Analysis Article La Liga Match Report Premier League UCL&UEL

ဘာဆာကို El Clasico ဂျိုးတွေနဲ့ ရင်ဆိုင်ခဲ့တဲ့ မန်ယူရဲ့ သရေပွဲက မှတ်မှတ်ရရ ပြောစရာများ

ရပ်တန့်လို့ မရနိုင်တဲ့ ရက်ရှ်ဖို့ဒ်
ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၁၂ ဂိုး ရရှိထားခဲ့တဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ ဒီနေ့မှာ ဘာစီလိုနာဘက်ကိုလည်း တစ်ဂိုးထပ်မံသွင်းယူပြီး ယူရိုပါလိဂ်ရဲ့ ဂိုးသွင်းဘုရင်စာရင်းမှာ ထိပ်ဆုံးကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Line-up စာရွက်ပေါ်မှာ တိုက်စစ်နေရာက ပွဲထွက်ခဲ့ရပေမယ့် ဘယ်ညာတောင်ပံတွေကို မွှေနှောက်နေခဲ့တဲ့ အင်္ဂလန်တိုက်စစ်မှူးဟာ ဒီနေ့မှာ ဟက်ထရစ်ရနိုင်ခဲ့တာဖြစ်ပေမယ့် တစ်ဖက်ဂိုးသမား တာစတီဂန်ရဲ့ လက်စွမ်းပြမှုနဲ့ သူကိုယ်တိုင်ရဲ့ လောကြီးမှုတချို့ကြောင့် တစ်ဂိုးတည်းနဲ့ နူးကမ့်မှာ ကျေနပ်ခဲ့ရပေမယ့် အသင်းအတွက် ဒုတိယဂိုးကိုလည်း ဖန်တီးပေးပို့နိုင်ခဲ့တာကြောင့် အကောင်းဆုံး ကစားသမားလည်းဖြစ်ခဲ့ပြီး လာမယ့် တစ်ပတ် အိုးလ်ထရက်ဖို့ဒ်မှာ ပိုမိုခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရမှာပါ။

ဖင်ချွန်းပြီး အိမ်ကွင်းမှာ ရင်ခံခဲ့ရတဲ့ ဇာဗီ
အိမ်ကွင်းမှာ ရက်ရှ်ဖို့ဒ်ကို ထိန်းသိမ်းနိုင်ဖို့ လုပ်ခဲ့တဲ့ ဇာဗီရဲ့ ဗဟိုခံစစ်မှူး အာရူဟိုကို ညာတောင်ပံပို့ပြီး ဝိတ်နဲ့ဖိမယ်ဆိုတဲ့ ဗျူဟာကတော့ သူ့ရဲ့ နောက်ထပ် ပြောင်းလဲမှုဖြစ်တဲ့ ကွန်ဒီကို အတွင်းပြန်ပို့ခြင်းနဲ့အတူ စုံးစုံးမြုပ်ခဲ့ရတာပါ။ အကောင်ကြီးပြီး အထနှေးတဲ့ ဥရုဂွေးသား အာရူဟိုအနေနဲ့ တစ်ကွင်းလုံး ပတ်မွှေနေတဲ့ ရက်ရှ်ဖို့ဒ်ကို မထိန်းနိုင်ခဲ့သလို သူ့အစား အလယ်ဝင်ဆော့ခဲ့တဲ့ ကွန်ဒီကလည်း ကိုယ့်ဂိုးကိုယ်သွင်းမိခဲ့ပြီး ကံကောင်းလို့သာ အနီကတ်နဲ့ အထုတ်မခံခဲ့ရတာဖြစ်လို့ ဇာဗီရဲ့ ပြင်လွန်း ဖင်ချွန်းမှုက ရင်ခံသွားခဲ့ရတာဖြစ်ပါတယ်။

ကလာစီကိုဂျိုးတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ မန်ယူ
ဘာစီလိုနာကို ရီးရဲလ်မက်ဒရစ်နဲ့ ကစားနေကျဖြစ်ပြီး အယ်လ်ကလာစီကို ပွဲစဉ်တွေမှာ ဆက်တိုက်တွေ့ဆုံထားခဲ့တဲ့ ကာစီမီရိုအနေနဲ့ ဒီနေ့မှာ ကာတာလန်သားတွေကို တစ်နှစ်မှ မပျက်ဘဲ ဆုံတွေ့တဲ့ ၁၀ နှစ်မြောက် အထိမ်းအမှတ်ဖြစ်ခဲ့သလို ယူရိုပါလိဂ်မှာ ဆက်လက်ဆုံတွေ့ဖို့ ကံဇာတာပါခဲ့တာပါ။ သူ့လိုပဲ နောက်ထပ် ဂျိုးတစ်ယောက်ကတော့ နောက်ခံလူ ရာဖေးလ် ဗာရွန်းဖြစ်ပြီး ဒီနေ့မှာ ခြေပေါ်အောင် ကစားနိုင်ခဲ့ပြီး ဘာစီလိုနာတို့နဲ့ ကစားနေကျ အတွေ့အကြုံကောင်းတွေကို နူးကမ့်ဆီ သယ်ဆောင်လာခဲ့သလို ကြီးကြီးမားမား အကျိုးပြုနိုင်ခဲ့တာကြောင့် နောက်တစ်ကျော့ အိုးလ်ထရက်ဖို့ဒ်မှာ ကစားဖို့ ပွဲစဉ်က ပိုမိုလွယ်ကူသွားခဲ့ပါတယ်။

တန်ဟတ်ရဲ့ ဗျူဟာအပြောင်းအလဲ
ပုံမှန်အတိုင်းဆိုရင် ရက်ရှ်ဖို့ဒ်က ဘယ်၊ ဆန်ချိုက ညာ၊ ကျန်တဲ့သူတွေက အလယ်မှာ အလျဉ်းသင့်သလို ခင်းကျင်းမှာဖြစ်ပေမယ့် ဒီနေ့မှာ တန်ဟတ်ကတော့ ဗက်ဂ်ဟော့စ်ကို နောက်ချန်တိုက်စစ်မှူးနေရာပို့ပြီး ကွင်းလယ်ဆန်ဆန် သုံးသွားခဲ့သလို ရက်ရှ်ဖို့ဒ်က အထောင်မှာ လွတ်လွတ်လပ်လပ် ကစားသွားခဲ့ပြီး ဘရူနို ဖာနန်ဒက်စ်က ညာခြမ်းထွက်ကစားခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာတို့ မျက်စိလည်အောင် ဖန်တီးမှုက အတိုင်းအတာတစ်ခုအထိ အကျိုးရှိခဲ့ပြီး ခြေစွမ်းပျောက်နေတဲ့ ဆန်ချိုကို ပြန်ရောင်းစားလို့ရအောင် စင်တင်ပေးနေတာ မဟုတ်ခဲ့ရင် ယူနိုက်တက်တို့အနေနဲ့ ဒီနေ့ပွဲ နိုင်ပွဲရဖို့အထိ နီးစပ်ခဲ့ပြီး ဗျူဟာပိုင်းအရ သာလွန်ခဲ့တာပါ။

ခေါ်လို့ မလာချင်တဲ့ကောင် အိုးလ်ထရက်ဖို့ဒ်ကျမှ တွေ့မယ်
ဖရင်ကီ ဒီယုံးကို မန်ယူပရိသတ်တွေကရော တန်ဟတ်ကပါ အသည်းအသန် လိုချင်ခဲ့ပေမယ့် ဒတ်ချ်ဘဲကတော့ ချေမိုးနေခဲ့တာပါ။ ဒီနေ့ပွဲမှာ သူ့ရဲ့ ကစားပုံက ရုန်းကန်ခဲ့ရသလို အိုးလ်ထရက်ဖို့ဒ်မှာတော့ ကံဇာတာက ဒီထက်ပိုကျဖို့ ရှိနေပြီး မန်ယူကို မလာချင်ရင် နာမည်ပျက်လိမ့်မယ်လို့ ဝိုင်းစားဖို့ သရဲနီတွေ အခွင့်အရေး ရခဲ့ပါပြီ။ အကြောင်းကတော့ ပက်ဒရီ ဒဏ်ရာနဲ့ လစ်သွားပြီဖြစ်သလို ဂါဗီကလည်း အဝါထိလို့ နောက်တစ်ကျော့ကို လွဲရမှာဖြစ်ပြီး နည်းပြ ဇာဗီအနေနဲ့ ဒီယုံးကို အဘိုးကြီး ဘူးစ်ကွက်စ်နဲ့ပဲ တွဲပေးဖို့ ရှိတော့ဖြစ်ပါတယ်။ အဝေးကွင်းမှာ ဘာဆာကွင်းလယ်ကို တစ်ယောက်တည်း ထမ်းရဖို့ ရှိနေတဲ့ ဒီယုံးကို တန်ဟတ်အနေနဲ့ သူ့ရဲ့ ကွင်းလယ်အုပ်စုနဲ့ ဝိုင်းပြီး ပညာပေးလာမယ်ဆိုရင် မဆန်းဘူးလို့ပဲ ကြိုတွေးထားရမှာပါ။

