Premier League

အသင်းဖော်ဂိုးသွင်းပြီးနောက် ဖာနန်ဒက်စ်လုပ်ခဲ့တဲ့အရာကို သတိပြုမိခဲ့တဲ့ပရိသတ်များ

မန်ချက်စတာယူနိုက်တက်တောင်ပံကြယ်ပွင့် ဂျေဒန် ဆန်ချို ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ပြုလုပ်ခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်ရဲ့ အပြုအမူဟာ အလွန်အားကောင်းတဲ့ခေါင်းဆောင်မှုကိုပြသခဲ့တယ်လို့ ပရိသတ်တွေက ယုံကြည်နေကြပါတယ်။

ဖာနန်ဒက်စ်ဟာ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားကို အဲရစ် တန်ဟက်က အရန်ခုံကို ပို့တဲ့အချိန်တိုင်း အသင်းခေါင်းဆောင် လက်ပတ်ကို ဝတ်ဆင်ကစားခဲ့တဲ့ကစားသမား ဖြစ်ပါတယ်။

အင်္ဂလန်နောက်ခံလူဟာ အိုးထရက်ဖို့ဒ်ကို စွန့်ခွာဖို့ နောက်ထပ်တစ်ကြိမ် တောင်းဆိုခြင်းခံခဲ့ရပြီး အဲဒီအတိုင်းသာဖြစ်ခဲ့မယ်ဆိုရင် မက်ဂွိုင်းယားရဲ့နေရာမှာ အစာထိုးဖို့အတွက် အသင်းအနေနဲ့ ရွေးချယ်ဖို့ ကျိန်းသေပေါက်လိုအပ်မှာ ဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ဖာနန်ဒက်စ်က ယခုရာသီ အချိန်အများစုမှာ ပြသခဲ့တဲ့အတိုင်း နောက်ထပ်တစ်ကြိမ် အလွန်ကောင်းမွန်တဲ့ ခြေစွမ်းမှာ ရှိနေခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဟာ လက်စတာစီးတီးကို ဂိုးပြတ် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ပေါ်တူဂီကွင်းလယ်ကြယ်ပွင့်ဟာ ဂျေဒန် ဆန်ချိုရဲ့ သွင်းဂိုးကို ဖန်တီးပေးခဲ့တာဖြစ်ပြီး အင်္ဂလန်တောင်ပံကစားသမားက ဂိုးသွင်းယူပြီးနောက် ဖာနန်ဒက်စ်က အသင်းဖော်ကို ကိုယ့်ဘာသာကိုယ် အောင်ပွဲခံဖို့ အားပေးခဲ့ပြီးမှ ပူးပေါင်းခဲ့တာဖြစ်ပါတယ်။

“သူ အမြဲတမ်း ဂိုးသွင်းတဲ့သူကို အောင်ပွဲခံဖို့ တောင်းဆိုပြီး အောင်ပွဲခံမှုမှာ မပူးပေါင်းခင် အချိန်ယူတာကို မြင်တွေ့ခဲ့ရတဲ့အချိန်မှာ ဘရူနို ဖာနန်ဒက်စ်မှာ မွေးရာပါ ခေါင်းဆောင်စိတ်ဓာတ်ရှိတယ်ဆိုတာကို ခင်ဗျားသိလိုက်ရတာပဲ”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “သူ အမြဲတမ်း ဂိုးသွင်းတဲ့သူတိုင်းကို ဒီလိုလုပ်ပြီး သူတို့တွေ အောင်ပွဲခံတာ ပြီးတဲ့အထိ စောင့်ဆိုင်းပေးတယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

လက်စတာစီးတီးက အလွန်ကောင်းမွန်တဲ့စတင်မှု ပြုလုပ်နိုင်ခဲ့ပြီးနောက် ရက်ရှ်ဖို့ဒ်က အံ့အားသင့်ဖွယ် ပုံစံကောင်းကို ဆက်လက်ပြသပြီး အဖွင့်ဂိုးကို သွင်းယူခဲ့ပြီးနောက် နည်းပြတန်ဟက်က အောင်ပွဲမခံဘဲ ဒါလော့တ်ကို ခေါ်ပြီး စက္ကန့် ၃၀ လောက် ညွှန်ကြားချက်တွေ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္ေတာင္ပံၾကယ္ပြင့္ ေဂ်ဒန္ ဆန္ခ်ိဳ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ျပဳလုပ္ခဲ့တဲ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ အျပဳအမူဟာ အလြန္အားေကာင္းတဲ့ေခါင္းေဆာင္မႈကိုျပသခဲ့တယ္လို႔ ပရိသတ္ေတြက ယုံၾကည္ေနၾကပါတယ္။

