Premier League

မန္စီးတီးအတြက္ UEFA ၏ စစ္ေဆးမွဳ မၿပီးဆုံးေသးဘဲ ၂၀၁၆ ေနာက္ပုိင္းကိစၥမ်ားအား ဆက္လက္စစ္ေဆးမည္

မန္ခ်က္စတာစီးတီးအသင္းအတြက္ UEFA က ခ်မွတ္ထားတဲ့ ျပစ္ဒဏ္ဟာ အဲ့ဒီပမာဏမွာတင္ ရပ္ဆုိင္းသြားဖို႔ မရွိေသးဘဲ ထပ္မံစစ္ေဆး သြားဦးမွာျဖစ္ၿပီး လက္ရွိျပစ္ဒဏ္ဟာ ၂၀၁၂ ကေန ၂၀၁၆ ခုႏွစ္အတြင္း စပြန္ဆာေၾကးေငြ စာရင္းျပမွဳကို ကိုင္တြယ္ခဲ့တာသက္သက္ပဲ ရွိေသးတယ္လို႔ သက္ဆုိင္ရာက ေၾကျငာခ်က္ထုတ္ျပန္လုိက္ပါတယ္။

UEFA ရဲ႕ စစ္ေဆးေတြ႕ရွိမွဳေတြအရ အသင္းပုိင္ရွင္ ရွိတ္မန္ေဆာ္နဲ႔ ပတ္သက္ခဲ့တဲ့ ကုမၸဏီေတြျဖစ္တဲ့ Aabar Investments, တယ္လီဖုန္း ဆက္သြယ္ေရးကုမၸဏီ အီတီဆာလတ္နဲ႔ အစ္တီဟတ္အုပ္စုတို႔ဟာ မန္စီးတီးအသင္းကို စပြန္ဆာေပးထားတဲ့ ေငြေၾကးစီးဆင္းရာေတြအျဖစ္ ျပသခဲ့တာျဖစ္ၿပီး ဒါဟာ လက္မခံႏုိင္စရာျဖစ္တယ္လုိ႔ ေဒးလီးေမးလ္က ေဖာ္ျပခဲ့ပါတယ္။

ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕ ကန္႔သတ္ခ်က္အရ အသင္းတစ္သင္းကို ဆက္ႏြယ္ေနတဲ့ စီးပြားေရးလုပ္ငန္းေတြကေန စပြန္ဆာေပးမွဳမ်ဳိးကို လက္ခံမွာ မဟုတ္ဘူးလို႔ သိရၿပီး အသင္းပုိင္ရွင္ရဲ႕ ကိုယ္ပုိင္ေငြစိုက္ထုတ္ၿပီး ရင္းႏွီးျမႇဳပ္ႏွံမွဳကို ကာကြယ္ဖို႔ျဖစ္ေၾကာင္းလည္း ေလ့လာသိရွိရပါတယ္။

လက္ရွိျပစ္ဒဏ္ရဲ႕ စစ္ေဆးမွဳကို ထုတ္ျပန္ခ်က္အရ UEFA ဟာ မန္စီးတီးအသင္းရဲ႕ ၂၀၁၆ မတုိင္ခင္က ကိစၥေတြအတြက္သာ လုပ္ေဆာင္ခဲ့ရေသးၿပီး ဒီေနာက္ပုိင္း ၂၀၂၀ ခုႏွစ္အထိ ကိစၥေတြကိုလည္း ဆက္လက္စစ္ေဆးၿပီး Financial Fair Play Rule ကို စည္းကမ္းေဖာက္ဖ်က္မွဳတစ္စုံတစ္ရာရွိခဲ့ရင္ ထပ္မံအေရးယူသြားဦးမယ္လို႔လည္း ဆုိပါတယ္။

ဒါဟာ အားကစားခုံ႐ုံးမွာ အယူခံဝင္လုိက္ရင္ ဒီျပစ္ဒဏ္ကေန ေရွာင္လႊဲႏုိင္မယ္လို႔ ထင္ျမင္ေနၾကတဲ့ အသင္းတာဝန္ရွိသူေတြအတြက္ေတာ့ ေနာက္ထပ္စိန္ေခၚမွဳတစ္ရပ္လည္းျဖစ္ခဲ့ၿပီး UEFA ဘက္ကေတာ့ မန္စီးတီးရဲ႕ Case ကို ပိတ္သိမ္းသြားဖို႔ မရွိေသးဘူးလို႔ ေၾကျငာထားခဲ့ေၾကာင္းလည္း သိရွိရပါတယ္။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.