ဒိုင်ကူလိုနာရဲ့ မဆန်းလှတဲ့ပွဲ
ဘာစီလိုနာတို့အနေနဲ့ ပြိုင်ဘက်ပရိသတ်တွေ မုန်းတီးခံရတာ ဘာမှ မဆန်းဘူးလို့ပဲ ဆိုရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကလည်း လာလီဂါမှာ ဒိုင်လူကြီးတွေကို နှစ်စဉ်နှစ်တိုင်း လာဘ်ထိုးထားခဲ့တဲ့ စာရင်းက ပေါက်ကြားခဲ့သလို ဥရောပပွဲစဉ်တွေမှာလည်း မျက်နှာသာရဖို့ ဘယ်လိုမျိုး ကုလားဖန်ထိုးထားသလဲတော့ မပြောတတ်တာပါ။ ပွဲချိန် ၆၄ မိနစ်မှာ ရက်ရှ်ဖို့ဒ်ကို နောက်ကနေ Last Defender အဖြစ် ဖျက်ထုတ်ခဲ့တဲ့ အိမ်ရှင်နောက်ခံလူ ကွန်ဒီကို အနီကတ်ပြဖို့တောင် မပြောနဲ့ အဝါကတ်တောင် မပြခဲ့ဘဲ ဖောင်းတောင် မပေးခဲ့တာက ရုပ်ပေါက်လွန်းခဲ့သလို ဒိုင်လူကြီးအတွက်ရော ဘာစီလိုနာ အတွက်ပါ အရှက်ရခဲ့တဲ့ ဖြစ်ရပ်ကိုလည်း မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။

လုခ်ရှောရဲ့ မဟန်လှတဲ့ နေရာပြောင်းလဲမှု
လုခ်ရှောကို ဗဟိုခံစစ်ရဲ့ ဘယ်ခြမ်းမှာ Ball Playing Center Back အဖြစ် သုံးစွဲခဲ့တာက အသင်းကြီးတွေနဲ့တော့ အလုပ်မဖြစ်နိုင်ဘူးလို့ တန်ဟတ်ကို သတိပေးဖို့ လိုနေတာဖြစ်ပါတယ်။ သူ့အနေနဲ့ သာမန်ခံစစ်မှူးတွေကိုသာ ထိန်းနိုင်မှာဖြစ်ပြီး တိုက်စစ်ကို ပံ့ပိုးရတာ သဘောကျတဲ့ ဘယ်ခြမ်း တောင်ပံခံစစ်မှူးအဖြစ်သာ ပိုမိုသင့်လျော်သလို သူ့နဲ့ တစ်လှည်စီသုံးရမယ့် မာလာစီယာကို ဘယ်နောက်ခံလူအဖြစ် နေရာပေးချင်တိုင်း အပြောင်းအလဲ လုပ်တဲ့ အကွက်က ကြည့်မကောင်းလှတာပါ။ တန်ဟတ်အနေနဲ့ ဒီနေ့မှာ လုခ်ရှောကို လင်ဒီလော့ဖ်နဲ့ မက်ဂွိုင်းယားတို့အစား ဗာရွန်းနဲ့တွဲဖို့ ရွေးချယ်ခဲ့ပြီး ဒါက လီဗန်ဒေါ့ဗ်စကီးနဲ့အတွေ့မှာ ပုံမလာခဲ့သလို သူ့အနေနဲ့ ပိုလန်တိုက်စစ်မှူးကို အခွင့်အရေးများစွာ ပေးမိခဲ့တာလည်းဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ရပ္တန႔္လို႔ မရႏိုင္တဲ့ ရက္ရွ္ဖို႔ဒ္
ပရီးမီးယားလိဂ္မွာ သြင္းဂိုး ၁၂ ဂိုး ရရွိထားခဲ့တဲ့ ရက္ရွ္ဖို႔ဒ္အေနနဲ႔ ဒီေန႔မွာ ဘာစီလိုနာဘက္ကိုလည္း တစ္ဂိုးထပ္မံသြင္းယူၿပီး ယူ႐ိုပါလိဂ္ရဲ႕ ဂိုးသြင္းဘုရင္စာရင္းမွာ ထိပ္ဆုံးကို ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ Line-up စာ႐ြက္ေပၚမွာ တိုက္စစ္ေနရာက ပြဲထြက္ခဲ့ရေပမယ့္ ဘယ္ညာေတာင္ပံေတြကို ေမႊေႏွာက္ေနခဲ့တဲ့ အဂၤလန္တိုက္စစ္မႉးဟာ ဒီေန႔မွာ ဟက္ထရစ္ရႏိုင္ခဲ့တာျဖစ္ေပမယ့္ တစ္ဖက္ဂိုးသမား တာစတီဂန္ရဲ႕ လက္စြမ္းျပမႈနဲ႔ သူကိုယ္တိုင္ရဲ႕ ေလာႀကီးမႈတခ်ိဳ႕ေၾကာင့္ တစ္ဂိုးတည္းနဲ႔ ႏူးကမ့္မွာ ေက်နပ္ခဲ့ရေပမယ့္ အသင္းအတြက္ ဒုတိယဂိုးကိုလည္း ဖန္တီးေပးပို႔ႏိုင္ခဲ့တာေၾကာင့္ အေကာင္းဆုံး ကစားသမားလည္းျဖစ္ခဲ့ၿပီး လာမယ့္ တစ္ပတ္ အိုးလ္ထရက္ဖို႔ဒ္မွာ ပိုမိုေျခစြမ္းျပႏိုင္မလား ေစာင့္ၾကည့္ရမွာပါ။

