Premier League Transfer News

ေနာက္ဆုံးရ လီဗာပူးလ္သတင္းမ်ား စုစည္းမွဳ – ၂၆.၉.၂၀၂၀

– အာဆင္နယ္အသင္းနဲ႔ပြဲမွာ ပါဝင္ကစားႏုိင္ဖို႔ အသင္းေခါင္းေဆာင္ ဟန္ဒါဆန္ရဲ႕ ဒဏ္ရာအေျခအေနက ေစာလြန္းေသးတယ္လို႔ နည္းျပ ယာဂန္ ကေလာ့ပ္ရဲ႕ ထုတ္ျပန္မွဳအၿပီးမွာ လီဗာပူးလ္အသင္းရဲ႕ ကြင္းလယ္ကို ကစားသမားသစ္ သီယာဂို အယ္လ္ကန္တာရာက ဦးေဆာင္ကစားဖြယ္ရွိေန။

– ဗန္ဒိုက္နဲ႔ ဂ်ဳိးဂိုမက္ဇ္တုိ႔ရဲ႕ ထိပ္လန္႔တုန္လွဳပ္စရာ ကစားပုံကို ဖ်က္ၿပီး ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဖာဘင္ညဳိကို အသုံးျပဳခဲ့ရာမွာ တည္ၿငိမ္ၿပီး ေပးဂိုး မရွိဘဲ ကစားႏုိင္ခဲ့တဲ့အတြက္ နည္းျပ ယာဂန္ ကေလာ့ပ္က ဘရာဇီးလ္သားဟာ လီဗာပူးလ္အတြက္ေတာ့ တန္ဖိုးႀကီးမားတယ္လို႔ဆုိ။

– ေကာ့စ္တတ္စ္ ဆီမီကတ္စ္ ေရာက္ရွိလာခဲ့ၿပီးမွာ အသင္းႀကီးကို တက္လွမ္းဖို႔ အခြင့္အေရး ေပ်ာက္ဆုံးဖြယ္ရွိတဲ့ လူငယ္အသင္းက ဘယ္ေနာက္ခံလူ ယက္ဆာ လာ႐ူစီကို ဆီမီကတ္စ္ရဲ႕ အသင္းေဟာင္း အုိလံပီယာေကာ့စ္ကပဲ အစားထိုးဖို႔ ကမ္းလွမ္းဖြယ္ရွိေန။

– လီဗာပူးလ္ရဲ႕ လင္ကြန္းတီးတီးနဲ႔ ကာရာေဘာင္းဖလားပြဲစဥ္မွာ ေနာက္ခံလူ ဝီလီယမ္စ္အျပင္ ေျခစြမ္းျပႏုိင္တဲ့ ကစားသမား ေနာက္ထပ္တစ္ဦးကို ေတြ႕ျမင္ခဲ့ရၿပီး ဆားဘီးယားသား ဂ႐ူယစ္ခ်္ကို အသင္းနဲ႔ ဆက္ဆံေရး သိပ္မေကာင္းေတာ့တဲ့ ဗုိင္နယ္လ္ဒြမ္ထက္ ပုိေကာင္းတယ္လုိ႔ ပရိသတ္ေတြက ဆုိေနၾက။

– အသင္းပရိသတ္ေတြရဲ႕ ေဝဖန္မွဳေတြ ရွိေနေပမယ့္လည္း လီဗာပူးလ္အသင္းနဲ႔ ၂၀၂၄ ခုႏွစ္အထိ စာခ်ဳပ္ရွိေနတဲ့ တုိက္စစ္မွဴး ဒီေဗာ့ခ္ ေအာ္ရီဂီအေနနဲ႔ အသင္းရဲ႕ အရန္တုိက္စစ္မွဴးအျဖစ္ အန္းဖီးလ္မွာ တစ္ရာသီအနည္းဆုံး ဆက္ရွိမည္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းနဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ အသင်းခေါင်းဆောင် ဟန်ဒါဆန်ရဲ့ ဒဏ်ရာအခြေအနေက စောလွန်းသေးတယ်လို့ နည်းပြ ယာဂန် ကလော့ပ်ရဲ့ ထုတ်ပြန်မှုအပြီးမှာ လီဗာပူးလ်အသင်းရဲ့ ကွင်းလယ်ကို ကစားသမားသစ် သီယာဂို အယ်လ်ကန်တာရာက ဦးဆောင်ကစားဖွယ်ရှိနေ။

– ဗန်ဒိုက်နဲ့ ဂျိုးဂိုမက်ဇ်တို့ရဲ့ ထိပ်လန့်တုန်လှုပ်စရာ ကစားပုံကို ဖျက်ပြီး ချဲလ်ဆီးနဲ့ပွဲမှာ ဖာဘင်ညိုကို အသုံးပြုခဲ့ရာမှာ တည်ငြိမ်ပြီး ပေးဂိုး မရှိဘဲ ကစားနိုင်ခဲ့တဲ့အတွက် နည်းပြ ယာဂန် ကလော့ပ်က ဘရာဇီးလ်သားဟာ လီဗာပူးလ်အတွက်တော့ တန်ဖိုးကြီးမားတယ်လို့ဆို။

– ကော့စ်တတ်စ် ဆီမီကတ်စ် ရောက်ရှိလာခဲ့ပြီးမှာ အသင်းကြီးကို တက်လှမ်းဖို့ အခွင့်အရေး ပျောက်ဆုံးဖွယ်ရှိတဲ့ လူငယ်အသင်းက ဘယ်နောက်ခံလူ ယက်ဆာ လာရူစီကို ဆီမီကတ်စ်ရဲ့ အသင်းဟောင်း အိုလံပီယာကော့စ်ကပဲ အစားထိုးဖို့ ကမ်းလှမ်းဖွယ်ရှိနေ။

– လီဗာပူးလ်ရဲ့ လင်ကွန်းတီးတီးနဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ နောက်ခံလူ ဝီလီယမ်စ်အပြင် ခြေစွမ်းပြနိုင်တဲ့ ကစားသမား နောက်ထပ်တစ်ဦးကို တွေ့မြင်ခဲ့ရပြီး ဆားဘီးယားသား ဂရူယစ်ချ်ကို အသင်းနဲ့ ဆက်ဆံရေး သိပ်မကောင်းတော့တဲ့ ဗိုင်နယ်လ်ဒွမ်ထက် ပိုကောင်းတယ်လို့ ပရိသတ်တွေက ဆိုနေကြ။

– အသင်းပရိသတ်တွေရဲ့ ဝေဖန်မှုတွေ ရှိနေပေမယ့်လည်း လီဗာပူးလ်အသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ စာချုပ်ရှိနေတဲ့ တိုက်စစ်မှူး ဒီဗော့ခ် အော်ရီဂီအနေနဲ့ အသင်းရဲ့ အရန်တိုက်စစ်မှူးအဖြစ် အန်းဖီးလ်မှာ တစ်ရာသီအနည်းဆုံး ဆက်ရှိမည်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.