La Liga Ligue1

ပီအက်စ်ဂျီနည်းပြသစ်ဖြစ်လာခဲ့ရင် ရီးရဲလ်ကြယ်ပွင့် ၂ ဦးကို ခေါ်ယူချင်တဲ့ ဇီဒန်း

ဇီဒန်းဟာ ပီအက်စ်ဂျီအသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့မယ်ဆိုရင် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့် ၂ ဦးဖြစ်တဲ့ ကာရင် ဘန်ဇီးမားနဲ့ ဖာလန်း မန်ဒီတို့ကို လိဂန်းချန်ပီယံတွေဆီ ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ပြင်သစ်လူမျိုးနည်းပြဟာ ပီအက်စ်ဂျီအသင်းနည်းပြသစ်ဖြစ်လာမယ့်သူလို့ သတင်းတွေ ဆက်လက်ပေါ်ထွက်နေခဲ့တာဖြစ်ပြီး ခရစ္စတို့ဖ် ဂယ်လ်တီယေးရဲ့ အနာဂတ်က အသင်းရဲ့ စွမ်းဆောင်ရည်ကျဆင်းနေမှုကြောင့် မရေရာမှုတွေ ကြီးထွားလာနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ ဘိုင်ယန်မြူးနစ်ကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ် အပါအဝင် ၃ ပွဲဆက် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

ဇီဒန်းဟာ ပီအက်စ်ဂျီအသင်းအတွက် အိပ်မက်မက်ခဲ့ရတဲ့ ခန့်အပ်မှုအဖြစ် ရှိနေခဲ့တာ ကြာခဲ့ပြီဖြစ်ပေမယ့်လည်း တကယ်လို့ ရီးရဲလ်မက်ဒရစ်နည်းပြဟောင်းသာ ဂယ်လ်တီယေးရဲ့နေရာမှာ အစားထိုးခန့်အပ်ခြင်းခံရမယ်ဆိုရင် အသင်းဟောင်းက ကစားသမား ၂ ဦးကိုလည်း ပဲရစ်ကို လိုက်ပါစေချင်နေတယ်လို့ သိရပါတယ်။ El Nacional ရဲ့ ဖော်ပြချက်အရ ဇီဒန်းဟာ လိဂန်းထိပ်သီးအသင်းကြီးမှာ အထောင်တိုက်စစ်မှူးစစ်စစ် မရှိတာကြောင့် အသက် ၃၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘန်ဇီးမားကို ခေါ်ယူချင်နေတယ်လို့ သိရပါတယ်။

ပြင်သစ်ဝါရင့်တိုက်စစ်မှူးဟာ ယခုရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်တဲ့ရာသီကို ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။ ကာရင် ဘန်ဇီးမားဟာ ယခုရာသီ ရီးရဲလ်မက်ဒရစ်အသင်းအတွက် ၂၃ ပွဲ ပါဝင်ကစားပေးထားရာမှာ သွင်းဂိုး ၁၆ ဂိုး သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ဥက္ကဌ ပီးရက်ဇ်ရဲ့ စာချုပ်သက်တမ်းတိုးကမ်းလှမ်းမှုက ၂၀၂၂ ဘလွန်ဒေါဆုရှင်ကို ဆွဲဆောင်နိုင်ခြင်းမရှိဘူးလို့ သိရပါတယ်။

တကယ်လို့ ဘန်ဇီးမားသာ နွေရာသီမှာ ခေါ်ယူလို့ ရနိုင်တဲ့အခြေအနေရှိလာခဲ့မယ်ဆိုရင် ပီအက်စ်ဂျီနည်းပြသစ် ဖြစ်လာနိုင်ခြေရှိတဲ့ ဇီဒန်းက လိဂန်းအသင်းဥက္ကဌ နက်ဆာ အယ်လ်ခါလေဖီကို ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကို ခေါ်ယူစေချင်နေတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာလန်း မန်ဒီကလည်း ဇီဒန်းရဲ့ ပစ်မှတ်စာရင်းထဲမှာ ရှိနေတာဖြစ်ပြီး ပြင်သစ်လူမျိုးနည်းပြဟာ ၂၀၁၉ ခုနှစ်တုန်းက ဘယ်နောက်ခံလူကို လိုင်ယွန်ကနေ ယူရို ၄၈ သန်းနဲ့ ခေါ်ယူမှုမှာ နောက်ကွယ်ကနေ ရှိနေခဲ့တာဖြစ်ပါတယ်။

ဖလော်ရန်တီနို ပီးရက်ဇ်ဟာ ယခုရာသီ ၂၄ ပွဲပါဝင်ကစားပေးထားရာမှာ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးထားနိုင်ခဲ့တဲ့ မန်ဒီကို ရောင်းချမယ့်စာရင်းထဲမှာ ထည့်သွင်းထားပြီး ယူရိုသန်း ၅၀ ဝန်းကျင် ကမ်းလှမ်းမှုတွေကို နားထောင်သွားချင်တဲ့ဆန္ဒရှိနေတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဇီဒန္းဟာ ပီအက္စ္ဂ်ီအသင္းရဲ႕ နည္းျပသစ္ ျဖစ္လာခဲ့မယ္ဆိုရင္ ရီးရဲလ္မက္ဒရစ္ၾကယ္ပြင့္ ၂ ဦးျဖစ္တဲ့ ကာရင္ ဘန္ဇီးမားနဲ႔ ဖာလန္း မန္ဒီတို႔ကို လိဂန္းခ်န္ပီယံေတြဆီ ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။

