Bundesliga Match Report Serie A UCL&UEL

ဖရန့်ဖတ်ကို အဝေးကွင်းမှာ အနိုင်ယူပြီး ချန်ပီယံလိဂ်ကို ခြိမ်းခြောက်တဲ့ နာပိုလီ

နာပိုလီအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား မီရက်၊ ခံစစ်မှာ ရာမာနီ၊ ဂင်မင်းဂျယ်၊ ဒီလော်ရန်ဇိုနဲ့ အိုလီဗီယေးရားတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လိုဘော့တ်ကာ၊ ဇွမ်ဘွန်ဂီးဆာနဲ့ ဇီလင်စကီးတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ လိုဇာနို၊ ကဗာရတ်စခီလီယာနဲ့ အိုဆီမင်တို့ကိုပဲ ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဖရန့်ဖတ်တို့ကတော့ ဂိုးသမား ထရက်ပ်၊ ခံစစ်မှာ ယာကစ်ချ်၊ တူတာနဲ့ အန်ဒစ်ကာတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ဆိုး၊ ကာမာဒါ၊ အော်ရယ်လီယို ဘူတာနဲ့ ဖိလစ် မက်စ်တို့ကို စုဖွဲ့လာခဲ့ပြီး တိုက်စစ်မှာတော့ ဂေါ့ဇား၊ လင့်ဒ်စထရွမ်နဲ့ ကိုလို မူအာနီတို့ကို ကစားစေခဲ့တာပါ။

ပွဲစတာနဲ့ ဂျာမန်သားတွေက လျင်လျင်မြန်မြန်နဲ့ ကစားဖို့ ကြိုးစားလာခဲ့သလို ကမ္ဘာ့ဖလားမှာ ထင်ရှားခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ကိုလို မူအာနီရဲ့ တိုးအားတွေနဲ့ နာပိုလီခံစစ်ကို ဖိအားပေးနိုင်ဖို့ လုပ်ဆောင်လာခဲ့ပြီး အထူးသဖြင့် လင့်ဒ်စထရွမ်ရဲ့ ညာတောင်ပံကနေ တော်တော်လေး အန္တရာယ် ပေးနိုင်ခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒါပေမယ့် ဧည့်သည် နာပိုလီတို့ တဖြည်းဖြည်းနဲ့ ဘောလုံးပိုင်ဆိုင်မှုကို ထိန်းချုပ်သွားနိုင်ခဲ့ကြသလို စီးရီးအေမှာ ပုံစံကောင်းရနေတဲ့ အီတလီသားတွေအနေနဲ့ သူတို့ရဲ့ အဓိက လက်နက်ကြီးတွေဖြစ်တဲ့ အိုဆီမင်နဲ့ ကဗာရတ်စခီလီယာတို့နဲ့အတူ တိုက်စစ်ဆင်ခဲ့ကြပြီး ပွဲချိန် ၃၆ မိနစ်မှာတော့ ပင်နယ်တီ ရရှိခဲ့ပေမယ့် ဂျော်ဂျီယာကြယ်ပွင့်ရဲ့ ကန်ချက်ကို ဂိုးသမား ထရက်ပ်က မှန်မှန်ကန်ကန် ခန့်မှန်းပြီး ကာကွယ်သွားနိုင်ခဲ့တာပါ။

ပွဲချိန် မိနစ် ၄၀ မှာတော့ နာပိုလီတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ တန်ပြန်တိုက်စစ်ကနေ လိုဘော့တ်ကာ ပေးတာကို လိုဇာနိုက ညာခြမ်းတောက်လျှောက်ဆွဲပြေးပြီး ဂိုးရှေ့ကို အနိမ့်ဘော ဖြတ်ပို့ပေးရာမှာ ဖရန့်ဖတ်နောက်ခံလူတွေကို ကျော်ကျလာတဲ့ ဘောလုံးကို အိုဆီမင်က အလျင်အမြန် ပြေးပိတ်နိုင်ခဲ့လို့ ဧည့်သည်တွေ ဦးဆောင်နိုင်ခဲ့ကြပါတယ်။

