Match Report Premier League

ဒုက္ခရှာတဲ့ ဆင်ပျံကြီးကို ကျုံးသွင်းရိုက်ချလိုက်တဲ့ မန်စီးတီးရဲ့ ဇယားထိပ်အောင်ပွဲ

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား အီဒါဆန်၊ ခံစစ်မှာ ရူဘင် ဒီယက်စ်၊ ဝေါ်လ်ကာနဲ့ အာကေတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ရိုဒရီ၊ ဂွန်ဒိုးဝမ်၊ ဘာနာဒို ဆေးလ်ဗား၊ မာရက်ဇ်၊ ဒီဘရိုင်းနားနဲ့ ဂရီးလစ်ရှ်တို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ ဟားလန်း တစ်ယောက်တည်းကို တင်ကစားလာခဲ့တာဖြစ်ပါတယ်။

အိမ်ရှင် အာဆင်နယ်တို့ကတော့ ဂိုးသမား ရမ်းစ်ဒေးလ်၊ ခံစစ်မှာ ဆာလီဘာ၊ ဂါဘရီယယ်လ်၊ တိုမီယာစုနဲ့ ဇင်ချန်ကိုတို့ကို အထိုင်ချခဲ့သလို ကွင်းလယ်မှာတော့ ပါတေး မပါနိုင်လို့ ဂျော်ဂျင်ညိုကို ချာကာ၊ အော်ဒီဂွါဒ်တို့နဲ့ တွဲပေးခဲ့ပြီး တိုက်စစ်မှာတော့ ဆာကာ၊ မာတီနယ်လီနဲ့ နကီးတီးယားတို့ကို ပွဲထုတ်လာခဲ့တာပါ။

အာဆင်နယ်တို့အနေနဲ့ နိုင်ချင်စိတ် ရှိနေပေမယ့် တစ်ဖက်မှာလည်း မန်စီးတီးရဲ့ အဆင့်အတန်းကို လန့်နေခဲ့တာကို တွေ့ရပြီး အန္တရာယ်များတဲ့ ဘောလုံးတည်ဆောက်မှုမျိုးတွေမှာ သူတို့ရဲ့ စိတ်လှုပ်ရှားမှုတွေက သိသာခဲ့သလို ကစားကွက်နဲ့ ရွေ့လျားမှုတွေမှာ တစ်ဖက်ကစားသမားတွေကို သံယောဇဉ် မပြတ်ဘဲ နေရာယူမှုတွေ ပုံမကျတာက သိသာနေခဲ့ပါတယ်။

အထူးသဖြင့်တော့ တောင်ပံတွေမှာ ကစားကွက်ချောင်အောင် Opening နေရာယူပေးမှုတွေ နည်းလွန်းခဲ့သလို မလိုအပ်ဘဲ အတွင်းမှာပဲ ဝင်လွန်းနေပြီး တောင်ပံသမားတွေကိုတော့ လိုက်ကူမယ့်သူက တစ်ယောက်သာ ရှိတာကြောင့် တိုက်စစ် Triangle တွေကို ပြုလုပ်နိုင်ခြင်း မရှိဘဲ တွဲလုံးတွေထက် တစ်ဦးချင်း ကျော်ဖြတ်ဖို့ကိုသာ ကြိုးစားနေခဲ့ရတာပါ။


ပွဲချိန် ၂၄ မိနစ်မှာ မန်စီးတီးတို့ အဖွင့်ဂိုး ရယူသွားနိုင်ခဲ့ကြပြီး ခံစစ်ကနေ ကန်တင်တဲ့‌ ဘောလုံးကို သွေးအေးအေးနဲ့ ထိန်းသိမ်းရမယ့်အစား ဂရီးလစ်ရှ်ရဲ့ ဖိအားပေးမှုမှာ နောက်ပြန်ပေးတဲ့ တိုမီယာစုကြောင့် ဒီဘရိုင်းနားက လိုက်လံရယူပြီး ထွက်ပိတ်တဲ့ ဂိုးသမား ရမ်းစ်ဒေးလ်ပေါ်က ကျော်ကန်ထည့်သွားခဲ့တာကြောင့် အာဆင်နယ်တို့ နောက်က လိုက်ကစားခဲ့ရတာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရမှ သွေးပူသွားတဲ့ အာဆင်နယ်တို့ရဲ့ တွဲလုံးတွေကို ပြန်မြင်ခဲ့ရပြီး ဘောလုံးပိုင်ဆိုင်မှု အများစုကို ရယူထားခဲ့ပေမယ့် ပွဲထွက်ဖို့ လုံးဝ မထိုက်တန်တဲ့ မာတီနယ်လီကို ဘယ်ခြမ်းမှာ သုံးနေတာက အလုပ်မဖြစ်တာကြောင့် စိတ်ပျက်စရာဖြစ်ခဲ့ပြီး သူတို့ရဲ့ ကစားပုံကို တစ်ခွန်းတည်းနဲ့ ပုံပေါ်အောင် ပြောရရင် “Make the things difficult” လို့ ကိုယ့်ဘာသာကိုယ် ခက်ခဲအောင်လုပ်ပြီး ပြန်သတ်နေတာလို့ပဲ ဆိုရမှာပါ။


