ချဲလ်ဆီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ကီပါ၊ ခံစစ်မှာ သီယာဂို ဆေးလ်ဗား၊ ကူလီဘေလီ၊ ရီးစ်ဂျိမ်းစ်နဲ့ ချေးလ်ဝဲလ်တို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ လော့ဖ်တပ်စ်-ချိခ်၊ အန်ဇို ဖာနန်ဒက်ဇ်၊ ဇီးယက်ရှ်နဲ့ မူဒရစ်ခ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟာဗတ်ဇ်နဲ့ ဂျာအို ဖဲလစ္စတို့ကို တွဲဖက်ကစားစေခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် ဘိုရုစီးယား ဒေါ့မွန်တို့ကတော့ ဂိုးသမား ကိုဘယ်လ်၊ ခံစစ်မှာ ရှလော့တာဘက်ခ်၊ ဆူးလား၊ ဝုလ်ဖ်နဲ့ ဂွါရဲရိုးတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ အမ်မရီ ချန်၊ အို့ဇ်ဂျန်နဲ့ ဘယ်လင်ဂမ်တို့ကို အထိုင်ချခဲ့ပြီး တိုက်စစ်မှာတော့ ဘရန့်ဒ်၊ အဒီယီမီနဲ့ အဲလားတို့ကို ပွဲထုတ်လာခဲ့တာပါ။
ပွဲစတာနဲ့ အိမ်ရှင်တွေအနေနဲ့ အငိုက်ဖမ်းပြီး တိုက်စစ်ဆင်ခဲ့ပေမယ့် ချဲလ်ဆီးတို့ အမှားအယွင်းနည်းနည်းနဲ့ ခုခံနိုင်ခဲ့ကြပြီး မူဒရစ်ခ်ကတော့ စကေးလ်အပြလွန်နေတာကြောင့် အသင်းဖော်တွေနဲ့ အချိတ်အဆက်တချို့ လွဲချော်ခဲ့ရသလို ဒေါ့မွန်တို့ရဲ့ ဖိအားကို တောင့်ခံရင်း ခံစစ်မှာ အမှားလုပ်ခဲ့တဲ့ ရီးစ်ဂျိမ်းစ်နဲ့ သီယာဂို ဆေးလ်ဗားတို့ကတော့ စောစောစီးစီး အဝါထိခဲ့ကြတာဖြစ်ပါတယ်။
ချဲလ်ဆီးတို့ ဘောလုံးကိုင်ကစားဖို့ တဖြည်းဖြည်းနဲ့ လုပ်ဆောင်လာနိုင်ခဲ့ကြပြီး ဒေါ့မွန်တို့ကတော့ လျင်မြန်တဲ့ တောင်ပံတွေနဲ့ ကောင်တာတွေကို ပြန်အားပြုလာခဲ့သလို Flexible အဖြစ်လွန်နေပြီး တစ်ယောက်နဲ့တစ်ယောက် Interchange ကစားလွန်းနေကြတဲ့ ဖဲလစ္စနဲ့ ဟာဗတ်ဇ်တို့ကြောင့်လည်း တောင်ပံက ဖန်တီးမှုတွေကို အသုံးချနိုင်မှု နည်းပါးခဲ့တာပါ။
