မန်ချက်စတာစီးတီးဂိုးသမား အီဒါဆန်က ဂွါဒီယိုလာရဲ့အသင်းဟာ နောက်ထပ် ပြည်တွင်းဖလားထက် ချန်ပီယံလိဂ်မှာအောင်မြင်မှုရဖို့ကို ဦးစားပေးအနေနဲ့ သတ်မှတ်ထားတယ်လို့ ပြောကြားပြီး ဂန်းနားတွေအတွက် အားတက်စရာသတင်းစကားပေးခဲ့ပါတယ်။
မန်ချက်စတာစီးတီးအသင်းဟာ လက်ရှိမှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးက အာဆင်နယ်ထက် ၁ ပွဲပို ၂ မှတ်လျော့နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာဖြစ်ပြီး ဂန်းနားတွေကို အလဲထိုးနိုင်မယ်ဆိုရင် ၃ ရာသီဆက်တိုက် ချန်ပီယံဖြစ်မယ့် လမ်းကြောင်းပေါ်မှာရှိနေတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာစီးတီးအသင်းမှာရှိတဲ့ ကစားသမားအများစုက ဂွါဒီယိုလာလက်ထက် ၇ နှစ်တာကာလအတွင်း ဥရောပမှာအောင်မြင်မှုရရှိဖို့ ရုန်းကန်ခဲ့ရပြီးနောက် ချန်ပီယံလိဂ်အောင်မြင်မှုအရသာကို မြည်းစမ်းချင်နေပုံပေါ်ပါတယ်။
အီဒါဆန်က လွန်ခဲ့တဲ့ ၂ ရာသီတုန်းက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ချဲလ်ဆီးရဲ့ အနိုင်ယူခြင်းခံခဲ့ရတဲ့ မန်ချက်စတာစီးတီးဟာ နောက်ဆုံးမှာတော့ ပျောက်ဆုံးနေတဲ့ အစိတ်အပိုင်းကို ရရှိဖို့ ယခုရာသီကုန်မှာ ကာလရှည် စောင့်ဆိုင်းခဲ့ရတဲ့ ဥရောပဖလားကို ရရှိတာ မြင်တွေ့ချင်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ကျွန်တော်တို့ အဲဒါကို အနိုင်ရဖို့ ကြိုးပမ်းခဲ့ပြီး ဆက်ပြီးတော့ ကြိုးပမ်းသွားမှာပါ။ ဒီနှစ် ကျွန်တော်တို့ ဗိုလ်လုပွဲကိုတက်ရောက်နိုင်ဖို့ပိုပြီးလုပ်နိုင်စွမ်းရှိနေပြီး ဆုဖလားအတွက် စိန်ခေါ်နေပါတယ်။ ကျွန်တော်တို့က အရမ်းကောင်းမွန်တဲ့အရည်အသွေးရှိတဲ့အစုအဖွဲ့ဖြစ်ပြီး အဲဒါက အသင်းအနေနဲ့ ပြီးခဲ့တဲ့ ၅ နှစ်၊ ၆ နှစ်အတွင်းမှာ ပရီးမီးယားလိဂ်ဖလားတွေ၊ လိဂ်ဖလားတွေ၊ အက်ဖ်အေဖလားတွေ၊ ကွန်မြူနတီဒိုင်းတွေနဲ့ ဘယ်လောက်အထိ တိုးတက်ခဲ့လဲဆိုတာကို ပြသနေတာပါ”
“ဒီဖလားက အသင်းက လိုအပ်နေတဲ့ဆုဖလားပါ။ အဲဒါက ကျွန်တော်တို့လို အားကစားသမားတွေ လိုအပ်နေတဲ့အရာဖြစ်ပြီး အသင်းမှာ ဂွါဒီယိုလာလိုအပ်နေတဲ့အရာလည်း ဖြစ်ပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ အဲဒါကို ရရှိဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး ကျွန်တော်တို့ အဲဒီနောက်ကို လိုက်သွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။
မန်ချက်စတာစီးတီးအနေနဲ့ နောက်ဆုံးမှာ ချန်ပီယံလိဂ်ဖလားကို အနိုင်ရရှိသွားမလားဆိုတာကို စောင့်ကြည့်ဖို့သာ ကျန်တော့တာဖြစ်ပြီး အာဆင်နယ်အသင်းက ၂၀၀၄ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် အမှတ်ပေးဖလားကို အနိုင်ရရှိဖို့ ကြိုးပမ်းနေတာကြောင့် မန်စီးတီးသာ ဥရောပအောင်မြင်မှုနောက်ကို လိုက်ဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင် ပြည်တွင်းအောင်မြင်မှုကို မေ့ထားရမှာ ဖြစ်ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
