Ligue1 Premier League Serie A

အားနည်းတဲ့ခြေထောက်ကို သုံးတာရှားတဲ့ ကမ္ဘာ့အဆင့်ကစားသမား ၅ ဦး

ကစားသမားအများစုဟာ ခြေထောက် ၂ ဖက်စလုံးကို မျှမျှတတ လေ့ကျင့်လေ့ရှိကြပေမယ့်လည်း အချို့ကတော့ သာမန်အားဖြင့် တစ်ဖက်ကို ပိုပြီး အားသန်ကြတာ ဖြစ်ပါတယ်။

ဘောလုံးလောကမှာ ကစားသမားတွေဟာ ပိုမိုကောင်းမွန်တဲ့ ထိန်းချုပ်မှု၊ တိကျမှုနဲ့ အားပါမှုအတွက် ပိုမို အားသန်တဲ့ ခြေထောက်ကို ပုံမှန်အားဖြင့် အသုံးပြုလေ့ရှိကြတာဖြစ်ပေမယ့်လည်း ပြိုင်ဘက်အသင်းက ကစားသမားရဲ့ ပိုမိုအားသန်တဲ့ ခြေထောက်ကို သိနေရင် တစ်ပန်းရှုံးနိုင်သလို ခံစစ်နည်းဗျူဟာကိုလည်း လိုသလို ချိန်ညှိသွားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘောလုံးသမိုင်းတလျှောက်လုံးမှာ ဒီယေဂို မာရာဒိုနာလိုမျိုး တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ အာဂျင်တီးနားဂန္တဝင်ဟာ ဘယ်သန်ဆိုတာ အားလုံးသိပေမယ့်လည်း အောင်မြင်မှု များစွာ ရရှိခဲ့တာဖြစ်ပါတယ်။

အခုဖော်ပြပေးသွားမယ့်အကြောင်းအရာကတော့ အားနည်းတဲ့ခြေထောက်ကို သုံးတာမျိုး ရှားပါးတဲ့ ကမ္ဘာ့အဆင့် ကစားသမား ၅ ဦးအကြောင်း ဖြစ်ပါတယ်။

၅။ ဘာနာဒို ဆေးလ်ဗား(မန်စီးတီး)

ဘာနာဒိုဆေးလ်ဗားဟာ လျင်မြန်မှုနဲ့ ဖန်တီးနိုင်စွမ်း ကောင်းမွန်တဲ့ ကွင်းလယ်တိုက်စစ်ကစားသမားအဖြစ် လူသိများပြီး နည်းစနစ်ပိုင်း ပါရမီပါတဲ့ကစားသမားဖြစ်တာကြောင့် ဘောလုံးကို ခြေထောက်ထဲ သက်တောင့်သက်သာထားနိုင်သလို အလွန်ကောင်းမွန်တဲ့ အနီးကပ် ဘောလုံးထိန်းသိမ်းတဲ့စွမ်းရည်ကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဆေးလ်ဗားဟာ ပါးနပ်တဲ့ ပြေးလွှားမှု၊ ဂိုးဖန်တီးပေးနိုင်စွမ်းနဲ့ တိကျတဲ့ပေးပို့မှုကြောင့် လူသိများပြီး ခံစစ်ပိုင်းရော တိုက်စစ်ပိုင်းပါ အကူအညီပေးနိုင်တာကြောင့် ဘယ်လိုအသင်းမျိုးအတွက်မဆို တန်ဖိုးရှိတဲ့ကစားသမားဖြစ်ပါတယ်။ ဆေးလ်ဗားက ဘယ်သန်ကစားသမားဖြစ်ပြီး ညာခြေနဲ့ ဂိုးကန်သွင်းဖို့ ကြိုးပမ်းတာ ဒါမှမဟုတ် ဘောလုံးပေးပို့မှုကြိုးပမ်းတာမျိုး မြင်ရခဲပေမယ့်လည်း ပရီးမီးယားလိဂ်မှာ အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် ဆက်လက်ရပ်တည်နေတာဖြစ်ပါတယ်။

