Premier League

အာဆင်နယ်နဲ့ပွဲမတိုင်ခင် ဂန်းနားတွေအပေါ်အမြင်ကို ပွင့်ပွင့်လင်းလင်း ဝန်ခံလိုက်တဲ့ ဟာလန်း

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းက ယနေ့ညမှာ ယှဉ်ပြိုင်ကစားရမယ့် မန်ချက်စတာစီးတီးရဲ့ပြိုင်ဘက် အာဆင်နယ်အပေါ် ၎င်းရဲ့ အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့ပါတယ်။

နော်ဝေတိုက်စစ်မှူးက ဂန်းနားတွေဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက မန်ချက်စတာစီးတီးအသင်း ကစားသလို ပုံစံမျိုး ကစားနေတယ်လို့ ယုံကြည်နေတာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ယနေ့ည အမ်းမရိတ်စ်မှာ ဂွါဒီယိုလာရဲ့အသင်းကို အရေးကြီးတဲ့ဇယားထိပ်ဆုံးတိုက်ပွဲအဖြစ်နဲ့ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပါတယ်။

အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ကြားမှာ ၃ မှတ်သာ ကွာဟနေတာဖြစ်ပြီး ဧည့်သည်အသင်းဟာ အနိုင်ရရှိခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းသွားနိုင်မှာ ဖြစ်ပါတယ်။

အာဆင်နယ်နဲ့ပွဲမတိုင်ခင် Amazon Prime ကို စကားပြောဆိုရာမှာ ဟာလန်းက အာတီတာရဲ့အသင်းကို ချီးကျူးမှုတွေ အပြည့်အဝ ပြုလုပ်သွားခဲ့ပြီး ဂန်းနားတွေကို လွန်ခဲ့တဲ့နှစ်တွေက မန်ချက်စတာစီးတီးအသင်းနဲ့ နှိုင်းယှဉ်ခဲ့တာ ဖြစ်ပါတယ်။

“အရမ်းကောင်းမွန်ခဲ့ပါတယ်။ ကျွန်တော် ပွဲတွေကို ကြည့်ခဲ့တဲ့အချိန်မှာ လွန်ခဲ့တဲ့ ၄ နှစ်လောက်က မန်စီးတီးကို မြင်နေရသလိုပဲဗျ သိလား။ မတူညီတဲ့အရာတွေအများကြီးရှိပေမယ့် သူတို့တွေက ကောင်းမွန်တယ်။ အာတီတာ ပြီးခဲ့တဲ့နှစ်တွေမှာ လုပ်နေခဲ့တာတွေက တကယ်ကို အထင်ကြီးစရာကောင်းပြီး အသင်းကို အတူတကွ တိုးတက်အောင် လုပ်ခဲ့တဲ့ပုံစံက အထင်ကြီးစရာကောင်းပါတယ်”

“အာဆင်နယ်က အမှတ်ပေးဇယားထိပ်ဆုံးနေရာနဲ့ သက်ဆိုင်တယ်ဆိုတာ အမှန်ပါပဲ။ ဗုဒ္ဓဟူးနေ့မှာ အခုကစားမယ့်ပွဲက တကယ်ကို စိတ်ဝင်စားစရာကောင်းလာတော့မှာဖြစ်ပြီး ကျွန်တော် အဲဒီပွဲစဉ်ကို တကယ်ကို စောင့်မျှော်နေမှာပါ”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဟာလန်းဟာ အာဆင်နယ်နဲ့ပွဲစဉ်အတွက် မရေမရာဖြစ်နေဆဲဖြစ်ပြီး နည်းပြ ဂွါဒီယိုလာက ကြယ်ပွင့်တိုက်စစ်မှူးရဲ့ ကြံ့ခိုင်မှုနဲ့ပတ်သက်ပြီး “ကျွန်တော်တို့ ဒီညနေမှာ လေ့ကျင့်မယ်။ အခုအချိန်မှာ ကျွန်တော် မသိသေးဘူး။ မနေ့က အက်စတန် ဗီလာနဲ့ပွဲစဉ်ကနေ အနားပြန်ယူကြတယ်။ ဒါပဲ”လို့ အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးတိုက္စစ္မႉး အာလင္း ဟာလန္းက ယေန႔ညမွာ ယွဥ္ၿပိဳင္ကစားရမယ့္ မန္ခ်က္စတာစီးတီးရဲ႕ၿပိဳင္ဘက္ အာဆင္နယ္အေပၚ ၎ရဲ႕ အျမင္ကို ပြင့္ပြင့္လင္းလင္း ေျပာၾကားခဲ့ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးက ဂန္းနားေတြဟာ လြန္ခဲ့တဲ့ႏွစ္အနည္းငယ္တုန္းက မန္ခ်က္စတာစီးတီးအသင္း ကစားသလို ပုံစံမ်ိဳး ကစားေနတယ္လို႔ ယုံၾကည္ေနတာျဖစ္ၿပီး အာတီတာရဲ႕အသင္းဟာ ယေန႔ည အမ္းမရိတ္စ္မွာ ဂြါဒီယိုလာရဲ႕အသင္းကို အေရးႀကီးတဲ့ဇယားထိပ္ဆုံးတိုက္ပြဲအျဖစ္နဲ႔ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ၾကားမွာ ၃ မွတ္သာ ကြာဟေနတာျဖစ္ၿပီး ဧည့္သည္အသင္းဟာ အႏိုင္ရရွိခဲ့မယ္ဆိုရင္ အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းသြားႏိုင္မွာ ျဖစ္ပါတယ္။