တစ်မိနစ်အကြာမှာ ကောင်တာကနေပဲ အိုဆီမင် ဂိုးထပ်သွင်းခဲ့ပေမယ့် လူအနည်းငယ်ကျွံနေခဲ့လို့ ဖရန့်ဖတ်တို့ ကံကောင်းသွားခဲ့ရသလို ဂျာမန်သားတွေအနေနဲ့ နာပိုလီရဲ့ လျင်မြန်တဲ့ Transition အကူးအပြောင်းတွေနဲ့ ဆူပါမန်းဖြစ်နေတဲ့ နိုင်ဂျီးရီးယားတိုက်စစ်မှူးကို မထိန်းနိုင်ခဲ့လို့ ချေပဂိုး ပြန်ရဖို့ထက် ဂိုးထပ်မပေးရအောင်ဘဲ ရင်တထိတ်ထိတ်ဖြစ်ခဲ့ရပြီး ပထမပိုင်းမှာ နေပယ်လ်သားတွေက တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရနေခဲ့ကြတာပါ။

ဒုတိယပိုင်းမှာလည်း နာပိုလီတို့ပဲ ဘောလုံးပိုင်ဆိုင်မှု ၇၀ ရာခိုင်နှုန်းလောက်ယူပြီး ဖိကစားနေခဲ့သလို ဒီရာသီမှာ တစ်ကိုယ်ကောင်းဆန်မှု လျော့ကျလာပြီး အများကြီး အချိုးပြေလာခဲ့တဲ့ မက္ကဆီကန်တောင်ပံသမား လိုဇာနိုရဲ့ ခြေစွမ်းပြနိုင်မှုတွေကနေ ဂိုးထပ်မပေးရဖို့ပဲ ဖရန့်ဖတ်တို့ ကာကွယ်ခဲ့ရပြီး ဂိုးသမား ထရက်ပ်ကလည်း လက်စွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၅၈ မိနစ်မှာတော့ အိမ်ရှင်တွေ ကံဆိုးမိုးမှောင်ကျခဲ့ကြပြီး ဦးနှောက်မသုံးဘဲ အားသက်သက်သုံးပြီး ကစားနေတဲ့ တိုက်စစ်မှူး ကိုလို မူအာနီက ဘောလုံးရယူရာမှာ လျှောထိုးဖျက်ဖို့ ကြိုးစားတဲ့ ဇွမ်ဘွန်ဂီးဆာရဲ့ ခြေကျင်းဝတ်ကို တက်နင်းမိခဲ့လို့ ဒိုင်လူကြီး အာတာ ဆွာရက်စ်ရဲ့ တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်မှုကို ခံခဲ့ရပြီး ဖရန့်ဖတ်တို့ တစ်ယောက်လျောနဲ့ ကစားခဲ့ရတာပါ။

ပွဲချိန် ၆၅ မိနစ်မှာတော့ နာပိုလီတို့ပဲ အနိုင်သေချာစေမယ့် ဒုတိယဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကွင်းလယ်ကနေ ဇွမ်ဘွန်ဂီးဆာက ဧရိယာထဲ ချပေးတဲ့ ဘောလုံးကို ကဗာရတ်စခီလီယာက တစ်ချက်ထိန်းပြီးမှ မကန်ဘဲ နောက်ပေါက်နဲ့ ချန်ထားပေးခဲ့တာကို ကပ္ပတိန် ဒီလော်ရန်ဇိုက ဘယ်ခြေနဲ့ အဝေးတိုင်ဘက်ကို အနိမ့်ဘော ကန်သွင်းသွားခဲ့တာဖြစ်ပါတယ်။

