Premier League Transfer News

ေနာက္ဆုံးရ မန္ခ်က္စတာစီးတီးသတင္းမ်ား စုစည္းမွဳ – ၂၆.၉.၂၀၂၀

– ကြန္ဒီနဲ႔ ေနာက္ဆုံး သေဘာတူညီမွဳ ရေတာ့မယ္လို႔ ဆုိေနတဲ့ မန္စီးတီးအတြက္ ပုိမုိခုိင္လုံၿပီး အျပဳသေဘာေဆာင္တဲ့ သတင္းတစ္ပုဒ္ ဒီေန႔မွာ ေရာက္ရွိလာခဲ့ၿပီး ေအာ့တာမန္ဒီကို အလိုရွိေနတဲ့ ဘင္ဖီကာက သူတုိ႔ရဲ႕ ေနာက္ခံလူ ႐ူဘင္ ဒီယက္စ္ကို ယူ႐ိုသန္း ၆၀ နဲ႔ ေရာင္းခ်ေပးဖို႔ ေဆြးေႏြးေန။

– မန္ခ်က္စတာစီးတီးအတြက္ တနဂၤေႏြေန႔ပြဲကစားဖို႔ တုိက္စစ္မွဴးျပႆနာျဖစ္ပြားေနၿပီး တုိက္စစ္မွဴး ေဂ်ဆူးစ္အေနနဲ႔ ရက္သတၱပတ္ အနည္းငယ္နားရဖို႔ ရွိေနတဲ့အတြက္ အေထာင္တုိက္စစ္အတြက္ စတာလင္နဲ႔ လူငယ္ကစားသမား လီယမ္ ဒီလက္ပ္တုိ႔ကိုပဲ ဂြါဒီယိုလာ ေရြးခ်ယ္ရဖြယ္ရွိေန။

– လက္ရွိေခၚယူထားခဲ့တဲ့ ကစားသမားသစ္ေတြကို သေဘာက်ေၾကာင္း ေနာက္ခံလူ ခုိင္လ္ ေဝၚလ္ကာက ေျပာၾကားလုိက္ၿပီး အသင္းအေနနဲ႔ လက္ရွိအေျပာင္းအေရႊ႕ကာလမွာ ကစားသမားအနည္းငယ္ ထပ္မံအားျဖည့္ႏုိင္ဦးမယ္လို႔ ယုံၾကည္တယ္လုိ႔ဆုိ။

– ဂ်ဴးလ္ ကြန္ဒီအတြက္ ဆီဗီလာအသင္းဘက္က ညႇိမရႏုိင္တဲ့ ေျပာင္းေရႊ႕ေၾကးေတာင္းဆုိမွဳေတြကို ဆုပ္ကိုင္ထားတာေၾကာင့္ သေဘာတူညီမွဳ ရရွိဖို႔ နီးစပ္ေနရာကေန ပ်က္ျပယ္ဖို႔ရွိေနၿပီး မန္စီးတီးအေနနဲ႔လည္း ေအာ့တာမန္ဒီကို အသုံးခ်ႏုိင္မယ့္ၿပီး ေဈးပုိသက္သာမယ့္ ေနရာကို စိတ္ေျပာင္းသြားတာျဖစ္ႏုိင္။

– မန္ခ်က္စတာစီးတီးအသင္းရဲ႕ ညာသန္ေနာက္ခံလူသစ္တစ္ဦး ေခၚယူဖို႔အတြက္ အေျပာင္းအေရႊ႕ဘတ္ဂ်က္ကေတာ့ ယူ႐ိုသန္း ၆၀ အျမင့္ဆုံးျဖစ္ႏုိင္တယ္လုိ႔ ခန္႔မွန္းေနၾကၿပီး ဘင္ဖီကာေနာက္ခံလူ ဒီယက္စ္က ဒီႏွဳန္းထားထဲမွာ ရရွိႏိုင္လို႔ စပိန္ေဈးကြက္ကေန ဆုတ္ခြာခဲ့ပုံရွိေန။

– လူငယ္အသင္းကေန အငွားထြက္ကစားခြင့္ျပဳသြားဖြယ္ရွိေနၿပီး အဂၤလန္ ယူ-၁၇ မွာ ဖိုဒန္၊ ဟဒ္ဆန္-အိုဒြဳိင္း၊ ဘ႐ူးစတားတုိ႔နဲ႔အတူ ကစားခဲ့တဲ့ ေနာက္ခံလူေဟာင္း ဂ်ဳိယယ္လ္ လာတီးဘိုဒီယာကို ေခၚယူဖို႔ ခ်န္ပီယံရွစ္ကလပ္ ဆြမ္းဆီးအသင္း စိတ္ဝင္စားေန။