ပွဲချိန် ၃၁ မိနစ်မှာ အပိုင်အခွင့်အရေးကို ဖဲလစ္စရဲ့ မပိုင်နိုင်မှုကြောင့် ထောင့်ကို ဝိုက်ကန်တာ မအောင်မြင်ဘဲ ဘားပေါ်က ထွက်သွားခဲ့ရပြီး ပွဲချိန် ၃၈ မိနစ်မှာလည်း ကောင်တာကနေ တစ်ချက်ခေါက်ပြီး ဘယ်ခြေနဲ့ ကန်ခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးရဲ့ အဆုံးသတ်မှုက ဘားနဲ့ပဲ ညားခဲ့ရသလို ကောင်တာသမား ဒေါ့မွန်တို့ကလည်း အဆုံးသတ်တွေ လွဲချော်နေခဲ့လို့ ပထမပိုင်းမှာ ဂိုးမရှိသရေပဲဖြစ်နေခဲ့ပါတယ်။
ဒုတိယပိုင်းမှာတော့ ချဲလ်ဆီးတို့ရဲ့ တဖုန်းဖုန်း ကန်ချက်တွေကို ဒေါ့မွန်ခံစစ်က ပိတ်ဆို့နိုင်ခဲ့ကြပြီး ပွဲချိန် ၅၅ မိနစ်မှာ ရီးစ်ဂျိမ်းစ်ရဲ့ လှပတဲ့ ဧရိယာထိပ်က ဖရီးကစ် ကန်ချက်ကိုတော့ အိမ်ရှင်ဂိုးသမား ကိုဘယ်လ်က သတိကြီးကြီးနဲ့ ပုတ်ထုတ်သွားနိုင်ခဲ့သလို ဧည့်သည်နည်းပြ ဂရေဟမ် ပေါ့တာကို စိတ်ပျက်အံ့ဩစေနိုင်ခဲ့တာပါ။
ပွဲချိန် ၅၇ မိနစ်မှာ ဘယ်ခြမ်းကနေ အဒီယီမီရဲ့ ထိုးဖောက်မှုကနေ ပြန်ချိုးပေးတာကို ဘရန့်ဒ်ရဲ့ ဧရိယာထိပ်က ပိတ်သွင်းချက်ကို ဂိုးသမား ကီပါ ကာကွယ်သွားနိုင်ခဲ့သလို ၆၂ မိနစ်မှာတော့ ဒေါ့မွန်ခံစစ်က ရှင်းထုတ်လိုက်တဲ့ ဘောလုံးကို ရှေ့တက်လာတဲ့ ရီးစ်ဂျိမ်းစ်က ပြေးဝင်ရယူပြီး ဟာဗတ်ဇ်နဲ့ ချိတ်ဆက်ကန်သွင်းမှုကိုလည်း ကိုဘယ်လ်က ခက်ခက်ခဲခဲ ပုတ်ထုတ်သွားနိုင်ခဲ့ပါတယ်။
ပွဲချိန် ၆၃ မိနစ်မှာတော့ ဒေါ့မွန်တို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြသလို ဒီဂိုးကိုတော့ ထောင့်ကန်ဘောကို ချဲလ်ဆီးတစ်သင်းလုံး တက်တိုက်ရင်း အိမ်ရှင်ခံစစ်က ရှင်းထုတ်လိုက်ချိန်မှာ ဘယ်ခြမ်းကနေ ရသွားခဲ့တဲ့ ဘွန်ဒက်စ်လီဂါရဲ့ အမြန်ဆုံးကစားသမား အဒီယီမီက နောက်ချန်နေခဲ့တဲ့ အန်ဇို ဖာနန်ဒက်ဇ်ကို ဖြတ်ဆွဲပြေးပြီးမှ ဂိုးသမား ကီပါနဲ့ အတွေ့မှာ ခြေသွက်သွက်နဲ့ ထပ်မံလိမ်ခေါက်နိုင်ခဲ့ပြီး ဂိုးထဲကို အလျင်မီအောင် ကန်သွင်းနိုင်ခဲ့တာပါ။