၄။ အိန်ဂျယ် ဒီမာရီယာ(ဂျူဗင်တပ်)

အိန်ဂျယ် ဒီမာရီယာက အလွန်ထူးခြားတဲ့ဘောလုံးစွမ်းရည်နဲ့ အလိမ်အခေါက်စွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ ဘယ်သန်ကစားသမားဖြစ်ပြီး ၎င်းရဲ့ ဘယ်ခြေကို ဘောလုံးထိန်းသိမ်းမှု၊ ပေးပို့မှုတွေနဲ့ ဂိုးကန်သွင်းမှုတွေ ပြုလုပ်ရာမှာ အလွန်အားထားသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီမာရီယာဟာ အမြင့်မားဆုံးအဆင့်မှာ အောင်မြင်မှု ရရှိခဲ့တာဖြစ်ပြီး ၎င်းရဲ့မျိုးဆက်မှာ အကောင်းဆုံးတောင်ပံကစားသမားတွေထဲက တစ်ဦးအဖြစ် ယူဆခြင်းခံခဲ့ရတာဖြစ်ပါတယ်။ ခြေတစ်ဖက်တည်း အားပြုကစားပေမယ့်လည်း လျင်မြန်မှု၊၊ ပြေးအားနဲ့ ဘောလုံးလမ်းကြောင်း အမြင်ရှိမှုက ပြိုင်ဘက်ခံစစ်ကစားသမားတွေအတွက် ထိန်းသိမ်းရခက်တဲ့ကစားသမားဖြစ်လာစေခဲ့တာဖြစ်ပြီး အာဂျင်တီးနားကြယ်ပွင့်ဟာ အန္တရာယ်ရှိတဲ့ ဖြတ်တင်ပေးပို့မှုတွေကို ဘယ်ခြေနဲ့ ကစားသမားဘဝတလျှောက်လုံး ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ဂျူဗင်တပ်အသင်းအတွက် ကစားပေးနေတဲ့ ဒီမာရီယာဟာ ကစားသမားဘဝ အကောင်းဆုံးအချိန်တွေကို ကျော်လွန်ခဲ့ပြီဖြစ်ပေမယ့်လည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရွေးစင်အသင်းကို အောင်မြင်မှု ရရှိအောင် ပြင်သစ်နဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ဂိုးသွင်းယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။

၃။ ကိုင်လီ ဝေါ်ကာ(မန်စီးတီး)

ဝေါ်ကာဟာ ခံစစ်ပိုင်းရော တိုက်စစ်ပိုင်းမှာပါ အလွန်ကောင်းမွန်တဲ့ ခေတ်သစ် နောက်ခံတောင်ပံကစားသမားဖြစ်ပြီး အလွန်လျင်မြန်တဲ့မြန်နှုန်းကို ပိုင်ဆိုင်ထားတာကြောင့် ခံစစ်အကူးအပြောင်းလုပ်ချိန်အတွင်းမှာ တန်ဖိုးရှိတဲ့ ကစားသမားဖြစ်စေခဲ့တာဖြစ်ပါတယ်။ ဝေါ်ကာဟာ တိကျတဲ့ပေးပို့မှုတွေ၊ ပန်းတက်ပြေးလွှားမှုတွေကြောင့်လည်း လူသိများခဲ့ပြီး ညာခြေကို အဓိကအားပြုကစားပေမယ့်လည်း ဘယ်ခြေကလည်း သိသိသာသာ အားနည်းတာမျိုး မရှိသူဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝေါ်ကာဟာ ဘယ်ခြေကို သုံးတာ ရှားပြီး များသောအားဖြင့် ညာတောင်ပံမှာ ကစားရတာကြောင့်လည်း ပါမှာဖြစ်ပါတယ်။

၂။ ပေါ်လို ဒီဘားလား(ရိုးမား)

