La Liga Ligue1

ပီအက်စ်ဂျီကြယ်ပွင့်နဲ့အတူ သားဖြစ်သူပါ ခေါ်ဖို့ ပီးရက်ဇ်ကို တောင်းဆိုခဲ့တဲ့ အမ်ဘာပေရဲ့မိခင်

ခီလီယန် အမ်ဘာပေရဲ့ မိခင် ဖေဇာ လာမာရီက ရီးရဲလ်မက်ဒရစ်ဥက္ကဌ ဖလော်ရန်တီနို ပီးရက်ဇ်ကို ပီအက်စ်ဂျီကြယ်ပွင့်တိုက်စစ်မှူးက ဘာနေဗျူးကို ပြောင်းရွှေ့ချင်တဲ့ဆန္ဒရှိနေတယ်လို့ အသိပေးခဲ့ကြောင်း El Nacional က ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း ဒီအပြောင်းအရွှေ့ဟာ အမ်ဘာပေက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိကပစ်မှတ်ကစားသမားဖြစ်နေမှသာ ဖြစ်နိုင်မှာဖြစ်ပြီး ပြင်သစ်တိုက်စစ်မှူးရဲ့ စာချုပ်ပါအချက်တွေကလည်း အသင်းအပေါ် ၎င်းရဲ့ ကြီးမားတဲ့ အရေးပါမှုကို ရောင်ပြန်ဟပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ဒီအပြောင်းအရွှေ့ကို ပိုလို့တောင် ဆွဲဆောင်မှုရှိစေတာက လာမာရီက ရီးရဲလ်မက်ဒရစ်ကို အမ်ဘာပေရဲ့ ကစားဖော် သူငယ်ချင်းဖြစ်တဲ့ ဟာကီမီကိုပါ ခေါ်ယူဖို့အတွက် အဆိုပြုခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အတွက်တော့ မော်ရိုကို နောက်ခံလူကို ခေါ်ယူဖို့ အိပ်မက်က အမှန်တကယ် ဖြစ်လာနိုင်ခြေရှိနေတာဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းရဲ့ လက်ရှိ ညာနောက်ခံလူ ကာဗာဟယ်ဟာ ကမ္ဘာ့အဆင့်ကစားသမားဖြစ်ပေမယ့်လည်း စပိန်နောက်ခံလူရဲ့ နေရာမှာ ကာလရှည် ဆက်ခံနိုင်မယ့် ကစားသမားကို ရှာဖွေနေခဲ့တာကြာပြီဖြစ်တာကြောင့် အံ့အားသင့်စရာမဟုတ်တော့တာဖြစ်ပါတယ်။

ဟာကီမီဟာ ရီးရဲလ်မက်ဒရစ်လူငယ်အသင်းနဲ့အတူ လေ့ကျင့်ခဲ့ဖူးသူဖြစ်တာကြောင့် ကာဗာဟယ်ရဲ့ နေရာအတွက် လုံးဝ သင့်တော်သူအဖြစ် ရှုမြင်ခြင်းခံထားရပြီး အဲဒီအပြင် ပီအက်စ်ဂျီနောက်ခံလူက ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်ဖလားရရှိခဲ့တဲ့အချိန်ကို ပြန်ပြောင်းပြောဆိုခဲ့ပြီး အသင်းဟောင်းနဲ့ အားကောင်းတဲ့ ဆက်နွယ်မှုရှိတယ်ဆိုတဲ့အကြောင်းကို ပြောကြားခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းဟာ ဟာကီမီအတွက် အင်တာမီလန်အသင်းကို ယူရို ၆၈ သန်းအထိ ပေးချေခဲ့ရတာကြောင့် မော်ရိုကို နောက်ခံလူနဲ့ လမ်းခွဲချင်လာအောင် စည်းရုံးဖို့ကတော့ ခက်ခဲမှာဖြစ်ပြီး ယေဘုယျအားဖြင့်တော့ ကစားသမားတွေ အပြောင်းအရွှေ့ပြုလုပ်ခွင့်တောင်းဆိုရင်တောင် ခွင့်ပြုလေ့မရှိတာဖြစ်ပါတယ်။

အဲဒီထက်ပိုတာက ပီအက်စ်ဂျီအသင်းဥက္ကဌ နက်ဆာ အယ်လ်ခါလေဖီက ဟာကီမီကို အမ်ဘာပေနဲ့အတူ ဘာနေဗျူးကို သွားရောက်ပူးပေါင်းမယ့် အကြံအစည်ကို သဘောမတူဖို့က များနေတာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ခီလီယန္ အမ္ဘာေပရဲ႕ မိခင္ ေဖဇာ လာမာရီက ရီးရဲလ္မက္ဒရစ္ဥကၠဌ ဖေလာ္ရန္တီႏို ပီးရက္ဇ္ကို ပီအက္စ္ဂ်ီၾကယ္ပြင့္တိုက္စစ္မႉးက ဘာေနဗ်ဴးကို ေျပာင္းေ႐ႊ႕ခ်င္တဲ့ဆႏၵရွိေနတယ္လို႔ အသိေပးခဲ့ေၾကာင္း El Nacional က ေဖာ္ျပခဲ့ပါတယ္။

