Article Premier League

တစ္ေယာက္ပဲဆုိရင္ ဘယ္သူ႕ကို ေခၚမလဲဆုိတဲ့ ဂန္းနားေဟာင္းႀကီးေတြရဲ႕ စကားဝိုင္း

အာဆင္နယ္အသင္းရဲ႕ လက္ရွိအေနအထားအရ ေငြေၾကးသုံးစြဲၿပီး ေခၚယူရမယ္ဆုိရင္ ကြင္းလယ္ပုိင္းအတြက္ ဟူဆင္းမ္ ေအာဝါနဲ႔ ေသာမတ္စ္ ပါေတးတုိ႔ထဲက တစ္ဦးသာ ေခၚယူရဖို႔ အေနအထားကို ေရာက္ေနၿပီး ဒါကို ဂန္းနားေဟာင္းႀကီးေတြျဖစ္ၾကတဲ့ မုိက္ကယ္ ေသာမတ္စ္၊ လီယမ္ ဘရာဒီ၊ အက္ဒရီယန္ ကလာ့ခ္၊ လီး ဒစ္ဆင္နဲ႔ အလန္ စမစ္တုိ႔က ေဆြးေႏြးသြားၾကပါတယ္။

မုိက္ကယ္ ေသာမတ္စ္ – အာဆင္နယ္ရဲ႕ ကြင္းလယ္မွာ ပက္ထရစ္ ဗီယာရာနဲ႔ အီမန္ညဴယယ္ ပီတစ္လိုမ်ဳိး ကစားသမားေတြ လိုေနတာပါ။ ခံစစ္ေရွ႕ကေန ကြင္းလယ္ကို အားျဖည့္ေမာင္းႏွင္ေပးမယ့္သူမ်ဳိးေပါ့။ ကြင္းလယ္ကို စိုးမုိးၿပီး ေဘာလုံးကို ေရွ႕ပုိ႔ေပးရလိမ့္မယ္။ အႏၲရာယ္ကို နားလည္ၿပီး ေဘာလုံးကိုေရာ အသင္းသားေတြကိုပါ အေျခအေနကို သုံးသပ္ညႊန္ၾကားႏိုင္မယ့္သူမ်ဳိး၊ ဖာနန္ဒင္ညဳိလုိေပါ့။ (သူကေတာ့ ပါေတးကိုပဲ ေရြးခဲ့ပါတယ္)

လီယမ္ ဘရာဒီ – ကၽြန္ေတာ္ကေတာ့ အာဆင္နယ္လိုေနတာဟာ ဇာဘီ အလြန္ဆုိလိုမ်ဳိး ကစားသမားလို႔ ထင္တယ္။ ၿပဳိင္ဆုိင္လိုစိတ္၊ အသိဉာဏ္နဲ႔ အရည္အေသြးေတြ ေပါင္းစပ္ထားတာမ်ဳိးေပါ့။ ဒီလိုမ်ဳိးအတြက္ ပါေတးကပဲ ပုိအဆင္ေျပမယ္ထင္တယ္။ အာတီတာအတြက္လည္း ခံစစ္ကို အားျဖည့္ဖို႔ လိုေနတယ္ေလ။ သူ႕ကိုသာ ရလိုက္ရင္ ေရွ႕က ကစားသမားေတြအေနနဲ႔ လြတ္လြတ္လပ္လပ္ ကစားႏုိင္ၾကမွာျဖစ္ၿပီး ဆာကာကို အတြင္းပုိ႔၊ လာကာဇက္ကို ေနာက္ဆြဲခ်ၿပီး ဝီလီယန္က တုိက္စစ္မွဴးေနာက္မွာ ကစားၿပီး အဆင္ေျပသြားလိမ့္မယ္။ ကၽြန္ေတာ္ကေတာ့ ခံစစ္သမားကိုပဲ ေရြးမွာပါ။