ဒီနောက်မှာတော့ ဖရန့်ဖတ်တို့ဘက်က လင့်ဒ်စထရွမ်၊ အော်ရယ်လီယို ဘူတာ၊ ဂေါ့ဇားနဲ့ ဖိလစ် မက်စ်တို့အစား ဘော်ရီ၊ ခနော့ဖ်၊ အာလီဒူးနဲ့ လင့်ဇ်တို့ကို ထည့်သွင်းကစားခဲ့ကြပြီး နာပိုလီတို့ဘက်ကတော့ ဇွမ်ဘွန်ဂီးဆာ၊ လိုဇာနို၊ အိုဆီမင်နဲ့ ကဗာရတ်စခီလီယာတို့အစား အန်ဒွမ်ဘီလီ၊ အဲလ်မတ်စ်၊ ဆီမီယွန်နီနဲ့ ပိုလီတာနိုတို့ကို လူစားလဲပြီး ပွဲကို ထိန်းကစားသွားခဲ့ကြတာပါ။

ပွဲချိန်အပြည့်မှာတော့ ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ အဝေးကွင်းမှာ နာပိုလီတို့က အိမ်ရှင် ဖရန့်ဖတ်တို့ကို နှစ်ဂိုး-ဂိုးမရှိနဲ့ သာသာယာယာပဲ အနိုင်ယူသွားခဲ့ကြပြီး ဒုတိယအကျော့ အိမ်ကွင်းမှာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းသွားခဲ့လို ချန်ပီယံလိဂ်ဖလားကို ရီးရဲလ် မက်ဒရစ်ဆီက ရယူနိုင်မယ့် အသင်းလို့ ထင်ကြေးပေးမှုတွေလည်း မြင့်တက်လာခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

နာပိုလီအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား မီရက္၊ ခံစစ္မွာ ရာမာနီ၊ ဂင္မင္းဂ်ယ္၊ ဒီေလာ္ရန္ဇိုနဲ႔ အိုလီဗီေယးရားတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ လိုေဘာ့တ္ကာ၊ ဇြမ္ဘြန္ဂီးဆာနဲ႔ ဇီလင္စကီးတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ လိုဇာႏို၊ ကဗာရတ္စခီလီယာနဲ႔ အိုဆီမင္တို႔ကိုပဲ ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဖရန႔္ဖတ္တို႔ကေတာ့ ဂိုးသမား ထရက္ပ္၊ ခံစစ္မွာ ယာကစ္ခ်္၊ တူတာနဲ႔ အန္ဒစ္ကာတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ဆိုး၊ ကာမာဒါ၊ ေအာ္ရယ္လီယို ဘူတာနဲ႔ ဖိလစ္ မက္စ္တို႔ကို စုဖြဲ႕လာခဲ့ၿပီး တိုက္စစ္မွာေတာ့ ေဂါ့ဇား၊ လင့္ဒ္စထ႐ြမ္နဲ႔ ကိုလို မူအာနီတို႔ကို ကစားေစခဲ့တာပါ။

ပြဲစတာနဲ႔ ဂ်ာမန္သားေတြက လ်င္လ်င္ျမန္ျမန္နဲ႔ ကစားဖို႔ ႀကိဳးစားလာခဲ့သလို ကမာၻ႔ဖလားမွာ ထင္ရွားခဲ့တဲ့ ျပင္သစ္တိုက္စစ္မႉး ကိုလို မူအာနီရဲ႕ တိုးအားေတြနဲ႔ နာပိုလီခံစစ္ကို ဖိအားေပးႏိုင္ဖို႔ လုပ္ေဆာင္လာခဲ့ၿပီး အထူးသျဖင့္ လင့္ဒ္စထ႐ြမ္ရဲ႕ ညာေတာင္ပံကေန ေတာ္ေတာ္ေလး အႏၲရာယ္ ေပးႏိုင္ခဲ့တာကိုလည္း ေတြ႕ခဲ့ရပါတယ္။

