UCL&UEL

ဒိုင်လာဘ်ထိုးလို့ စုံစမ်းစစ်ဆေးခံနေရတဲ့ ဘာဆာကို ဒိုင်က ဘက်လိုက်ခဲ့တယ်လို့ စွပ်စွဲလိုက်တဲ့ တန်ဟက်

အဲရစ် တန်ဟက်ဟာ ဘာစီလိုနာနဲ့ ၂-၂ သရေကျခဲ့တဲ့ ပွဲစဉ်အပြီးမှာ ဒိုင်လူကြီးရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ဆွေးနွေးရာမှာ ဟောဟောဒိုင်းဒိုင်းပဲ ပြောသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်ဟာ နူးကမ့်မှာ မယုံနိုင်စရာကောင်းလောက်အောင် ဖျော်ဖြေမှုအပြည့်ပေးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်ကို ကစားခဲ့တာဖြစ်ပြီး ၁-၀ နဲ့ ရှုံးနိမ့်နေရာကနေ ဒုတိယပိုင်းမှာ အားကောင်းတဲ့ စွမ်းဆောင်ရည်ပြသပြီးနောက် ၂-၁ နဲ့ ပြန်လည်ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ၇၆ မိနစ်မှာ ရာဖင်ညာက ဘာစီလိုနာအသင်းအတွက် ချေပဂိုးကို သွင်းယူသွားခဲ့တာကြောင့် အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် ဒုတိယအကျော့ဟာ ပိုပြီး ပြိုင်ဆိုင်မှု ပြင်းထန်ပြီး ကြည့်ကောင်းလာတော့မယ်ဆိုတာ သေချာသွားစေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း တန်ဟက်က ၆၄ မိနစ်မှာ ရက်ရှ်ဖို့ဒ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့ ဂျူးစ် ကွန်ဒေးကို အနီကတ်နဲ့ ထုတ်ပယ်ခဲ့ခြင်းမရှိတဲ့ ဒိုင်လူကြီးနဲ့ပတ်သက်ပြီး ဒေါသထွက်ခဲ့တာဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်ဟာ အဲဒီအချိန်မှာ ဘာစီလိုနာကို ၂-၁ နဲ့ ဦးဆောင်နေတာဖြစ်ပြီး ရက်ရှ်ဖို့ဒ်ဟာ ဘရူနို ဖာနန်ဒက်စ်ဆီကနေ အလွန်ကောင်းမွန်တဲ့ ပေးပို့မှုကနေ နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူနိုင်ဖို့ အလွန်ကောင်းမွန်တဲ့ အခွင့်အရေး ရရှိခဲ့တာ ဖြစ်ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ ကွန်ဒေးကို အလဲထိုးနိုင်ခဲ့ပြီး ပြေးထွက်ရာမှာ ခြေချိတ်ခံခဲ့ရပုံပေါ်ခဲ့ပြီး ကွင်းလယ်ဒိုင် မူရီဇီယို မာရီအာနီက ဆက်ကစားဖို့ လက်ဝှေ့ရမ်းပြခဲ့ပြီး ဖြစ်စဉ်ကို ရုပ်သံအနှေးပြကွက်မှာ ပြန်လည်ကြည့်ရှုရာမှာလည်း ပင်နယ်တီဧရိယာအပြင်ဘက်မှာ ဖြစ်ခဲ့တာကို မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် တန်ဟက်က ကွန်ဒေးက အနီကတ် ပြသခြင်း မခံခဲ့ရတာကို မယုံနိုင်ဖြစ်ခဲ့ပြီး ကွင်းဘေးစည်းကနေ စောဒကတက်မှုအတွက် မန်ချက်စတာယူနိုက်တက်နည်းပြဟာ အဝါကတ်ပြား ပြသသတိပေးခြင်း ခံခဲ့ရတာ ဖြစ်ပါတယ်။

ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ တန်ဟက်က နောက်ဆုံးခံစစ်မှူး ဖြစ်နေခဲ့တဲ့ ကွန်ဒေးကို အနီကတ်နဲ့ မထုတ်ပယ်ခဲ့တဲ့ ဒိုင်လူကြီးတွေကို ဆက်လက် ပြစ်တင်ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။ “ပြောရမယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်က ဒီပွဲစဉ်အပေါ်မှာတင်မဟုတ်ဘဲ ဒီအဆင့်တစ်ခုလုံးအပေါ်မှာပါ ကြီးမားတဲ့ လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ၂-၁ ဖြစ်နေတဲ့အချိန်မှာ ရက်ရှ်ဖို့ဒ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာ ရှင်းလင်းနေခဲ့ပါတယ်။ အဲဒါက ပင်နယ်တီ ဧရိယာထဲမှာလား ဒါမှမဟုတ် အပြင်ဘက်မှာလားဆိုတာ ကျွန်တော်တို့ ဆွေးနွေးနိုင်ပေမယ့် ကျိန်းသေပေါက် အဲဒါက အနီကတ်ပဲ”

“ဟုတ်ပါတယ်။ ကျွန်တော် ဒိုင်လူကြီးကို ဘာကြောင့်လဲလို့ မေးခဲ့တယ်။ အဲဒီတော့ သူ ပြောခဲ့တာက အဲဒါက ပင်နယ်တီဧရိယာအပြင်ဘက်မှာဖြစ်ခဲ့ပြီး ပြစ်ဒဏ်ဘောမဟုတ်လို့ပါတဲ့။ စည်းကြပ်ဒိုင်နဲ့ ကွင်းလယ်ဒိုင်က အဲဒီဖြစ်စဉ်ကို မြင်တွေ့ဖို့ အရမ်းကောင်းမွန်တဲ့ နေရာမှာ ရှိနေခဲ့ပြီး VAR လည်း ကျွန်တော်တို့မှာ ရှိတယ်လို့ ထင်တယ်။ အဲဒါက မကောင်းဘူးလို့ ထင်တယ်။ အဲဒါက တကယ်ကို ဆိုးရွားတဲ့ဆုံးဖြတ်ချက်ပါ။ ကျွန်တော် နားမလည်နိုင်ဘူး။ သူတို့တွေ ဘာဆာရဲ့ ဖိအားပေးမှုကို ရှိန်နေတာလည်းဖြစ်ကောင်းဖြစ်နိုင်ပေမယ့် အမြင့်မားဆုံးဥရောပအဆင့်မှာ ဒီလိုဖြစ်လို့ မရနိုင်ပါဘူး”

