Premier League

တွဲကစားဖူးသမျှထဲက အကောင်းဆုံးအဆုံးသတ်သူကိုရွေးချယ်ရာမှာ ဆာလားကို ငြင်းပယ်ခဲ့တဲ့ မာနေး

ဆာဒီယို မာနေးဟာ တွဲကစားခဲ့ဖူးသမျှထဲမှာ အကောင်းဆုံး အဆုံးသတ်သူက ဘယ်သူလဲလို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ အံ့အားသင့်ဖွယ်အဖြေကို ပေးခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဂျာမနီကို ပြောင်းရွှေ့ပြီးကတည်းက ပြိုင်ပွဲစုံမှာ ၁၁ ဂိုး သွင်းယူထားတဲ့ ကစားသမားဖြစ်ပြီး ကစားသမားဘဝမှာ ကမ္ဘာ့အဆင့် တိုက်စစ်မှူးအများအပြားနဲ့ တွဲကစားခဲ့တာ ဖြစ်ပါတယ်။

ဆီနီဂေါကြယ်ပွင့်တိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းမှာ မိုဟာမက် ဆာလား၊ ရောဘတ်တို ဖာမီနိုတို့နဲ့အတူ ကြောက်မက်ဖွယ် တိုက်စစ်အတွဲကို တည်ဆောာက်နိုင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ ဘိုင်ယန်မြူးနစ်မှာ သောမတ်စ် မူလာနဲ့အတူ တွဲကစားနေတာဖြစ်ပါတယ်။

အသက် ၃၀ အရွယ် တိုက်စစ်မှူးဟာ အန်းဖီးကို မပြောင်းရွှေ့ခင်တုန်းက ဆောက်သမ်တန်မှာ ရှိန်း လောင်းနဲ့ ပယ်လေတို့နဲ့လည်း တွဲကစားခဲ့ဖူးတာဖြစ်ပေမယ့်လည်း မာနေးက အဲဒီကစားသမားတွေအားလုံးကို မကြာသေးမီက ဗီဒီယိုထဲမှာ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

1teamsports က အကောင်းဆုံးကစားသမားကို ဖန်တီးဖို့အတွက် မေးမြန်းခြင်းခံခဲ့ရတဲ့အချိန်မှာ အိုရီဂီရဲ့ အဆုံးသတ်မျိုး ရှိရလိမ့်မယ်လို့ ပြောကြားခဲ့တာဖြစ်ပြီး အကောင်းဆုံးနောက်ခံလူအတွက်လည်း ဗန်ဒိုက်ကို ငြင်းပယ်ပြီး ဆီနီဂေါအသင်းဖော် ကူလီဘေလီကို ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

အိုရီဂီဟာ ဘာစီလိုနာအသင်းကို ဆီမီးဖိုင်နယ်အဆင့်မှာ ပထမအကျော့ ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ရာကနေ အံ့အားသင့်ဖွယ် ပြန်လာနိုင်ခဲ့တဲ့ပွဲက အနိုင်ဂိုး အပါအဝင် မာဆေးဆိုဒ် ဒါဘီပွဲစဉ်က ၉၆ မိနစ်မှာ သွင်းယူခဲ့တဲ့အနိုင်ဂိုးတွေကြောင့် လီဗာပူးလ်အတွက် သူရဲကောင်း ဖြစ်လာခဲ့တာဖြစ်ပါတယ်။

အမှတ်ရစရာဖြစ်စဉ်တွေ ရှိခဲ့ပေမယ့်လည်း ဘယ်လ်ဂျီယမ်တိုက်စစ်မှူးဟာ လီဗာပူးလ်အတွက် ၁၇၅ ပွဲမှာ သွင်းဂိုး ၄၁ ဂိုးသွင်းယူထားနိုင်ခဲ့တာကြောင့် ထူးဆန်းတဲ့ရွေးချယ်မှုအဖြစ် ခံစားနေရဆဲဖြစ်ပြီး တစ်ဖက်မှာတော့ ဆာလားက အန်းဖီးက ပထမဆုံးရာသီမှာတင် ၅၂ ပွဲမှာ ၄၄ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဆာဒီယို မာေနးဟာ တြဲကစားခဲ့ဖူးသမွ်ထဲမွာ အေကာင္းဆုံး အဆုံးသတ္သူက ဘယ္သူလဲလို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ အံ့အားသင့္ဖြယ္အေျဖကို ေပးခဲ့ပါတယ္။