ဖင္ခြၽန္းၿပီး အိမ္ကြင္းမွာ ရင္ခံခဲ့ရတဲ့ ဇာဗီ
အိမ္ကြင္းမွာ ရက္ရွ္ဖို႔ဒ္ကို ထိန္းသိမ္းႏိုင္ဖို႔ လုပ္ခဲ့တဲ့ ဇာဗီရဲ႕ ဗဟိုခံစစ္မႉး အာ႐ူဟိုကို ညာေတာင္ပံပို႔ၿပီး ဝိတ္နဲ႔ဖိမယ္ဆိုတဲ့ ဗ်ဴဟာကေတာ့ သူ႔ရဲ႕ ေနာက္ထပ္ ေျပာင္းလဲမႈျဖစ္တဲ့ ကြန္ဒီကို အတြင္းျပန္ပို႔ျခင္းနဲ႔အတူ စုံးစုံးျမဳပ္ခဲ့ရတာပါ။ အေကာင္ႀကီးၿပီး အထေႏွးတဲ့ ဥ႐ုေဂြးသား အာ႐ူဟိုအေနနဲ႔ တစ္ကြင္းလုံး ပတ္ေမႊေနတဲ့ ရက္ရွ္ဖို႔ဒ္ကို မထိန္းႏိုင္ခဲ့သလို သူ႔အစား အလယ္ဝင္ေဆာ့ခဲ့တဲ့ ကြန္ဒီကလည္း ကိုယ့္ဂိုးကိုယ္သြင္းမိခဲ့ၿပီး ကံေကာင္းလို႔သာ အနီကတ္နဲ႔ အထုတ္မခံခဲ့ရတာျဖစ္လို႔ ဇာဗီရဲ႕ ျပင္လြန္း ဖင္ခြၽန္းမႈက ရင္ခံသြားခဲ့ရတာျဖစ္ပါတယ္။

ကလာစီကိုဂ်ိဳးေတြနဲ႔ ယွဥ္ၿပိဳင္ခဲ့တဲ့ မန္ယူ
ဘာစီလိုနာကို ရီးရဲလ္မက္ဒရစ္နဲ႔ ကစားေနက်ျဖစ္ၿပီး အယ္လ္ကလာစီကို ပြဲစဥ္ေတြမွာ ဆက္တိုက္ေတြ႕ဆုံထားခဲ့တဲ့ ကာစီမီ႐ိုအေနနဲ႔ ဒီေန႔မွာ ကာတာလန္သားေတြကို တစ္ႏွစ္မွ မပ်က္ဘဲ ဆုံေတြ႕တဲ့ ၁၀ ႏွစ္ေျမာက္ အထိမ္းအမွတ္ျဖစ္ခဲ့သလို ယူ႐ိုပါလိဂ္မွာ ဆက္လက္ဆုံေတြ႕ဖို႔ ကံဇာတာပါခဲ့တာပါ။ သူ႔လိုပဲ ေနာက္ထပ္ ဂ်ိဳးတစ္ေယာက္ကေတာ့ ေနာက္ခံလူ ရာေဖးလ္ ဗာ႐ြန္းျဖစ္ၿပီး ဒီေန႔မွာ ေျခေပၚေအာင္ ကစားႏိုင္ခဲ့ၿပီး ဘာစီလိုနာတို႔နဲ႔ ကစားေနက် အေတြ႕အႀကဳံေကာင္းေတြကို ႏူးကမ့္ဆီ သယ္ေဆာင္လာခဲ့သလို ႀကီးႀကီးမားမား အက်ိဳးျပဳႏိုင္ခဲ့တာေၾကာင့္ ေနာက္တစ္ေက်ာ့ အိုးလ္ထရက္ဖို႔ဒ္မွာ ကစားဖို႔ ပြဲစဥ္က ပိုမိုလြယ္ကူသြားခဲ့ပါတယ္။

