Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာယူႏိုက္တက္သတင္းမ်ား စုစည္းမွဳ – ၂၆.၉.၂၀၂၀

– ေဒါ့မြန္ဘက္က ဆန္ခ်ဳိအတြက္ ေနာက္ဆုံးေတာင္းဆိုမွဳက ၂၀၂၀ မွာ ေပါင္ ၆၃ သန္း၊ ၂၀၂၁ မွာ ၇၂ သန္းနဲ႔ ၂၀၂၂ မွာ ၂၂ သန္း ေပးေခ်ဖို႔ ျဖစ္ၿပီး အဲ့ဒီတုန္းက သေဘာမတူညီႏုိင္ခဲ့တာကို ဒီတစ္ခါမွာေတာ့ ကနဦး ေပါင္ ၇၅ သန္းနဲ႔ ၁၅ သန္းကို ခံစားခြင့္အျဖစ္ ေပးေခ်ၿပီး သေဘာတူညီႏုိင္ဖို႔ ယူႏုိက္တက္တာဝန္ရွိသူေတြ ေမွ်ာ္လင့္။

– ဘ႐ိုက္တန္နဲ႔ ကစားရမယ့္ပြဲအတြက္ ကြင္းလယ္မွာ ေပါ့ဘာ၊ ဖာနန္ဒက္စ္နဲ႔ ဗန္ဒဘိခ္တုိ႔ သုံးေယာက္တြဲၿပီး ပြဲထြက္လာတာကို ျမင္ရမလားလို႔ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြ ေမွ်ာ္လင့္ေနၾက။

– မန္ခ်က္စတာယူႏုိက္တက္နဲ႔ သတင္းေတြ ထြက္ေနတဲ့အေပၚမွာ ဝုလ္ဗာဟမ့္ပ္တန္ ဝမ္းဒါးရားစ္တုိက္စစ္မွဴး ရာအူးလ္ ဟီမီနက္ဇ္က ျငင္းဆန္သြားျခင္း မျပဳခဲ့ဘဲ အေျပာင္းအေရႊ႕ေဈးကြက္မွာ ဘာမဆိုျဖစ္ႏုိင္တယ္လုိ႔ပဲ မွတ္ခ်က္ေပးသြားခဲ့။

– တြဲကစားဖူးတဲ့သူေတြထဲမွာ ဘယ္သူအေကာင္းဆုံးလဲဆုိတဲ့ ေမးခြန္းကို မားကပ္စ္ ရက္ရွ္ဖို႔ဒ္လို ေျဖခဲ့တဲ့ ဆန္ခ်ဳိေၾကာင့္ သူ႕ရဲ႕ အေျပာင္းအေရႊ႕အတြက္ အုိးလ္ထရက္ဖို႔ဒ္မွာ ျမင္ရေတာ့မယ္လို႔ ပရိသတ္ေတြ ရင္ခုန္ေနၾက။

– ေပၚတုိနဲ႔ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ေတာ့တဲ့ ဘယ္ေနာက္ခံလူ အဲလက္စ္ တဲလက္စ္အတြက္ မန္ခ်က္စတာယူႏုိက္တက္ အေနနဲ႔ ကနဦးေပးေခ်မွဳ ေပါင္ ၁၂ သန္း+ ၁၀ သန္း အက်ဳိးခံစားခြင့္နဲ႔ ေခၚယူႏုိင္လိမ့္မယ္လုိ႔ ခန္႔မွန္းေနၾက။