မန္ခ်က္စတာစီးတီးဂိုးသမား အီဒါဆန္က ဂြါဒီယိုလာရဲ႕အသင္းဟာ ေနာက္ထပ္ ျပည္တြင္းဖလားထက္ ခ်န္ပီယံလိဂ္မွာေအာင္ျမင္မႈရဖို႔ကို ဦးစားေပးအေနနဲ႔ သတ္မွတ္ထားတယ္လို႔ ေျပာၾကားၿပီး ဂန္းနားေတြအတြက္ အားတက္စရာသတင္းစကားေပးခဲ့ပါတယ္။
မန္ခ်က္စတာစီးတီးအသင္းဟာ လက္ရွိမွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးက အာဆင္နယ္ထက္ ၁ ပြဲပို ၂ မွတ္ေလ်ာ့နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနတာျဖစ္ၿပီး ဂန္းနားေတြကို အလဲထိုးႏိုင္မယ္ဆိုရင္ ၃ ရာသီဆက္တိုက္ ခ်န္ပီယံျဖစ္မယ့္ လမ္းေၾကာင္းေပၚမွာရွိေနတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း မန္ခ်က္စတာစီးတီးအသင္းမွာရွိတဲ့ ကစားသမားအမ်ားစုက ဂြါဒီယိုလာလက္ထက္ ၇ ႏွစ္တာကာလအတြင္း ဥေရာပမွာေအာင္ျမင္မႈရရွိဖို႔ ႐ုန္းကန္ခဲ့ရၿပီးေနာက္ ခ်န္ပီယံလိဂ္ေအာင္ျမင္မႈအရသာကို ျမည္းစမ္းခ်င္ေနပုံေပၚပါတယ္။
အီဒါဆန္က လြန္ခဲ့တဲ့ ၂ ရာသီတုန္းက ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ခ်ဲလ္ဆီးရဲ႕ အႏိုင္ယူျခင္းခံခဲ့ရတဲ့ မန္ခ်က္စတာစီးတီးဟာ ေနာက္ဆုံးမွာေတာ့ ေပ်ာက္ဆုံးေနတဲ့ အစိတ္အပိုင္းကို ရရွိဖို႔ ယခုရာသီကုန္မွာ ကာလရွည္ ေစာင့္ဆိုင္းခဲ့ရတဲ့ ဥေရာပဖလားကို ရရွိတာ ျမင္ေတြ႕ခ်င္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
“ကြၽန္ေတာ္တို႔ အဲဒါကို အႏိုင္ရဖို႔ ႀကိဳးပမ္းခဲ့ၿပီး ဆက္ၿပီးေတာ့ ႀကိဳးပမ္းသြားမွာပါ။ ဒီႏွစ္ ကြၽန္ေတာ္တို႔ ဗိုလ္လုပြဲကိုတက္ေရာက္ႏိုင္ဖို႔ပိုၿပီးလုပ္ႏိုင္စြမ္းရွိေနၿပီး ဆုဖလားအတြက္ စိန္ေခၚေနပါတယ္။ ကြၽန္ေတာ္တို႔က အရမ္းေကာင္းမြန္တဲ့အရည္အေသြးရွိတဲ့အစုအဖြဲ႕ျဖစ္ၿပီး အဲဒါက အသင္းအေနနဲ႔ ၿပီးခဲ့တဲ့ ၅ ႏွစ္၊ ၆ ႏွစ္အတြင္းမွာ ပရီးမီးယားလိဂ္ဖလားေတြ၊ လိဂ္ဖလားေတြ၊ အက္ဖ္ေအဖလားေတြ၊ ကြန္ျမဴနတီဒိုင္းေတြနဲ႔ ဘယ္ေလာက္အထိ တိုးတက္ခဲ့လဲဆိုတာကို ျပသေနတာပါ”
“ဒီဖလားက အသင္းက လိုအပ္ေနတဲ့ဆုဖလားပါ။ အဲဒါက ကြၽန္ေတာ္တို႔လို အားကစားသမားေတြ လိုအပ္ေနတဲ့အရာျဖစ္ၿပီး အသင္းမွာ ဂြါဒီယိုလာလိုအပ္ေနတဲ့အရာလည္း ျဖစ္ပါတယ္။ ဒီႏွစ္မွာ ကြၽန္ေတာ္တို႔ အဲဒါကို ရရွိဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး ကြၽန္ေတာ္တို႔ အဲဒီေနာက္ကို လိုက္သြားမွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
မန္ခ်က္စတာစီးတီးအေနနဲ႔ ေနာက္ဆုံးမွာ ခ်န္ပီယံလိဂ္ဖလားကို အႏိုင္ရရွိသြားမလားဆိုတာကို ေစာင့္ၾကည့္ဖို႔သာ က်န္ေတာ့တာျဖစ္ၿပီး အာဆင္နယ္အသင္းက ၂၀၀၄ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္ အမွတ္ေပးဖလားကို အႏိုင္ရရွိဖို႔ ႀကိဳးပမ္းေနတာေၾကာင့္ မန္စီးတီးသာ ဥေရာပေအာင္ျမင္မႈေနာက္ကို လိုက္ဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ ျပည္တြင္းေအာင္ျမင္မႈကို ေမ့ထားရမွာ ျဖစ္ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.