ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းအနေနဲ့ ဒီနွေရာသီမှာ သူတို့ရဲ့ အသင်းကနေ စာချုပ်သက်တမ်း မတိုးတော့ဘဲ ထွက်ခွာတော့မယ့် တိုက်စစ်မှူး မားကပ်စ် သူရမ်ကို ခေါ်ယူသွားမယ်ဆို တားဆီးနိုင်တော့မှာ မဟုတ်ဘူးလို့ ဂျာမန် ဘွန်ဒက်စ်လီဂါကလပ် ဘိုရုစီးယား မွန်ချန်ဂလာဘက်ချ် အသင်းတာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ အရပ် ၆ ပေ ၄ လက်မ ရှိတဲ့ အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးကို စောင့်ကြည့်နေခဲ့တာ ကြာပြီဖြစ်ပြီး သူ့ရဲ့ လက်ကျန် စာချုပ်သက်တမ်းအရ ပြောင်းရွှေ့ကြေး ပေးချေလိုခြင်း မရှိတာကြောင့်တာ ဇန်နဝါရီမှာ အလုပ်မဖြစ်ခဲ့တာဖြစ်သလို နွေရာသီမှာတော့ အလွတ်နဲ့ တစ်ကျော့ပြန် ခေါ်ယူဖို့ ကြိုးစားနေခဲ့တာပါ။
ပြင်သစ်လက်ရွေးစင် နောက်ခံလူဟောင်းကြီး လီလီယွန် သူရမ်ရဲ့ သားဖြစ်သူဟာ သူ့ရဲ့ ညီဖြစ်သူ ကက်ဖရင်ထက် ပိုမိုအောင်မြင်တဲ့ ထိပ်တန်း ကစားသမားဘဝကို တည်ဆောက်ထားနိုင်ခဲ့ပြီး လိဂန်ကလပ် ဂွင်ငါးကနေ ဂလာဘက်ချ်ကို ပြောင်းရွှေ့အပြီးမှာ တောင်ပံမှာရော တိုက်စစ်မှာပါ ခြေစွမ်း ပြသနိုင်ခဲ့သလို ဒီရာသီမှာတော့ အထောင်တိုက်စစ်မှူးအဖြစ် ကစားခွင့်နဲ့အတူ သွင်းဂိုး ၁၁ ဂိုး ရယူထားခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်တို့အနေနဲ့တော့ ဂါဘရီယယ်လ် ဂျေဆူးစ် မရှိတဲ့ တိုက်စစ် ဘာဖြစ်သွားတယ်ဆိုတာ ဘောင်မဝင် တန်းမဝင် ချဲလ်ဆီး Reject အက်ဒီ နကီးတီးယားနဲ့ ကောင်းကောင်းတိုင်ပတ်ရင်း သိရှိနေပြီဖြစ်ပြီး သူတို့နှစ်ယောက်ထက် ပိုမိုကြံ့ခိုင်ပြီး အလုံးအထည် သာလွန်တဲ့ ပြင်သစ်တိုက်စစ်မှူးကို အလိုရှိနေခဲ့တာပါ။
ပိတ်ကစားတဲ့ အသင်းတွေနဲ့ တွေ့ရင် ရုန်းကန်ရမှုကိုလည်း လာမယ့်ရာသီမှာ အနည်းဆုံး ချန်ပီယံလိဂ် ဝင်နိုင်မယ့် အသင်းအနေနဲ့ အကောင်ကြီးကြီး အထောင်တိုက်စစ်မှူးတစ်ဦးကို ရှာဖွေဖြည့်ဆည်းရင်း အပြောင်းအလဲလုပ်ဖို့ ရှိနေပြီး ပြောင်းရွှေ့ကြေး ပေးစရာမလိုတဲ့ သူရမ်ကတော့ နည်းပြ အာတီတာအတွက် အကျိုးပြုလာနိုင်ဖွယ်ရှိနေပါတယ်။