ဒါေပမယ့္လည္း ဒီအေျပာင္းအေ႐ႊ႕ဟာ အမ္ဘာေပက ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ အဓိကပစ္မွတ္ကစားသမားျဖစ္ေနမွသာ ျဖစ္ႏိုင္မွာျဖစ္ၿပီး ျပင္သစ္တိုက္စစ္မႉးရဲ႕ စာခ်ဳပ္ပါအခ်က္ေတြကလည္း အသင္းအေပၚ ၎ရဲ႕ ႀကီးမားတဲ့ အေရးပါမႈကို ေရာင္ျပန္ဟပ္ဖို႔ လိုအပ္မွာ ျဖစ္ပါတယ္။

ဒီအေျပာင္းအေ႐ႊ႕ကို ပိုလို႔ေတာင္ ဆြဲေဆာင္မႈရွိေစတာက လာမာရီက ရီးရဲလ္မက္ဒရစ္ကို အမ္ဘာေပရဲ႕ ကစားေဖာ္ သူငယ္ခ်င္းျဖစ္တဲ့ ဟာကီမီကိုပါ ေခၚယူဖို႔အတြက္ အဆိုျပဳခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အတြက္ေတာ့ ေမာ္႐ိုကို ေနာက္ခံလူကို ေခၚယူဖို႔ အိပ္မက္က အမွန္တကယ္ ျဖစ္လာႏိုင္ေျခရွိေနတာျဖစ္ပါတယ္။

ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ လက္ရွိ ညာေနာက္ခံလူ ကာဗာဟယ္ဟာ ကမာၻ႔အဆင့္ကစားသမားျဖစ္ေပမယ့္လည္း စပိန္ေနာက္ခံလူရဲ႕ ေနရာမွာ ကာလရွည္ ဆက္ခံႏိုင္မယ့္ ကစားသမားကို ရွာေဖြေနခဲ့တာၾကာၿပီျဖစ္တာေၾကာင့္ အံ့အားသင့္စရာမဟုတ္ေတာ့တာျဖစ္ပါတယ္။

ဟာကီမီဟာ ရီးရဲလ္မက္ဒရစ္လူငယ္အသင္းနဲ႔အတူ ေလ့က်င့္ခဲ့ဖူးသူျဖစ္တာေၾကာင့္ ကာဗာဟယ္ရဲ႕ ေနရာအတြက္ လုံးဝ သင့္ေတာ္သူအျဖစ္ ရႈျမင္ျခင္းခံထားရၿပီး အဲဒီအျပင္ ပီအက္စ္ဂ်ီေနာက္ခံလူက ရီးရဲလ္မက္ဒရစ္နဲ႔အတူ ခ်န္ပီယံလိဂ္ဖလားရရွိခဲ့တဲ့အခ်ိန္ကို ျပန္ေျပာင္းေျပာဆိုခဲ့ၿပီး အသင္းေဟာင္းနဲ႔ အားေကာင္းတဲ့ ဆက္ႏြယ္မႈရွိတယ္ဆိုတဲ့အေၾကာင္းကို ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္းဟာ ဟာကီမီအတြက္ အင္တာမီလန္အသင္းကို ယူ႐ို ၆၈ သန္းအထိ ေပးေခ်ခဲ့ရတာေၾကာင့္ ေမာ္႐ိုကို ေနာက္ခံလူနဲ႔ လမ္းခြဲခ်င္လာေအာင္ စည္း႐ုံးဖို႔ကေတာ့ ခက္ခဲမွာျဖစ္ၿပီး ေယဘုယ်အားျဖင့္ေတာ့ ကစားသမားေတြ အေျပာင္းအေ႐ႊ႕ျပဳလုပ္ခြင့္ေတာင္းဆိုရင္ေတာင္ ခြင့္ျပဳေလ့မရွိတာျဖစ္ပါတယ္။

အဲဒီထက္ပိုတာက ပီအက္စ္ဂ်ီအသင္းဥကၠဌ နက္ဆာ အယ္လ္ခါေလဖီက ဟာကီမီကို အမ္ဘာေပနဲ႔အတူ ဘာေနဗ်ဴးကို သြားေရာက္ပူးေပါင္းမယ့္ အႀကံအစည္ကို သေဘာမတူဖို႔က မ်ားေနတာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.