– ဘုန္းေမာက္နဲ႔ပြဲမွာ လူစားဝင္လာခဲ့ၿပီး တစ္ဖက္ကစားသမား လူးဝစၥ ကြတ္ခ္နဲ႔ ထိခိုက္မိခဲ့တဲ့ ကြင္းလယ္လူ ကီဗင္ ဒီဘ႐ိုင္းနားအေနနဲ႔ ဒဏ္ရာျပင္းထန္ျခင္း မရွိဘူးလို႔ သိရၿပီး လက္စတာနဲ႔ပြဲမွာ ပါဝင္ႏုိင္ေျခမ်ား။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– ကွန်ဒီနဲ့ နောက်ဆုံး သဘောတူညီမှု ရတော့မယ်လို့ ဆိုနေတဲ့ မန်စီးတီးအတွက် ပိုမိုခိုင်လုံပြီး အပြုသဘောဆောင်တဲ့ သတင်းတစ်ပုဒ် ဒီနေ့မှာ ရောက်ရှိလာခဲ့ပြီး အော့တာမန်ဒီကို အလိုရှိနေတဲ့ ဘင်ဖီကာက သူတို့ရဲ့ နောက်ခံလူ ရူဘင် ဒီယက်စ်ကို ယူရိုသန်း ၆၀ နဲ့ ရောင်းချပေးဖို့ ဆွေးနွေးနေ။

– မန်ချက်စတာစီးတီးအတွက် တနင်္ဂနွေနေ့ပွဲကစားဖို့ တိုက်စစ်မှူးပြဿနာဖြစ်ပွားနေပြီး တိုက်စစ်မှူး ဂျေဆူးစ်အနေနဲ့ ရက်သတ္တပတ် အနည်းငယ်နားရဖို့ ရှိနေတဲ့အတွက် အထောင်တိုက်စစ်အတွက် စတာလင်နဲ့ လူငယ်ကစားသမား လီယမ် ဒီလက်ပ်တို့ကိုပဲ ဂွါဒီယိုလာ ရွေးချယ်ရဖွယ်ရှိနေ။

– လက်ရှိခေါ်ယူထားခဲ့တဲ့ ကစားသမားသစ်တွေကို သဘောကျကြောင်း နောက်ခံလူ ခိုင်လ် ဝေါ်လ်ကာက ပြောကြားလိုက်ပြီး အသင်းအနေနဲ့ လက်ရှိအပြောင်းအရွှေ့ကာလမှာ ကစားသမားအနည်းငယ် ထပ်မံအားဖြည့်နိုင်ဦးမယ်လို့ ယုံကြည်တယ်လို့ဆို။

– ဂျူးလ် ကွန်ဒီအတွက် ဆီဗီလာအသင်းဘက်က ညှိမရနိုင်တဲ့ ပြောင်းရွှေ့ကြေးတောင်းဆိုမှုတွေကို ဆုပ်ကိုင်ထားတာကြောင့် သဘောတူညီမှု ရရှိဖို့ နီးစပ်နေရာကနေ ပျက်ပြယ်ဖို့ရှိနေပြီး မန်စီးတီးအနေနဲ့လည်း အော့တာမန်ဒီကို အသုံးချနိုင်မယ့်ပြီး ဈေးပိုသက်သာမယ့် နေရာကို စိတ်ပြောင်းသွားတာဖြစ်နိုင်။

– မန်ချက်စတာစီးတီးအသင်းရဲ့ ညာသန်နောက်ခံလူသစ်တစ်ဦး ခေါ်ယူဖို့အတွက် အပြောင်းအရွှေ့ဘတ်ဂျက်ကတော့ ယူရိုသန်း ၆၀ အမြင့်ဆုံးဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပြီး ဘင်ဖီကာနောက်ခံလူ ဒီယက်စ်က ဒီနှုန်းထားထဲမှာ ရရှိနိုင်လို့ စပိန်ဈေးကွက်ကနေ ဆုတ်ခွာခဲ့ပုံရှိနေ။

– လူငယ်အသင်းကနေ အငှားထွက်ကစားခွင့်ပြုသွားဖွယ်ရှိနေပြီး အင်္ဂလန် ယူ-၁၇ မှာ ဖိုဒန်၊ ဟဒ်ဆန်-အိုဒွိုင်း၊ ဘရူးစတားတို့နဲ့အတူ ကစားခဲ့တဲ့ နောက်ခံလူဟောင်း ဂျိုယယ်လ် လာတီးဘိုဒီယာကို ခေါ်ယူဖို့ ချန်ပီယံရှစ်ကလပ် ဆွမ်းဆီးအသင်း စိတ်ဝင်စားနေ။

– ဘုန်းမောက်နဲ့ပွဲမှာ လူစားဝင်လာခဲ့ပြီး တစ်ဖက်ကစားသမား လူးဝစ္စ ကွတ်ခ်နဲ့ ထိခိုက်မိခဲ့တဲ့ ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းနားအနေနဲ့ ဒဏ်ရာပြင်းထန်ခြင်း မရှိဘူးလို့ သိရပြီး လက်စတာနဲ့ပွဲမှာ ပါဝင်နိုင်ခြေများ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.