အက္ဒရီယန္ ကလာ့ခ္ – ကၽြန္ေတာ္ကေတာ့ ခက္ခက္ခဲခဲနဲ႔ ေအာဝါကိုပဲ ေရြးခ်င္ပါတယ္။ အခုက ေရွ႕မွာ အူဘာမီယန္းကိုပဲ ဖန္တီးဖို႔ကိုေရာ ဂိုးသြင္းဖို႔ကိုပါ မွီခိုေနရတယ္။ ခ်ာကာနဲ႔ စီဘာေယာ့စ္တုိ႔ ရွိတယ္ဆုိေပမယ့္ သူတုိ႔ေတြက တုိက္စစ္သုံးဦးထက္ ခံစစ္သုံးဦးနဲ႔ပဲ ပုိၿပီး အတြဲအဖက္မိတဲ့သူေတြဆိုေတာ့ အာရြန္ ရမ္ေဆးလုိမ်ဳိး အတက္အဆင္းေျပးလႊားၿပီး ပိတ္ဆို႔မွဳေတြကို ဖြင့္ထုတ္ေပးႏုိင္မယ့္သူမ်ဳိးနဲ႔ Box to Box ကစားႏုိင္တဲ့သူမ်ဳိးကပဲ ပုိသင့္ေတာ္မွာပါ။ ခ်ာကာနဲ႔ စီဘာေယာ့စ္တုိ႔ႏွစ္ဦးထက္ အျမန္ႏွဳန္းကုိ ပုိပိုင္ဆုိင္ထားတဲ့ ေျခသြက္တဲ့ ေအာဝါကိုပဲ ကၽြန္ေတာ္ အလိုရွိပါတယ္။

လီး ဒစ္ဆင္ – ခက္သားပဲ၊ ကၽြန္ေတာ္ကေတာ့ ႏွစ္ေယာက္စလုံးေတာင္ ေရြးလုိက္ခ်င္ေသးတယ္။ အာဆင္နယ္ကြင္းမွာ ဖန္တီးမွဳ နည္းေနတာလည္း ဟုတ္တာပဲ။ ဒါေပမယ့္ အူဘာမီယန္းက ဒီအေျခအေနမွာလည္း ထိုးေဖာက္ႏိုင္ေနသားပဲ မဟုတ္လား။ ကၽြန္ေတာ္ကေတာ့ ခံစစ္လုံရင္ ေရွ႕မွာ တစ္ခုခုေတာ့ ျဖစ္လာႏုိင္မယ္လုိ႔ပဲ ယူဆပါတယ္။ ၁-၀ အာဆင္နယ္ဆုိတာမ်ဳိးကို ႀကဳိက္တယ္ မဟုတ္ေပမယ့္ အသင္းေနာက္တန္းက ခုထိ တည္ေဆာက္ေနတုန္းပဲ။ ဂါဘရီယယ္လ္က အခ်ိန္လိုေသးတယ္။ အဲ့ဒီေတာ့ ပါေတးကိုပဲ လုိခ်င္ပါတယ္။

အလန္ စမစ္ – လီယြန္ရဲ႕ ခ်န္ပီယံလိဂ္ပြဲကို ကၽြန္ေတာ္ ေနာက္ခံတင္ဆက္ေပးခဲ့တယ္။ အဲ့ဒီမွာ ေအာဝါကို ေကာင္းေကာင္းၾကည့္ျဖစ္ခဲ့ပါတယ္။ အုိေဇးလ္ မပါေတာ့တဲ့ အာဆင္နယ္ကြင္းလယ္က ဖန္တီးမွဳ က်လာတာလည္း ဟုတ္ပါတယ္။ ဒါေပမယ့္ ဖန္တီးေပးမယ့္သူက ဒီေလာက္ႀကီး အေရးတႀကီး မလိုပါဘူး။ ဒီအတုိင္းလည္း သူတုိ႔ ဂိုးေတြ ရွာေဖြေနႏုိင္တာပါပဲ။ ကၽြန္ေတာ့္အတြက္ေတာ့ ပါေတးက အသင္းကို က်စ္လ်စ္မာေက်ာေအာင္ လုပ္ေပးမယ့္သူမ်ဳိးျဖစ္လုိ႔ ဒီကေန စိတ္ခ်ရရင္ ဂိုးေတြလည္း ရယူႏုိင္ဖို႔ ယုံၾကည္ပါတယ္။

