La Liga Match Report Premier League UCL&UEL

သူဖြဲကိုယ်ဖြဲ နူးကမ့်ပွဲမှာ ဘာစီလိုနာကို သရေယူပြီး ကျော်ဖြတ်ဖို့ အခြေလှသွားတဲ့ မန်ယူ

မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ လုခ်ရှော၊ ဝန်ဘစ်ဆာကာနဲ့ မာလာစီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ ဖရက်ဒ်၊ ဘရူနို ဖာနန်ဒက်စ်နဲ့ ဆန်ချိုတို့ကို ကစားစေခဲ့သလို တိုက်စစ်မှာတော့ ဗက်ဂ်ဟော့စ်နဲ့ ရက်ရှ်ဖို့ဒ်တို့ကို တွဲဖက်ပေးလာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် ဘာစီလိုနာတို့ကတော့ ဂိုးသမား တာစတီဂန်၊ ခံစစ်မှာ မားကို့စ် အလွန်ဆို၊ ကွန်ဒီ၊ အာရူဟိုနဲ့ ဂျော်ဒီ အယ်လ်ဘာတို့ကို ခင်းကျင်းခဲ့ပြီး ကွင်းလယ်မှာတော့ ကက်ဆီယေး၊ ဒီယုံးနဲ့ ပက်ဒရီတို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရာဖင်ညာ၊ ဂါဗီနဲ့ လီဗန်ဒေါ့ဗ်စကီးတို့ကိုပဲ ပွဲထုတ်လာခဲ့တာပါ။

နူးကမ့်မှာ ကာတာလန်သားတွေရဲ့ ဘောလုံးကိုင်ကစားတဲ့ ပုံစံနဲ့ ယူနိုက်တက်တို့ရဲ့ ဘောလုံးရအောင်လုပ်ပြီး တိုက်စစ်ကို အလျင်အမြန်သွားတဲ့ ပုံစံက ဇာဗီနဲ့ တန်ဟတ်တို့ရဲ့ မတူညီတဲ့ ဗျူဟာတိုက်ပွဲဖြစ်ခဲ့ပြီး ဘာစီလိုနာတို့ရဲ့ ခံစစ်ကို ပြောင်းချင်တိုင်းပြောင်းပြီး အထိုင်မငြိမ်တဲ့ ကိစ္စက ဒီနေ့မှာ ရုန်းကန်ခဲ့ရသလို အာရူဟိုကို အလယ်မှာ သုံးပြီး ကွန်ဒီကို ညာမှာ သုံးသင့်တဲ့နေရာမှာ ပြောင်းပြန်လုပ်ခဲ့တာကလည်း စိတ်ပျက်စရာဖြစ်နေခဲ့ပါတယ်။

ဗဟိုနောက်ခံလူအစစ် မဟုတ်တဲ့ လုခ်ရှောအနေနဲ့ လီဗန်ဒေါ့ဗ်စကီးကို မကြာခဏ လွတ်ထွက်နေတာကို တွေ့ခဲ့ရပြီး ပွဲချိန် ၉ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ပိုလန်သားကြီးရဲ့ ကန်ချက်ကို ဒဟေးယား ပုတ်ထုတ်သွားခဲ့ရသလို ဂါဗီ၊ ပက်ဒရီတို့ရဲ့ ရွေ့လျားမှုတွေကို ယူနိုက်တက်ခံစစ်က ကာကွယ်ဖို့ ခက်နေပြီး ဖရိုဖရဲဖြစ်နေခဲ့တာပါ။

