Premier League

သုံးလအကြာမှာ ပြန်လာခဲ့ပြီးနောက် တန်ဟက်ကို အထူးမေတ္တာရပ်ခံမှု ပြုလုပ်ခဲ့တဲ့ ဆန်ချို

ဂျေဒန် ဆန်ချိုဟာ အနားယူပြီးနောက်ပိုင်း မန်ချက်စတာယူနိုက်တက်ကို ပြန်လာချိန်မှာ အဲရစ် တန်ဟက်ကို အထူးမေတ္တာရပ်ခံချက် ပြုလုပ်ခဲ့ပါတယ်။

သြဂုတ်လတုန်းက လီဗာပူးလ်နဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ဆန်ချိုဟာ ပုံမှန်ခြေစွမ်း ပျောက်ဆုံးခဲ့ပြီး တန်ဟက်ရဲ့ ပွဲထွက်လူစာရင်းမှာ နေရာမရ ဖြစ်ခဲ့တာဖြစ်ပါတယ်။ ဆန်ချိုဟာ ဂါးရတ် ဆောက်ဂိတ်ရဲ့ အင်္ဂလန်ကမ္ဘာ့ဖလား လူစာရင်းမှာ ချန်လှပ်ခြင်းခံခဲ့ရသူဖြစ်ပြီး တန်ဟက်က အင်္ဂလန်တောင်ပံကစားသမားက ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာအရပါ ရုန်းကန်နေရတယ်လို့ ပြောကြားခဲ့ပြီးနောက် အထူးအစီအစဉ်တွေပြုလုပ်ဖို့ နယ်သာလန်ကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ နယ်သာလန် အပျော်တမ်းကလပ်အသင်း ရော့စ်မာလန်နဲ့ လေ့ကျင့်ရေးဆင်းခဲ့ပြီး မန်ချက်စတာယူနိုက်တက်နဲ့ အဝေးမှာ ၃ လအထိ နေခဲ့တာကြောင့် ပွဲအများအပြား လွဲချော်ခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က ဖောရက်စ်နဲ့ ကစားခဲ့တဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားပေးခဲ့ပြီး လိဒ်စ်ယူနိုက်တက်၊ လက်စတာစီးတီးတို့နဲ့ပွဲစဉ်မှာ အရန်ခုံကနေ ဝင်လာပြီး ဂိုးသွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဂျေဒန် ဆန်ချိုဟာ ၎င်းရဲ့ ယုံကြည်မှုကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့ပြီး Daily Mail ရဲ့ ဖော်ပြချက်အရ ကာရင်တန်ကို ပြန်လည်ရောက်ရှိလာချိန်မှာ ဘန်နီ မက္ကာသီနဲ့ အနီးကပ် အလုပ်လုပ်ချင်ခဲ့တယ်လို့ သိရပါတယ်။

တောင်အာဖရိကသားနည်းပြဟာ အိုင်းယက်စ်၊ ပေါ်တို၊ ဘလက်ဘန်း၊ ဝက်စ်ဟမ်းတို့အတွက် ကစားပေးခဲ့တဲ့ ကစားသမားဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ကို တိုက်စစ်မှူးနည်းပြအဖြစ် ပြောင်းရွှေ့လာခဲ့ပြီးနောက် မားကပ်စ် ရက်ရှ်ဖို့ဒ်ရဲ့ ကွင်းအတွင်း ခြေစွမ်းတိုးတက်လာမှုအတွက် ချီးကျူးမှုတွေ ခံခဲ့ရသူဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူးဟာ ကာတာက ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးကတည်းက ၁၇ ပွဲမှာ သွင်းယူခဲ့တဲ့ ၁၆ ဂိုးအပါအဝင် ပြိုင်ပွဲစုံမှာ ၂၄ ဂိုးအထိ သွင်းယူထားပြီး မက္ကာသီဟာ ရက်ရှ်ဖို့ဒ်ကို ဂိုးပေါက်ကို ပိုမို တိုက်ရိုက်ခြိမ်းခြောက်နိုင်ဖို့နဲ့ ပြီးပြည့်စုံအောင် အာရုံစိုက်ခဲ့တာကြောင့် အင်္ဂလန်တိုက်စစ်မှူးရဲ့ ဂိုးရှေ့မှာ တည်ငြိမ်မှုက လုံးဝကို ပြောင်းလဲသွားခဲ့ပုံပေါ်ခဲ့တာဖြစ်ပါတယ်။

ဆန်ချိုဟာ ချန်ပီယံလိဂ် ချန်ပီယံဟောင်း မက္ကာသီနဲ့ တစ်ဦးချင်း လေ့ကျင့်ရေးတွေ ပြုလုပ်ချင်ခဲ့တာဖြစ်ပြီး တိုက်စစ်နည်းပြဟာ အန်သိုနီ မာစီယယ်လ်ကို အကြံဉာဏ်ပေးနေသလို အသင်းသားတွေရဲ့ နှစ်သက်ခြင်းကိုလည်း ခံနေရသူဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဂ်ဒန္ ဆန္ခ်ိဳဟာ အနားယူၿပီးေနာက္ပိုင္း မန္ခ်က္စတာယူႏိုက္တက္ကို ျပန္လာခ်ိန္မွာ အဲရစ္ တန္ဟက္ကို အထူးေမတၱာရပ္ခံခ်က္ ျပဳလုပ္ခဲ့ပါတယ္။