ပေါ်လို ဒီဘားလားဟာ ဂျူဗင်တပ်ကနေ ရိုးမားကို ပြောင်းရွှေ့ပြီးကတည်းက ကစားသမားဘဝ ပြန်လည်အသက်သွင်းနိုင်ခဲ့သူဖြစ်ပြီး အာဂျင်တီးနားတိုက်စစ်မှူးဟာ ယခုရာသီ ပြိုင်ပွဲစုံ ၂၂ ပွဲမှာ သွင်းဂိုး ၁၁ ဂိုးနဲ့ ဂိုးဖန်တီးမှု ၇ ကြိမ် ပြုလုပ်ပေးထားပြီး ရိုးမားရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ ဘယ်သန်ကစားသမားဖြစ်ပြီး ညာခြေနဲ့ စွမ်းရည်ဟာ သံသယဖြစ်စရာကောင်းဖြစ်ပေမယ့်လည်း ဒီဘားလားဟာ ကွင်းအတွင်းမှာ ၎င်းရဲ့ နည်းစနစ်ပိုင်းအရည်အသွေးနဲ့ ဖန်တီးနိုင်စွမ်းတွေကြောင့် ဒီအားနည်းချက်က အလိုလို ဖုံးကွယ်ပြီးသားဖြစ်ခဲ့တာဖြစ်ပါတယ်။

၁။ လီယွန်နယ် မက်ဆီ(ပီအက်စ်ဂျီ)

လီယွန်နယ် မက်ဆီဟာ တသက်တာအကောင်းဆုံးကစားသမားတွေထဲက တစ်ဦးအဖြစ် ကျယ်ကျယ်ပြန့်ပြန့် ယူဆခြင်းခံခဲ့ရသူဖြစ်ပြီး အသက် ၃၅ နှစ်အရွယ်တိုက်စစ်မှူးဟာ ဘောလုံးသမိုင်းမှာ စွယ်စုံရတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပါတယ်။ အာဂျင်တီးနားမှော်ဆရာဟာ ဘောလုံးလောကမှာ ရရှိနိုင်သမျှ အဓိကဆုဖလားအားလုံးကို သိမ်းကြုံးရယူထားသူဖြစ်ပြီး မကြာသေးမီကမှ အာဂျင်တီးနားကို ကမ္ဘာ့ဖလားရရှိအောင် ဦးဆောင်ပေးခဲ့တာကြောင့် ရွှေဘောလုံးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။ ဘလွန်ဒေါ ၇ ဆုရှင်ဟာ ဘယ်သန်ကစားသမားဖြစ်ပြီး အားနည်းတဲ့ ညာခြေနဲ့လည်း တော်တော်လေး ကျွမ်းကျင်လိမ္မာပေမယ့် အသုံးပြုတာ ရှားပါတယ်။ မက်ဆီဟာ ဘယ်ခြေနဲ့ ပြိုင်ဘက်တွေကို လိမ်ခေါက်ဖြတ်ကျော်တာ၊ နေရာလွတ်ဖန်တီးတာ၊ ဂိုးထောင့်ထဲကို ကန်သွင်းတာတွေအားလုံးကို ပြုလုပ်တတ်သူဖြစ်ပြီး ခြေထောက် တစ်ဖက်တည်းနဲ့တင် လုံလောက်နေပြီဖြစ်တာကြောင့် နှစ်ဖက်စလုံး အသုံးမပြုနိုင်တာက အားနည်းချက်လို့တောင် ပြောလို့မရတာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ကစားသမားအမ်ားစုဟာ ေျခေထာက္ ၂ ဖက္စလုံးကို မွ်မွ်တတ ေလ့က်င့္ေလ့ရွိၾကေပမယ့္လည္း အခ်ိဳ႕ကေတာ့ သာမန္အားျဖင့္ တစ္ဖက္ကို ပိုၿပီး အားသန္ၾကတာ ျဖစ္ပါတယ္။