ဒါေပမယ့္ ဧည့္သည္ နာပိုလီတို႔ တျဖည္းျဖည္းနဲ႔ ေဘာလုံးပိုင္ဆိုင္မႈကို ထိန္းခ်ဳပ္သြားႏိုင္ခဲ့ၾကသလို စီးရီးေအမွာ ပုံစံေကာင္းရေနတဲ့ အီတလီသားေတြအေနနဲ႔ သူတို႔ရဲ႕ အဓိက လက္နက္ႀကီးေတြျဖစ္တဲ့ အိုဆီမင္နဲ႔ ကဗာရတ္စခီလီယာတို႔နဲ႔အတူ တိုက္စစ္ဆင္ခဲ့ၾကၿပီး ပြဲခ်ိန္ ၃၆ မိနစ္မွာေတာ့ ပင္နယ္တီ ရရွိခဲ့ေပမယ့္ ေဂ်ာ္ဂ်ီယာၾကယ္ပြင့္ရဲ႕ ကန္ခ်က္ကို ဂိုးသမား ထရက္ပ္က မွန္မွန္ကန္ကန္ ခန႔္မွန္းၿပီး ကာကြယ္သြားႏိုင္ခဲ့တာပါ။

ပြဲခ်ိန္ မိနစ္ ၄၀ မွာေတာ့ နာပိုလီတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ တန္ျပန္တိုက္စစ္ကေန လိုေဘာ့တ္ကာ ေပးတာကို လိုဇာႏိုက ညာျခမ္းေတာက္ေလွ်ာက္ဆြဲေျပးၿပီး ဂိုးေရွ႕ကို အနိမ့္ေဘာ ျဖတ္ပို႔ေပးရာမွာ ဖရန႔္ဖတ္ေနာက္ခံလူေတြကို ေက်ာ္က်လာတဲ့ ေဘာလုံးကို အိုဆီမင္က အလ်င္အျမန္ ေျပးပိတ္ႏိုင္ခဲ့လို႔ ဧည့္သည္ေတြ ဦးေဆာင္ႏိုင္ခဲ့ၾကပါတယ္။

တစ္မိနစ္အၾကာမွာ ေကာင္တာကေနပဲ အိုဆီမင္ ဂိုးထပ္သြင္းခဲ့ေပမယ့္ လူအနည္းငယ္ကြၽံေနခဲ့လို႔ ဖရန႔္ဖတ္တို႔ ကံေကာင္းသြားခဲ့ရသလို ဂ်ာမန္သားေတြအေနနဲ႔ နာပိုလီရဲ႕ လ်င္ျမန္တဲ့ Transition အကူးအေျပာင္းေတြနဲ႔ ဆူပါမန္းျဖစ္ေနတဲ့ ႏိုင္ဂ်ီးရီးယားတိုက္စစ္မႉးကို မထိန္းႏိုင္ခဲ့လို႔ ေခ်ပဂိုး ျပန္ရဖို႔ထက္ ဂိုးထပ္မေပးရေအာင္ဘဲ ရင္တထိတ္ထိတ္ျဖစ္ခဲ့ရၿပီး ပထမပိုင္းမွာ ေနပယ္လ္သားေတြက တစ္ဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရေနခဲ့ၾကတာပါ။

