Bundesliga

ရင်သပ်မှုမောဖွယ် တကိုယ်တော်ဂိုးအတွက် ကိုက် ၇၀အထိ ပြေးပြပြီး အန်ဇိုကို အနိုင်ကျင်ခဲ့တဲ့ အဒီယေမီ

ဒေါ့မွန်ကြယ်ပွင့် ကာရင် အဒီယေမီဟာ ဗုဒ္ဓဟူးနေ့ညက ချဲလ်ဆီးနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက် ပထမအကျော့ပွဲစဉ်မှာ စိတ်လှုပ်ရှားဖွယ် တကိုယ်တော် ပြေးလွှားမှုနဲ့အတူ ပရီးမီးယားလိဂ်ကလပ်အသင်းကို အညှာအတာကင်းကင်းနဲ့ ချေမှုန်းခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ထောင့်ကန်ဘောရရှိခဲ့ပြီး လူကျွံအလံထောင်ပြခဲ့တာကြောင့် ဒေါ့မွန်အသင်းဟာ ၎င်းတို့ ပင်နယ်တီဧရိယာထကြ ဘောလုံးကို ရှင်းထုတ်ခဲ့ပြီး ဒိုင်လူကြီးက ဆက်ကစားခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

အဒီယေမီဟာ ဘောလုံးကို ရယူပြီး စိတ်လှုပ်ရှားဖွယ် တကိုယ်တော် ပြေးလွှားမှုကို အရှိန်အဟုန်အပြည့်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး ချဲလ်ဆီးရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင် အန်ဇို ဖာနန်ဒက်ဇ်တစ်ဦးတည်းသာ ဒေါ့မွန်ကြယ်ပွင့်ရဲ့ ပြေးလမ်းကြောင်းထဲမှာ ရှိနေခဲ့တာဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ် ဂျာမန်တိုက်စစ်မှူးဟာ ၎င်းရဲ့ ကြောက်မက်ဖွယ် မြန်နှုန်းနဲ့ အန်ဇို ဖာနန်ဒက်ဇ်ကို ကိုင်းကြီးကြီးမှာ နားခိုင်းထားခဲ့ပြီးနောက် ရှေ့ထွက်လာတဲ့ ကီပါကို ဖြတ်ကျော်ပြီး ဂိုးပေါက်ထဲကို ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တွေဟာ ဘင်ဖီကာကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့ပြီးနောက် ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဖြစ်လာခဲ့တဲ့ အန်ဇို ဖာနန်ဒက်ဇ်ကို သက်တောင့်သက်သာ အလဲထိုးခဲ့တဲ့ အဒီယေမီကို အံ့အားသင့်ခဲ့ကြပြီး ၎င်းရဲ့ ထူးဆန်းတဲ့ ပြေးလွှားမှုကို ချီးကျူး ပြောဆိုမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

“အဒီယေမီက ချဲလ်ဆီးကို ငပေါလိုမျိုးပုံစံဖြစ်အောင် လုပ်ခဲ့တယ်”လို့ ပရိသတ်တစ်ဦးက ပြောကြားခဲ့ပြီး “အဒီယေမီဆီကနေ ထူးဆန်းတဲ့ ပြေးလွှားမှုဖြစ်ခဲ့တယ်။ သူက အန်ဇိုကို သူ့အရုပ်လေးဖြစ်အောင် လုပ်ပစ်ခဲ့တယ်”လို့ နောက်ထပ်ပရိသတ်တစ်ဦးကလည်း မှတ်ချက်ပေးခဲ့ပါတယ်။

အဒီယေမီရဲ့ ရင်သပ်ရှုမောဖွယ် အဖွင့်ဂိုးဟာ ဒေါ့မွန်အသင်းကို ဗုဒ္ဓဟူးနေ့ညက အိမ်ကွင်းမှာ ၁-၀ နဲ့ နိုင်ပွဲရရှိဖို့အတွက် လုံလောက်တဲ့ သွင်းဂိုးဖြစ်ခဲ့ပြီး ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းကြီးဟာ လာမယ့် မတ်လ ၇ ရက်နေ့မှာ ၁၆ သင်းရှုံးထွက်ဒုတိယအကျော့ပွဲစဉ်အဖြစ် ချဲလ်ဆီးအိမ်ကွင်း စတမ်းဖို့ဒ် ဘရစ်ချ်ကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းကတော့ လက်ရှိမှာ စတမ်းဖို့ဒ် ဘရစ်ချ်ကို ဆောက်သမ်တန်က လာရောက်ယှဉ်ပြိုင်မယ့် တနင်္ဂနွေနေ့ပွဲစဉ်အတွက် အနားယူပြီး ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်သွားတော့မှာ ဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ေဒါ့မြန္ၾကယ္ပြင့္ ကာရင္ အဒီေယမီဟာ ဗုဒၶဟူးေန႔ညက ခ်ဲလ္ဆီးနဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ ၁၆ သင္းရႈံးထြက္ ပထမအေက်ာ့ပြဲစဥ္မွာ စိတ္လႈပ္ရွားဖြယ္ တကိုယ္ေတာ္ ေျပးလႊားမႈနဲ႔အတူ ပရီးမီးယားလိဂ္ကလပ္အသင္းကို အညႇာအတာကင္းကင္းနဲ႔ ေခ်မႈန္းခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ေထာင့္ကန္ေဘာရရွိခဲ့ၿပီး လူကြၽံအလံေထာင္ျပခဲ့တာေၾကာင့္ ေဒါ့မြန္အသင္းဟာ ၎တို႔ ပင္နယ္တီဧရိယာထၾက ေဘာလုံးကို ရွင္းထုတ္ခဲ့ၿပီး ဒိုင္လူႀကီးက ဆက္ကစားခြင့္ ေပးခဲ့တာ ျဖစ္ပါတယ္။