တန်ဟတ်အနေနဲ့ ဆန်ချိုကို အပုပ်အသိုး မဖြစ်ဘဲ ပြန်ရောင်းလို့ရအောင်သာ သုံးနေခဲ့ပေမယ့် အတွဲအဖက်တွေမှာ အဆင်မပြေလှသလို ပွဲချိန် ၂၇ မိနစ်မှာတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ အငိုက်ဖမ်း ပေးပို့မှုကနေ ဗက်ဂ်ဟော့စ်က ဂိုးသမားနဲ့ တစ်ဦးချင်း တွေ့ခဲ့ပေမယ့် တည့်တည့်ပဲ ကန်နိုင်ခဲ့လို့ အဖွင့်ဂိုးနဲ့ လွဲခဲ့ရပြီး ယူနိုက်တက်တို့အနေနဲ့ ပထမပိုင်းမှာ ဘာစီလိုနာတို့ကို ပိုမိုခြိမ်းခြောက်နိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲချိန် ၃၃ မိနစ်မှာ ရက်ရှ်ဖို့ဒ်ရဲ့ အဝေးတိုင်ကို လှမ်းထည့်တဲ့ တစ်ကိုယ်တော် ကန်ချက်က ကောင်းခဲ့ပေမယ့် တာစတီဂန်က ပိုကောင်းအောင် ကာကွယ်သွားနိုင်ခဲ့သလို ပွဲချိန် ၃၇ မိနစ်မှာတော့ ဂျော်ဒီ အယ်လ်ဘာရဲ့ ထောင့်ကျဉ်းကန်ချက်ကို ဒဟေးယား ပုတ်ထုတ်ခဲ့ရပြီး နာသွားတဲ့ ပက်ဒရီအစား ဆာဂျီ ရော်ဘတ်တိုနဲ့ လူစားလဲခဲ့ရတဲ့နောက် ပထမပိုင်းမှာတော့ ဂိုးမရှိ သရေရလဒ်ပဲ ထွက်ပေါ်နေခဲ့တာပါ။

ဒုတိယပိုင်း ပြန်စပြီး မကြာခင်မှာတော့ ဘာစီလိုနာတို့ အဖွင့်ဂိုး ရရှိသွားခဲ့ပြီး ပွဲချိန် မိနစ် ၅၀ မှာ ရရှိခဲ့တဲ့ ညာထောင့်ကန်ဘောကို ရာဖင်ညာက ကန်တင်ပေးရာမှာ ယူနိုက်တက်ခံစစ်သမားတွေရဲ့ ပေါ့ပေါ့လျော့လျော့လုပ်မှုကြောင့် အဝေးတိုင်ဘက်ကို လွတ်ထွက်လာခဲ့တဲ့‌ ဘောလုံးကို မားကို့စ် အလွန်ဆိုက ခေါင်းတိုက်ပြီး ဒဟေးယားကို အနိုင်ယူသွားခဲ့လို့ အိမ်ရှင်တွေ စတင်ဦးဆောင်ခဲ့ပါတယ်။

ဒါပေမယ့် ဘာစီလိုနာတို့ရဲ့ ဦးဆောင်မှုက ၂ မိနစ်သာ ခံလိုက်ပြီး ယူနိုက်တက်တို့ ပြန်လည်ချေပနိုင်ခဲ့သလို ဒီဂိုးကိုတော့ ပွဲချိန် ၅၂ မိနစ်မှာ ခံစစ်က ပေးတဲ့ ဘောလုံးကို ကွင်းလယ်မှာ ရလာခဲ့တဲ့ ဖရက်ဒ်က ညာခြမ်းက ပြေးဝင်လာတဲ့ ရက်ရှ်ဖို့ဒ်ရဲ့ ပြေးလမ်းကြောင်းထဲကို ခင်းပေးခဲ့ရာမှာ ရက်ရှ်ဖို့ဒ်က ထောင့်ကျဉ်းအနေအထားကနေ အပြင်းကန်သွင်းခဲ့ပြီး ဂိုးသမား တာစတီဂန် မကာကွယ်နိုင်ခဲ့လို့ တစ်ဂိုးစီသရေ ပြန်ဖြစ်နေခဲ့တာပါ။

ပွဲချိန် ၅၉ မိနစ်မှာတော့ ယူနိုက်တက်တို့ ဒုတိယဂိုးနဲ့ ပြန်လည်ဦးဆောင်သွားနိုင်ခဲ့ပြီး ဒီဂိုးကိုတော့ ညာထောင့်ကန်ဘောကနေ အတိုပေးပြီး ဧရိယာထဲ ဆွဲဝင်လာခဲ့တဲ့ ရက်ရှ်ဖို့ဒ်က အနိမ့်ဘော ဖြတ်ပို့ပေးတာကို ကာစီမီရိုက နောက်ပေါက်နဲ့ချိတ်ပြီး သွင်းယူခဲ့တဲ့ ဘောလုံးက ဘာစီလိုနာနောက်ခံလူ ကွန်ဒီကို မှန်ပြီး ဂိုးထဲ ဝင်သွားခဲ့လို့ နှစ်ဂိုး-တစ်ဂိုး ဖြစ်နေခဲ့ပါတယ်။