ေဘာလုံးေလာကမွာ ကစားသမားေတြဟာ ပိုမိုေကာင္းမြန္တဲ့ ထိန္းခ်ဳပ္မႈ၊ တိက်မႈနဲ႔ အားပါမႈအတြက္ ပိုမို အားသန္တဲ့ ေျခေထာက္ကို ပုံမွန္အားျဖင့္ အသုံးျပဳေလ့ရွိၾကတာျဖစ္ေပမယ့္လည္း ၿပိဳင္ဘက္အသင္းက ကစားသမားရဲ႕ ပိုမိုအားသန္တဲ့ ေျခေထာက္ကို သိေနရင္ တစ္ပန္းရႈံးႏိုင္သလို ခံစစ္နည္းဗ်ဴဟာကိုလည္း လိုသလို ခ်ိန္ညႇိသြားႏိုင္မွာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေဘာလုံးသမိုင္းတေလွ်ာက္လုံးမွာ ဒီေယဂို မာရာဒိုနာလိုမ်ိဳး တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ သတ္မွတ္ခံခဲ့ရတဲ့ အာဂ်င္တီးနားဂႏၲဝင္ဟာ ဘယ္သန္ဆိုတာ အားလုံးသိေပမယ့္လည္း ေအာင္ျမင္မႈ မ်ားစြာ ရရွိခဲ့တာျဖစ္ပါတယ္။

အခုေဖာ္ျပေပးသြားမယ့္အေၾကာင္းအရာကေတာ့ အားနည္းတဲ့ေျခေထာက္ကို သုံးတာမ်ိဳး ရွားပါးတဲ့ ကမာၻ႔အဆင့္ ကစားသမား ၅ ဦးအေၾကာင္း ျဖစ္ပါတယ္။

၅။ ဘာနာဒို ေဆးလ္ဗား(မန္စီးတီး)

ဘာနာဒိုေဆးလ္ဗားဟာ လ်င္ျမန္မႈနဲ႔ ဖန္တီးႏိုင္စြမ္း ေကာင္းမြန္တဲ့ ကြင္းလယ္တိုက္စစ္ကစားသမားအျဖစ္ လူသိမ်ားၿပီး နည္းစနစ္ပိုင္း ပါရမီပါတဲ့ကစားသမားျဖစ္တာေၾကာင့္ ေဘာလုံးကို ေျခေထာက္ထဲ သက္ေတာင့္သက္သာထားႏိုင္သလို အလြန္ေကာင္းမြန္တဲ့ အနီးကပ္ ေဘာလုံးထိန္းသိမ္းတဲ့စြမ္းရည္ကိုလည္း ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ေဆးလ္ဗားဟာ ပါးနပ္တဲ့ ေျပးလႊားမႈ၊ ဂိုးဖန္တီးေပးႏိုင္စြမ္းနဲ႔ တိက်တဲ့ေပးပို႔မႈေၾကာင့္ လူသိမ်ားၿပီး ခံစစ္ပိုင္းေရာ တိုက္စစ္ပိုင္းပါ အကူအညီေပးႏိုင္တာေၾကာင့္ ဘယ္လိုအသင္းမ်ိဳးအတြက္မဆို တန္ဖိုးရွိတဲ့ကစားသမားျဖစ္ပါတယ္။ ေဆးလ္ဗားက ဘယ္သန္ကစားသမားျဖစ္ၿပီး ညာေျခနဲ႔ ဂိုးကန္သြင္းဖို႔ ႀကိဳးပမ္းတာ ဒါမွမဟုတ္ ေဘာလုံးေပးပို႔မႈႀကိဳးပမ္းတာမ်ိဳး ျမင္ရခဲေပမယ့္လည္း ပရီးမီးယားလိဂ္မွာ အေကာင္းဆုံးကြင္းလယ္ကစားသမားေတြထဲက တစ္ဦးအျဖစ္ ဆက္လက္ရပ္တည္ေနတာျဖစ္ပါတယ္။

၄။ အိန္ဂ်ယ္ ဒီမာရီယာ(ဂ်ဴဗင္တပ္)