“ရက်ရှ်ဖို့ဒ်ကိစ္စဖြစ်ခဲ့တာက ၂-၁ နဲ့ ဦးဆောင်နေချိန်မှာပါ။ ပွဲစဉ်အတွင်းက အရှိန်အဟုန်က လုံးဝကို ကွဲပြားခြားနားပါတယ်။ ကျွန်တော် ဘောလုံးက လက်ကို ထိခဲ့တာလို့ ကြားခဲ့တယ်။ အဲဒီတော့ အမှားက ၂ ခုဖြစ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျား ဒီလိုမျိုး အမှားတွေကို ညီမျှအောင် လုပ်လို့ မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူမှားခဲ့တာက ပွဲစဉ်အတွင်းက အခိုက်အတန့်၊ ဒီအဆင့်တစ်ခုလုံးက အခိုက်အတန့်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ဖြစ်နေခဲ့လို့ပါ”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အဲရစ္ တန္ဟက္ဟာ ဘာစီလိုနာနဲ႔ ၂-၂ သေရက်ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ဒိုင္လူႀကီးရဲ႕ စြမ္းေဆာင္ရည္နဲ႔ပတ္သက္ၿပီး ေဆြးေႏြးရာမွာ ေဟာေဟာဒိုင္းဒိုင္းပဲ ေျပာသြားခဲ့ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ဟာ ႏူးကမ့္မွာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ေဖ်ာ္ေျဖမႈအျပည့္ေပးခဲ့တဲ့ ယူ႐ိုပါလိဂ္ပြဲစဥ္ကို ကစားခဲ့တာျဖစ္ၿပီး ၁-၀ နဲ႔ ရႈံးနိမ့္ေနရာကေန ဒုတိယပိုင္းမွာ အားေကာင္းတဲ့ စြမ္းေဆာင္ရည္ျပသၿပီးေနာက္ ၂-၁ နဲ႔ ျပန္လည္ဦးေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ၇၆ မိနစ္မွာ ရာဖင္ညာက ဘာစီလိုနာအသင္းအတြက္ ေခ်ပဂိုးကို သြင္းယူသြားခဲ့တာေၾကာင့္ အိုးထရက္ဖို႔ဒ္မွာ ကစားရမယ့္ ဒုတိယအေက်ာ့ဟာ ပိုၿပီး ၿပိဳင္ဆိုင္မႈ ျပင္းထန္ၿပီး ၾကည့္ေကာင္းလာေတာ့မယ္ဆိုတာ ေသခ်ာသြားေစခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း တန္ဟက္က ၆၄ မိနစ္မွာ ရက္ရွ္ဖို႔ဒ္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တဲ့ ဂ်ဴးစ္ ကြန္ေဒးကို အနီကတ္နဲ႔ ထုတ္ပယ္ခဲ့ျခင္းမရွိတဲ့ ဒိုင္လူႀကီးနဲ႔ပတ္သက္ၿပီး ေဒါသထြက္ခဲ့တာျဖစ္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ဟာ အဲဒီအခ်ိန္မွာ ဘာစီလိုနာကို ၂-၁ နဲ႔ ဦးေဆာင္ေနတာျဖစ္ၿပီး ရက္ရွ္ဖို႔ဒ္ဟာ ဘ႐ူႏို ဖာနန္ဒက္စ္ဆီကေန အလြန္ေကာင္းမြန္တဲ့ ေပးပို႔မႈကေန ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ဖို႔ အလြန္ေကာင္းမြန္တဲ့ အခြင့္အေရး ရရွိခဲ့တာ ျဖစ္ပါတယ္။

ရက္ရွ္ဖို႔ဒ္ဟာ ကြန္ေဒးကို အလဲထိုးႏိုင္ခဲ့ၿပီး ေျပးထြက္ရာမွာ ေျခခ်ိတ္ခံခဲ့ရပုံေပၚခဲ့ၿပီး ကြင္းလယ္ဒိုင္ မူရီဇီယို မာရီအာနီက ဆက္ကစားဖို႔ လက္ေဝွ႔ရမ္းျပခဲ့ၿပီး ျဖစ္စဥ္ကို ႐ုပ္သံအေႏွးျပကြက္မွာ ျပန္လည္ၾကည့္ရႈရာမွာလည္း ပင္နယ္တီဧရိယာအျပင္ဘက္မွာ ျဖစ္ခဲ့တာကို ျမင္ေတြ႕ခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္ တန္ဟက္က ကြန္ေဒးက အနီကတ္ ျပသျခင္း မခံခဲ့ရတာကို မယုံႏိုင္ျဖစ္ခဲ့ၿပီး ကြင္းေဘးစည္းကေန ေစာဒကတက္မႈအတြက္ မန္ခ်က္စတာယူႏိုက္တက္နည္းျပဟာ အဝါကတ္ျပား ျပသသတိေပးျခင္း ခံခဲ့ရတာ ျဖစ္ပါတယ္။

