Premier League

မန်စီးတီးနဲ့ပွဲမှာ အကွက်သစ်တွေ ထုတ်သုံးသွားမယ့် အာတီတာ

အာဆင်နယ်နည်းပြ အာတီတာက ယနေ့ည မန်ချက်စတာစီးတီးနဲ့ ကစားရမယ့် ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးနေရာအတွက် တိုက်ပွဲမတိုင်ခင်မှာ နည်းဗျူဟာပိုင်းအပြောင်းအလဲတွေ ပြုလုပ်သွားဖွယ်ရှိတယ်လို့ အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

ဂန်းနားတွေဟာ ယနေ့ည အမ်းမရိတ်စ်မှာသာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် မန်ချက်စတာစီးတီးအသင်းက ဂိုးကွာခြားချက်အရ အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းသွားနိုင်မှာဖြစ်တာကြောင့် အဆင့် ၁ နေရာကို ဆုံးရှုံးရဖွယ်ရှိနေတာဖြစ်ပေမယ့်လည်း အာတီတာရဲ့အသင်းက တစ်ပွဲလျော့ကစားထားတာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ယခုရာသီမှာ အဲဗာတန်ကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပါအဝင် ပရီးမီးယားလိဂ်မှာ ၂ ပွဲသာ ရှုံးနိမ့်ထားခဲ့တာဖြစ်ပြီး ပထမဆုံးရှုံးပွဲကတော့ စက်တင်ဘာလတုန်းက အိုးထရက်ဖို့ဒ်မှာ မန်ချက်စတာယူနိုက်တက်ကို ၃-၁ နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် စနေနေ့က VAR ရဲ့ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် ဘရန့်တ်ဖို့ဒ်နဲ့ ၁-၁ သရေကျခဲ့တဲ့တာက အာဆင်နယ်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၂ ပွဲစလုံးကို အနိုင်မရရှိခဲ့ဘူးဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပြီး ဂန်းနားတွေအတွက် တစ်လုံးတည်းသော ဂိုးကို လီအန်ဒရို ထရော့ဆာ့ဒ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဘယ်လ်ဂျီယမ်တောင်ပံကစားသမားဟာ အာဆင်နယ်အသင်းအတွက် ပထမဆုံး ပရီးမီးယားလိဂ်ပွဲထွက်ကစားခွင့်ရဖို့ ကြိုးပမ်းနေတာဖြစ်ပြီး မန်ချက်စတာစီးတီးနဲ့ပွဲမတိုင်ခင် အာတီတာက ရွေးချယ်စရာအဖြစ် ထည့်သွင်းစဉ်းစားပေးခြင်းကို ခံရဖွယ်ရှိနေတာဖြစ်ပါတယ်။

“(လူရွေးချယ်မှုအကြပ်အတည်းတွေ)ရလဒ်က ပိုပြီးတော့ အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အတွက် စွမ်းဆောင်ရည်နဲ့ ကစားသမားက ဒီနေ့ ကျွန်တော်တို့ ရှိနေတဲ့နေရာကို ယူဆောင်ပေးနိုင်ဖို့ ကစားသမားက ဘာတွေပေးနိုင်လဲဆိုတာနဲ့ ပိုပြီးတော့ ဆုံးဖြတ်ပါတယ်။ သူတို့တွေက အခွင့်အရေးတွေနဲ့ ထိုက်တန်ပါတယ်။ ကျွန်တော်တို့က ကစားသမားတွေကို သူတို့နဲ့ ထိုက်တန်တဲ့ အခွင့်အရေးတွေပေးဖို့ ကြိုးပမ်းနေတာ သိသာပါတယ်။ ခင်ဗျား လီယို(ထရော့ဆာ့ဒ်)ကြောင်း ပြောခဲ့တယ်။ ကျွန်တော်တို့က ဒီလိဂ်မှာ ပွဲကစားချိန်ရခဲ့တဲ့ လူတိုင်းအကြောင်း ပြောနေတာပါ။ အပြောင်းအလဲတွေ ရှိလာပါလိမ့်မယ်။ အဲဒါက ဖြစ်လာပါလိမ့်မယ်။ သိပ်မကြာခင်ပါပဲ”လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၆ ပွဲဆက်တိုက် ပရီးမီးယားလိဂ်မှာ တူညီတဲ့ ပွဲထွက် ၁၁ ဦးစာရင်းကို အသုံးပြုခဲ့ပြီး ယနေ့ညမှာလည်း လိဂ်စံချိန်သစ်ဖြစ်အောင် ၇ ပွဲဆက်တိုက် အသုံးပြုသွားဖွယ်ရှိနေပေမယ့်လည်း အာတီတာက အနည်းဆုံးတော့ ပွဲမတိုင်ခင် အပြောင်းအလဲတွေ ပြုလုပ်သွားဖို့ စဉ်းစားနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

အာဆင္နယ္နည္းျပ အာတီတာက ယေန႔ည မန္ခ်က္စတာစီးတီးနဲ႔ ကစားရမယ့္ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးေနရာအတြက္ တိုက္ပြဲမတိုင္ခင္မွာ နည္းဗ်ဴဟာပိုင္းအေျပာင္းအလဲေတြ ျပဳလုပ္သြားဖြယ္ရွိတယ္လို႔ အရိပ္အႁမြက္ ေျပာၾကားခဲ့ပါတယ္။