အိန္ဂ်ယ္ ဒီမာရီယာက အလြန္ထူးျခားတဲ့ေဘာလုံးစြမ္းရည္နဲ႔ အလိမ္အေခါက္စြမ္းရည္ကို ပိုင္ဆိုင္ထားတဲ့ ဘယ္သန္ကစားသမားျဖစ္ၿပီး ၎ရဲ႕ ဘယ္ေျခကို ေဘာလုံးထိန္းသိမ္းမႈ၊ ေပးပို႔မႈေတြနဲ႔ ဂိုးကန္သြင္းမႈေတြ ျပဳလုပ္ရာမွာ အလြန္အားထားသူျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီမာရီယာဟာ အျမင့္မားဆုံးအဆင့္မွာ ေအာင္ျမင္မႈ ရရွိခဲ့တာျဖစ္ၿပီး ၎ရဲ႕မ်ိဳးဆက္မွာ အေကာင္းဆုံးေတာင္ပံကစားသမားေတြထဲက တစ္ဦးအျဖစ္ ယူဆျခင္းခံခဲ့ရတာျဖစ္ပါတယ္။ ေျခတစ္ဖက္တည္း အားျပဳကစားေပမယ့္လည္း လ်င္ျမန္မႈ၊၊ ေျပးအားနဲ႔ ေဘာလုံးလမ္းေၾကာင္း အျမင္ရွိမႈက ၿပိဳင္ဘက္ခံစစ္ကစားသမားေတြအတြက္ ထိန္းသိမ္းရခက္တဲ့ကစားသမားျဖစ္လာေစခဲ့တာျဖစ္ၿပီး အာဂ်င္တီးနားၾကယ္ပြင့္ဟာ အႏၲရာယ္ရွိတဲ့ ျဖတ္တင္ေပးပို႔မႈေတြကို ဘယ္ေျခနဲ႔ ကစားသမားဘဝတေလွ်ာက္လုံး ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာ ဂ်ဴဗင္တပ္အသင္းအတြက္ ကစားေပးေနတဲ့ ဒီမာရီယာဟာ ကစားသမားဘဝ အေကာင္းဆုံးအခ်ိန္ေတြကို ေက်ာ္လြန္ခဲ့ၿပီျဖစ္ေပမယ့္လည္း ၂၀၂၂ ကမာၻ႔ဖလားၿပိဳင္ပြဲမွာ လက္ေ႐ြးစင္အသင္းကို ေအာင္ျမင္မႈ ရရွိေအာင္ ျပင္သစ္နဲ႔ ကစားခဲ့တဲ့ ကမာၻ႔ဖလားဗိုလ္လုပြဲမွာ ဂိုးသြင္းယူေပးႏိုင္ခဲ့တာျဖစ္ပါတယ္။

၃။ ကိုင္လီ ေဝၚကာ(မန္စီးတီး)

ေဝၚကာဟာ ခံစစ္ပိုင္းေရာ တိုက္စစ္ပိုင္းမွာပါ အလြန္ေကာင္းမြန္တဲ့ ေခတ္သစ္ ေနာက္ခံေတာင္ပံကစားသမားျဖစ္ၿပီး အလြန္လ်င္ျမန္တဲ့ျမန္ႏႈန္းကို ပိုင္ဆိုင္ထားတာေၾကာင့္ ခံစစ္အကူးအေျပာင္းလုပ္ခ်ိန္အတြင္းမွာ တန္ဖိုးရွိတဲ့ ကစားသမားျဖစ္ေစခဲ့တာျဖစ္ပါတယ္။ ေဝၚကာဟာ တိက်တဲ့ေပးပို႔မႈေတြ၊ ပန္းတက္ေျပးလႊားမႈေတြေၾကာင့္လည္း လူသိမ်ားခဲ့ၿပီး ညာေျခကို အဓိကအားျပဳကစားေပမယ့္လည္း ဘယ္ေျခကလည္း သိသိသာသာ အားနည္းတာမ်ိဳး မရွိသူျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေဝၚကာဟာ ဘယ္ေျခကို သုံးတာ ရွားၿပီး မ်ားေသာအားျဖင့္ ညာေတာင္ပံမွာ ကစားရတာေၾကာင့္လည္း ပါမွာျဖစ္ပါတယ္။