– လူတန္ေတာင္းနဲ႔ပြဲမွာ ပ်မ္းမွ အမွတ္ေပးမွဳ ၈.၁ မွတ္အထိ သတ္မွတ္ခံခဲ့ရတဲ့ ေနာက္ခံလူ အဲရစ္ ဘုိင္လီကို လာမယ့္ ဘ႐ုိက္တန္နဲ႔ပြဲမွာ အသင္းေခါင္းေဆာင္ ဟာရီ မက္ဂြဳိင္းယားနဲ႔အတူ ပြဲထြက္ေစဖို႔ နည္းျပ ဆုိးလ္ရွားဆီကို ပရိသတ္ေတြ ဝိုင္းဝန္းေတာင္းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ဒေါ့မွန်ဘက်က ဆန်ချိုအတွက် နောက်ဆုံးတောင်းဆိုမှုက ၂၀၂၀ မှာ ပေါင် ၆၃ သန်း၊ ၂၀၂၁ မှာ ၇၂ သန်းနဲ့ ၂၀၂၂ မှာ ၂၂ သန်း ပေးချေဖို့ ဖြစ်ပြီး အဲ့ဒီတုန်းက သဘောမတူညီနိုင်ခဲ့တာကို ဒီတစ်ခါမှာတော့ ကနဦး ပေါင် ၇၅ သန်းနဲ့ ၁၅ သန်းကို ခံစားခွင့်အဖြစ် ပေးချေပြီး သဘောတူညီနိုင်ဖို့ ယူနိုက်တက်တာဝန်ရှိသူတွေ မျှော်လင့်။

– ဘရိုက်တန်နဲ့ ကစားရမယ့်ပွဲအတွက် ကွင်းလယ်မှာ ပေါ့ဘာ၊ ဖာနန်ဒက်စ်နဲ့ ဗန်ဒဘိခ်တို့ သုံးယောက်တွဲပြီး ပွဲထွက်လာတာကို မြင်ရမလားလို့ မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ မျှော်လင့်နေကြ။

– မန်ချက်စတာယူနိုက်တက်နဲ့ သတင်းတွေ ထွက်နေတဲ့အပေါ်မှာ ဝုလ်ဗာဟမ့်ပ်တန် ဝမ်းဒါးရားစ်တိုက်စစ်မှူး ရာအူးလ် ဟီမီနက်ဇ်က ငြင်းဆန်သွားခြင်း မပြုခဲ့ဘဲ အပြောင်းအရွှေ့ဈေးကွက်မှာ ဘာမဆိုဖြစ်နိုင်တယ်လို့ပဲ မှတ်ချက်ပေးသွားခဲ့။

– တွဲကစားဖူးတဲ့သူတွေထဲမှာ ဘယ်သူအကောင်းဆုံးလဲဆိုတဲ့ မေးခွန်းကို မားကပ်စ် ရက်ရှ်ဖို့ဒ်လို ဖြေခဲ့တဲ့ ဆန်ချိုကြောင့် သူ့ရဲ့ အပြောင်းအရွှေ့အတွက် အိုးလ်ထရက်ဖို့ဒ်မှာ မြင်ရတော့မယ်လို့ ပရိသတ်တွေ ရင်ခုန်နေကြ။

– ပေါ်တိုနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တဲ့ ဘယ်နောက်ခံလူ အဲလက်စ် တဲလက်စ်အတွက် မန်ချက်စတာယူနိုက်တက် အနေနဲ့ ကနဦးပေးချေမှု ပေါင် ၁၂ သန်း+ ၁၀ သန်း အကျိုးခံစားခွင့်နဲ့ ခေါ်ယူနိုင်လိမ့်မယ်လို့ ခန့်မှန်းနေကြ။

– လူတန်တောင်းနဲ့ပွဲမှာ ပျမ်းမှ အမှတ်ပေးမှု ၈.၁ မှတ်အထိ သတ်မှတ်ခံခဲ့ရတဲ့ နောက်ခံလူ အဲရစ် ဘိုင်လီကို လာမယ့် ဘရိုက်တန်နဲ့ပွဲမှာ အသင်းခေါင်းဆောင် ဟာရီ မက်ဂွိုင်းယားနဲ့အတူ ပွဲထွက်စေဖို့ နည်းပြ ဆိုးလ်ရှားဆီကို ပရိသတ်တွေ ဝိုင်းဝန်းတောင်းဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.