ျပင္သစ္လူမ်ိဳးနည္းျပဟာ ပီအက္စ္ဂ်ီအသင္းနည္းျပသစ္ျဖစ္လာမယ့္သူလို႔ သတင္းေတြ ဆက္လက္ေပၚထြက္ေနခဲ့တာျဖစ္ၿပီး ခရစၥတို႔ဖ္ ဂယ္လ္တီေယးရဲ႕ အနာဂတ္က အသင္းရဲ႕ စြမ္းေဆာင္ရည္က်ဆင္းေနမႈေၾကာင့္ မေရရာမႈေတြ ႀကီးထြားလာေနတာ ျဖစ္ပါတယ္။ ပီအက္စ္ဂ်ီအသင္းဟာ ဘိုင္ယန္ျမဴးနစ္ကို ၁-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့ပြဲစဥ္ အပါအဝင္ ၃ ပြဲဆက္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။

ဇီဒန္းဟာ ပီအက္စ္ဂ်ီအသင္းအတြက္ အိပ္မက္မက္ခဲ့ရတဲ့ ခန႔္အပ္မႈအျဖစ္ ရွိေနခဲ့တာ ၾကာခဲ့ၿပီျဖစ္ေပမယ့္လည္း တကယ္လို႔ ရီးရဲလ္မက္ဒရစ္နည္းျပေဟာင္းသာ ဂယ္လ္တီေယးရဲ႕ေနရာမွာ အစားထိုးခန႔္အပ္ျခင္းခံရမယ္ဆိုရင္ အသင္းေဟာင္းက ကစားသမား ၂ ဦးကိုလည္း ပဲရစ္ကို လိုက္ပါေစခ်င္ေနတယ္လို႔ သိရပါတယ္။ El Nacional ရဲ႕ ေဖာ္ျပခ်က္အရ ဇီဒန္းဟာ လိဂန္းထိပ္သီးအသင္းႀကီးမွာ အေထာင္တိုက္စစ္မႉးစစ္စစ္ မရွိတာေၾကာင့္ အသက္ ၃၅ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဘန္ဇီးမားကို ေခၚယူခ်င္ေနတယ္လို႔ သိရပါတယ္။

ျပင္သစ္ဝါရင့္တိုက္စစ္မႉးဟာ ယခုရာသီကုန္မွာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး ဒဏ္ရာျပႆနာေတြရဲ႕ ႏွိပ္စက္တဲ့ရာသီကို ရင္ဆိုင္ခဲ့ရတာ ျဖစ္ပါတယ္။ ကာရင္ ဘန္ဇီးမားဟာ ယခုရာသီ ရီးရဲလ္မက္ဒရစ္အသင္းအတြက္ ၂၃ ပြဲ ပါဝင္ကစားေပးထားရာမွာ သြင္းဂိုး ၁၆ ဂိုး သြင္းယူထားႏိုင္ခဲ့တာျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ဥကၠဌ ပီးရက္ဇ္ရဲ႕ စာခ်ဳပ္သက္တမ္းတိုးကမ္းလွမ္းမႈက ၂၀၂၂ ဘလြန္ေဒါဆုရွင္ကို ဆြဲေဆာင္ႏိုင္ျခင္းမရွိဘူးလို႔ သိရပါတယ္။

တကယ္လို႔ ဘန္ဇီးမားသာ ေႏြရာသီမွာ ေခၚယူလို႔ ရႏိုင္တဲ့အေျခအေနရွိလာခဲ့မယ္ဆိုရင္ ပီအက္စ္ဂ်ီနည္းျပသစ္ ျဖစ္လာႏိုင္ေျခရွိတဲ့ ဇီဒန္းက လိဂန္းအသင္းဥကၠဌ နက္ဆာ အယ္လ္ခါေလဖီကို ရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးကို ေခၚယူေစခ်င္ေနတာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ အသက္ ၂၇ ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ ဖာလန္း မန္ဒီကလည္း ဇီဒန္းရဲ႕ ပစ္မွတ္စာရင္းထဲမွာ ရွိေနတာျဖစ္ၿပီး ျပင္သစ္လူမ်ိဳးနည္းျပဟာ ၂၀၁၉ ခုႏွစ္တုန္းက ဘယ္ေနာက္ခံလူကို လိုင္ယြန္ကေန ယူ႐ို ၄၈ သန္းနဲ႔ ေခၚယူမႈမွာ ေနာက္ကြယ္ကေန ရွိေနခဲ့တာျဖစ္ပါတယ္။

ဖေလာ္ရန္တီႏို ပီးရက္ဇ္ဟာ ယခုရာသီ ၂၄ ပြဲပါဝင္ကစားေပးထားရာမွာ ဂိုးဖန္တီးမႈ ၁ ႀကိမ္ျပဳလုပ္ေပးထားႏိုင္ခဲ့တဲ့ မန္ဒီကို ေရာင္းခ်မယ့္စာရင္းထဲမွာ ထည့္သြင္းထားၿပီး ယူ႐ိုသန္း ၅၀ ဝန္းက်င္ ကမ္းလွမ္းမႈေတြကို နားေထာင္သြားခ်င္တဲ့ဆႏၵရွိေနတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.