အဒီေယမီဟာ ေဘာလုံးကို ရယူၿပီး စိတ္လႈပ္ရွားဖြယ္ တကိုယ္ေတာ္ ေျပးလႊားမႈကို အရွိန္အဟုန္အျပည့္နဲ႔ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ခ်ဲလ္ဆီးရဲ႕ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ အန္ဇို ဖာနန္ဒက္ဇ္တစ္ဦးတည္းသာ ေဒါ့မြန္ၾကယ္ပြင့္ရဲ႕ ေျပးလမ္းေၾကာင္းထဲမွာ ရွိေနခဲ့တာျဖစ္ပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ ဂ်ာမန္တိုက္စစ္မႉးဟာ ၎ရဲ႕ ေၾကာက္မက္ဖြယ္ ျမန္ႏႈန္းနဲ႔ အန္ဇို ဖာနန္ဒက္ဇ္ကို ကိုင္းႀကီးႀကီးမွာ နားခိုင္းထားခဲ့ၿပီးေနာက္ ေရွ႕ထြက္လာတဲ့ ကီပါကို ျဖတ္ေက်ာ္ၿပီး ဂိုးေပါက္ထဲကို ကန္သြင္းယူသြားခဲ့တာ ျဖစ္ပါတယ္။

ပရိသတ္ေတြဟာ ဘင္ဖီကာကေန ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕လာခဲ့ၿပီးေနာက္ ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္ျဖစ္လာခဲ့တဲ့ အန္ဇို ဖာနန္ဒက္ဇ္ကို သက္ေတာင့္သက္သာ အလဲထိုးခဲ့တဲ့ အဒီေယမီကို အံ့အားသင့္ခဲ့ၾကၿပီး ၎ရဲ႕ ထူးဆန္းတဲ့ ေျပးလႊားမႈကို ခ်ီးက်ဴး ေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

“အဒီေယမီက ခ်ဲလ္ဆီးကို ငေပါလိုမ်ိဳးပုံစံျဖစ္ေအာင္ လုပ္ခဲ့တယ္”လို႔ ပရိသတ္တစ္ဦးက ေျပာၾကားခဲ့ၿပီး “အဒီေယမီဆီကေန ထူးဆန္းတဲ့ ေျပးလႊားမႈျဖစ္ခဲ့တယ္။ သူက အန္ဇိုကို သူ႔အ႐ုပ္ေလးျဖစ္ေအာင္ လုပ္ပစ္ခဲ့တယ္”လို႔ ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း မွတ္ခ်က္ေပးခဲ့ပါတယ္။

အဒီေယမီရဲ႕ ရင္သပ္ရႈေမာဖြယ္ အဖြင့္ဂိုးဟာ ေဒါ့မြန္အသင္းကို ဗုဒၶဟူးေန႔ညက အိမ္ကြင္းမွာ ၁-၀ နဲ႔ ႏိုင္ပြဲရရွိဖို႔အတြက္ လုံေလာက္တဲ့ သြင္းဂိုးျဖစ္ခဲ့ၿပီး ဘြန္ဒက္စ္လီဂါထိပ္သီးအသင္းႀကီးဟာ လာမယ့္ မတ္လ ၇ ရက္ေန႔မွာ ၁၆ သင္းရႈံးထြက္ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ခ်ဲလ္ဆီးအိမ္ကြင္း စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို သြားေရာက္ယွဥ္ၿပိဳင္ရမွာ ျဖစ္ပါတယ္။ ခ်ဲလ္ဆီးအသင္းကေတာ့ လက္ရွိမွာ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ေဆာက္သမ္တန္က လာေရာက္ယွဥ္ၿပိဳင္မယ့္ တနဂၤေႏြေန႔ပြဲစဥ္အတြက္ အနားယူၿပီး ႀကိဳတင္ျပင္ဆင္မႈေတြ ျပဳလုပ္သြားေတာ့မွာ ျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.