Premier League Transfer News

ေနာက္ဆုံးရ ခ်ဲလ္ဆီးသတင္းမ်ား စုစည္းမွဳ – ၂၅.၉.၂၀၂၀

– အသင္းရဲ႕ ဂိုးသမားသစ္အျဖစ္ ေအဒူယာ မန္ဒီကို ေၾကျငာခဲ့အၿပီးမွာပဲ စပိန္ဂိုးသမား ကီပါ အာရီဇာဘာလာဂါအတြက္ အငွားေခၚယူဖို႔ ကမ္းလွမ္းမွဳတစ္ခုကို ရရွိထားတယ္လို႔ သိရၿပီး တခ်ဳိ႕ေတြကေတာ့ ဒါဟာ ႐ုိးမားအသင္းကလို႔ ခန္႔မွန္းေနၾက။

– ဒက္ကလန္ ႐ိုက္စ္ကို အသင္းရဲ႕ အနာဂတ္ကြင္းလယ္အဖ်က္မွာ ေနရာေပးရမယ့္သူအျဖစ္ သတ္မွတ္ထားခဲ့ၿပီး လက္ရွိအေျပာင္းအေရႊ႕ ကာလမွာ မေခၚယူႏုိင္ဘူးဆုိရင္ ေရတုိအျဖစ္ အစားထိုးဖို႔ တျခားပစ္မွတ္ေတြကိုလည္း ခ်ဲလ္ဆီး ေစာင့္ၾကည့္ေန။

– အီတလီဂ်ာနယ္လစ္ေတြျဖစ္ၾကတဲ့ ဖာဘရီဇီယို ႐ိုမာႏုိနဲ႔ နီကိုလုိ စခီရာတုိ႔ကေတာ့ ခ်ဲလ္ဆီးအသင္းအေနနဲ႔ ဝက္စ္ဟမ္းကို တရားဝင္ မကမ္းလွမ္းရေသးေပမယ့္ ႐ိုက္စ္ရဲ႕ ေအးဂ်င့္နဲ႔ေတာ့ စကားေျပာၿပီးၿပီျဖစ္ၿပီး ကြင္းလယ္လူအတြက္ ငါးႏွစ္စာခ်ဳပ္ သေဘာတူညီထားၿပီလုိ႔ ေဖာ္ျပေနၾက။

– ဘန္စေလနဲ႔ပြဲမွာ ခုိင္ ဟာဗတ္ဇ္ရဲ႕ ဟက္ထရစ္သြင္းယူႏုိင္ခဲ့တဲ့ ေျခစြမ္းေၾကာင့္ ခ်ဲလ္ဆီးပရိသတ္ေတြ ဝမ္းသာခဲ့ရအၿပီးမွာ ထရိန္နင္ပုံကို အတူတြဲတင္လုိက္ၿပီး မၾကာခင္ ျပန္လာေတာ့မယ္လုိ႔ ဆုိလုိက္တဲ့ ပူလီရွစ္ခ်္နဲ႔ ဇီယက္ရွ္တုိ႔ေၾကာင့္ ပိုမိုပီတိျဖစ္ရဖြယ္ရွိေန။

– အာဆင္နယ္အသင္းက စိတ္ဝင္စားေနခဲ့တဲ့ ေဂ်ာ္ဂ်င္ညဳိအတြက္ အသင္းဘက္က ေရာင္းခ်ႏုိင္ေပမယ့္ ခ်ဲလ္ဆီးပရိသတ္ေတြကေတာ့ အာဆင္နယ္ကို ကူညီတာ ရပ္သင့္ၿပီလို႔ တြစ္္တာမွာ ဝိုင္းဝန္းေျပာဆုိေနၾက။

– ခ်ဲလ္ဆီးအသင္းက ထြက္ခြာမယ္လို႔ သတင္းထြက္ေနခဲ့တဲ့ တတိယဦးစားေပး ဘယ္ေနာက္ခံလူ အီမာဆန္ ပယ္လ္မီယာရီအတြက္ ကမ္းလွမ္းမွဳ တစ္စုံတစ္ရာ ရရွိထားေသးျခင္းမရွိေၾကာင္း ေအးဂ်င့္ျဖစ္သူ ထုတ္ေဖာ္သြားခဲ့။