မွန်ချန်ဂလာဘက်ချ်ရဲ့ အားကစားဒါရိုက်တာ ရိုလန် ဖားကပ်စ်ကတော့ “ကျွန်တော်တို့အနေနဲ့ ဥရောပအသင်းကြီးတွေဆီ ထွက်ခွာမယ့် မားကပ်စ်ကို မထိန်းသိမ်းနိုင်တော့ပါဘူး”လို့ ဝန်ခံသွားကြောင်း အပြောင်းအရွှေ့ နာမည်ကြီး ဂျာနယ်လစ် ဖာဘရီဇီယို ရိုမာနိုက ဖော်ပြခဲ့အပြီးမှာ အာဆင်နယ်တို့နဲ့ သတင်းတွေ ထွက်လာခဲ့တာပါ။
အာဆင်နယ်တို့အနေနဲ့ ဒီရာသီမှာ ပေသီးခေါက်ပြီး ခေါင်းမာခဲ့တာကနေ ဘယ်လောက်အထိ ဆိုးရွားသွားနိုင်တယ်ဆိုတာ သင်ခန်းစာကြီးကြီး ရရှိထားမှုနဲ့အတူ သူရမ်ကို နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ လုပ်ဆောင်သွားမှာဖြစ်ပြီး အက်ဒီ နကီးတီးယားကို ဘေးမဲ့ပေးနိုင်မယ့် နေ့ရက်တွေ ရောက်လာဖို့ကိုတော့ ပရိသတ်တိုင်းက မျှော်လင့်နေကြကြောင်းလည်း သိရှိရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ပရီးမီးယားလိဂ္ကလပ္ အာဆင္နယ္အသင္းအေနနဲ႔ ဒီေႏြရာသီမွာ သူတို႔ရဲ႕ အသင္းကေန စာခ်ဳပ္သက္တမ္း မတိုးေတာ့ဘဲ ထြက္ခြာေတာ့မယ့္ တိုက္စစ္မႉး မားကပ္စ္ သူရမ္ကို ေခၚယူသြားမယ္ဆို တားဆီးႏိုင္ေတာ့မွာ မဟုတ္ဘူးလို႔ ဂ်ာမန္ ဘြန္ဒက္စ္လီဂါကလပ္ ဘို႐ုစီးယား မြန္ခ်န္ဂလာဘက္ခ်္ အသင္းတာဝန္ရွိသူေတြက ထုတ္ေဖာ္ေျပာၾကားလိုက္ပါတယ္။
အာဆင္နယ္အသင္းအေနနဲ႔ အရပ္ ၆ ေပ ၄ လက္မ ရွိတဲ့ အသက္ ၂၅ ႏွစ္အ႐ြယ္ တိုက္စစ္မႉးကို ေစာင့္ၾကည့္ေနခဲ့တာ ၾကာၿပီျဖစ္ၿပီး သူ႔ရဲ႕ လက္က်န္ စာခ်ဳပ္သက္တမ္းအရ ေျပာင္းေ႐ႊ႕ေၾကး ေပးေခ်လိုျခင္း မရွိတာေၾကာင့္တာ ဇန္နဝါရီမွာ အလုပ္မျဖစ္ခဲ့တာျဖစ္သလို ေႏြရာသီမွာေတာ့ အလြတ္နဲ႔ တစ္ေက်ာ့ျပန္ ေခၚယူဖို႔ ႀကိဳးစားေနခဲ့တာပါ။