ဖာနန္ဒက္စ္ဟာ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြိဳင္းယားကို အဲရစ္ တန္ဟက္က အရန္ခုံကို ပို႔တဲ့အခ်ိန္တိုင္း အသင္းေခါင္းေဆာင္ လက္ပတ္ကို ဝတ္ဆင္ကစားခဲ့တဲ့ကစားသမား ျဖစ္ပါတယ္။

အဂၤလန္ေနာက္ခံလူဟာ အိုးထရက္ဖို႔ဒ္ကို စြန႔္ခြာဖို႔ ေနာက္ထပ္တစ္ႀကိမ္ ေတာင္းဆိုျခင္းခံခဲ့ရၿပီး အဲဒီအတိုင္းသာျဖစ္ခဲ့မယ္ဆိုရင္ မက္ဂြိဳင္းယားရဲ႕ေနရာမွာ အစာထိုးဖို႔အတြက္ အသင္းအေနနဲ႔ ေ႐ြးခ်ယ္ဖို႔ က်ိန္းေသေပါက္လိုအပ္မွာ ျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာ ဖာနန္ဒက္စ္က ယခုရာသီ အခ်ိန္အမ်ားစုမွာ ျပသခဲ့တဲ့အတိုင္း ေနာက္ထပ္တစ္ႀကိမ္ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္းမွာ ရွိေနခဲ့တာျဖစ္ၿပီး မန္ခ်က္စတာယူႏိုက္တက္ဟာ လက္စတာစီးတီးကို ဂိုးျပတ္ အႏိုင္ရရွိခဲ့တာ ျဖစ္ပါတယ္။

ေပၚတူဂီကြင္းလယ္ၾကယ္ပြင့္ဟာ ေဂ်ဒန္ ဆန္ခ်ိဳရဲ႕ သြင္းဂိုးကို ဖန္တီးေပးခဲ့တာျဖစ္ၿပီး အဂၤလန္ေတာင္ပံကစားသမားက ဂိုးသြင္းယူၿပီးေနာက္ ဖာနန္ဒက္စ္က အသင္းေဖာ္ကို ကိုယ့္ဘာသာကိုယ္ ေအာင္ပြဲခံဖို႔ အားေပးခဲ့ၿပီးမွ ပူးေပါင္းခဲ့တာျဖစ္ပါတယ္။

“သူ အၿမဲတမ္း ဂိုးသြင္းတဲ့သူကို ေအာင္ပြဲခံဖို႔ ေတာင္းဆိုၿပီး ေအာင္ပြဲခံမႈမွာ မပူးေပါင္းခင္ အခ်ိန္ယူတာကို ျမင္ေတြ႕ခဲ့ရတဲ့အခ်ိန္မွာ ဘ႐ူႏို ဖာနန္ဒက္စ္မွာ ေမြးရာပါ ေခါင္းေဆာင္စိတ္ဓာတ္ရွိတယ္ဆိုတာကို ခင္ဗ်ားသိလိုက္ရတာပဲ”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “သူ အၿမဲတမ္း ဂိုးသြင္းတဲ့သူတိုင္းကို ဒီလိုလုပ္ၿပီး သူတို႔ေတြ ေအာင္ပြဲခံတာ ၿပီးတဲ့အထိ ေစာင့္ဆိုင္းေပးတယ္”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

လက္စတာစီးတီးက အလြန္ေကာင္းမြန္တဲ့စတင္မႈ ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ ရက္ရွ္ဖို႔ဒ္က အံ့အားသင့္ဖြယ္ ပုံစံေကာင္းကို ဆက္လက္ျပသၿပီး အဖြင့္ဂိုးကို သြင္းယူခဲ့ၿပီးေနာက္ နည္းျပတန္ဟက္က ေအာင္ပြဲမခံဘဲ ဒါေလာ့တ္ကို ေခၚၿပီး စကၠန႔္ ၃၀ ေလာက္ ၫႊန္ၾကားခ်က္ေတြ ျပဳလုပ္ဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.