Premier League

ပီအက်စ်ဂျီထွက်ရင် ပြောင်းရွှေ့မယ့်နေရာကို စဉ်းစားထားပြီးဖြစ်တဲ့ မက်ဆီ

ကျော်ကြားတဲ့ ဂျာနယ်လစ် ဂျရတ် ရိုမဲရိုးက ပီအက်စ်ဂျီကြယ်ပွင့် လီယွန်နယ် မက်ဆီဟာ ဘာစီလိုနာအသင်းကို ပြန်လည်ပြောင်းရွှေဖို့ စိတ်ဝင်စားနေတယ်လို့ ပြောကြားခဲ့ပါတယ်။

အာဂျင်တီးနားဂန္တဝင်တိုက်စစ်မှူးဟာ ၎င်းရဲ့ ကိုယ်စားလှယ်တွေနဲ့ နူးကမ့်ကို ပြန်သွားနိုင်ဖို့ ဖြစ်နိုင်ခြေတွေကို ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ ရိုမဲရိုးက ပြောကြားခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီကြယ်ပွင့်ဟာ ဘာစီလိုနာနဲ့ ၁၆ နှစ်ကြာ ဆုဖလားအောင်မြင်မှုတွေ ပြည့်နှက်နေတဲ့အချိန်တွေကို ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

လီယွန်နယ် မက်ဆီဟာ ၂၀၂၁ ခုနှစ်နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ နူးကမ့်ကို စွန့်ခွာခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းက ခေါ်ယူခဲ့ပြီးနောက် လိဂန်းအသင်းကြီးအတွက် အရေးအကြီးဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့တာဖြစ်ပါတယ်။ လီယွန်နယ် မက်ဆီရဲ့ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်းဟာ လာမယ့် ဇွန်လမှာ သက်တမ်းကုန်ဆုံးတော့မှာဖြစ်တာကြောင့် ၎င်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေလည်း ပြင်းထန်လာခဲ့တာဖြစ်ပါတယ်။

သတင်းဌာနအများအပြားရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းဟာ အနည်းဆုံးနောက်ထပ်တစ်ရာသီလောက် လီယွန်နယ် မက်ဆီကို ဆက်လက် ထိန်းသိမ်းထားချင်တဲ့ဆန္ဒရှိနေတယ်လို့ သိရပေမယ့်လည်း ရိုမဲရိုးက အာဂျင်တီးနားကြယ်ပွင့်အတွက် ဘာစီလိုနာက ရွေးချယ်စရာအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

‘Gol a gol’အစီအစဉ်မှာ ရိုမဲရိုးက ဘာစီလိုနာအသင်းအတွက် လီယွန်နယ် မက်ဆီ နောက်ထပ်တစ်ကြိမ်ကစားပေးတာကို မြင်တွေ့ရဖို့ အခွင့်အရေး အနည်းငယ်ရှိနေတယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

“ကျွန်တော် မက်ဆီပြန်လာမယ်ဆိုတာတွေကို မငြင်းပယ်သေးပါဘူး။ အဲဒါက အရမ်း ခက်ခဲပါတယ်။ ဒါပေမယ့် ကျွန်တော် အဲဒီသတင်းကို မငြင်းပါဘူး။ လီယိုက သူ့ရဲ့ ကိုယ်စားလှယ်တွေကို ဘာစီလိုနာက ရွေးချယ်စရာတစ်ခုလို့ ဆက်ပြီး ပြောနေတုန်းပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

