La Liga

ပရီးမီယားလိဂ်က ကမ်းလှမ်းမှု ၂ ခုရထားလို့ ရာသီကုန်ထွက်မယ်လို့ ပီးရက်ဇ်ကို ပြောခဲ့တဲ့ ရီးရဲလ်ကြယ်ပွင့်

ရီးရဲလ်မက်ဒရစ်နောက်ခံကစားသမား နာချို ဖာနန်ဒက်ဇ်ဟာ ယခုလာမယ့် ဇွန်လမှာ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ အသင်းကို စွန့်ခွာမှာဖြစ်တယ်လို့ ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရန်တီ ပီးရက်ဇ်ကို အသိပေးခဲ့တယ်လို့ သိရပါတယ်။

နေရာစုံကစားနိုင်တဲ့ နောက်ခံကစားသမားဟာ ပရီးမီးယားလိဂ်က ကမ်းလှမ်းမှု ၂ ခု ရရှိထားတယ်လို့ El Chiringuito ရဲ့ ဖော်ပြချက်အရ သိရပြီး အသက် ၃၃ နှစ်အရွယ် နောက်ခံလူဟာ မေဂျာလိဂ်ကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ AS ကလည်း ဖော်ပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်မှာ ၂၀၀၁ ခုနှစ်ကတည်းက ရှိနေခဲ့တဲ့ နာချို ဖာနန်ဒက်ဇ်ဟာ အတွေ့အကြုံသစ်တွေ ရှာဖွေဖို့အတွက် အပြောင်းအရွှေ့ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပုံပေါ်ပြီး ပရီးမီယားလိဂ်ကို ပြောင်းရွှေ့ဖို့ ရှိပေမယ့်လည်း အမေရိကားကိုလည်း ပြောင်းရွှေ့ကောင်း ပြောင်းရွှေ့သွားနိုင်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။

သတင်းတွေအရ အူနိုင်း အမ်မရီရော လိုပတယ်ဂီတို့ ၂ ဦးစလုံးဟာ အသက် ၃၃ နှစ်အရွယ် နောက်ခံကစားသမားကို ၎င်းတို့ရဲ့ သက်ဆိုင်ရာအသင်းတွေဖြစ်တဲ့ အက်စတန် ဗီလာနဲ့ ဝုလ်ဗ်စ်တို့အတွက် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

နာချိုဟာ ၎င်းရဲ့ ကစားသမားဘဝအချိန်အများစုကို လူစားဝင်ကစားသမားအဖြစ် အချိန်ကုန်ဆုံးခဲ့သူဖြစ်ပေမယ့်လည်း ယခုရာသီဟာ အဲဒီအခန်းကဏ္ဍမှာ ကစားတဲ့ နောက်ဆုံးအကြိမ် ဖြစ်လာနိုင်ခြေရှိနေတာ ဖြစ်ပါတယ်။

ဆာဂျီယို ရာမို့စ်နဲ့ ရာဖေးလ် ဗာရွမ်းတို့အတွဲရဲ့နောက်မှာ ပွဲထွက်ကစားခွင့် ရရှိခဲ့တာကို ပျော်ရွှင်ခဲ့ပေမယ့်လည်း နာချိုဟာ ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ၂ ဦးစလုံး ထွက်ခွာသွားပြီဖြစ်တာကြောင့် ပွဲကစားချိန် ပိုမိုရရှိလိမ့်မယ်လို့ မျှော်လင့်ခဲ့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီမျှော်လင့်ချက်က အမှန်တကယ်ဖြစ်မလာခဲ့ဘဲ စပိန်နောက်ခံလူဟာ ကစားသမားဘဝတလျှောက်လုံး ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားဖြစ်လာဖို့ ရည်မှန်းခဲ့တာဖြစ်ပေမယ့်လည်း အန်ချယ်လော့တီ ယခုရာသီမှာ ပြန်လာခဲ့မှုကြောင့် အရန်ကစားသမားအခန်းကဏ္ဍကိုသာ ပြန်ရောက်သွားခဲ့တာကြောင့် စိတ်ပျက်ခဲ့ရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရီးရဲလ္မက္ဒရစ္ေနာက္ခံကစားသမား နာခ်ိဳ ဖာနန္ဒက္ဇ္ဟာ ယခုလာမယ့္ ဇြန္လမွာ စာခ်ဳပ္သက္တမ္းကုန္ဆုံးတာနဲ႔ အသင္းကို စြန႔္ခြာမွာျဖစ္တယ္လို႔ ရီးရဲလ္မက္ဒရစ္ဥကၠဌ ဖေလာ္ရန္တီ ပီးရက္ဇ္ကို အသိေပးခဲ့တယ္လို႔ သိရပါတယ္။