ပွဲချိန် ၆၄ မိနစ်မှာ ရက်ရှ်ဖို့ဒ်ကို Last Defender အဖြစ် ဖျက်ထုတ်တဲ့ ကွန်ဒီ အနီကတ် မထိတာက ကျက်သရေတုံးလွန်းခဲ့ပြီး အိမ်ရှင် ဘာစီလိုနာတို့အနေနဲ့ အရှုံးဂိုးကို ပြန်လည်ချေပနိုင်ဖို့ အပြောင်းအလဲလုပ်လာခဲ့သလို ကက်ဆီယေး၊ မားကို့စ် အလွန်ဆိုနဲ့ ဂျော်ဒီ အယ်လ်ဘာတို့အစား အန်ဆူ ဖာတီ၊ ခရစ္စတင်ဆန်နဲ့ အဲလက်စ် ဘာလ်ဒီတို့ကို ထည့်သွင်းခဲ့ချိန်မှာ ယူနိုက်တက်တို့ကတော့ ရစ်သမ်မိနေတဲ့ အဖွဲ့နဲ့ပဲ ဆက်လက်ကစားသွားခဲ့တာပါ။

ပွဲချိန် ၇၆ မိနစ်မှာတော့ ဘာစီလိုနာတို့ သရေကျစေမယ့်‌ ချေပဂိုးကို ပြန်လည်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ကာစီမီရိုရဲ့ လူမကြည့်ဘဲ ပေးလို့ ဘောလုံးပျက်တဲ့ အမှားကနေ ရယူသွားနိုင်ခဲ့တဲ့ ရာဖင်ညာက ညာခြမ်းကနေ ဂိုးရှေ့ကို ဖြတ်တင်ပေးခဲ့ရာမှာ ဂိုးသွင်းဖို့ ကြိုးစားတဲ့ လီဗန်ဒေါ့ဗ်စကီး အပါအဝင် ယူနိုက်တက်ခံစစ်သမားတွေနဲ့ပါ ဘယ်သူနဲ့မှ မထိလိုက်ဘဲ ဂိုးထဲ ဝင်သွားခဲ့လို့ ဒဟေးယားအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။

လက်ကျန်ပွဲချိန်တွေမှာတော့ ယူနိုက်တက်တို့ဘက်က ဆန်ချိုအစား ဂါနာချိုကို လဲကစားခဲ့သလို ဘာစီလိုနာတို့ဘက်ကတော့ ရာဖင်ညာအစား ဖယ်ရန် တောရက်စ်ကို လဲကစားသွားခဲ့ပြီး ပွဲပြီးခါနီး အချိန်တွေမှာတော့ ရက်ရှ်ဖို့ဒ်ရဲ့ တစ်ကိုယ်ကောင်းဆန်မှုတွေကြောင့် ဂိုးထပ်မရတော့သလို လုခ်ရှောရဲ့ အမှားကနေ အသည်းအသန်ဖြစ်ခဲ့ရပေမယ့် ဒဟေးယား ကာကွယ်သွားနိုင်ခဲ့လို့ နှစ်ဂိုးစီသရေနဲ့ပဲ ပွဲပြီးခဲ့တာပါ။

နူးကမ့်မှာ ချန်ပီယံလိဂ်ပြုတ် ဘာစီလိုနာကို နှစ်ဂိုးစီသရေ ကစားနိုင်ခဲ့ကြတဲ့ မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ ဒုတိယအကျော့ အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ကစားဖို့ အခြေအနေ ကောင်းသွားခဲ့သလို ယူအီးအက်ဖ်အေရဲ့ အဝေးဂိုးစည်းမျဉ်း ဖျက်သိမ်းမှုကြောင့် ကြီးမားတဲ့ အားသာချက်မျိုးမဖြစ်ခဲ့ပေမယ့် ယုံကြည်မှုနဲ့ စိတ်ဓာတ်ပိုင်းအရတော့ မြင့်မားသွားခဲ့ပြီဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ ဗာ႐ြန္း၊ လုခ္ေရွာ၊ ဝန္ဘစ္ဆာကာနဲ႔ မာလာစီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ ဖရက္ဒ္၊ ဘ႐ူႏို ဖာနန္ဒက္စ္နဲ႔ ဆန္ခ်ိဳတို႔ကို ကစားေစခဲ့သလို တိုက္စစ္မွာေတာ့ ဗက္ဂ္ေဟာ့စ္နဲ႔ ရက္ရွ္ဖို႔ဒ္တို႔ကို တြဲဖက္ေပးလာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ ဘာစီလိုနာတို႔ကေတာ့ ဂိုးသမား တာစတီဂန္၊ ခံစစ္မွာ မားကို႔စ္ အလြန္ဆို၊ ကြန္ဒီ၊ အာ႐ူဟိုနဲ႔ ေဂ်ာ္ဒီ အယ္လ္ဘာတို႔ကို ခင္းက်င္းခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကက္ဆီေယး၊ ဒီယုံးနဲ႔ ပက္ဒရီတို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ရာဖင္ညာ၊ ဂါဗီနဲ႔ လီဗန္ေဒါ့ဗ္စကီးတို႔ကိုပဲ ပြဲထုတ္လာခဲ့တာပါ။