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဂ်ာမနီကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက ၿပိဳင္ပြဲစုံမွာ ၁၁ ဂိုး သြင္းယူထားတဲ့ ကစားသမားျဖစ္ၿပီး ကစားသမားဘဝမွာ ကမာၻ႔အဆင့္ တိုက္စစ္မႉးအမ်ားအျပားနဲ႔ တြဲကစားခဲ့တာ ျဖစ္ပါတယ္။

ဆီနီေဂါၾကယ္ပြင့္တိုက္စစ္မႉးဟာ လီဗာပူးလ္အသင္းမွာ မိုဟာမက္ ဆာလား၊ ေရာဘတ္တို ဖာမီႏိုတို႔နဲ႔အတူ ေၾကာက္မက္ဖြယ္ တိုက္စစ္အတြဲကို တည္ေဆာာက္ႏိုင္ခဲ့တာျဖစ္ၿပီး လက္ရွိမွာေတာ့ ဘိုင္ယန္ျမဴးနစ္မွာ ေသာမတ္စ္ မူလာနဲ႔အတူ တြဲကစားေနတာျဖစ္ပါတယ္။

အသက္ ၃၀ အ႐ြယ္ တိုက္စစ္မႉးဟာ အန္းဖီးကို မေျပာင္းေ႐ႊ႕ခင္တုန္းက ေဆာက္သမ္တန္မွာ ရွိန္း ေလာင္းနဲ႔ ပယ္ေလတို႔နဲ႔လည္း တြဲကစားခဲ့ဖူးတာျဖစ္ေပမယ့္လည္း မာေနးက အဲဒီကစားသမားေတြအားလုံးကို မၾကာေသးမီက ဗီဒီယိုထဲမွာ ျငင္းပယ္ခဲ့တာျဖစ္ပါတယ္။

1teamsports က အေကာင္းဆုံးကစားသမားကို ဖန္တီးဖို႔အတြက္ ေမးျမန္းျခင္းခံခဲ့ရတဲ့အခ်ိန္မွာ အိုရီဂီရဲ႕ အဆုံးသတ္မ်ိဳး ရွိရလိမ့္မယ္လို႔ ေျပာၾကားခဲ့တာျဖစ္ၿပီး အေကာင္းဆုံးေနာက္ခံလူအတြက္လည္း ဗန္ဒိုက္ကို ျငင္းပယ္ၿပီး ဆီနီေဂါအသင္းေဖာ္ ကူလီေဘလီကို ေ႐ြးခ်ယ္ခဲ့တာျဖစ္ပါတယ္။

အိုရီဂီဟာ ဘာစီလိုနာအသင္းကို ဆီမီးဖိုင္နယ္အဆင့္မွာ ပထမအေက်ာ့ ၃-၀ နဲ႔ ရႈံးနိမ့္ခဲ့ရာကေန အံ့အားသင့္ဖြယ္ ျပန္လာႏိုင္ခဲ့တဲ့ပြဲက အႏိုင္ဂိုး အပါအဝင္ မာေဆးဆိုဒ္ ဒါဘီပြဲစဥ္က ၉၆ မိနစ္မွာ သြင္းယူခဲ့တဲ့အႏိုင္ဂိုးေတြေၾကာင့္ လီဗာပူးလ္အတြက္ သူရဲေကာင္း ျဖစ္လာခဲ့တာျဖစ္ပါတယ္။

အမွတ္ရစရာျဖစ္စဥ္ေတြ ရွိခဲ့ေပမယ့္လည္း ဘယ္လ္ဂ်ီယမ္တိုက္စစ္မႉးဟာ လီဗာပူးလ္အတြက္ ၁၇၅ ပြဲမွာ သြင္းဂိုး ၄၁ ဂိုးသြင္းယူထားႏိုင္ခဲ့တာေၾကာင့္ ထူးဆန္းတဲ့ေ႐ြးခ်ယ္မႈအျဖစ္ ခံစားေနရဆဲျဖစ္ၿပီး တစ္ဖက္မွာေတာ့ ဆာလားက အန္းဖီးက ပထမဆုံးရာသီမွာတင္ ၅၂ ပြဲမွာ ၄၄ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.