ပွဲချိန် ၄၂ မိနစ်မှာတော့ အာဆင်နယ်တို့ ချေပဂိုး ပြန်လည်ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းကနေ ကန်သွင်းဖို့ ကြိုးစားတဲ့ နကီးတီးယားကို ပိတ်ဆို့ရင်း လူချင်းဝင်လုံးမိတဲ့ အီဒါဆန်ကြောင့် ပေးခဲ့ရတဲ့ ပင်နယ်တီကို ဆာကာက ဂိုးသမားနဲ့ တခြားစီဖြစ်တဲ့ ဘယ်ဘက်တိုင်ခြေကို အပိုင်ကန်သွင်းရယူသွားခဲ့တာဖြစ်ပါတယ်။

နာကျင်အချိန်ပိုမှာ ဖရီးကစ်ကနေ ရိုဒရီရဲ့ ခေါင်းတိုက်ချက်က အာကေရဲ့ ခြေထောက်ကို မှန်ပြီး ဘားထိထွက်ခဲ့လို့ အိမ်ရှင်တွေ ဂိုးမပေးရဘဲ သက်သာသွားခဲ့ရသလို ပထမပိုင်းမှာ တစ်ဂိုးစီသရေဖြစ်နေခဲ့ကြပြီး ဒုတိယပိုင်း ပြန်အစမှာတော့ ပထမပိုင်းက ဂိုးလိုချင်လို့ တိုက်နေတဲ့ ပုံစံမှန် ကစားပုံ ပျောက်ဆုံးသွားခဲ့ပြန်ပြီး ကိုယ့်ဒုက္ခကိုယ်ရှာနေတဲ့ ကစားဟန်တွေကို အာဆင်နယ်ကွင်းခြမ်းမှာ မြင်ခဲ့ရသလို အပေးအယူတွေကလည်း အမှားတွေ များခဲ့လို့ မန်စီးတီးရဲ့ Pressing မှာ ဖရိုဖရဲ ပြိုလဲမတတ်ဖြစ်လာခဲ့တာပါ။

ပွဲချိန် ၅၇ မိနစ်မှာတော့ ဟားလန်းကို တားဆီးတဲ့ ဂါဘရီယယ်လ်ကြောင့် ပင်နယ်တီ ပေးခဲ့ရပေမယ့် VAR ကယ်တာကြောင့် နော်ဝေသား လူကျွံမှုနဲ့ ပယ်ဖျက်ခံခဲ့ရသလို မန်စီးတီးတို့ကတော့ အရေးပါတဲ့ ပြောင်းလဲမှုအဖြစ် ကွင်းလယ်က လွတ်လွတ်လပ်လပ် Pressing လုပ်နိုင်ဖို့ တောင်ပံက မာရက်ဇ်ကစား အာကန်ဂျီကို ထည့်ပြီး ခံစစ်မှာ Solid ပြန်တည်ဆောက်လာခဲ့ပါတယ်။