ႏူးကမ့္မွာ ကာတာလန္သားေတြရဲ႕ ေဘာလုံးကိုင္ကစားတဲ့ ပုံစံနဲ႔ ယူႏိုက္တက္တို႔ရဲ႕ ေဘာလုံးရေအာင္လုပ္ၿပီး တိုက္စစ္ကို အလ်င္အျမန္သြားတဲ့ ပုံစံက ဇာဗီနဲ႔ တန္ဟတ္တို႔ရဲ႕ မတူညီတဲ့ ဗ်ဴဟာတိုက္ပြဲျဖစ္ခဲ့ၿပီး ဘာစီလိုနာတို႔ရဲ႕ ခံစစ္ကို ေျပာင္းခ်င္တိုင္းေျပာင္းၿပီး အထိုင္မၿငိမ္တဲ့ ကိစၥက ဒီေန႔မွာ ႐ုန္းကန္ခဲ့ရသလို အာ႐ူဟိုကို အလယ္မွာ သုံးၿပီး ကြန္ဒီကို ညာမွာ သုံးသင့္တဲ့ေနရာမွာ ေျပာင္းျပန္လုပ္ခဲ့တာကလည္း စိတ္ပ်က္စရာျဖစ္ေနခဲ့ပါတယ္။

ဗဟိုေနာက္ခံလူအစစ္ မဟုတ္တဲ့ လုခ္ေရွာအေနနဲ႔ လီဗန္ေဒါ့ဗ္စကီးကို မၾကာခဏ လြတ္ထြက္ေနတာကို ေတြ႕ခဲ့ရၿပီး ပြဲခ်ိန္ ၉ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ပိုလန္သားႀကီးရဲ႕ ကန္ခ်က္ကို ဒေဟးယား ပုတ္ထုတ္သြားခဲ့ရသလို ဂါဗီ၊ ပက္ဒရီတို႔ရဲ႕ ေ႐ြ႕လ်ားမႈေတြကို ယူႏိုက္တက္ခံစစ္က ကာကြယ္ဖို႔ ခက္ေနၿပီး ဖ႐ိုဖရဲျဖစ္ေနခဲ့တာပါ။

တန္ဟတ္အေနနဲ႔ ဆန္ခ်ိဳကို အပုပ္အသိုး မျဖစ္ဘဲ ျပန္ေရာင္းလို႔ရေအာင္သာ သုံးေနခဲ့ေပမယ့္ အတြဲအဖက္ေတြမွာ အဆင္မေျပလွသလို ပြဲခ်ိန္ ၂၇ မိနစ္မွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ အငိုက္ဖမ္း ေပးပို႔မႈကေန ဗက္ဂ္ေဟာ့စ္က ဂိုးသမားနဲ႔ တစ္ဦးခ်င္း ေတြ႕ခဲ့ေပမယ့္ တည့္တည့္ပဲ ကန္ႏိုင္ခဲ့လို႔ အဖြင့္ဂိုးနဲ႔ လြဲခဲ့ရၿပီး ယူႏိုက္တက္တို႔အေနနဲ႔ ပထမပိုင္းမွာ ဘာစီလိုနာတို႔ကို ပိုမိုၿခိမ္းေျခာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲခ်ိန္ ၃၃ မိနစ္မွာ ရက္ရွ္ဖို႔ဒ္ရဲ႕ အေဝးတိုင္ကို လွမ္းထည့္တဲ့ တစ္ကိုယ္ေတာ္ ကန္ခ်က္က ေကာင္းခဲ့ေပမယ့္ တာစတီဂန္က ပိုေကာင္းေအာင္ ကာကြယ္သြားႏိုင္ခဲ့သလို ပြဲခ်ိန္ ၃၇ မိနစ္မွာေတာ့ ေဂ်ာ္ဒီ အယ္လ္ဘာရဲ႕ ေထာင့္က်ဥ္းကန္ခ်က္ကို ဒေဟးယား ပုတ္ထုတ္ခဲ့ရၿပီး နာသြားတဲ့ ပက္ဒရီအစား ဆာဂ်ီ ေရာ္ဘတ္တိုနဲ႔ လူစားလဲခဲ့ရတဲ့ေနာက္ ပထမပိုင္းမွာေတာ့ ဂိုးမရွိ သေရရလဒ္ပဲ ထြက္ေပၚေနခဲ့တာပါ။