UNICODE: မန်ချက်စတာစီးတီးအသင်းအတွက် UEFA က ချမှတ်ထားတဲ့ ပြစ်ဒဏ်ဟာ အဲ့ဒီပမာဏမှာတင် ရပ်ဆိုင်းသွားဖို့ မရှိသေးဘဲ ထပ်မံစစ်ဆေး သွားဦးမှာဖြစ်ပြီး လက်ရှိပြစ်ဒဏ်ဟာ ၂၀၁၂ ကနေ ၂၀၁၆ ခုနှစ်အတွင်း စပွန်ဆာကြေးငွေ စာရင်းပြမှုကို ကိုင်တွယ်ခဲ့တာသက်သက်ပဲ ရှိသေးတယ်လို့ သက်ဆိုင်ရာက ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

UEFA ရဲ့ စစ်ဆေးတွေ့ရှိမှုတွေအရ အသင်းပိုင်ရှင် ရှိတ်မန်ဆော်နဲ့ ပတ်သက်ခဲ့တဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Aabar Investments, တယ်လီဖုန်း ဆက်သွယ်ရေးကုမ္ပဏီ အီတီဆာလတ်နဲ့ အစ်တီဟတ်အုပ်စုတို့ဟာ မန်စီးတီးအသင်းကို စပွန်ဆာပေးထားတဲ့ ငွေကြေးစီးဆင်းရာတွေအဖြစ် ပြသခဲ့တာဖြစ်ပြီး ဒါဟာ လက်မခံနိုင်စရာဖြစ်တယ်လို့ ဒေးလီးမေးလ်က ဖော်ပြခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ကန့်သတ်ချက်အရ အသင်းတစ်သင်းကို ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကနေ စပွန်ဆာပေးမှုမျိုးကို လက်ခံမှာ မဟုတ်ဘူးလို့ သိရပြီး အသင်းပိုင်ရှင်ရဲ့ ကိုယ်ပိုင်ငွေစိုက်ထုတ်ပြီး ရင်းနှီးမြှုပ်နှံမှုကို ကာကွယ်ဖို့ဖြစ်ကြောင်းလည်း လေ့လာသိရှိရပါတယ်။

လက်ရှိပြစ်ဒဏ်ရဲ့ စစ်ဆေးမှုကို ထုတ်ပြန်ချက်အရ UEFA ဟာ မန်စီးတီးအသင်းရဲ့ ၂၀၁၆ မတိုင်ခင်က ကိစ္စတွေအတွက်သာ လုပ်ဆောင်ခဲ့ရသေးပြီး ဒီနောက်ပိုင်း ၂၀၂၀ ခုနှစ်အထိ ကိစ္စတွေကိုလည်း ဆက်လက်စစ်ဆေးပြီး Financial Fair Play Rule ကို စည်းကမ်းဖောက်ဖျက်မှုတစ်စုံတစ်ရာရှိခဲ့ရင် ထပ်မံအရေးယူသွားဦးမယ်လို့လည်း ဆိုပါတယ်။

ဒါဟာ အားကစားခုံရုံးမှာ အယူခံဝင်လိုက်ရင် ဒီပြစ်ဒဏ်ကနေ ရှောင်လွှဲနိုင်မယ်လို့ ထင်မြင်နေကြတဲ့ အသင်းတာဝန်ရှိသူတွေအတွက်တော့ နောက်ထပ်စိန်ခေါ်မှုတစ်ရပ်လည်းဖြစ်ခဲ့ပြီး UEFA ဘက်ကတော့ မန်စီးတီးရဲ့ Case ကို ပိတ်သိမ်းသွားဖို့ မရှိသေးဘူးလို့ ကြေငြာထားခဲ့ကြောင်းလည်း သိရှိရပါတယ်။

REF: DAILY MAIL
PHOTOS CREDIT TO OWNERS
KIZARNO
SPORTS A2Z.