အာဆင်နယ်တို့ကတော့ ခံစစ်မှာ ဘောလုံးဆင်းတွဲရမှန်းတောင် မသိအောင် စုတ်ပြတ်သပ်နေတဲ့ မာတီနယ်လီကို မလဲခဲ့သလို ဇင်ချန်ကိုကလည်း မန်စီးတီးဒလန်လားလို့ မေးရလောက်အောင် ချူချာနေခဲ့တာကြောင့် ဘယ်ခြမ်းမှာ မကြာခဏဆိုသလို မျက်လုံးပြူးစရာတွေဖြစ်ပေါ်နေခဲ့ပြီး ဂွါဒီယိုလာရဲ့ လူတွေကတော့ အိမ်ရှင်တွေကို ဘောလုံးပေးကိုင်ပြီးမှ သူ့ကွင်းခြမ်းမှာ Pressing နဲ့ ဖိအားပေးဖို့ ခွင်ဆင်ကျုံးသွင်းလာခဲ့တာပါ။

ပွဲချိန် ၇၂ မိနစ်မှာတော့ မန်စီးတီးတို့ ဦးဆောင်ဂိုး ပြန်ယူသွားခဲ့ပြီး သူတို့ရဲ့ Pressing ခွင်ထဲမှာ ပိတ်မိပြီး ဘောလုံးမှားပေးတဲ့ ဂါဘရီယယ်လ်ရဲ့ အမှားကနေ ဘာနာဒို ဆေးလ်ဗားက ခင်းပေးတာကို ဟားလန်းက ဆွဲယူပြီး အလယ်ကို ချိုးပေးခဲ့ရာမှာ ဂွန်ဒိုးဝမ်က ကန်လို့ မလွတ်ချိန်မှာ ဘယ်ဘက်ကို ထပ်ထုတ်ပေးခဲ့တာကို ဂရီးလစ်ရှ်ရဲ့ အပိုင်ကန်သွင်းချက်က တိုမီယာစုနဲ့ ငြိပြီး ရမ်းစ်ဒေးလ်နဲ့ လွတ်သွားခဲ့လို့ ဂိုးထဲဝင်သွားခဲ့တာဖြစ်ပါတယ်။

ဂိုးပေးလိုက်ရအပြီးမှာ အာဆင်နယ်တို့ဘက်က မာတီနယ်လီအစား ထရော့ဆတ်ကို ထည့်ကစားခဲ့ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် အခါခါ ခံနေရတာတောင် မမှတ်ဘဲ ပြောင်းဖို့ စိတ်မကူးခဲ့တဲ့ ခံစစ်က Suicide ကစားပုံက သူတို့ကို ဆက်လက်ဒုက္ခပေးခဲ့သလို စိတ်ပိုလှုပ်ရှားနေချိန်မှာ မတည်ငြိမ်နိုင်တော့ဘဲ ဒီဘရိုင်းနားတို့ အုပ်စုကို အခွင့်အရေးတွေ အများကြီး ပေးလာခဲ့တာပါ။

ပွဲချိန် ၈၂ မိနစ်မှာတော့ မန်စီးတီးတို့ ပွဲသိမ်းသွားစေမယ့် အနိုင်ဂိုးကို သွင်းယူသွားခဲ့ပြီး ဝေါ်လ်ကာ၊ ဘာနာဒို ဆေးလ်ဗားနဲ့ ရိုဒရီတို့ရဲ့ Triangle Pressing ထောင်ချောက်ထဲကို ကျသွားတဲ့ ထရော့ဆတ် ဘောလုံးပျက်ရာကနေ ပြန်ရသွားတဲ့ ဂွန်ဒိုးဝမ်က ဧရိယာထဲကို ထိုးပေးရာမှာ ဒီဘရိုင်းနားက ညာခြမ်းကနေ Cut Back လုပ်ပေးတာကို ဟားလန်းက တစ်ချက်ထိန်းပြီး အမြန်ကန်သွင်းနိုင်ခဲ့လို့ အာဆင်နယ်ကို ငုတ်တုတ်မေ့ခဲ့ရတာဖြစ်ပါတယ်။

ရော်နယ်လ်ဒင်ညိုလို ဘရာဇီးလ်မှော်ဆရာ ကစားသမား ၁၀ ယောက် ကွင်းထဲမှာ ရှိနေရင်တောင် ကစားရမှာ မဟုတ်တဲ့ အကျဉ်းအကြပ် ကစားပုံကို ချာကာနဲ့ ဂျော်ဂျင်ညိုတို့လို ခဲဆွဲထားတဲ့ ကစားသမားတွေနဲ့ လုပ်ပြရဲခဲ့တဲ့ အာတီတာရဲ့ တစ်ဖက်ကမ်းခတ် အလွဲကတော့ ဒီနေ့မှာ အပြစ်တင်ရမယ့် တစ်ခုတည်းသော အရာနဲ့ အဓိက တာဝန်ရှိမှုလည်းဖြစ်ပြီး အမှားတွေကနေပဲ မန်စီးတီးတို့ကို သုံးဂိုးစလုံးပေးပြီး ရှုံးနိမ့်သွားခဲ့ရတာပါ။