အာဆင္နယ္နဲ႔ပြဲမတိုင္ခင္ Amazon Prime ကို စကားေျပာဆိုရာမွာ ဟာလန္းက အာတီတာရဲ႕အသင္းကို ခ်ီးက်ဴးမႈေတြ အျပည့္အဝ ျပဳလုပ္သြားခဲ့ၿပီး ဂန္းနားေတြကို လြန္ခဲ့တဲ့ႏွစ္ေတြက မန္ခ်က္စတာစီးတီးအသင္းနဲ႔ ႏႈိင္းယွဥ္ခဲ့တာ ျဖစ္ပါတယ္။

“အရမ္းေကာင္းမြန္ခဲ့ပါတယ္။ ကြၽန္ေတာ္ ပြဲေတြကို ၾကည့္ခဲ့တဲ့အခ်ိန္မွာ လြန္ခဲ့တဲ့ ၄ ႏွစ္ေလာက္က မန္စီးတီးကို ျမင္ေနရသလိုပဲဗ် သိလား။ မတူညီတဲ့အရာေတြအမ်ားႀကီးရွိေပမယ့္ သူတို႔ေတြက ေကာင္းမြန္တယ္။ အာတီတာ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ လုပ္ေနခဲ့တာေတြက တကယ္ကို အထင္ႀကီးစရာေကာင္းၿပီး အသင္းကို အတူတကြ တိုးတက္ေအာင္ လုပ္ခဲ့တဲ့ပုံစံက အထင္ႀကီးစရာေကာင္းပါတယ္”

“အာဆင္နယ္က အမွတ္ေပးဇယားထိပ္ဆုံးေနရာနဲ႔ သက္ဆိုင္တယ္ဆိုတာ အမွန္ပါပဲ။ ဗုဒၶဟူးေန႔မွာ အခုကစားမယ့္ပြဲက တကယ္ကို စိတ္ဝင္စားစရာေကာင္းလာေတာ့မွာျဖစ္ၿပီး ကြၽန္ေတာ္ အဲဒီပြဲစဥ္ကို တကယ္ကို ေစာင့္ေမွ်ာ္ေနမွာပါ”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္လည္း ဟာလန္းဟာ အာဆင္နယ္နဲ႔ပြဲစဥ္အတြက္ မေရမရာျဖစ္ေနဆဲျဖစ္ၿပီး နည္းျပ ဂြါဒီယိုလာက ၾကယ္ပြင့္တိုက္စစ္မႉးရဲ႕ ႀကံ့ခိုင္မႈနဲ႔ပတ္သက္ၿပီး “ကြၽန္ေတာ္တို႔ ဒီညေနမွာ ေလ့က်င့္မယ္။ အခုအခ်ိန္မွာ ကြၽန္ေတာ္ မသိေသးဘူး။ မေန႔က အက္စတန္ ဗီလာနဲ႔ပြဲစဥ္ကေန အနားျပန္ယူၾကတယ္။ ဒါပဲ”လို႔ အဂၤါေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.