လီယွန်နယ် မက်ဆီဟာ နူးကမ့်ကို မစွန့်ခွာခင် ဘာစီလိုနာအသင်းအတွက် ပြိုင်ပွဲစုံ ၇၇၈ ပွဲ ပါဝင်ကစားပေးခဲ့ရာမှာ ၆၇၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၃၀၃ ကြိမ် ပြုလုပ်ပေးနိုင်ခဲ့တာဖြစ်ပြီး စပိန်မှာ ချန်ပီယံလိဂ်ဖလား ၄ ကြိမ်၊ လာလီဂါဖလား ၁၀ ကြိမ်နဲ့ ဘလွန်ဒေါ ၆ ကြိမ် ရရှိခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေက်ာ္ၾကားတဲ့ ဂ်ာနယ္လစ္ ဂ်ရတ္ ႐ိုမဲ႐ိုးက ပီအက္စ္ဂ်ီၾကယ္ပြင့္ လီယြန္နယ္ မက္ဆီဟာ ဘာစီလိုနာအသင္းကို ျပန္လည္ေျပာင္းေ႐ႊဖို႔ စိတ္ဝင္စားေနတယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အာဂ်င္တီးနားဂႏၲဝင္တိုက္စစ္မႉးဟာ ၎ရဲ႕ ကိုယ္စားလွယ္ေတြနဲ႔ ႏူးကမ့္ကို ျပန္သြားႏိုင္ဖို႔ ျဖစ္ႏိုင္ေျခေတြကို ေဆြးေႏြးမႈေတြ ဆက္လက္ လုပ္ေဆာင္ေနတယ္လို႔ ႐ိုမဲ႐ိုးက ေျပာၾကားခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ဘာစီလိုနာနဲ႔ ၁၆ ႏွစ္ၾကာ ဆုဖလားေအာင္ျမင္မႈေတြ ျပည့္ႏွက္ေနတဲ့အခ်ိန္ေတြကို ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ၂၀၂၁ ခုႏွစ္ေႏြရာသီမွာ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ႏူးကမ့္ကို စြန႔္ခြာခဲ့တာျဖစ္ၿပီး ပီအက္စ္ဂ်ီအသင္းက ေခၚယူခဲ့ၿပီးေနာက္ လိဂန္းအသင္းႀကီးအတြက္ အေရးအႀကီးဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ လီယြန္နယ္ မက္ဆီရဲ႕ ပီအက္စ္ဂ်ီအသင္းနဲ႔ စာခ်ဳပ္သက္တမ္းဟာ လာမယ့္ ဇြန္လမွာ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္တာေၾကာင့္ ၎ရဲ႕အနာဂတ္နဲ႔ပတ္သက္ၿပီး ေကာလာဟလေတြလည္း ျပင္းထန္လာခဲ့တာျဖစ္ပါတယ္။

သတင္းဌာနအမ်ားအျပားရဲ႕ ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီအသင္းဟာ အနည္းဆုံးေနာက္ထပ္တစ္ရာသီေလာက္ လီယြန္နယ္ မက္ဆီကို ဆက္လက္ ထိန္းသိမ္းထားခ်င္တဲ့ဆႏၵရွိေနတယ္လို႔ သိရေပမယ့္လည္း ႐ိုမဲ႐ိုးက အာဂ်င္တီးနားၾကယ္ပြင့္အတြက္ ဘာစီလိုနာက ေ႐ြးခ်ယ္စရာအျဖစ္ ရွိေနဆဲျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။

‘Gol a gol’အစီအစဥ္မွာ ႐ိုမဲ႐ိုးက ဘာစီလိုနာအသင္းအတြက္ လီယြန္နယ္ မက္ဆီ ေနာက္ထပ္တစ္ႀကိမ္ကစားေပးတာကို ျမင္ေတြ႕ရဖို႔ အခြင့္အေရး အနည္းငယ္ရွိေနတယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

“ကြၽန္ေတာ္ မက္ဆီျပန္လာမယ္ဆိုတာေတြကို မျငင္းပယ္ေသးပါဘူး။ အဲဒါက အရမ္း ခက္ခဲပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အဲဒီသတင္းကို မျငင္းပါဘူး။ လီယိုက သူ႔ရဲ႕ ကိုယ္စားလွယ္ေတြကို ဘာစီလိုနာက ေ႐ြးခ်ယ္စရာတစ္ခုလို႔ ဆက္ၿပီး ေျပာေနတုန္းပါပဲ”လို႔ ေျပာၾကားခဲ့ပါတယ္။

လီယြန္နယ္ မက္ဆီဟာ ႏူးကမ့္ကို မစြန႔္ခြာခင္ ဘာစီလိုနာအသင္းအတြက္ ၿပိဳင္ပြဲစုံ ၇၇၈ ပြဲ ပါဝင္ကစားေပးခဲ့ရာမွာ ၆၇၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၃၀၃ ႀကိမ္ ျပဳလုပ္ေပးႏိုင္ခဲ့တာျဖစ္ၿပီး စပိန္မွာ ခ်န္ပီယံလိဂ္ဖလား ၄ ႀကိမ္၊ လာလီဂါဖလား ၁၀ ႀကိမ္နဲ႔ ဘလြန္ေဒါ ၆ ႀကိမ္ ရရွိခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.