ပွဲချိန်အပြည့်မှာတော့ သုံးဂိုး-တစ်ဂိုးနဲ့ အမ်းမရိတ်မှာ အောင်ပွဲခံနိုင်ခဲ့တဲ့ မန်စီးတီးတို့အနေနဲ့ အာဆင်နယ်ထက် တစ်ပွဲပိုကစားပြီး အမှတ်တူ ဂိုးကွာခြားချက်နဲ့ ဇယားထိပ်ကို တက်လှမ်းလာနိုင်ခဲ့သလို အာဆင်နယ်တို့ကတော့ အာတီတာရဲ့ အိုင်ဒီယာအောက်မှု၊ ကစားသမားတွေရဲ့ Form ပျက်နေမှုကို လာမယ့်ပွဲတွေမှာ မပြင်နိုင်ခဲ့ရင် မန်ယူနဲ့ ငါးမှတ်ကွာဟမှုကိုပါ လွှင့်ပစ်မိမှာကြောင့် အသိတရားရဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း သုံးသပ်ဖော်ပြလိုက်ရပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

မန္ခ်က္စတာစီးတီးအသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား အီဒါဆန္၊ ခံစစ္မွာ ႐ူဘင္ ဒီယက္စ္၊ ေဝၚလ္ကာနဲ႔ အာေကတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ႐ိုဒရီ၊ ဂြန္ဒိုးဝမ္၊ ဘာနာဒို ေဆးလ္ဗား၊ မာရက္ဇ္၊ ဒီဘ႐ိုင္းနားနဲ႔ ဂရီးလစ္ရွ္တို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ ဟားလန္း တစ္ေယာက္တည္းကို တင္ကစားလာခဲ့တာျဖစ္ပါတယ္။

အိမ္ရွင္ အာဆင္နယ္တို႔ကေတာ့ ဂိုးသမား ရမ္းစ္ေဒးလ္၊ ခံစစ္မွာ ဆာလီဘာ၊ ဂါဘရီယယ္လ္၊ တိုမီယာစုနဲ႔ ဇင္ခ်န္ကိုတို႔ကို အထိုင္ခ်ခဲ့သလို ကြင္းလယ္မွာေတာ့ ပါေတး မပါႏိုင္လို႔ ေဂ်ာ္ဂ်င္ညိဳကို ခ်ာကာ၊ ေအာ္ဒီဂြါဒ္တို႔နဲ႔ တြဲေပးခဲ့ၿပီး တိုက္စစ္မွာေတာ့ ဆာကာ၊ မာတီနယ္လီနဲ႔ နကီးတီးယားတို႔ကို ပြဲထုတ္လာခဲ့တာပါ။

အာဆင္နယ္တို႔အေနနဲ႔ ႏိုင္ခ်င္စိတ္ ရွိေနေပမယ့္ တစ္ဖက္မွာလည္း မန္စီးတီးရဲ႕ အဆင့္အတန္းကို လန႔္ေနခဲ့တာကို ေတြ႕ရၿပီး အႏၲရာယ္မ်ားတဲ့ ေဘာလုံးတည္ေဆာက္မႈမ်ိဳးေတြမွာ သူတို႔ရဲ႕ စိတ္လႈပ္ရွားမႈေတြက သိသာခဲ့သလို ကစားကြက္နဲ႔ ေ႐ြ႕လ်ားမႈေတြမွာ တစ္ဖက္ကစားသမားေတြကို သံေယာဇဥ္ မျပတ္ဘဲ ေနရာယူမႈေတြ ပုံမက်တာက သိသာေနခဲ့ပါတယ္။