ချဲလ်ဆီးတို့အတွက်တော့ ဆိုးရွားတဲ့ ကံမကောင်းခြင်းတွေကို ဆက်တိုက်ကြုံခဲ့ရတာဖြစ်ပြီး ရီးစ်ဂျိမ်းစ်ရဲ့ ကန်ချက်ကို ကိုဘယ်လ် ပုတ်ထုတ်လို့ ဂိုးမဖြစ်လိုက်ဘဲ နှစ်သိမ့်ဆု ရခဲ့တဲ့ ထောင့်ကန်ဘောကနေ ချေးဝဲလ် ကန်တင်ပေးရာမှာ ဟာဗတ်ဇ်ရဲ့ ခေါင်းတိုက်ချက်က ဘယ်ဘက်တိုင်နားမှာ စောင့်ခဲ့တဲ့ ဖဲလစ္စဆီ အရောက်မှာ လူကျွံဘောဖြစ်ခဲ့ပြီး ဒိုင်လူကြီးကတော့ ဒါကို Advantage အဖြစ်နဲ့ ဆက်ကစားခိုင်းခဲ့ရာမှာ အဒီယီမီက ကောင်တာကနေ ဂိုးသွင်းသွားခဲ့တာလည်း ဖြစ်ပါတယ်။
ဂိုးရခဲ့အပြီးမှာ ဒေါ့မွန်တို့ဘက်က ကောင်တာမှာ လေးနေပြီး ခံစစ်ကူနိုင်မှုနည်းတဲ့ အဲလားအစား မိုဒက်စ်တေ၊ ဝုလ်ဖ်အစား ရိုင်ယာဆန်နဲ့ ဂိုးသွင်းရှင် အဒီယီမီအစား ဘိုင်နိုး-ဂစ်တင်စ်တို့ကို လဲကစားသွားခဲ့ပြီး ချဲလ်ဆီးတို့ကတော့ ပလာတာများပြီး ဘောလုံးမထွက်တဲ့ မူဒရစ်ခ်နဲ့ ချေးလ်ဝဲလ်တို့ အစား မေဆန်မောင့်နဲ့ ကူကူရဲလားတို့ကို ထည့်ပြီး အပြောင်းအလဲလုပ်သွားခဲ့တာပါ။
လက်ကျန်ပွဲချိန်တွေကတော့ ဂိုးသမား ကိုဘယ်လ်ရဲ့ လက်စွမ်းပြပွဲပဲဖြစ်ခဲ့သလို ကူလီဘေလီရဲ့ ကန်ချက်ကို ဂိုးသမား ဖမ်းရာကနေ ချော်ထွက်ပြီး ဂိုးထဲ ဝင်လာခဲ့တာကိုလည်း အမ်မရီ ချန်က ဂိုးစည်းပေါ်ကနေ ရှင်းထုတ်သွားနိုင်ခဲ့ပြီး မေဆန်မောင့်ကို မှန်ထွက်သွားခဲ့တာက ဂိုးလွန်ဘောပဲဖြစ်ခဲ့ပြီး ထောင့်ကန်ဘောတောင် မဖြစ်ခဲ့လို့ ချဲလ်ဆီးတို့ ကြေကွဲခဲ့ရသလို ဖဲလစ္စနဲ့ အန်ဇို ဖာနန်ဒက်ဇ်တို့ရဲ့ ကန်ချက်တွေကလည်း ဆွစ်ဂိုးသမားရဲ့ လက်ထဲမှာပဲ ကျရှုံးခဲ့ရတာဖြစ်ပါတယ်။
ပွဲချိန်အပြည့်မှာတော့ ခပ်ကြမ်းကြမ်း ဖျက်ပြီး ပိတ်ကစားသွားခဲ့တဲ့ ဒေါ့မွန်တို့ တစ်ဂိုး-ဂိုးမရှိနဲ့ အောင်ပွဲခံသွားခဲ့ပြီး ချဲလ်ဆီးတို့ကတော့ ဂျာမန်မြေမှာ ကောင်းရှုံးကြီးနဲ့ ဂိုးတောင် မရလိုက်ဘဲ အိမ်ပြန်ခဲ့ရသလို လာမယ့် ဒုတိယအကျော့ အိမ်ကွင်းပွဲစဉ်မှာသာ ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ဖို့ ပြန်လည်ကြိုးစားရတော့မှာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