ျပင္သစ္လက္ေ႐ြးစင္ ေနာက္ခံလူေဟာင္းႀကီး လီလီယြန္ သူရမ္ရဲ႕ သားျဖစ္သူဟာ သူ႔ရဲ႕ ညီျဖစ္သူ ကက္ဖရင္ထက္ ပိုမိုေအာင္ျမင္တဲ့ ထိပ္တန္း ကစားသမားဘဝကို တည္ေဆာက္ထားႏိုင္ခဲ့ၿပီး လိဂန္ကလပ္ ဂြင္ငါးကေန ဂလာဘက္ခ်္ကို ေျပာင္းေ႐ႊ႕အၿပီးမွာ ေတာင္ပံမွာေရာ တိုက္စစ္မွာပါ ေျခစြမ္း ျပသႏိုင္ခဲ့သလို ဒီရာသီမွာေတာ့ အေထာင္တိုက္စစ္မႉးအျဖစ္ ကစားခြင့္နဲ႔အတူ သြင္းဂိုး ၁၁ ဂိုး ရယူထားခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္တို႔အေနနဲ႔ေတာ့ ဂါဘရီယယ္လ္ ေဂ်ဆူးစ္ မရွိတဲ့ တိုက္စစ္ ဘာျဖစ္သြားတယ္ဆိုတာ ေဘာင္မဝင္ တန္းမဝင္ ခ်ဲလ္ဆီး Reject အက္ဒီ နကီးတီးယားနဲ႔ ေကာင္းေကာင္းတိုင္ပတ္ရင္း သိရွိေနၿပီျဖစ္ၿပီး သူတို႔ႏွစ္ေယာက္ထက္ ပိုမိုႀကံ့ခိုင္ၿပီး အလုံးအထည္ သာလြန္တဲ့ ျပင္သစ္တိုက္စစ္မႉးကို အလိုရွိေနခဲ့တာပါ။
ပိတ္ကစားတဲ့ အသင္းေတြနဲ႔ ေတြ႕ရင္ ႐ုန္းကန္ရမႈကိုလည္း လာမယ့္ရာသီမွာ အနည္းဆုံး ခ်န္ပီယံလိဂ္ ဝင္ႏိုင္မယ့္ အသင္းအေနနဲ႔ အေကာင္ႀကီးႀကီး အေထာင္တိုက္စစ္မႉးတစ္ဦးကို ရွာေဖြျဖည့္ဆည္းရင္း အေျပာင္းအလဲလုပ္ဖို႔ ရွိေနၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပးစရာမလိုတဲ့ သူရမ္ကေတာ့ နည္းျပ အာတီတာအတြက္ အက်ိဳးျပဳလာႏိုင္ဖြယ္ရွိေနပါတယ္။
မြန္ခ်န္ဂလာဘက္ခ်္ရဲ႕ အားကစားဒါ႐ိုက္တာ ႐ိုလန္ ဖားကပ္စ္ကေတာ့ “ကြၽန္ေတာ္တို႔အေနနဲ႔ ဥေရာပအသင္းႀကီးေတြဆီ ထြက္ခြာမယ့္ မားကပ္စ္ကို မထိန္းသိမ္းႏိုင္ေတာ့ပါဘူး”လို႔ ဝန္ခံသြားေၾကာင္း အေျပာင္းအေ႐ႊ႕ နာမည္ႀကီး ဂ်ာနယ္လစ္ ဖာဘရီဇီယို ႐ိုမာႏိုက ေဖာ္ျပခဲ့အၿပီးမွာ အာဆင္နယ္တို႔နဲ႔ သတင္းေတြ ထြက္လာခဲ့တာပါ။
အာဆင္နယ္တို႔အေနနဲ႔ ဒီရာသီမွာ ေပသီးေခါက္ၿပီး ေခါင္းမာခဲ့တာကေန ဘယ္ေလာက္အထိ ဆိုး႐ြားသြားႏိုင္တယ္ဆိုတာ သင္ခန္းစာႀကီးႀကီး ရရွိထားမႈနဲ႔အတူ သူရမ္ကို ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေခၚယူႏိုင္ဖို႔ လုပ္ေဆာင္သြားမွာျဖစ္ၿပီး အက္ဒီ နကီးတီးယားကို ေဘးမဲ့ေပးႏိုင္မယ့္ ေန႔ရက္ေတြ ေရာက္လာဖို႔ကိုေတာ့ ပရိသတ္တိုင္းက ေမွ်ာ္လင့္ေနၾကေၾကာင္းလည္း သိရွိရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.