ၾသဂုတ္လတုန္းက လီဗာပူးလ္နဲ႔ပြဲမွာ ဂိုးသြင္းယူၿပီးေနာက္ ဆန္ခ်ိဳဟာ ပုံမွန္ေျခစြမ္း ေပ်ာက္ဆုံးခဲ့ၿပီး တန္ဟက္ရဲ႕ ပြဲထြက္လူစာရင္းမွာ ေနရာမရ ျဖစ္ခဲ့တာျဖစ္ပါတယ္။ ဆန္ခ်ိဳဟာ ဂါးရတ္ ေဆာက္ဂိတ္ရဲ႕ အဂၤလန္ကမာၻ႔ဖလား လူစာရင္းမွာ ခ်န္လွပ္ျခင္းခံခဲ့ရသူျဖစ္ၿပီး တန္ဟက္က အဂၤလန္ေတာင္ပံကစားသမားက ႐ုပ္ပိုင္းဆိုင္ရာေရာ စိတ္ပိုင္းဆိုင္ရာအရပါ ႐ုန္းကန္ေနရတယ္လို႔ ေျပာၾကားခဲ့ၿပီးေနာက္ အထူးအစီအစဥ္ေတြျပဳလုပ္ဖို႔ နယ္သာလန္ကို ေစလႊတ္ခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ နယ္သာလန္ အေပ်ာ္တမ္းကလပ္အသင္း ေရာ့စ္မာလန္နဲ႔ ေလ့က်င့္ေရးဆင္းခဲ့ၿပီး မန္ခ်က္စတာယူႏိုက္တက္နဲ႔ အေဝးမွာ ၃ လအထိ ေနခဲ့တာေၾကာင့္ ပြဲအမ်ားအျပား လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔က ေဖာရက္စ္နဲ႔ ကစားခဲ့တဲ့ ကာရာေဘာင္းဖလား ဆီမီးဖိုင္နယ္ ဒုတိယအေက်ာ့ပြဲစဥ္မွာ ျပန္လည္ပါဝင္ကစားေပးခဲ့ၿပီး လိဒ္စ္ယူႏိုက္တက္၊ လက္စတာစီးတီးတို႔နဲ႔ပြဲစဥ္မွာ အရန္ခုံကေန ဝင္လာၿပီး ဂိုးသြင္းယူေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ေဂ်ဒန္ ဆန္ခ်ိဳဟာ ၎ရဲ႕ ယုံၾကည္မႈကို ျပန္လည္ရွာေဖြေတြ႕ရွိခဲ့ၿပီး Daily Mail ရဲ႕ ေဖာ္ျပခ်က္အရ ကာရင္တန္ကို ျပန္လည္ေရာက္ရွိလာခ်ိန္မွာ ဘန္နီ မကၠာသီနဲ႔ အနီးကပ္ အလုပ္လုပ္ခ်င္ခဲ့တယ္လို႔ သိရပါတယ္။

ေတာင္အာဖရိကသားနည္းျပဟာ အိုင္းယက္စ္၊ ေပၚတို၊ ဘလက္ဘန္း၊ ဝက္စ္ဟမ္းတို႔အတြက္ ကစားေပးခဲ့တဲ့ ကစားသမားျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ကို တိုက္စစ္မႉးနည္းျပအျဖစ္ ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ မားကပ္စ္ ရက္ရွ္ဖို႔ဒ္ရဲ႕ ကြင္းအတြင္း ေျခစြမ္းတိုးတက္လာမႈအတြက္ ခ်ီးက်ဴးမႈေတြ ခံခဲ့ရသူျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ တိုက္စစ္မႉးဟာ ကာတာက ကမာၻ႔ဖလားၿပိဳင္ပြဲအၿပီးကတည္းက ၁၇ ပြဲမွာ သြင္းယူခဲ့တဲ့ ၁၆ ဂိုးအပါအဝင္ ၿပိဳင္ပြဲစုံမွာ ၂၄ ဂိုးအထိ သြင္းယူထားၿပီး မကၠာသီဟာ ရက္ရွ္ဖို႔ဒ္ကို ဂိုးေပါက္ကို ပိုမို တိုက္႐ိုက္ၿခိမ္းေျခာက္ႏိုင္ဖို႔နဲ႔ ၿပီးျပည့္စုံေအာင္ အာ႐ုံစိုက္ခဲ့တာေၾကာင့္ အဂၤလန္တိုက္စစ္မႉးရဲ႕ ဂိုးေရွ႕မွာ တည္ၿငိမ္မႈက လုံးဝကို ေျပာင္းလဲသြားခဲ့ပုံေပၚခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳဟာ ခ်န္ပီယံလိဂ္ ခ်န္ပီယံေဟာင္း မကၠာသီနဲ႔ တစ္ဦးခ်င္း ေလ့က်င့္ေရးေတြ ျပဳလုပ္ခ်င္ခဲ့တာျဖစ္ၿပီး တိုက္စစ္နည္းျပဟာ အန္သိုနီ မာစီယယ္လ္ကို အႀကံဉာဏ္ေပးေနသလို အသင္းသားေတြရဲ႕ ႏွစ္သက္ျခင္းကိုလည္း ခံေနရသူျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.