ZAWGYI:
ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ကီပါ၊ ခံစစ္မွာ သီယာဂို ေဆးလ္ဗား၊ ကူလီေဘလီ၊ ရီးစ္ဂ်ိမ္းစ္နဲ႔ ေခ်းလ္ဝဲလ္တို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ေလာ့ဖ္တပ္စ္-ခ်ိခ္၊ အန္ဇို ဖာနန္ဒက္ဇ္၊ ဇီးယက္ရွ္နဲ႔ မူဒရစ္ခ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဟာဗတ္ဇ္နဲ႔ ဂ်ာအို ဖဲလစၥတို႔ကို တြဲဖက္ကစားေစခဲ့တာျဖစ္ပါတယ္။
အိမ္ရွင္ ဘို႐ုစီးယား ေဒါ့မြန္တို႔ကေတာ့ ဂိုးသမား ကိုဘယ္လ္၊ ခံစစ္မွာ ရွေလာ့တာဘက္ခ္၊ ဆူးလား၊ ဝုလ္ဖ္နဲ႔ ဂြါရဲ႐ိုးတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ အမ္မရီ ခ်န္၊ အို႔ဇ္ဂ်န္နဲ႔ ဘယ္လင္ဂမ္တို႔ကို အထိုင္ခ်ခဲ့ၿပီး တိုက္စစ္မွာေတာ့ ဘရန႔္ဒ္၊ အဒီယီမီနဲ႔ အဲလားတို႔ကို ပြဲထုတ္လာခဲ့တာပါ။
ပြဲစတာနဲ႔ အိမ္ရွင္ေတြအေနနဲ႔ အငိုက္ဖမ္းၿပီး တိုက္စစ္ဆင္ခဲ့ေပမယ့္ ခ်ဲလ္ဆီးတို႔ အမွားအယြင္းနည္းနည္းနဲ႔ ခုခံႏိုင္ခဲ့ၾကၿပီး မူဒရစ္ခ္ကေတာ့ စေကးလ္အျပလြန္ေနတာေၾကာင့္ အသင္းေဖာ္ေတြနဲ႔ အခ်ိတ္အဆက္တခ်ိဳ႕ လြဲေခ်ာ္ခဲ့ရသလို ေဒါ့မြန္တို႔ရဲ႕ ဖိအားကို ေတာင့္ခံရင္း ခံစစ္မွာ အမွားလုပ္ခဲ့တဲ့ ရီးစ္ဂ်ိမ္းစ္နဲ႔ သီယာဂို ေဆးလ္ဗားတို႔ကေတာ့ ေစာေစာစီးစီး အဝါထိခဲ့ၾကတာျဖစ္ပါတယ္။
ခ်ဲလ္ဆီးတို႔ ေဘာလုံးကိုင္ကစားဖို႔ တျဖည္းျဖည္းနဲ႔ လုပ္ေဆာင္လာႏိုင္ခဲ့ၾကၿပီး ေဒါ့မြန္တို႔ကေတာ့ လ်င္ျမန္တဲ့ ေတာင္ပံေတြနဲ႔ ေကာင္တာေတြကို ျပန္အားျပဳလာခဲ့သလို Flexible အျဖစ္လြန္ေနၿပီး တစ္ေယာက္နဲ႔တစ္ေယာက္ Interchange ကစားလြန္းေနၾကတဲ့ ဖဲလစၥနဲ႔ ဟာဗတ္ဇ္တို႔ေၾကာင့္လည္း ေတာင္ပံက ဖန္တီးမႈေတြကို အသုံးခ်ႏိုင္မႈ နည္းပါးခဲ့တာပါ။
