Premier League

၁၉.၂.၂၀၂၀ တစ္ေန႔တာ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ

တစ္ေန႔တာအတြင္း ရရွိထားခဲ့တဲ့ ခ်ဲလ္ဆီးအသင္းနဲ႔ ပတ္သက္တဲ့ ဆက္စပ္သတင္းေတြကို တစ္စုတစ္စည္းတည္း ဖတ္ရွဳႏုိင္ဖို႔အတြက္ တစ္ေနရာတည္းမွာ ေဖာ္ျပေပးလုိက္ပါတယ္။

– မန္ခ်က္စတာယူႏုိက္တက္ကို ရွဳံးခဲ့တဲ့ပြဲမွာ ပြဲစၿပီး သိပ္မၾကာခင္မွာပဲ လူစားလဲခဲ့ရတဲ့ အန္ဂိုလို ကန္ေတဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ဒဏ္ရာရ လူစာရင္းထဲကို ဝင္ေရာက္သြားခဲ့ၿပီျဖစ္ၿပီး သူ႕ထက္အရင္ ဒီထဲမွာ ပါဝင္ေနၾကတဲ့ တမ္မီ ေအဘရာဟမ္၊ ကာလမ္ ဟတ္ဆန္အိုဒြိဳင္းနဲ႔ ခရစၥတီယန္ ပူလီဆစ္တို႔နဲ႔ လမ္းပတ္အတြက္ ပုိမုိေခါင္းခဲစရာျဖစ္လာေစပါတယ္။

– မန္ယူကို အိမ္ကြင္း စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ရွဳံးနိမ့္ခဲ့တဲ့ ပြဲစဥ္အၿပီးမွာ ခ်ဲလ္ဆီးပရိသတ္ေတြက နည္းျပ ဖရန္႔ လမ္းပတ္ကို တာ၀န္ကေန ထုတ္ပယ္ဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။ ဒီရႈံးပြဲဟာ ခ်ဲလ္ဆီးအတြက္ ဒီရာသီအတြက္ (၇)ပြဲေျမာက္ အိမ္ကြင္းရႈံးပြဲျဖစ္ၿပီး အခုဆိုရင္ အဆင့္ေလးေနရာကို ဖိအားေပးေနတဲ့ လန္ဒန္ၿပဳိင္ဘက္ စပါးစ္ထက္ (၁)မွတ္ပဲ သာပါေတာ့တယ္။

– ၿပီးခဲ့တဲ့ ဇန္န၀ါရီလက ကမ္းလွမ္းမယ့္ အသင္းမရွိလို႔ မေျပာင္းေရႊ႕ျဖစ္ခဲ့ရတာေတြကို ေမ့ထားၿပီး ဒဏ္ရာျပႆနာနဲ႔ ဖိအားေတြ မ်ားေနတဲ့ ခ်ဲလ္ဆီးကို အစြမ္းကုန္ ကူညီေပးသြားမယ္လို႔ အသက္ ၃၂ ႏွစ္အရြယ္ ျပင္သစ္တိုက္စစ္မွဴး အိုလီဗီးေယး ဂ်ရူးက ေျပာၾကားလိုက္ပါတယ္။

– ဒီတစ္ပတ္ ခ်ဲလ္ဆီး-မန္ယူပြဲစဥ္မွာ အျငင္းပြားဖြယ္ရာ ဆံုးျဖတ္ခ်က္ေတြ မ်ားခဲ့ၿပီး အေရးပါတဲ့ ဆံုးျဖတ္ခ်က္(၅)ခုမွာ (၄)ခု မွားခဲ့တယ္လို႔ ေ၀ဖန္သံေတြ ထြက္လာပါတယ္။ ေနာက္ဆက္တြဲအေနနဲ႔ အဲဒီပြဲက ကြင္းလယ္ဒိုင္ အန္ေထာ္နီ ေတလာေရာ VAR ဒိုင္ ခရစၥ ကာဗန္းနားတို႔ႏွစ္ေယာက္စလံုးဟာ မန္ခ်က္စတာ ဇာတိဖြားေတြျဖစ္ေနတယ္လို႔ သတင္းထြက္လာပါတယ္။

– ခ်ဲလ္ဆီးနည္းျပ ဖရန္႔ လမ္းပတ္က မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ ၿပိဳင္ဘက္ေနာက္ခံလူ ဟာရီ မက္ဂြိဳင္းယားအေနနဲ႔ အနီကတ္လံုး၀ျပခံရသင့္တယ္လို႔ ေ၀ဖန္လိုက္ပါတယ္။ လဲက်ေနခ်ိန္ ဘတ္ရွဴအာယီကို မက္ဂြိဳင္ယား ကန္လိုက္တဲ့ပံုစံက ရည္ရြယ္ခ်က္ပါသလိုျဖစ္ခဲ့ၿပီး ဒီျဖစ္ရပ္က လမ္းပတ္နဲ႔ အနီးဆံုးေနရာမွာ ျဖစ္ခဲ့တာပါ။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.