ဒုတိယပိုင္း ျပန္စၿပီး မၾကာခင္မွာေတာ့ ဘာစီလိုနာတို႔ အဖြင့္ဂိုး ရရွိသြားခဲ့ၿပီး ပြဲခ်ိန္ မိနစ္ ၅၀ မွာ ရရွိခဲ့တဲ့ ညာေထာင့္ကန္ေဘာကို ရာဖင္ညာက ကန္တင္ေပးရာမွာ ယူႏိုက္တက္ခံစစ္သမားေတြရဲ႕ ေပါ့ေပါ့ေလ်ာ့ေလ်ာ့လုပ္မႈေၾကာင့္ အေဝးတိုင္ဘက္ကို လြတ္ထြက္လာခဲ့တဲ့‌ ေဘာလုံးကို မားကို႔စ္ အလြန္ဆိုက ေခါင္းတိုက္ၿပီး ဒေဟးယားကို အႏိုင္ယူသြားခဲ့လို႔ အိမ္ရွင္ေတြ စတင္ဦးေဆာင္ခဲ့ပါတယ္။

ဒါေပမယ့္ ဘာစီလိုနာတို႔ရဲ႕ ဦးေဆာင္မႈက ၂ မိနစ္သာ ခံလိုက္ၿပီး ယူႏိုက္တက္တို႔ ျပန္လည္ေခ်ပႏိုင္ခဲ့သလို ဒီဂိုးကိုေတာ့ ပြဲခ်ိန္ ၅၂ မိနစ္မွာ ခံစစ္က ေပးတဲ့ ေဘာလုံးကို ကြင္းလယ္မွာ ရလာခဲ့တဲ့ ဖရက္ဒ္က ညာျခမ္းက ေျပးဝင္လာတဲ့ ရက္ရွ္ဖို႔ဒ္ရဲ႕ ေျပးလမ္းေၾကာင္းထဲကို ခင္းေပးခဲ့ရာမွာ ရက္ရွ္ဖို႔ဒ္က ေထာင့္က်ဥ္းအေနအထားကေန အျပင္းကန္သြင္းခဲ့ၿပီး ဂိုးသမား တာစတီဂန္ မကာကြယ္ႏိုင္ခဲ့လို႔ တစ္ဂိုးစီသေရ ျပန္ျဖစ္ေနခဲ့တာပါ။

ပြဲခ်ိန္ ၅၉ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ ဒုတိယဂိုးနဲ႔ ျပန္လည္ဦးေဆာင္သြားႏိုင္ခဲ့ၿပီး ဒီဂိုးကိုေတာ့ ညာေထာင့္ကန္ေဘာကေန အတိုေပးၿပီး ဧရိယာထဲ ဆြဲဝင္လာခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က အနိမ့္ေဘာ ျဖတ္ပို႔ေပးတာကို ကာစီမီ႐ိုက ေနာက္ေပါက္နဲ႔ခ်ိတ္ၿပီး သြင္းယူခဲ့တဲ့ ေဘာလုံးက ဘာစီလိုနာေနာက္ခံလူ ကြန္ဒီကို မွန္ၿပီး ဂိုးထဲ ဝင္သြားခဲ့လို႔ ႏွစ္ဂိုး-တစ္ဂိုး ျဖစ္ေနခဲ့ပါတယ္။