အထူးသျဖင့္ေတာ့ ေတာင္ပံေတြမွာ ကစားကြက္ေခ်ာင္ေအာင္ Opening ေနရာယူေပးမႈေတြ နည္းလြန္းခဲ့သလို မလိုအပ္ဘဲ အတြင္းမွာပဲ ဝင္လြန္းေနၿပီး ေတာင္ပံသမားေတြကိုေတာ့ လိုက္ကူမယ့္သူက တစ္ေယာက္သာ ရွိတာေၾကာင့္ တိုက္စစ္ Triangle ေတြကို ျပဳလုပ္ႏိုင္ျခင္း မရွိဘဲ တြဲလုံးေတြထက္ တစ္ဦးခ်င္း ေက်ာ္ျဖတ္ဖို႔ကိုသာ ႀကိဳးစားေနခဲ့ရတာပါ။


ပြဲခ်ိန္ ၂၄ မိနစ္မွာ မန္စီးတီးတို႔ အဖြင့္ဂိုး ရယူသြားႏိုင္ခဲ့ၾကၿပီး ခံစစ္ကေန ကန္တင္တဲ့‌ ေဘာလုံးကို ေသြးေအးေအးနဲ႔ ထိန္းသိမ္းရမယ့္အစား ဂရီးလစ္ရွ္ရဲ႕ ဖိအားေပးမႈမွာ ေနာက္ျပန္ေပးတဲ့ တိုမီယာစုေၾကာင့္ ဒီဘ႐ိုင္းနားက လိုက္လံရယူၿပီး ထြက္ပိတ္တဲ့ ဂိုးသမား ရမ္းစ္ေဒးလ္ေပၚက ေက်ာ္ကန္ထည့္သြားခဲ့တာေၾကာင့္ အာဆင္နယ္တို႔ ေနာက္က လိုက္ကစားခဲ့ရတာျဖစ္ပါတယ္။

ဂိုးေပးလိုက္ရမွ ေသြးပူသြားတဲ့ အာဆင္နယ္တို႔ရဲ႕ တြဲလုံးေတြကို ျပန္ျမင္ခဲ့ရၿပီး ေဘာလုံးပိုင္ဆိုင္မႈ အမ်ားစုကို ရယူထားခဲ့ေပမယ့္ ပြဲထြက္ဖို႔ လုံးဝ မထိုက္တန္တဲ့ မာတီနယ္လီကို ဘယ္ျခမ္းမွာ သုံးေနတာက အလုပ္မျဖစ္တာေၾကာင့္ စိတ္ပ်က္စရာျဖစ္ခဲ့ၿပီး သူတို႔ရဲ႕ ကစားပုံကို တစ္ခြန္းတည္းနဲ႔ ပုံေပၚေအာင္ ေျပာရရင္ “Make the things difficult” လို႔ ကိုယ့္ဘာသာကိုယ္ ခက္ခဲေအာင္လုပ္ၿပီး ျပန္သတ္ေနတာလို႔ပဲ ဆိုရမွာပါ။


ပြဲခ်ိန္ ၄၂ မိနစ္မွာေတာ့ အာဆင္နယ္တို႔ ေခ်ပဂိုး ျပန္လည္ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းကေန ကန္သြင္းဖို႔ ႀကိဳးစားတဲ့ နကီးတီးယားကို ပိတ္ဆို႔ရင္း လူခ်င္းဝင္လုံးမိတဲ့ အီဒါဆန္ေၾကာင့္ ေပးခဲ့ရတဲ့ ပင္နယ္တီကို ဆာကာက ဂိုးသမားနဲ႔ တျခားစီျဖစ္တဲ့ ဘယ္ဘက္တိုင္ေျခကို အပိုင္ကန္သြင္းရယူသြားခဲ့တာျဖစ္ပါတယ္။

နာက်င္အခ်ိန္ပိုမွာ ဖရီးကစ္ကေန ႐ိုဒရီရဲ႕ ေခါင္းတိုက္ခ်က္က အာေကရဲ႕ ေျခေထာက္ကို မွန္ၿပီး ဘားထိထြက္ခဲ့လို႔ အိမ္ရွင္ေတြ ဂိုးမေပးရဘဲ သက္သာသြားခဲ့ရသလို ပထမပိုင္းမွာ တစ္ဂိုးစီသေရျဖစ္ေနခဲ့ၾကၿပီး ဒုတိယပိုင္း ျပန္အစမွာေတာ့ ပထမပိုင္းက ဂိုးလိုခ်င္လို႔ တိုက္ေနတဲ့ ပုံစံမွန္ ကစားပုံ ေပ်ာက္ဆုံးသြားခဲ့ျပန္ၿပီး ကိုယ့္ဒုကၡကိုယ္ရွာေနတဲ့ ကစားဟန္ေတြကို အာဆင္နယ္ကြင္းျခမ္းမွာ ျမင္ခဲ့ရသလို အေပးအယူေတြကလည္း အမွားေတြ မ်ားခဲ့လို႔ မန္စီးတီးရဲ႕ Pressing မွာ ဖ႐ိုဖရဲ ၿပိဳလဲမတတ္ျဖစ္လာခဲ့တာပါ။