ဒုတိယပိုင္းမွာလည္း နာပိုလီတို႔ပဲ ေဘာလုံးပိုင္ဆိုင္မႈ ၇၀ ရာခိုင္ႏႈန္းေလာက္ယူၿပီး ဖိကစားေနခဲ့သလို ဒီရာသီမွာ တစ္ကိုယ္ေကာင္းဆန္မႈ ေလ်ာ့က်လာၿပီး အမ်ားႀကီး အခ်ိဳးေျပလာခဲ့တဲ့ မကၠဆီကန္ေတာင္ပံသမား လိုဇာႏိုရဲ႕ ေျခစြမ္းျပႏိုင္မႈေတြကေန ဂိုးထပ္မေပးရဖို႔ပဲ ဖရန႔္ဖတ္တို႔ ကာကြယ္ခဲ့ရၿပီး ဂိုးသမား ထရက္ပ္ကလည္း လက္စြမ္းျပႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၅၈ မိနစ္မွာေတာ့ အိမ္ရွင္ေတြ ကံဆိုးမိုးေမွာင္က်ခဲ့ၾကၿပီး ဦးေႏွာက္မသုံးဘဲ အားသက္သက္သုံးၿပီး ကစားေနတဲ့ တိုက္စစ္မႉး ကိုလို မူအာနီက ေဘာလုံးရယူရာမွာ ေလွ်ာထိုးဖ်က္ဖို႔ ႀကိဳးစားတဲ့ ဇြမ္ဘြန္ဂီးဆာရဲ႕ ေျခက်င္းဝတ္ကို တက္နင္းမိခဲ့လို႔ ဒိုင္လူႀကီး အာတာ ဆြာရက္စ္ရဲ႕ တိုက္႐ိုက္ အနီကတ္နဲ႔ ထုတ္ပယ္မႈကို ခံခဲ့ရၿပီး ဖရန႔္ဖတ္တို႔ တစ္ေယာက္ေလ်ာနဲ႔ ကစားခဲ့ရတာပါ။

ပြဲခ်ိန္ ၆၅ မိနစ္မွာေတာ့ နာပိုလီတို႔ပဲ အႏိုင္ေသခ်ာေစမယ့္ ဒုတိယဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကြင္းလယ္ကေန ဇြမ္ဘြန္ဂီးဆာက ဧရိယာထဲ ခ်ေပးတဲ့ ေဘာလုံးကို ကဗာရတ္စခီလီယာက တစ္ခ်က္ထိန္းၿပီးမွ မကန္ဘဲ ေနာက္ေပါက္နဲ႔ ခ်န္ထားေပးခဲ့တာကို ကပၸတိန္ ဒီေလာ္ရန္ဇိုက ဘယ္ေျခနဲ႔ အေဝးတိုင္ဘက္ကို အနိမ့္ေဘာ ကန္သြင္းသြားခဲ့တာျဖစ္ပါတယ္။

ဒီေနာက္မွာေတာ့ ဖရန႔္ဖတ္တို႔ဘက္က လင့္ဒ္စထ႐ြမ္၊ ေအာ္ရယ္လီယို ဘူတာ၊ ေဂါ့ဇားနဲ႔ ဖိလစ္ မက္စ္တို႔အစား ေဘာ္ရီ၊ ခေနာ့ဖ္၊ အာလီဒူးနဲ႔ လင့္ဇ္တို႔ကို ထည့္သြင္းကစားခဲ့ၾကၿပီး နာပိုလီတို႔ဘက္ကေတာ့ ဇြမ္ဘြန္ဂီးဆာ၊ လိုဇာႏို၊ အိုဆီမင္နဲ႔ ကဗာရတ္စခီလီယာတို႔အစား အန္ဒြမ္ဘီလီ၊ အဲလ္မတ္စ္၊ ဆီမီယြန္နီနဲ႔ ပိုလီတာႏိုတို႔ကို လူစားလဲၿပီး ပြဲကို ထိန္းကစားသြားခဲ့ၾကတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ ရႈံးထြက္ ၁၆ သင္းအဆင့္ ပထမအေက်ာ့ အေဝးကြင္းမွာ နာပိုလီတို႔က အိမ္ရွင္ ဖရန႔္ဖတ္တို႔ကို ႏွစ္ဂိုး-ဂိုးမရွိနဲ႔ သာသာယာယာပဲ အႏိုင္ယူသြားခဲ့ၾကၿပီး ဒုတိယအေက်ာ့ အိမ္ကြင္းမွာ ေနာက္တစ္ဆင့္တက္ဖို႔ အေျခအေနေကာင္းသြားခဲ့လို ခ်န္ပီယံလိဂ္ဖလားကို ရီးရဲလ္ မက္ဒရစ္ဆီက ရယူႏိုင္မယ့္ အသင္းလို႔ ထင္ေၾကးေပးမႈေတြလည္း ျမင့္တက္လာခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.