Premier League Transfer News

နောက်ဆုံးရ မန်ချက်စတာယူနိုက်တက်သတင်းများ စုစည်းမှု – ၂၅.၉.၂၀၂၀



– ပီနီ ဇာဟာဗီနဲ့ ဂျော့ခ်ျ မန်ဒက်စ်တို့လို ဆူပါအေးဂျင့်တွေရဲ့ ဝင်ရောက်ညှိနှိုင်းပေးမှုကြောင့် ယူနိုက်တက်အသင်းအနေနဲ့ အဲလက်စ် တဲလက်စ်အတွက် ပေါင် ၂၄.၇ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ပုဂ္ဂိုလ်ရေးအရလည်း ငါးနှစ်စာချုပ်သဘောတူညီထားခဲ့။




– ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံတွေမှာ ကစားနိုင်တဲ့ အင်တာမီလန်အသင်းရဲ့ အသက် ၃၁ နှစ်အရွယ် ခရိုအေးရှားကစားသမား အီဗန် ပါရီဆစ်ခ်ျကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းက အခြေအနေအကောင်းဆုံးဖြစ်နေတယ်လို့ သိရ။

REF: INTERNET SOURCES
SPORTS A2Z.

UNICODE:

– မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အမှုဆောင် ဒုဥက္ကဋ္ဌ အက်ဒ် ဝုဒ်ဝဒ်အနေနဲ့ ဆန်ချိုအတွက် ပေါင် ၇၅ သန်း+ ပေါင် ၁၅ သန်း ခံစားခွင့်နဲ့ ဒေါ့မွန်ဆီ ကမ်းလှမ်းလိုက်ပြီး ဒီထက်ပိုပြီး ထပ်ဆွေးနွေးဖို့ မရှိဘူးလို့ ဆိုသွားခဲ့တာကြောင့် ဒီဈေးနှုန်းနဲ့ အပြုအမူအပေါ် ဝေဖန်မှုတွေ အမျိုးမျိုးထွက်ပေါ်နေ။

– ဂျူဗင်တပ်စ်အသင်းကနေ ထွက်ခွာဖို့ ရှိလာတဲ့ ဘရာဇီးလ်တောင်ပံကစားသမား ဒေါက်ဂလပ်စ် ကော်စတာကို မန်ချက်စတာယူနိုက်တက် အသင်းအနေနဲ့ ခေါ်ယူဖို့ ကြိုးစားလိမ့်မယ်လို့ အီတလီအခြေစိုက် ကော်ရီယာဒယ်လိုစပို့စ် ဖော်ပြ။

– ပီနီ ဇာဟာဗီနဲ့ ဂျော့ချ် မန်ဒက်စ်တို့လို ဆူပါအေးဂျင့်တွေရဲ့ ဝင်ရောက်ညှိနှိုင်းပေးမှုကြောင့် ယူနိုက်တက်အသင်းအနေနဲ့ အဲလက်စ် တဲလက်စ်အတွက် ပေါင် ၂၄.၇ သန်းနဲ့ ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီး ပုဂ္ဂိုလ်ရေးအရလည်း ငါးနှစ်စာချုပ်သဘောတူညီထားခဲ့။

– လိဒ်စ်ယူနိုက်တက်အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား ဒန်နီယယ်လ် ဂျိမ်းစ်ကို ခေါ်ယူဖို့ လေးလေးနက်နက် အလိုရှိနေတာဖြစ်ကြောင်း စကိုင်းစပို့စ်တင်ဆက်သူ ဒါးမက်ရှ် ရှက်သ် ပြောကြား။

– အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခွင့်မရဘဲ ကာရင်တန်မှာ တစ်နေ့နှစ်ကြိမ် သီးခြားလေ့ကျင့်နေရတဲ့ နောက်ခံလူ စမောလင်းအနေနဲ့ အသင်းက ထွက်ခွာဖို့ တောင်းဆိုထားပြီး ယူနိုက်တက်ကတော့ ရိုးမားဆီက ပေါင် ၁၈ သန်းရမှ လွှတ်မယ်လို့ဆိုနေ။

– ဘောလုံးလောကထဲက အတွေ့အကြုံတွေ ဘာတစ်ခုမှ မရှိဘဲနဲ့ အေးဂျင့်တွေနဲ့ စကားပြောတတ်ရုံနဲ့ အပြောင်းအရွှေ့ဈေးကွက်ထဲမှာ လှုပ်ရှားနေတယ်လို့ ယူနိုက်တက် ဒုဥက္ကဋ္ဌ ဝုဒ်ဝဒ်ကို နောက်ခံလူဟောင်း ပယ်ထရိစ် အီဗရာ ဝေဖန်။

– ကွင်းလယ်တိုက်စစ်နဲ့ တောင်ပံတွေမှာ ကစားနိုင်တဲ့ အင်တာမီလန်အသင်းရဲ့ အသက် ၃၁ နှစ်အရွယ် ခရိုအေးရှားကစားသမား အီဗန် ပါရီဆစ်ချ်ကို ခေါ်ယူဖို့ မန်ချက်စတာယူနိုက်တက်အသင်းက အခြေအနေအကောင်းဆုံးဖြစ်နေတယ်လို့ သိရ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.