၂။ ေပၚလို ဒီဘားလား(႐ိုးမား)

ေပၚလို ဒီဘားလားဟာ ဂ်ဴဗင္တပ္ကေန ႐ိုးမားကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက ကစားသမားဘဝ ျပန္လည္အသက္သြင္းႏိုင္ခဲ့သူျဖစ္ၿပီး အာဂ်င္တီးနားတိုက္စစ္မႉးဟာ ယခုရာသီ ၿပိဳင္ပြဲစုံ ၂၂ ပြဲမွာ သြင္းဂိုး ၁၁ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၇ ႀကိမ္ ျပဳလုပ္ေပးထားၿပီး ႐ိုးမားရဲ႕ အေကာင္းဆုံးကစားသမားျဖစ္ခဲ့တာျဖစ္ပါတယ္။ အသက္ ၂၉ ႏွစ္အ႐ြယ္ တိုက္စစ္မႉးဟာ ဘယ္သန္ကစားသမားျဖစ္ၿပီး ညာေျခနဲ႔ စြမ္းရည္ဟာ သံသယျဖစ္စရာေကာင္းျဖစ္ေပမယ့္လည္း ဒီဘားလားဟာ ကြင္းအတြင္းမွာ ၎ရဲ႕ နည္းစနစ္ပိုင္းအရည္အေသြးနဲ႔ ဖန္တီးႏိုင္စြမ္းေတြေၾကာင့္ ဒီအားနည္းခ်က္က အလိုလို ဖုံးကြယ္ၿပီးသားျဖစ္ခဲ့တာျဖစ္ပါတယ္။

၁။ လီယြန္နယ္ မက္ဆီ(ပီအက္စ္ဂ်ီ)

လီယြန္နယ္ မက္ဆီဟာ တသက္တာအေကာင္းဆုံးကစားသမားေတြထဲက တစ္ဦးအျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ ယူဆျခင္းခံခဲ့ရသူျဖစ္ၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ေဘာလုံးသမိုင္းမွာ စြယ္စုံရတဲ့ ကစားသမားေတြထဲက တစ္ဦးျဖစ္ပါတယ္။ အာဂ်င္တီးနားေမွာ္ဆရာဟာ ေဘာလုံးေလာကမွာ ရရွိႏိုင္သမွ် အဓိကဆုဖလားအားလုံးကို သိမ္းႀကဳံးရယူထားသူျဖစ္ၿပီး မၾကာေသးမီကမွ အာဂ်င္တီးနားကို ကမာၻ႔ဖလားရရွိေအာင္ ဦးေဆာင္ေပးခဲ့တာေၾကာင့္ ေ႐ႊေဘာလုံးဆုကို ရရွိခဲ့တာျဖစ္ပါတယ္။ ဘလြန္ေဒါ ၇ ဆုရွင္ဟာ ဘယ္သန္ကစားသမားျဖစ္ၿပီး အားနည္းတဲ့ ညာေျခနဲ႔လည္း ေတာ္ေတာ္ေလး ကြၽမ္းက်င္လိမၼာေပမယ့္ အသုံးျပဳတာ ရွားပါတယ္။ မက္ဆီဟာ ဘယ္ေျခနဲ႔ ၿပိဳင္ဘက္ေတြကို လိမ္ေခါက္ျဖတ္ေက်ာ္တာ၊ ေနရာလြတ္ဖန္တီးတာ၊ ဂိုးေထာင့္ထဲကို ကန္သြင္းတာေတြအားလုံးကို ျပဳလုပ္တတ္သူျဖစ္ၿပီး ေျခေထာက္ တစ္ဖက္တည္းနဲ႔တင္ လုံေလာက္ေနၿပီျဖစ္တာေၾကာင့္ ႏွစ္ဖက္စလုံး အသုံးမျပဳႏိုင္တာက အားနည္းခ်က္လို႔ေတာင္ ေျပာလို႔မရတာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.