေယာက္ ပိတ္ထားတဲ့ၾကားက အေဝးတိုင္ဘက္ကို အျပင္းကန္သြင္းရာမွာ ဂိုးသမား အယ္လစ္ဆန္ အငိုက္မိၿပီး မကာကြယ္ႏိုင္ခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုးျပန္ျဖစ္လာခဲ့တာပါ။

ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ ပြဲရဲ႕ အလွည့္အေျပာင္းျဖစ္ေစမယ့္ ဒုတိယ ေခ်ပဂိုးကို ရီးရဲလ္တို႔ ထပ္မံရယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ခံစစ္ကေန ဂ်ိဳးဂိုမက္ဇ္ရဲ႕ ေနာက္ျပန္ေပးတဲ့ ေဘာလုံးကို အယ္လစ္ဆန္က ရွင္းထုတ္ရာမွာ ေျပးဝင္လာတဲ့ ဗီနီးရွပ္စ္နဲ႔ထိၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ ကမာၻ႔အဆင့္ဂိုးသမားဆိုတာ ဒီလိုပဲ ေရာင္းၾကသလားလို႔ ကူတြာနဲ႔အတူ အေတြးေပါက္စရာလည္းျဖစ္ခဲ့ရပါတယ္။

ပထမပိုင္းမွာ ဧည့္သည္ေတြထက္ အမွားေတြ ပိုမိုက်ဴးလြန္ခဲ့တဲ့ လီဗာပူးလ္တို႔အေနနဲ႔ ဦးေဆာင္ထားရာကေန မထင္မွတ္ဘဲ ႏွစ္ဂိုးစီသေရ ရလဒ္ကိုသာ ပိုင္ဆိုင္ႏိုင္ခဲ့သလို ညာျခမ္းခံစစ္မွာ ညံ့ၿမဲညံ့ဆဲျဖစ္ၿပီး ဗီနီးရွပ္စ္ကို ေနရာလြတ္ေတြ ပက္ပက္စက္စက္ ေပးပစ္ခဲ့တဲ့ အလက္ဇန္းဒါး-အာႏိုးလ္ဒ္ အတြက္လည္း ယာဂန္ ကေလာ့ပ္မွာ အေျဖမရွိဘဲျဖစ္ခဲ့ရတာပါ။

ဒုတိယပိုင္း ျပန္စၿပီး ပြဲခ်ိန္ ၄၇ မိနစ္မွာေတာ့ ရီးရဲလ္တို႔ ေနာက္ကေန ျပန္လည္ဦးေဆာင္သြားခဲ့ၾကၿပီး တတိယဂိုး ရရွိခဲ့ၾကသလို ဒီဂိုးကိုေတာ့ ညာျခမ္းမွာ ရတဲ့ ဧရိယာအစပ္က ဖရီးကစ္ကို မိုဒရစ္ခ်္က ေျခာက္ကိုက္စည္းထိပ္ ဂိုးေရွ႕ကို ကန္တင္ေပးရာမွာ အတန္းလိုက္ႀကီး ၿငိမ္ေနခဲ့တဲ့ လီဗာပူးလ္ ခံစစ္သမားေတြေရွ႕ကေန ေနာက္ခံလူ မီလီတိုက အလ်င္အျမန္ ေျပးဝင္ၿပီး ေခါင္းတိုက္သြင္းယူသြားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၅ မိနစ္မွာ အိမ္ရွင္ေတြကို မက္ဒရစ္သားေတြက ထပ္မံႏွိပ္စက္ခဲ့ျပန္ၿပီး ဒီစတုတၳဂိုးကိုေတာ့ ညာျခမ္းတိုက္စစ္ကေန ကာဗာဟယ္လ္၊ ႐ိုဒရီဂိုနဲ႔ ဘင္ဇီးမားတို႔ လုပ္ခ်င္သလို လုပ္ၿပီးမွ ဧရိယာအစပ္မွာ ျပန္ရလာတဲ့ ေဘာလုံးကို ဘယ္လြန္ေဒါရွင္က ဘယ္ေျခနဲ႔ အနိမ့္ေဘာ ကန္သြင္းဖို႔ ႀကိဳးစားရာမွာ ေနာက္ခံလူ ဂ်ိဳးဂိုမက္ဇ္နဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းသြားခဲ့လို႔ ကာကြယ္ဖို႔ ႀကိဳးစားတဲ့ အယ္လစ္ဆန္ ငုတ္တုတ္ေမ့ခဲ့ရတာပါ။

လီဗာပူးလ္တို႔ဘက္က တစ္ဖက္ခံစစ္ကို ထိုးေဖာက္ႏိုင္ဖို႔ အားကုန္သြားပုံရတဲ့ တိုက္စစ္က ဂက္ခ္ပိုနဲ႔ ႏူးညက္ဇ္တို႔အစား ဂ်ိဳတာနဲ႔ ဖာမီႏိုတို႔ကို ထည့္သြင္းၿပီး ပြဲခ်ိန္ ၆၄ မိနစ္မွာ အေျပာင္းအလဲ စတင္လုပ္ေဆာင္လာခဲ့ေပမယ့္ ကံေကာင္းမႈကို ကြင္းထဲ ယူလာဖို႔ ေမ့ေနခဲ့တဲ့ အိမ္ရွင္ေတြအေနနဲ႔ ေခ်ပဂိုး ျပန္ရဖို႔ မျဖစ္ႏိုင္ခဲ့ၾကဘဲ ခံစစ္ကို မျပင္ဆင္ႏိုင္မႈေၾကာင့္ ဂိုးထပ္ေပးခဲ့ရေသးတာျဖစ္ပါတယ္။

ပြဲခ်ိန္ ၆၇ မိနစ္မွာေတာ့ ရီးရဲလ္တို႔ကပဲ အိမ္ရွင္ေတြ အသံတိတ္သြားေစမယ့္ ပၪၥမဂိုးကို သြင္းယူႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ေဘာလုံးပ်က္တဲ့ ဖာဘင္ညိဳဆီကေန လူငယ္ေလးလို သြက္သြက္လက္လက္ ျဖတ္ယူသြားတဲ့ မိုဒရစ္ခ်္က စတင္ခဲ့တဲ့ တန္ျပန္တိုက္စစ္ကို ဗီနီးရွပ္စ္က ဘယ္ျခမ္းက ရယူၿပီး ဧရိယာထိပ္မွာ ခင္းေပးတဲ့ ေဘာလုံးကို ဘင္ဇီးမားက ဂိုးသမား အယ္လစ္ဆန္ကိုပါ ေခါက္ၿပီးမွ ဂိုးထဲ ကန္ထည့္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ အဲဗာတန္နဲ႔ နယူးကာဆယ္လ္တို႔ကို အႏိုင္ယူၿပီး ျပန္လာႏိုင္ၿပီ ထင္ေနတဲ့ လီဗာပူးလ္တို႔အတြက္ သူတို႔ရဲ႕ လက္ရွိပုံစံနဲ႔ ဘာမွ မျဖစ္ႏိုင္ေသးေၾကာင္းကို ခ်န္ပီယံလိဂ္ဘုရင္ ရီးရဲလ္မက္ဒရစ္တို႔က သင္ခန္းစာေပးသြားခဲ့သလို ငါးဂိုး-ႏွစ္ဂိုးနဲ႔ အန္းဖီးလ္မွာ အရွက္ခြဲသြားခဲ့ၿပီး ရႈံးထြက္အဆင့္ကေန ေစာေစာစီးစီး အနားယူဖို႔ တိုက္တြန္းသြားႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။


REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.