ပြဲခ်ိန္ ၆၄ မိနစ္မွာ ရက္ရွ္ဖို႔ဒ္ကို Last Defender အျဖစ္ ဖ်က္ထုတ္တဲ့ ကြန္ဒီ အနီကတ္ မထိတာက က်က္သေရတုံးလြန္းခဲ့ၿပီး အိမ္ရွင္ ဘာစီလိုနာတို႔အေနနဲ႔ အရႈံးဂိုးကို ျပန္လည္ေခ်ပႏိုင္ဖို႔ အေျပာင္းအလဲလုပ္လာခဲ့သလို ကက္ဆီေယး၊ မားကို႔စ္ အလြန္ဆိုနဲ႔ ေဂ်ာ္ဒီ အယ္လ္ဘာတို႔အစား အန္ဆူ ဖာတီ၊ ခရစၥတင္ဆန္နဲ႔ အဲလက္စ္ ဘာလ္ဒီတို႔ကို ထည့္သြင္းခဲ့ခ်ိန္မွာ ယူႏိုက္တက္တို႔ကေတာ့ ရစ္သမ္မိေနတဲ့ အဖြဲ႕နဲ႔ပဲ ဆက္လက္ကစားသြားခဲ့တာပါ။

ပြဲခ်ိန္ ၇၆ မိနစ္မွာေတာ့ ဘာစီလိုနာတို႔ သေရက်ေစမယ့္‌ ေခ်ပဂိုးကို ျပန္လည္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ကာစီမီ႐ိုရဲ႕ လူမၾကည့္ဘဲ ေပးလို႔ ေဘာလုံးပ်က္တဲ့ အမွားကေန ရယူသြားႏိုင္ခဲ့တဲ့ ရာဖင္ညာက ညာျခမ္းကေန ဂိုးေရွ႕ကို ျဖတ္တင္ေပးခဲ့ရာမွာ ဂိုးသြင္းဖို႔ ႀကိဳးစားတဲ့ လီဗန္ေဒါ့ဗ္စကီး အပါအဝင္ ယူႏိုက္တက္ခံစစ္သမားေတြနဲ႔ပါ ဘယ္သူနဲ႔မွ မထိလိုက္ဘဲ ဂိုးထဲ ဝင္သြားခဲ့လို႔ ဒေဟးယားအတြက္ စိတ္ပ်က္စရာျဖစ္ခဲ့ရပါတယ္။

လက္က်န္ပြဲခ်ိန္ေတြမွာေတာ့ ယူႏိုက္တက္တို႔ဘက္က ဆန္ခ်ိဳအစား ဂါနာခ်ိဳကို လဲကစားခဲ့သလို ဘာစီလိုနာတို႔ဘက္ကေတာ့ ရာဖင္ညာအစား ဖယ္ရန္ ေတာရက္စ္ကို လဲကစားသြားခဲ့ၿပီး ပြဲၿပီးခါနီး အခ်ိန္ေတြမွာေတာ့ ရက္ရွ္ဖို႔ဒ္ရဲ႕ တစ္ကိုယ္ေကာင္းဆန္မႈေတြေၾကာင့္ ဂိုးထပ္မရေတာ့သလို လုခ္ေရွာရဲ႕ အမွားကေန အသည္းအသန္ျဖစ္ခဲ့ရေပမယ့္ ဒေဟးယား ကာကြယ္သြားႏိုင္ခဲ့လို႔ ႏွစ္ဂိုးစီသေရနဲ႔ပဲ ပြဲၿပီးခဲ့တာပါ။

ႏူးကမ့္မွာ ခ်န္ပီယံလိဂ္ျပဳတ္ ဘာစီလိုနာကို ႏွစ္ဂိုးစီသေရ ကစားႏိုင္ခဲ့ၾကတဲ့ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ ဒုတိယအေက်ာ့ အိမ္ကြင္း အိုးလ္ထရက္ဖို႔ဒ္မွာ အႏိုင္ကစားဖို႔ အေျခအေန ေကာင္းသြားခဲ့သလို ယူအီးအက္ဖ္ေအရဲ႕ အေဝးဂိုးစည္းမ်ဥ္း ဖ်က္သိမ္းမႈေၾကာင့္ ႀကီးမားတဲ့ အားသာခ်က္မ်ိဳးမျဖစ္ခဲ့ေပမယ့္ ယုံၾကည္မႈနဲ႔ စိတ္ဓာတ္ပိုင္းအရေတာ့ ျမင့္မားသြားခဲ့ၿပီျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.