တန္ဟတ္ရဲ႕ ဗ်ဴဟာအေျပာင္းအလဲ
ပုံမွန္အတိုင္းဆိုရင္ ရက္ရွ္ဖို႔ဒ္က ဘယ္၊ ဆန္ခ်ိဳက ညာ၊ က်န္တဲ့သူေတြက အလယ္မွာ အလ်ဥ္းသင့္သလို ခင္းက်င္းမွာျဖစ္ေပမယ့္ ဒီေန႔မွာ တန္ဟတ္ကေတာ့ ဗက္ဂ္ေဟာ့စ္ကို ေနာက္ခ်န္တိုက္စစ္မႉးေနရာပို႔ၿပီး ကြင္းလယ္ဆန္ဆန္ သုံးသြားခဲ့သလို ရက္ရွ္ဖို႔ဒ္က အေထာင္မွာ လြတ္လြတ္လပ္လပ္ ကစားသြားခဲ့ၿပီး ဘ႐ူႏို ဖာနန္ဒက္စ္က ညာျခမ္းထြက္ကစားခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာတို႔ မ်က္စိလည္ေအာင္ ဖန္တီးမႈက အတိုင္းအတာတစ္ခုအထိ အက်ိဳးရွိခဲ့ၿပီး ေျခစြမ္းေပ်ာက္ေနတဲ့ ဆန္ခ်ိဳကို ျပန္ေရာင္းစားလို႔ရေအာင္ စင္တင္ေပးေနတာ မဟုတ္ခဲ့ရင္ ယူႏိုက္တက္တို႔အေနနဲ႔ ဒီေန႔ပြဲ ႏိုင္ပြဲရဖို႔အထိ နီးစပ္ခဲ့ၿပီး ဗ်ဴဟာပိုင္းအရ သာလြန္ခဲ့တာပါ။

ေခၚလို႔ မလာခ်င္တဲ့ေကာင္ အိုးလ္ထရက္ဖို႔ဒ္က်မွ ေတြ႕မယ္
ဖရင္ကီ ဒီယုံးကို မန္ယူပရိသတ္ေတြကေရာ တန္ဟတ္ကပါ အသည္းအသန္ လိုခ်င္ခဲ့ေပမယ့္ ဒတ္ခ်္ဘဲကေတာ့ ေခ်မိုးေနခဲ့တာပါ။ ဒီေန႔ပြဲမွာ သူ႔ရဲ႕ ကစားပုံက ႐ုန္းကန္ခဲ့ရသလို အိုးလ္ထရက္ဖို႔ဒ္မွာေတာ့ ကံဇာတာက ဒီထက္ပိုက်ဖို႔ ရွိေနၿပီး မန္ယူကို မလာခ်င္ရင္ နာမည္ပ်က္လိမ့္မယ္လို႔ ဝိုင္းစားဖို႔ သရဲနီေတြ အခြင့္အေရး ရခဲ့ပါၿပီ။ အေၾကာင္းကေတာ့ ပက္ဒရီ ဒဏ္ရာနဲ႔ လစ္သြားၿပီျဖစ္သလို ဂါဗီကလည္း အဝါထိလို႔ ေနာက္တစ္ေက်ာ့ကို လြဲရမွာျဖစ္ၿပီး နည္းျပ ဇာဗီအေနနဲ႔ ဒီယုံးကို အဘိုးႀကီး ဘူးစ္ကြက္စ္နဲ႔ပဲ တြဲေပးဖို႔ ရွိေတာ့ျဖစ္ပါတယ္။ အေဝးကြင္းမွာ ဘာဆာကြင္းလယ္ကို တစ္ေယာက္တည္း ထမ္းရဖို႔ ရွိေနတဲ့ ဒီယုံးကို တန္ဟတ္အေနနဲ႔ သူ႔ရဲ႕ ကြင္းလယ္အုပ္စုနဲ႔ ဝိုင္းၿပီး ပညာေပးလာမယ္ဆိုရင္ မဆန္းဘူးလို႔ပဲ ႀကိဳေတြးထားရမွာပါ။