– ခ်ဲလ္ဆီးအသင္းရဲ႕ ကစားသမားသစ္ေတြေၾကာင့္ ေနရာေပ်ာက္ဆုံးလာဖြယ္ရွိေနတဲ့ ေနာက္ခံလူ အန္တုိနီယို ႐ူဒီဂါနဲ႔ တုိက္စစ္မွဴး တမ္မီ ေအဘရာဟမ္တုိ႔ကို လန္ဒန္ၿပဳိင္ဘက္ ဝက္စ္ဟမ္းအသင္း ကမ္းလွမ္းထားၿပီး အသင္းအေနနဲ႔ ဒက္ကလန္ ႐ုိက္စ္ရဲ႕ မ်က္ႏွာနဲ႔ စဥ္းစားေပးဖို႔ ရွိေန။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အသင်းရဲ့ ဂိုးသမားသစ်အဖြစ် အေဒူယာ မန်ဒီကို ကြေငြာခဲ့အပြီးမှာပဲ စပိန်ဂိုးသမား ကီပါ အာရီဇာဘာလာဂါအတွက် အငှားခေါ်ယူဖို့ ကမ်းလှမ်းမှုတစ်ခုကို ရရှိထားတယ်လို့ သိရပြီး တချို့တွေကတော့ ဒါဟာ ရိုးမားအသင်းကလို့ ခန့်မှန်းနေကြ။

– ဒက်ကလန် ရိုက်စ်ကို အသင်းရဲ့ အနာဂတ်ကွင်းလယ်အဖျက်မှာ နေရာပေးရမယ့်သူအဖြစ် သတ်မှတ်ထားခဲ့ပြီး လက်ရှိအပြောင်းအရွှေ့ ကာလမှာ မခေါ်ယူနိုင်ဘူးဆိုရင် ရေတိုအဖြစ် အစားထိုးဖို့ တခြားပစ်မှတ်တွေကိုလည်း ချဲလ်ဆီး စောင့်ကြည့်နေ။

– အီတလီဂျာနယ်လစ်တွေဖြစ်ကြတဲ့ ဖာဘရီဇီယို ရိုမာနိုနဲ့ နီကိုလို စခီရာတို့ကတော့ ချဲလ်ဆီးအသင်းအနေနဲ့ ဝက်စ်ဟမ်းကို တရားဝင် မကမ်းလှမ်းရသေးပေမယ့် ရိုက်စ်ရဲ့ အေးဂျင့်နဲ့တော့ စကားပြောပြီးပြီဖြစ်ပြီး ကွင်းလယ်လူအတွက် ငါးနှစ်စာချုပ် သဘောတူညီထားပြီလို့ ဖော်ပြနေကြ။

– ဘန်စလေနဲ့ပွဲမှာ ခိုင် ဟာဗတ်ဇ်ရဲ့ ဟက်ထရစ်သွင်းယူနိုင်ခဲ့တဲ့ ခြေစွမ်းကြောင့် ချဲလ်ဆီးပရိသတ်တွေ ဝမ်းသာခဲ့ရအပြီးမှာ ထရိန်နင်ပုံကို အတူတွဲတင်လိုက်ပြီး မကြာခင် ပြန်လာတော့မယ်လို့ ဆိုလိုက်တဲ့ ပူလီရှစ်ချ်နဲ့ ဇီယက်ရှ်တို့ကြောင့် ပိုမိုပီတိဖြစ်ရဖွယ်ရှိနေ။

– အာဆင်နယ်အသင်းက စိတ်ဝင်စားနေခဲ့တဲ့ ဂျော်ဂျင်ညိုအတွက် အသင်းဘက်က ရောင်းချနိုင်ပေမယ့် ချဲလ်ဆီးပရိသတ်တွေကတော့ အာဆင်နယ်ကို ကူညီတာ ရပ်သင့်ပြီလို့ တွစ်တာမှာ ဝိုင်းဝန်းပြောဆိုနေကြ။

– ချဲလ်ဆီးအသင်းက ထွက်ခွာမယ်လို့ သတင်းထွက်နေခဲ့တဲ့ တတိယဦးစားပေး ဘယ်နောက်ခံလူ အီမာဆန် ပယ်လ်မီယာရီအတွက် ကမ်းလှမ်းမှု တစ်စုံတစ်ရာ ရရှိထားသေးခြင်းမရှိကြောင်း အေးဂျင့်ဖြစ်သူ ထုတ်ဖော်သွားခဲ့။

– ချဲလ်ဆီးအသင်းရဲ့ ကစားသမားသစ်တွေကြောင့် နေရာပျောက်ဆုံးလာဖွယ်ရှိနေတဲ့ နောက်ခံလူ အန်တိုနီယို ရူဒီဂါနဲ့ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်တို့ကို လန်ဒန်ပြိုင်ဘက် ဝက်စ်ဟမ်းအသင်း ကမ်းလှမ်းထားပြီး အသင်းအနေနဲ့ ဒက်ကလန် ရိုက်စ်ရဲ့ မျက်နှာနဲ့ စဉ်းစားပေးဖို့ ရှိနေ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.