ဂန္းနားေတြဟာ ယေန႔ည အမ္းမရိတ္စ္မွာသာ ရႈံးနိမ့္ခဲ့မယ္ဆိုရင္ မန္ခ်က္စတာစီးတီးအသင္းက ဂိုးကြာျခားခ်က္အရ အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းသြားႏိုင္မွာျဖစ္တာေၾကာင့္ အဆင့္ ၁ ေနရာကို ဆုံးရႈံးရဖြယ္ရွိေနတာျဖစ္ေပမယ့္လည္း အာတီတာရဲ႕အသင္းက တစ္ပြဲေလ်ာ့ကစားထားတာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ယခုရာသီမွာ အဲဗာတန္ကို ေဖေဖာ္ဝါရီလ ၄ ရက္ေန႔က ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အပါအဝင္ ပရီးမီးယားလိဂ္မွာ ၂ ပြဲသာ ရႈံးနိမ့္ထားခဲ့တာျဖစ္ၿပီး ပထမဆုံးရႈံးပြဲကေတာ့ စက္တင္ဘာလတုန္းက အိုးထရက္ဖို႔ဒ္မွာ မန္ခ်က္စတာယူႏိုက္တက္ကို ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္ စေနေန႔က VAR ရဲ႕ အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ေၾကာင့္ ဘရန႔္တ္ဖို႔ဒ္နဲ႔ ၁-၁ သေရက်ခဲ့တဲ့တာက အာဆင္နယ္အသင္းဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၂ ပြဲစလုံးကို အႏိုင္မရရွိခဲ့ဘူးဆိုတဲ့ အဓိပၸာယ္ ျဖစ္ၿပီး ဂန္းနားေတြအတြက္ တစ္လုံးတည္းေသာ ဂိုးကို လီအန္ဒ႐ို ထေရာ့ဆာ့ဒ္က သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဘယ္လ္ဂ်ီယမ္ေတာင္ပံကစားသမားဟာ အာဆင္နယ္အသင္းအတြက္ ပထမဆုံး ပရီးမီးယားလိဂ္ပြဲထြက္ကစားခြင့္ရဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး မန္ခ်က္စတာစီးတီးနဲ႔ပြဲမတိုင္ခင္ အာတီတာက ေ႐ြးခ်ယ္စရာအျဖစ္ ထည့္သြင္းစဥ္းစားေပးျခင္းကို ခံရဖြယ္ရွိေနတာျဖစ္ပါတယ္။

“(လူေ႐ြးခ်ယ္မႈအၾကပ္အတည္းေတြ)ရလဒ္က ပိုၿပီးေတာ့ အဆုံးအျဖတ္ေပးႏိုင္ပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အတြက္ စြမ္းေဆာင္ရည္နဲ႔ ကစားသမားက ဒီေန႔ ကြၽန္ေတာ္တို႔ ရွိေနတဲ့ေနရာကို ယူေဆာင္ေပးႏိုင္ဖို႔ ကစားသမားက ဘာေတြေပးႏိုင္လဲဆိုတာနဲ႔ ပိုၿပီးေတာ့ ဆုံးျဖတ္ပါတယ္။ သူတို႔ေတြက အခြင့္အေရးေတြနဲ႔ ထိုက္တန္ပါတယ္။ ကြၽန္ေတာ္တို႔က ကစားသမားေတြကို သူတို႔နဲ႔ ထိုက္တန္တဲ့ အခြင့္အေရးေတြေပးဖို႔ ႀကိဳးပမ္းေနတာ သိသာပါတယ္။ ခင္ဗ်ား လီယို(ထေရာ့ဆာ့ဒ္)ေၾကာင္း ေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔က ဒီလိဂ္မွာ ပြဲကစားခ်ိန္ရခဲ့တဲ့ လူတိုင္းအေၾကာင္း ေျပာေနတာပါ။ အေျပာင္းအလဲေတြ ရွိလာပါလိမ့္မယ္။ အဲဒါက ျဖစ္လာပါလိမ့္မယ္။ သိပ္မၾကာခင္ပါပဲ”လို႔ ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ ၆ ပြဲဆက္တိုက္ ပရီးမီးယားလိဂ္မွာ တူညီတဲ့ ပြဲထြက္ ၁၁ ဦးစာရင္းကို အသုံးျပဳခဲ့ၿပီး ယေန႔ညမွာလည္း လိဂ္စံခ်ိန္သစ္ျဖစ္ေအာင္ ၇ ပြဲဆက္တိုက္ အသုံးျပဳသြားဖြယ္ရွိေနေပမယ့္လည္း အာတီတာက အနည္းဆုံးေတာ့ ပြဲမတိုင္ခင္ အေျပာင္းအလဲေတြ ျပဳလုပ္သြားဖို႔ စဥ္းစားေနတာ ျဖစ္ေကာင္းျဖစ္ႏိုင္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.