ဒိုင္ကူလိုနာရဲ႕ မဆန္းလွတဲ့ပြဲ
ဘာစီလိုနာတို႔အေနနဲ႔ ၿပိဳင္ဘက္ပရိသတ္ေတြ မုန္းတီးခံရတာ ဘာမွ မဆန္းဘူးလို႔ပဲ ဆိုရမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းကလည္း လာလီဂါမွာ ဒိုင္လူႀကီးေတြကို ႏွစ္စဥ္ႏွစ္တိုင္း လာဘ္ထိုးထားခဲ့တဲ့ စာရင္းက ေပါက္ၾကားခဲ့သလို ဥေရာပပြဲစဥ္ေတြမွာလည္း မ်က္ႏွာသာရဖို႔ ဘယ္လိုမ်ိဳး ကုလားဖန္ထိုးထားသလဲေတာ့ မေျပာတတ္တာပါ။ ပြဲခ်ိန္ ၆၄ မိနစ္မွာ ရက္ရွ္ဖို႔ဒ္ကို ေနာက္ကေန Last Defender အျဖစ္ ဖ်က္ထုတ္ခဲ့တဲ့ အိမ္ရွင္ေနာက္ခံလူ ကြန္ဒီကို အနီကတ္ျပဖို႔ေတာင္ မေျပာနဲ႔ အဝါကတ္ေတာင္ မျပခဲ့ဘဲ ေဖာင္းေတာင္ မေပးခဲ့တာက ႐ုပ္ေပါက္လြန္းခဲ့သလို ဒိုင္လူႀကီးအတြက္ေရာ ဘာစီလိုနာ အတြက္ပါ အရွက္ရခဲ့တဲ့ ျဖစ္ရပ္ကိုလည္း ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။

လုခ္ေရွာရဲ႕ မဟန္လွတဲ့ ေနရာေျပာင္းလဲမႈ
လုခ္ေရွာကို ဗဟိုခံစစ္ရဲ႕ ဘယ္ျခမ္းမွာ Ball Playing Center Back အျဖစ္ သုံးစြဲခဲ့တာက အသင္းႀကီးေတြနဲ႔ေတာ့ အလုပ္မျဖစ္ႏိုင္ဘူးလို႔ တန္ဟတ္ကို သတိေပးဖို႔ လိုေနတာျဖစ္ပါတယ္။ သူ႔အေနနဲ႔ သာမန္ခံစစ္မႉးေတြကိုသာ ထိန္းႏိုင္မွာျဖစ္ၿပီး တိုက္စစ္ကို ပံ့ပိုးရတာ သေဘာက်တဲ့ ဘယ္ျခမ္း ေတာင္ပံခံစစ္မႉးအျဖစ္သာ ပိုမိုသင့္ေလ်ာ္သလို သူ႔နဲ႔ တစ္လွည္စီသုံးရမယ့္ မာလာစီယာကို ဘယ္ေနာက္ခံလူအျဖစ္ ေနရာေပးခ်င္တိုင္း အေျပာင္းအလဲ လုပ္တဲ့ အကြက္က ၾကည့္မေကာင္းလွတာပါ။ တန္ဟတ္အေနနဲ႔ ဒီေန႔မွာ လုခ္ေရွာကို လင္ဒီေလာ့ဖ္နဲ႔ မက္ဂြိဳင္းယားတို႔အစား ဗာ႐ြန္းနဲ႔တြဲဖို႔ ေ႐ြးခ်ယ္ခဲ့ၿပီး ဒါက လီဗန္ေဒါ့ဗ္စကီးနဲ႔အေတြ႕မွာ ပုံမလာခဲ့သလို သူ႔အေနနဲ႔ ပိုလန္တိုက္စစ္မႉးကို အခြင့္အေရးမ်ားစြာ ေပးမိခဲ့တာလည္းျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.