ပြဲခ်ိန္ ၃၁ မိနစ္မွာ အပိုင္အခြင့္အေရးကို ဖဲလစၥရဲ႕ မပိုင္ႏိုင္မႈေၾကာင့္ ေထာင့္ကို ဝိုက္ကန္တာ မေအာင္ျမင္ဘဲ ဘားေပၚက ထြက္သြားခဲ့ရၿပီး ပြဲခ်ိန္ ၃၈ မိနစ္မွာလည္း ေကာင္တာကေန တစ္ခ်က္ေခါက္ၿပီး ဘယ္ေျခနဲ႔ ကန္ခဲ့တဲ့ ေပၚတူဂီတိုက္စစ္မႉးရဲ႕ အဆုံးသတ္မႈက ဘားနဲ႔ပဲ ညားခဲ့ရသလို ေကာင္တာသမား ေဒါ့မြန္တို႔ကလည္း အဆုံးသတ္ေတြ လြဲေခ်ာ္ေနခဲ့လို႔ ပထမပိုင္းမွာ ဂိုးမရွိသေရပဲျဖစ္ေနခဲ့ပါတယ္။
ဒုတိယပိုင္းမွာေတာ့ ခ်ဲလ္ဆီးတို႔ရဲ႕ တဖုန္းဖုန္း ကန္ခ်က္ေတြကို ေဒါ့မြန္ခံစစ္က ပိတ္ဆို႔ႏိုင္ခဲ့ၾကၿပီး ပြဲခ်ိန္ ၅၅ မိနစ္မွာ ရီးစ္ဂ်ိမ္းစ္ရဲ႕ လွပတဲ့ ဧရိယာထိပ္က ဖရီးကစ္ ကန္ခ်က္ကိုေတာ့ အိမ္ရွင္ဂိုးသမား ကိုဘယ္လ္က သတိႀကီးႀကီးနဲ႔ ပုတ္ထုတ္သြားႏိုင္ခဲ့သလို ဧည့္သည္နည္းျပ ဂေရဟမ္ ေပါ့တာကို စိတ္ပ်က္အံ့ဩေစႏိုင္ခဲ့တာပါ။
ပြဲခ်ိန္ ၅၇ မိနစ္မွာ ဘယ္ျခမ္းကေန အဒီယီမီရဲ႕ ထိုးေဖာက္မႈကေန ျပန္ခ်ိဳးေပးတာကို ဘရန႔္ဒ္ရဲ႕ ဧရိယာထိပ္က ပိတ္သြင္းခ်က္ကို ဂိုးသမား ကီပါ ကာကြယ္သြားႏိုင္ခဲ့သလို ၆၂ မိနစ္မွာေတာ့ ေဒါ့မြန္ခံစစ္က ရွင္းထုတ္လိုက္တဲ့ ေဘာလုံးကို ေရွ႕တက္လာတဲ့ ရီးစ္ဂ်ိမ္းစ္က ေျပးဝင္ရယူၿပီး ဟာဗတ္ဇ္နဲ႔ ခ်ိတ္ဆက္ကန္သြင္းမႈကိုလည္း ကိုဘယ္လ္က ခက္ခက္ခဲခဲ ပုတ္ထုတ္သြားႏိုင္ခဲ့ပါတယ္။
ပြဲခ်ိန္ ၆၃ မိနစ္မွာေတာ့ ေဒါ့မြန္တို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကသလို ဒီဂိုးကိုေတာ့ ေထာင့္ကန္ေဘာကို ခ်ဲလ္ဆီးတစ္သင္းလုံး တက္တိုက္ရင္း အိမ္ရွင္ခံစစ္က ရွင္းထုတ္လိုက္ခ်ိန္မွာ ဘယ္ျခမ္းကေန ရသြားခဲ့တဲ့ ဘြန္ဒက္စ္လီဂါရဲ႕ အျမန္ဆုံးကစားသမား အဒီယီမီက ေနာက္ခ်န္ေနခဲ့တဲ့ အန္ဇို ဖာနန္ဒက္ဇ္ကို ျဖတ္ဆြဲေျပးၿပီးမွ ဂိုးသမား ကီပါနဲ႔ အေတြ႕မွာ ေျခသြက္သြက္နဲ႔ ထပ္မံလိမ္ေခါက္ႏိုင္ခဲ့ၿပီး ဂိုးထဲကို အလ်င္မီေအာင္ ကန္သြင္းႏိုင္ခဲ့တာပါ။
