La Liga

ဘာစီလိုနာကြယ်ပွင့်အပေါ်မှာ တရားမျှတမှုမရှိခဲ့ဘူးလို့ ဝန်ခံလိုက်တဲ့ ဇာဗီ

ဘာစီလိုနာနည်းပြ ဇာဗီက နောက်ခံကစားသမား အဲရစ် ဂါစီယာဟာ ပွဲကစားချိန် ပိုမို ရရှိဖို့ ထိုက်တန်တဲ့ ကစားသမားဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

စပိန်ဗဟိုခံစစ်ကစားသမားဟာ ယခုရာသီမှာ ပြိုင်ပွဲစုံ ၁၈ ပွဲ ပါဝင်ကစားပေးထားပြီး သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ပေးထားတဲ့ ကစားသမားဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲရစ် ဂါစီယာဟာ ဇာဗီရဲ့လူစာရင်းထဲက ပွဲထွက်ခွင့်နေရာမှာ နေရာမရဖြစ်ခဲ့တာဖြစ်ပြီး အထူးသဖြင့် လာလီဂါမှာ ပုံမှန်ပွဲထွက်ခွင့်မရဖြစ်ခဲ့တာ ဖြစ်ပါတယ်။

ဂါစီယာဟာ ယခုရာသီ လာလီဂါမှာ ၁၁ ပွဲသာ ပါဝင်ကစားပေးထားရသေးတာဖြစ်ပြီး နောက်ဆုံး ကစားခဲ့တဲ့ပွဲစဉ်ဟာ ဇန်နဝါရီ ၂၇ ရက်နေ့က ဂီရိုနာကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဖြစ်ပါတယ်။

ယနေ့ည ကဒစ်ဇ်နဲ့ ကစားရမယ့် အိမ်ကွင်းပွဲစဉ်မတိုင်ခင်မှာ ဇာဗီက “အဲရစ် ဂါစီယာလား။ ကျွန်တော် သူနဲ့ပတ်သက်ပြီး မမျှတခဲ့ပါဘူး။ သူ အမြဲတမ်းကောင်းကောင်း လေ့ကျင့်နေတယ်။ သူက ဘယ်တော့မှ စောဒကမတက်ဘဲ အမြဲတမ်း အကောင်းမြင်စိတ်ရှိတယ်။ အဲရစ်က မိနစ်တွေပိုရဖို့ ထိုက်တန်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

အဲရစ် ဂါစီယာဟာ ၂၀၁၇ ခုနှစ်မှာ မန်ချက်စတာစီးတီး ယူ-၁၈ အသင်းကို မပြောင်းရွှေ့ခင် ဘာစီလိုနာလူငယ်အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး ၂၀၂၁ ခုနှစ်နွေရာသီမှာ စပိန်လာလီဂါထိပ်သီးအသင်းကြီးကို ပြန်လည် ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

အဲရစ် ဂါစီယာဟာ ဘာစီလိုနာအသင်းအတွက် စီနီယာပွဲ ၅၄ ပွဲ ပါဝင်ကစားပေးထားပြီး ဇာဗီက ရော်နယ် အာရာအူဟိုနဲ့ ခရစ္စတင်ဆန်တို့ကို ပြီးခဲ့တဲ့ပွဲစဉ်တွေမှာ ဗဟိုခံစစ်အတွဲအဖြစ် ပိုမို အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ မတူညီတဲ့ ပြိုင်ပွဲ ၃ ခုမှာ ယှဉ်ပြိုင်နေရတာကြောင့် အဲရစ် ဂါစီယာအနေနဲ့ ဇာဗီရဲ့ ပွဲထွက်လူစာရင်းထဲမှာ ပြန်လည်ပါဝင်နိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဘာစီလိုနာနည္းျပ ဇာဗီက ေနာက္ခံကစားသမား အဲရစ္ ဂါစီယာဟာ ပြဲကစားခ်ိန္ ပိုမို ရရွိဖို႔ ထိုက္တန္တဲ့ ကစားသမားျဖစ္တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

စပိန္ဗဟိုခံစစ္ကစားသမားဟာ ယခုရာသီမွာ ၿပိဳင္ပြဲစုံ ၁၈ ပြဲ ပါဝင္ကစားေပးထားၿပီး သြင္းဂိုး ၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၂ ႀကိမ္ ျပဳလုပ္ေပးထားတဲ့ ကစားသမားျဖစ္ပါတယ္။ ဒါေပမယ့္လည္း အဲရစ္ ဂါစီယာဟာ ဇာဗီရဲ႕လူစာရင္းထဲက ပြဲထြက္ခြင့္ေနရာမွာ ေနရာမရျဖစ္ခဲ့တာျဖစ္ၿပီး အထူးသျဖင့္ လာလီဂါမွာ ပုံမွန္ပြဲထြက္ခြင့္မရျဖစ္ခဲ့တာ ျဖစ္ပါတယ္။

ဂါစီယာဟာ ယခုရာသီ လာလီဂါမွာ ၁၁ ပြဲသာ ပါဝင္ကစားေပးထားရေသးတာျဖစ္ၿပီး ေနာက္ဆုံး ကစားခဲ့တဲ့ပြဲစဥ္ဟာ ဇန္နဝါရီ ၂၇ ရက္ေန႔က ဂီ႐ိုနာကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ ျဖစ္ပါတယ္။

ယေန႔ည ကဒစ္ဇ္နဲ႔ ကစားရမယ့္ အိမ္ကြင္းပြဲစဥ္မတိုင္ခင္မွာ ဇာဗီက “အဲရစ္ ဂါစီယာလား။ ကြၽန္ေတာ္ သူနဲ႔ပတ္သက္ၿပီး မမွ်တခဲ့ပါဘူး။ သူ အၿမဲတမ္းေကာင္းေကာင္း ေလ့က်င့္ေနတယ္။ သူက ဘယ္ေတာ့မွ ေစာဒကမတက္ဘဲ အၿမဲတမ္း အေကာင္းျမင္စိတ္ရွိတယ္။ အဲရစ္က မိနစ္ေတြပိုရဖို႔ ထိုက္တန္ပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။

အဲရစ္ ဂါစီယာဟာ ၂၀၁၇ ခုႏွစ္မွာ မန္ခ်က္စတာစီးတီး ယူ-၁၈ အသင္းကို မေျပာင္းေ႐ႊ႕ခင္ ဘာစီလိုနာလူငယ္အကယ္ဒမီကေန ထြက္ေပၚလာခဲ့သူျဖစ္ၿပီး ၂၀၂၁ ခုႏွစ္ေႏြရာသီမွာ စပိန္လာလီဂါထိပ္သီးအသင္းႀကီးကို ျပန္လည္ ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။

အဲရစ္ ဂါစီယာဟာ ဘာစီလိုနာအသင္းအတြက္ စီနီယာပြဲ ၅၄ ပြဲ ပါဝင္ကစားေပးထားၿပီး ဇာဗီက ေရာ္နယ္ အာရာအူဟိုနဲ႔ ခရစၥတင္ဆန္တို႔ကို ၿပီးခဲ့တဲ့ပြဲစဥ္ေတြမွာ ဗဟိုခံစစ္အတြဲအျဖစ္ ပိုမို အသုံးျပဳခဲ့တာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ မတူညီတဲ့ ၿပိဳင္ပြဲ ၃ ခုမွာ ယွဥ္ၿပိဳင္ေနရတာေၾကာင့္ အဲရစ္ ဂါစီယာအေနနဲ႔ ဇာဗီရဲ႕ ပြဲထြက္လူစာရင္းထဲမွာ ျပန္လည္ပါဝင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.