အာဆင္နယ္အသင္းရဲ႕ ကစားသမားေဟာင္းႀကီး ငါးဦးရဲ႕ စကားေတြကို နားေထာင္ၾကည့္အၿပီးမွာ ကြင္းလယ္အတြက္ ေရြးခ်ယ္မွဳကေတာ့ ပါေတးဆီကို ေလးမဲ-တစ္မဲနဲ႔ ေထာက္ခံမွဳ ရရွိထားပါတယ္။ အာဆင္နယ္ပရိသတ္ေတြကေရာ ဘယ္လိုမ်ဳိး ထင္ျမင္ၾကသလဲဆုိတာကို ကိုယ့္အေတြးနဲ႔ ကိုယ္စီ ရွိေနမွာပါပဲ။ မန္ေနဂ်ာ မီခယ္လ္ အာတီတာရဲ႕ ေရြးခ်ယ္မွဳနဲ႔ သူ႕ရဲ႕ အိုင္ဒီယာမွာ ဘယ္သူ႕ကို ေခၚႏုိင္ေခၚႏုိင္ အေကာင္းဆုံး ျပဳျပင္ေျပာင္းလဲမွဳေတြနဲ႔ အသုံးခ်ႏုိင္မယ္လို႔ေတာ့ ထင္ျမင္မိပါတယ္ေလ။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE: အာဆင်နယ်အသင်းရဲ့ လက်ရှိအနေအထားအရ ငွေကြေးသုံးစွဲပြီး ခေါ်ယူရမယ်ဆိုရင် ကွင်းလယ်ပိုင်းအတွက် ဟူဆင်းမ် အောဝါနဲ့ သောမတ်စ် ပါတေးတို့ထဲက တစ်ဦးသာ ခေါ်ယူရဖို့ အနေအထားကို ရောက်နေပြီး ဒါကို ဂန်းနားဟောင်းကြီးတွေဖြစ်ကြတဲ့ မိုက်ကယ် သောမတ်စ်၊ လီယမ် ဘရာဒီ၊ အက်ဒရီယန် ကလာ့ခ်၊ လီး ဒစ်ဆင်နဲ့ အလန် စမစ်တို့က ဆွေးနွေးသွားကြပါတယ်။

မိုက်ကယ် သောမတ်စ် – အာဆင်နယ်ရဲ့ ကွင်းလယ်မှာ ပက်ထရစ် ဗီယာရာနဲ့ အီမန်ညူယယ် ပီတစ်လိုမျိုး ကစားသမားတွေ လိုနေတာပါ။ ခံစစ်ရှေ့ကနေ ကွင်းလယ်ကို အားဖြည့်မောင်းနှင်ပေးမယ့်သူမျိုးပေါ့။ ကွင်းလယ်ကို စိုးမိုးပြီး ဘောလုံးကို ရှေ့ပို့ပေးရလိမ့်မယ်။ အန္တရာယ်ကို နားလည်ပြီး ဘောလုံးကိုရော အသင်းသားတွေကိုပါ အခြေအနေကို သုံးသပ်ညွှန်ကြားနိုင်မယ့်သူမျိုး၊ ဖာနန်ဒင်ညိုလိုပေါ့။ (သူကတော့ ပါတေးကိုပဲ ရွေးခဲ့ပါတယ်)

လီယမ် ဘရာဒီ – ကျွန်တော်ကတော့ အာဆင်နယ်လိုနေတာဟာ ဇာဘီ အလွန်ဆိုလိုမျိုး ကစားသမားလို့ ထင်တယ်။ ပြိုင်ဆိုင်လိုစိတ်၊ အသိဉာဏ်နဲ့ အရည်အသွေးတွေ ပေါင်းစပ်ထားတာမျိုးပေါ့။ ဒီလိုမျိုးအတွက် ပါတေးကပဲ ပိုအဆင်ပြေမယ်ထင်တယ်။ အာတီတာအတွက်လည်း ခံစစ်ကို အားဖြည့်ဖို့ လိုနေတယ်လေ။ သူ့ကိုသာ ရလိုက်ရင် ရှေ့က ကစားသမားတွေအနေနဲ့ လွတ်လွတ်လပ်လပ် ကစားနိုင်ကြမှာဖြစ်ပြီး ဆာကာကို အတွင်းပို့၊ လာကာဇက်ကို နောက်ဆွဲချပြီး ဝီလီယန်က တိုက်စစ်မှူးနောက်မှာ ကစားပြီး အဆင်ပြေသွားလိမ့်မယ်။ ကျွန်တော်ကတော့ ခံစစ်သမားကိုပဲ ရွေးမှာပါ။