ေနရာစုံကစားႏိုင္တဲ့ ေနာက္ခံကစားသမားဟာ ပရီးမီးယားလိဂ္က ကမ္းလွမ္းမႈ ၂ ခု ရရွိထားတယ္လို႔ El Chiringuito ရဲ႕ ေဖာ္ျပခ်က္အရ သိရၿပီး အသက္ ၃၃ ႏွစ္အ႐ြယ္ ေနာက္ခံလူဟာ ေမဂ်ာလိဂ္ကို ေျပာင္းေ႐ႊ႕ဖြယ္ရွိတယ္လို႔ AS ကလည္း ေဖာ္ျပခဲ့ပါတယ္။

ရီးရဲလ္မက္ဒရစ္မွာ ၂၀၀၁ ခုႏွစ္ကတည္းက ရွိေနခဲ့တဲ့ နာခ်ိဳ ဖာနန္ဒက္ဇ္ဟာ အေတြ႕အႀကဳံသစ္ေတြ ရွာေဖြဖို႔အတြက္ အေျပာင္းအေ႐ႊ႕ျပဳလုပ္ဖို႔ ဆုံးျဖတ္ခဲ့ပုံေပၚၿပီး ပရီးမီယားလိဂ္ကို ေျပာင္းေ႐ႊ႕ဖို႔ ရွိေပမယ့္လည္း အေမရိကားကိုလည္း ေျပာင္းေ႐ႊ႕ေကာင္း ေျပာင္းေ႐ႊ႕သြားႏိုင္တယ္လို႔ သတင္းေတြက ေဖာ္ျပခဲ့ပါတယ္။

သတင္းေတြအရ အူႏိုင္း အမ္မရီေရာ လိုပတယ္ဂီတို႔ ၂ ဦးစလုံးဟာ အသက္ ၃၃ ႏွစ္အ႐ြယ္ ေနာက္ခံကစားသမားကို ၎တို႔ရဲ႕ သက္ဆိုင္ရာအသင္းေတြျဖစ္တဲ့ အက္စတန္ ဗီလာနဲ႔ ဝုလ္ဗ္စ္တို႔အတြက္ ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

နာခ်ိဳဟာ ၎ရဲ႕ ကစားသမားဘဝအခ်ိန္အမ်ားစုကို လူစားဝင္ကစားသမားအျဖစ္ အခ်ိန္ကုန္ဆုံးခဲ့သူျဖစ္ေပမယ့္လည္း ယခုရာသီဟာ အဲဒီအခန္းက႑မွာ ကစားတဲ့ ေနာက္ဆုံးအႀကိမ္ ျဖစ္လာႏိုင္ေျခရွိေနတာ ျဖစ္ပါတယ္။

ဆာဂ်ီယို ရာမို႔စ္နဲ႔ ရာေဖးလ္ ဗာ႐ြမ္းတို႔အတြဲရဲ႕ေနာက္မွာ ပြဲထြက္ကစားခြင့္ ရရွိခဲ့တာကို ေပ်ာ္႐ႊင္ခဲ့ေပမယ့္လည္း နာခ်ိဳဟာ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ၂ ဦးစလုံး ထြက္ခြာသြားၿပီျဖစ္တာေၾကာင့္ ပြဲကစားခ်ိန္ ပိုမိုရရွိလိမ့္မယ္လို႔ ေမွ်ာ္လင့္ခဲ့မွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီေမွ်ာ္လင့္ခ်က္က အမွန္တကယ္ျဖစ္မလာခဲ့ဘဲ စပိန္ေနာက္ခံလူဟာ ကစားသမားဘဝတေလွ်ာက္လုံး ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားျဖစ္လာဖို႔ ရည္မွန္းခဲ့တာျဖစ္ေပမယ့္လည္း အန္ခ်ယ္ေလာ့တီ ယခုရာသီမွာ ျပန္လာခဲ့မႈေၾကာင့္ အရန္ကစားသမားအခန္းက႑ကိုသာ ျပန္ေရာက္သြားခဲ့တာေၾကာင့္ စိတ္ပ်က္ခဲ့ရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.