ခ်ဲလ္ဆီးတို႔အတြက္ေတာ့ ဆိုး႐ြားတဲ့ ကံမေကာင္းျခင္းေတြကို ဆက္တိုက္ႀကဳံခဲ့ရတာျဖစ္ၿပီး ရီးစ္ဂ်ိမ္းစ္ရဲ႕ ကန္ခ်က္ကို ကိုဘယ္လ္ ပုတ္ထုတ္လို႔ ဂိုးမျဖစ္လိုက္ဘဲ ႏွစ္သိမ့္ဆု ရခဲ့တဲ့ ေထာင့္ကန္ေဘာကေန ေခ်းဝဲလ္ ကန္တင္ေပးရာမွာ ဟာဗတ္ဇ္ရဲ႕ ေခါင္းတိုက္ခ်က္က ဘယ္ဘက္တိုင္နားမွာ ေစာင့္ခဲ့တဲ့ ဖဲလစၥဆီ အေရာက္မွာ လူကြၽံေဘာျဖစ္ခဲ့ၿပီး ဒိုင္လူႀကီးကေတာ့ ဒါကို Advantage အျဖစ္နဲ႔ ဆက္ကစားခိုင္းခဲ့ရာမွာ အဒီယီမီက ေကာင္တာကေန ဂိုးသြင္းသြားခဲ့တာလည္း ျဖစ္ပါတယ္။
ဂိုးရခဲ့အၿပီးမွာ ေဒါ့မြန္တို႔ဘက္က ေကာင္တာမွာ ေလးေနၿပီး ခံစစ္ကူႏိုင္မႈနည္းတဲ့ အဲလားအစား မိုဒက္စ္ေတ၊ ဝုလ္ဖ္အစား ႐ိုင္ယာဆန္နဲ႔ ဂိုးသြင္းရွင္ အဒီယီမီအစား ဘိုင္ႏိုး-ဂစ္တင္စ္တို႔ကို လဲကစားသြားခဲ့ၿပီး ခ်ဲလ္ဆီးတို႔ကေတာ့ ပလာတာမ်ားၿပီး ေဘာလုံးမထြက္တဲ့ မူဒရစ္ခ္နဲ႔ ေခ်းလ္ဝဲလ္တို႔ အစား ေမဆန္ေမာင့္နဲ႔ ကူကူရဲလားတို႔ကို ထည့္ၿပီး အေျပာင္းအလဲလုပ္သြားခဲ့တာပါ။
လက္က်န္ပြဲခ်ိန္ေတြကေတာ့ ဂိုးသမား ကိုဘယ္လ္ရဲ႕ လက္စြမ္းျပပြဲပဲျဖစ္ခဲ့သလို ကူလီေဘလီရဲ႕ ကန္ခ်က္ကို ဂိုးသမား ဖမ္းရာကေန ေခ်ာ္ထြက္ၿပီး ဂိုးထဲ ဝင္လာခဲ့တာကိုလည္း အမ္မရီ ခ်န္က ဂိုးစည္းေပၚကေန ရွင္းထုတ္သြားႏိုင္ခဲ့ၿပီး ေမဆန္ေမာင့္ကို မွန္ထြက္သြားခဲ့တာက ဂိုးလြန္ေဘာပဲျဖစ္ခဲ့ၿပီး ေထာင့္ကန္ေဘာေတာင္ မျဖစ္ခဲ့လို႔ ခ်ဲလ္ဆီးတို႔ ေၾကကြဲခဲ့ရသလို ဖဲလစၥနဲ႔ အန္ဇို ဖာနန္ဒက္ဇ္တို႔ရဲ႕ ကန္ခ်က္ေတြကလည္း ဆြစ္ဂိုးသမားရဲ႕ လက္ထဲမွာပဲ က်ရႈံးခဲ့ရတာျဖစ္ပါတယ္။
ပြဲခ်ိန္အျပည့္မွာေတာ့ ခပ္ၾကမ္းၾကမ္း ဖ်က္ၿပီး ပိတ္ကစားသြားခဲ့တဲ့ ေဒါ့မြန္တို႔ တစ္ဂိုး-ဂိုးမရွိနဲ႔ ေအာင္ပြဲခံသြားခဲ့ၿပီး ခ်ဲလ္ဆီးတို႔ကေတာ့ ဂ်ာမန္ေျမမွာ ေကာင္းရႈံးႀကီးနဲ႔ ဂိုးေတာင္ မရလိုက္ဘဲ အိမ္ျပန္ခဲ့ရသလို လာမယ့္ ဒုတိယအေက်ာ့ အိမ္ကြင္းပြဲစဥ္မွာသာ ကြာတားဖိုင္နယ္အဆင့္ကို တက္လွမ္းႏိုင္ဖို႔ ျပန္လည္ႀကိဳးစားရေတာ့မွာျဖစ္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.