ပြဲခ်ိန္ ၅၇ မိနစ္မွာေတာ့ ဟားလန္းကို တားဆီးတဲ့ ဂါဘရီယယ္လ္ေၾကာင့္ ပင္နယ္တီ ေပးခဲ့ရေပမယ့္ VAR ကယ္တာေၾကာင့္ ေနာ္ေဝသား လူကြၽံမႈနဲ႔ ပယ္ဖ်က္ခံခဲ့ရသလို မန္စီးတီးတို႔ကေတာ့ အေရးပါတဲ့ ေျပာင္းလဲမႈအျဖစ္ ကြင္းလယ္က လြတ္လြတ္လပ္လပ္ Pressing လုပ္ႏိုင္ဖို႔ ေတာင္ပံက မာရက္ဇ္ကစား အာကန္ဂ်ီကို ထည့္ၿပီး ခံစစ္မွာ Solid ျပန္တည္ေဆာက္လာခဲ့ပါတယ္။

အာဆင္နယ္တို႔ကေတာ့ ခံစစ္မွာ ေဘာလုံးဆင္းတြဲရမွန္းေတာင္ မသိေအာင္ စုတ္ျပတ္သပ္ေနတဲ့ မာတီနယ္လီကို မလဲခဲ့သလို ဇင္ခ်န္ကိုကလည္း မန္စီးတီးဒလန္လားလို႔ ေမးရေလာက္ေအာင္ ခ်ဴခ်ာေနခဲ့တာေၾကာင့္ ဘယ္ျခမ္းမွာ မၾကာခဏဆိုသလို မ်က္လုံးျပဴးစရာေတြျဖစ္ေပၚေနခဲ့ၿပီး ဂြါဒီယိုလာရဲ႕ လူေတြကေတာ့ အိမ္ရွင္ေတြကို ေဘာလုံးေပးကိုင္ၿပီးမွ သူ႔ကြင္းျခမ္းမွာ Pressing နဲ႔ ဖိအားေပးဖို႔ ခြင္ဆင္က်ဳံးသြင္းလာခဲ့တာပါ။

ပြဲခ်ိန္ ၇၂ မိနစ္မွာေတာ့ မန္စီးတီးတို႔ ဦးေဆာင္ဂိုး ျပန္ယူသြားခဲ့ၿပီး သူတို႔ရဲ႕ Pressing ခြင္ထဲမွာ ပိတ္မိၿပီး ေဘာလုံးမွားေပးတဲ့ ဂါဘရီယယ္လ္ရဲ႕ အမွားကေန ဘာနာဒို ေဆးလ္ဗားက ခင္းေပးတာကို ဟားလန္းက ဆြဲယူၿပီး အလယ္ကို ခ်ိဳးေပးခဲ့ရာမွာ ဂြန္ဒိုးဝမ္က ကန္လို႔ မလြတ္ခ်ိန္မွာ ဘယ္ဘက္ကို ထပ္ထုတ္ေပးခဲ့တာကို ဂရီးလစ္ရွ္ရဲ႕ အပိုင္ကန္သြင္းခ်က္က တိုမီယာစုနဲ႔ ၿငိၿပီး ရမ္းစ္ေဒးလ္နဲ႔ လြတ္သြားခဲ့လို႔ ဂိုးထဲဝင္သြားခဲ့တာျဖစ္ပါတယ္။