UNICODE: တစ်နေ့တာအတွင်း ရရှိထားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ပတ်သက်တဲ့ ဆက်စပ်သတင်းတွေကို တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်ဖို့အတွက် တစ်နေရာတည်းမှာ ဖော်ပြပေးလိုက်ပါတယ်။

– မန်ချက်စတာယူနိုက်တက်ကို ရှုံးခဲ့တဲ့ပွဲမှာ ပွဲစပြီး သိပ်မကြာခင်မှာပဲ လူစားလဲခဲ့ရတဲ့ အန်ဂိုလို ကန်တေဟာ ချဲလ်ဆီးအသင်းရဲ့ ဒဏ်ရာရ လူစာရင်းထဲကို ဝင်ရောက်သွားခဲ့ပြီဖြစ်ပြီး သူ့ထက်အရင် ဒီထဲမှာ ပါဝင်နေကြတဲ့ တမ်မီ အေဘရာဟမ်၊ ကာလမ် ဟတ်ဆန်အိုဒွိုင်းနဲ့ ခရစ္စတီယန် ပူလီဆစ်တို့နဲ့ လမ်းပတ်အတွက် ပိုမိုခေါင်းခဲစရာဖြစ်လာစေပါတယ်။

– မန်ယူကို အိမ်ကွင်း စတမ်းဖို့ဒ်ဘရစ်ချ်မှာ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ချဲလ်ဆီးပရိသတ်တွေက နည်းပြ ဖရန့် လမ်းပတ်ကို တာဝန်ကနေ ထုတ်ပယ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။ ဒီရှုံးပွဲဟာ ချဲလ်ဆီးအတွက် ဒီရာသီအတွက် (၇)ပွဲမြောက် အိမ်ကွင်းရှုံးပွဲဖြစ်ပြီး အခုဆိုရင် အဆင့်လေးနေရာကို ဖိအားပေးနေတဲ့ လန်ဒန်ပြိုင်ဘက် စပါးစ်ထက် (၁)မှတ်ပဲ သာပါတော့တယ်။

– ပြီးခဲ့တဲ့ ဇန်နဝါရီလက ကမ်းလှမ်းမယ့် အသင်းမရှိလို့ မပြောင်းရွှေ့ဖြစ်ခဲ့ရတာတွေကို မေ့ထားပြီး ဒဏ်ရာပြဿနာနဲ့ ဖိအားတွေ များနေတဲ့ ချဲလ်ဆီးကို အစွမ်းကုန် ကူညီပေးသွားမယ်လို့ အသက် ၃၂ နှစ်အရွယ် ပြင်သစ်တိုက်စစ်မှူး အိုလီဗီးယေး ဂျရူးက ပြောကြားလိုက်ပါတယ်။

– ဒီတစ်ပတ် ချဲလ်ဆီး-မန်ယူပွဲစဉ်မှာ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်တွေ များခဲ့ပြီး အရေးပါတဲ့ ဆုံးဖြတ်ချက်(၅)ခုမှာ (၄)ခု မှားခဲ့တယ်လို့ ဝေဖန်သံတွေ ထွက်လာပါတယ်။ နောက်ဆက်တွဲအနေနဲ့ အဲဒီပွဲက ကွင်းလယ်ဒိုင် အန်ထော်နီ တေလာရော VAR ဒိုင် ခရစ္စ ကာဗန်းနားတို့နှစ်ယောက်စလုံးဟာ မန်ချက်စတာ ဇာတိဖွားတွေဖြစ်နေတယ်လို့ သတင်းထွက်လာပါတယ်။

– ချဲလ်ဆီးနည်းပြ ဖရန့် လမ်းပတ်က မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ပြိုင်ဘက်နောက်ခံလူ ဟာရီ မက်ဂွိုင်းယားအနေနဲ့ အနီကတ်လုံးဝပြခံရသင့်တယ်လို့ ဝေဖန်လိုက်ပါတယ်။ လဲကျနေချိန် ဘတ်ရှူအာယီကို မက်ဂွိုင်ယား ကန်လိုက်တဲ့ပုံစံက ရည်ရွယ်ချက်ပါသလိုဖြစ်ခဲ့ပြီး ဒီဖြစ်ရပ်က လမ်းပတ်နဲ့ အနီးဆုံးနေရာမှာ ဖြစ်ခဲ့တာပါ။

REF: VARIOUS SOURCES
PHOTOS CREDIT TO OWNERS
HAN SOE HTUT
SPORTS A2Z.