ပြဲအၿပီး သတင္းစာရွင္းလင္းပြဲမွာ တန္ဟက္က ေနာက္ဆုံးခံစစ္မႉး ျဖစ္ေနခဲ့တဲ့ ကြန္ေဒးကို အနီကတ္နဲ႔ မထုတ္ပယ္ခဲ့တဲ့ ဒိုင္လူႀကီးေတြကို ဆက္လက္ ျပစ္တင္ေဝဖန္ခဲ့တာ ျဖစ္ပါတယ္။ “ေျပာရမယ္ဆိုရင္ အဲဒီဆုံးျဖတ္ခ်က္က ဒီပြဲစဥ္အေပၚမွာတင္မဟုတ္ဘဲ ဒီအဆင့္တစ္ခုလုံးအေပၚမွာပါ ႀကီးမားတဲ့ လႊမ္းမိုးမႈရွိခဲ့ပါတယ္။ ၂-၁ ျဖစ္ေနတဲ့အခ်ိန္မွာ ရက္ရွ္ဖို႔ဒ္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တာ ရွင္းလင္းေနခဲ့ပါတယ္။ အဲဒါက ပင္နယ္တီ ဧရိယာထဲမွာလား ဒါမွမဟုတ္ အျပင္ဘက္မွာလားဆိုတာ ကြၽန္ေတာ္တို႔ ေဆြးေႏြးႏိုင္ေပမယ့္ က်ိန္းေသေပါက္ အဲဒါက အနီကတ္ပဲ”

“ဟုတ္ပါတယ္။ ကြၽန္ေတာ္ ဒိုင္လူႀကီးကို ဘာေၾကာင့္လဲလို႔ ေမးခဲ့တယ္။ အဲဒီေတာ့ သူ ေျပာခဲ့တာက အဲဒါက ပင္နယ္တီဧရိယာအျပင္ဘက္မွာျဖစ္ခဲ့ၿပီး ျပစ္ဒဏ္ေဘာမဟုတ္လို႔ပါတဲ့။ စည္းၾကပ္ဒိုင္နဲ႔ ကြင္းလယ္ဒိုင္က အဲဒီျဖစ္စဥ္ကို ျမင္ေတြ႕ဖို႔ အရမ္းေကာင္းမြန္တဲ့ ေနရာမွာ ရွိေနခဲ့ၿပီး VAR လည္း ကြၽန္ေတာ္တို႔မွာ ရွိတယ္လို႔ ထင္တယ္။ အဲဒါက မေကာင္းဘူးလို႔ ထင္တယ္။ အဲဒါက တကယ္ကို ဆိုး႐ြားတဲ့ဆုံးျဖတ္ခ်က္ပါ။ ကြၽန္ေတာ္ နားမလည္ႏိုင္ဘူး။ သူတို႔ေတြ ဘာဆာရဲ႕ ဖိအားေပးမႈကို ရွိန္ေနတာလည္းျဖစ္ေကာင္းျဖစ္ႏိုင္ေပမယ့္ အျမင့္မားဆုံးဥေရာပအဆင့္မွာ ဒီလိုျဖစ္လို႔ မရႏိုင္ပါဘူး”

“ရက္ရွ္ဖို႔ဒ္ကိစၥျဖစ္ခဲ့တာက ၂-၁ နဲ႔ ဦးေဆာင္ေနခ်ိန္မွာပါ။ ပြဲစဥ္အတြင္းက အရွိန္အဟုန္က လုံးဝကို ကြဲျပားျခားနားပါတယ္။ ကြၽန္ေတာ္ ေဘာလုံးက လက္ကို ထိခဲ့တာလို႔ ၾကားခဲ့တယ္။ အဲဒီေတာ့ အမွားက ၂ ခုျဖစ္ခဲ့တာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။ ဒါေပမယ့္ ခင္ဗ်ား ဒီလိုမ်ိဳး အမွားေတြကို ညီမွ်ေအာင္ လုပ္လို႔ မရႏိုင္ပါဘူး။ ဘာလို႔လဲဆိုေတာ့ သူမွားခဲ့တာက ပြဲစဥ္အတြင္းက အခိုက္အတန႔္၊ ဒီအဆင့္တစ္ခုလုံးက အခိုက္အတန႔္မွာ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ျဖစ္ေနခဲ့လို႔ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.