ဂိုးေပးလိုက္ရအၿပီးမွာ အာဆင္နယ္တို႔ဘက္က မာတီနယ္လီအစား ထေရာ့ဆတ္ကို ထည့္ကစားခဲ့ၿပီး တိုက္စစ္ျမႇင့္ခဲ့ေပမယ့္ အခါခါ ခံေနရတာေတာင္ မမွတ္ဘဲ ေျပာင္းဖို႔ စိတ္မကူးခဲ့တဲ့ ခံစစ္က Suicide ကစားပုံက သူတို႔ကို ဆက္လက္ဒုကၡေပးခဲ့သလို စိတ္ပိုလႈပ္ရွားေနခ်ိန္မွာ မတည္ၿငိမ္ႏိုင္ေတာ့ဘဲ ဒီဘ႐ိုင္းနားတို႔ အုပ္စုကို အခြင့္အေရးေတြ အမ်ားႀကီး ေပးလာခဲ့တာပါ။

ပြဲခ်ိန္ ၈၂ မိနစ္မွာေတာ့ မန္စီးတီးတို႔ ပြဲသိမ္းသြားေစမယ့္ အႏိုင္ဂိုးကို သြင္းယူသြားခဲ့ၿပီး ေဝၚလ္ကာ၊ ဘာနာဒို ေဆးလ္ဗားနဲ႔ ႐ိုဒရီတို႔ရဲ႕ Triangle Pressing ေထာင္ေခ်ာက္ထဲကို က်သြားတဲ့ ထေရာ့ဆတ္ ေဘာလုံးပ်က္ရာကေန ျပန္ရသြားတဲ့ ဂြန္ဒိုးဝမ္က ဧရိယာထဲကို ထိုးေပးရာမွာ ဒီဘ႐ိုင္းနားက ညာျခမ္းကေန Cut Back လုပ္ေပးတာကို ဟားလန္းက တစ္ခ်က္ထိန္းၿပီး အျမန္ကန္သြင္းႏိုင္ခဲ့လို႔ အာဆင္နယ္ကို ငုတ္တုတ္ေမ့ခဲ့ရတာျဖစ္ပါတယ္။

ေရာ္နယ္လ္ဒင္ညိဳလို ဘရာဇီးလ္ေမွာ္ဆရာ ကစားသမား ၁၀ ေယာက္ ကြင္းထဲမွာ ရွိေနရင္ေတာင္ ကစားရမွာ မဟုတ္တဲ့ အက်ဥ္းအၾကပ္ ကစားပုံကို ခ်ာကာနဲ႔ ေဂ်ာ္ဂ်င္ညိဳတို႔လို ခဲဆြဲထားတဲ့ ကစားသမားေတြနဲ႔ လုပ္ျပရဲခဲ့တဲ့ အာတီတာရဲ႕ တစ္ဖက္ကမ္းခတ္ အလြဲကေတာ့ ဒီေန႔မွာ အျပစ္တင္ရမယ့္ တစ္ခုတည္းေသာ အရာနဲ႔ အဓိက တာဝန္ရွိမႈလည္းျဖစ္ၿပီး အမွားေတြကေနပဲ မန္စီးတီးတို႔ကို သုံးဂိုးစလုံးေပးၿပီး ရႈံးနိမ့္သြားခဲ့ရတာပါ။

ပြဲခ်ိန္အျပည့္မွာေတာ့ သုံးဂိုး-တစ္ဂိုးနဲ႔ အမ္းမရိတ္မွာ ေအာင္ပြဲခံႏိုင္ခဲ့တဲ့ မန္စီးတီးတို႔အေနနဲ႔ အာဆင္နယ္ထက္ တစ္ပြဲပိုကစားၿပီး အမွတ္တူ ဂိုးကြာျခားခ်က္နဲ႔ ဇယားထိပ္ကို တက္လွမ္းလာႏိုင္ခဲ့သလို အာဆင္နယ္တို႔ကေတာ့ အာတီတာရဲ႕ အိုင္ဒီယာေအာက္မႈ၊ ကစားသမားေတြရဲ႕ Form ပ်က္ေနမႈကို လာမယ့္ပြဲေတြမွာ မျပင္ႏိုင္ခဲ့ရင္ မန္ယူနဲ႔ ငါးမွတ္ကြာဟမႈကိုပါ လႊင့္ပစ္မိမွာေၾကာင့္ အသိတရားရဖို႔ လိုအပ္ေနၿပီျဖစ္ပါေၾကာင္း သုံးသပ္ေဖာ္ျပလိုက္ရပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.