အက်ဒရီယန် ကလာ့ခ် – ကျွန်တော်ကတော့ ခက်ခက်ခဲခဲနဲ့ အောဝါကိုပဲ ရွေးချင်ပါတယ်။ အခုက ရှေ့မှာ အူဘာမီယန်းကိုပဲ ဖန်တီးဖို့ကိုရော ဂိုးသွင်းဖို့ကိုပါ မှီခိုနေရတယ်။ ချာကာနဲ့ စီဘာယော့စ်တို့ ရှိတယ်ဆိုပေမယ့် သူတို့တွေက တိုက်စစ်သုံးဦးထက် ခံစစ်သုံးဦးနဲ့ပဲ ပိုပြီး အတွဲအဖက်မိတဲ့သူတွေဆိုတော့ အာရွန် ရမ်ဆေးလိုမျိုး အတက်အဆင်းပြေးလွှားပြီး ပိတ်ဆို့မှုတွေကို ဖွင့်ထုတ်ပေးနိုင်မယ့်သူမျိုးနဲ့ Box to Box ကစားနိုင်တဲ့သူမျိုးကပဲ ပိုသင့်တော်မှာပါ။ ချာကာနဲ့ စီဘာယော့စ်တို့နှစ်ဦးထက် အမြန်နှုန်းကို ပိုပိုင်ဆိုင်ထားတဲ့ ခြေသွက်တဲ့ အောဝါကိုပဲ ကျွန်တော် အလိုရှိပါတယ်။

လီး ဒစ်ဆင် – ခက်သားပဲ၊ ကျွန်တော်ကတော့ နှစ်ယောက်စလုံးတောင် ရွေးလိုက်ချင်သေးတယ်။ အာဆင်နယ်ကွင်းမှာ ဖန်တီးမှု နည်းနေတာလည်း ဟုတ်တာပဲ။ ဒါပေမယ့် အူဘာမီယန်းက ဒီအခြေအနေမှာလည်း ထိုးဖောက်နိုင်နေသားပဲ မဟုတ်လား။ ကျွန်တော်ကတော့ ခံစစ်လုံရင် ရှေ့မှာ တစ်ခုခုတော့ ဖြစ်လာနိုင်မယ်လို့ပဲ ယူဆပါတယ်။ ၁-၀ အာဆင်နယ်ဆိုတာမျိုးကို ကြိုက်တယ် မဟုတ်ပေမယ့် အသင်းနောက်တန်းက ခုထိ တည်ဆောက်နေတုန်းပဲ။ ဂါဘရီယယ်လ်က အချိန်လိုသေးတယ်။ အဲ့ဒီတော့ ပါတေးကိုပဲ လိုချင်ပါတယ်။

အလန် စမစ် – လီယွန်ရဲ့ ချန်ပီယံလိဂ်ပွဲကို ကျွန်တော် နောက်ခံတင်ဆက်ပေးခဲ့တယ်။ အဲ့ဒီမှာ အောဝါကို ကောင်းကောင်းကြည့်ဖြစ်ခဲ့ပါတယ်။ အိုဇေးလ် မပါတော့တဲ့ အာဆင်နယ်ကွင်းလယ်က ဖန်တီးမှု ကျလာတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် ဖန်တီးပေးမယ့်သူက ဒီလောက်ကြီး အရေးတကြီး မလိုပါဘူး။ ဒီအတိုင်းလည်း သူတို့ ဂိုးတွေ ရှာဖွေနေနိုင်တာပါပဲ။ ကျွန်တော့်အတွက်တော့ ပါတေးက အသင်းကို ကျစ်လျစ်မာကျောအောင် လုပ်ပေးမယ့်သူမျိုးဖြစ်လို့ ဒီကနေ စိတ်ချရရင် ဂိုးတွေလည်း ရယူနိုင်ဖို့ ယုံကြည်ပါတယ်။

အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းကြီး ငါးဦးရဲ့ စကားတွေကို နားထောင်ကြည့်အပြီးမှာ ကွင်းလယ်အတွက် ရွေးချယ်မှုကတော့ ပါတေးဆီကို လေးမဲ-တစ်မဲနဲ့ ထောက်ခံမှု ရရှိထားပါတယ်။ အာဆင်နယ်ပရိသတ်တွေကရော ဘယ်လိုမျိုး ထင်မြင်ကြသလဲဆိုတာကို ကိုယ့်အတွေးနဲ့ ကိုယ်စီ ရှိနေမှာပါပဲ။ မန်နေဂျာ မီခယ်လ် အာတီတာရဲ့ ရွေးချယ်မှုနဲ့ သူ့ရဲ့ အိုင်ဒီယာမှာ ဘယ်သူ့ကို ခေါ်နိုင်ခေါ်နိုင် အကောင်းဆုံး ပြုပြင်ပြောင်းလဲမှုတွေနဲ့ အသုံးချနိုင်မယ်လို့တော့ ထင်မြင်မိပါတယ်လေ။

REF: ATHLETIC
PHOTOS CREDIT TO OWNERS
SPORTS A2Z.