Premier League Transfer News

ေနာက္ဆုံးရ အာဆင္နယ္သတင္းမ်ား စုစည္းမွဳ – ၂၅.၉.၂၀၂၀

– အာဆင္နယ္အသင္းအေနနဲ႔ ပိုလွ်ံေနတဲ့ ကစားသမားေတြကို ေရာင္းခ်ၿပီးရင္ လီယြန္ကြင္းလယ္လူ ဟူဆင္းမ္ ေအာဝါကို ေသေသခ်ာခ်ာ ကမ္းလွမ္းျဖစ္လိမ့္ဦးမယ္လုိ႔ ယုံၾကည္ေနေၾကာင္း ဖာဘရီဇီယို ႐ိုမာႏို ေျပာၾကား။

– ေဘာ္ဒိုးအသင္းနဲ႔ မိတ္ဆက္ခဲ့တဲ့ ဗီဒီယိုအတြက္ အီယန္႐ိုက္အပါအဝင္ အာဆင္နယ္ပရိသတ္ေတြရဲ႕ အမ်က္ေဒါသနဲ႔ ရင္ဆုိင္ခဲ့ရတဲ့ ေလာ့ရင့္ ကိုစီယယ္လ္နီက သူ႕အေနနဲ႔ ဒီလိုမ်ဳိးျဖစ္ေအာင္ မရည္ရြယ္ခဲ့ေၾကာင္းနဲ႔ ေတာင္းပန္ေၾကာင္း တစ္ႏွစ္အၾကာမွာ ေျပာၾကားသြား။

– ဘာလိုဂြန္အတြက္ ရွက္ဖီးလ္ယူႏုိက္တက္နဲ႔ ေဆြးေႏြးမွဳေတြက အျပဳသေဘာေဆာင္ေနခဲ့ေပမယ့္ အာဆင္နယ္အသင္းဘက္က ကိုင္စြဲထားတဲ့ ေပါင္ ၁၅ သန္း ကိစၥကိုေတာ့ ေျဖရွင္းရဖို႔ ရွိေနၿပီး မ်ားမ်ားစားစား ေလွ်ာ့ခ်ေပးႏုိင္မွာ မဟုတ္ဘူးလို႔ သိရ။

– အာဆင္နယ္အသင္းမွာ ႏွစ္ရွည္စာခ်ဳပ္နဲ႔ ဆက္ရွိေနဖို႔ သေဘာတူညီခဲ့တဲ့ တုိက္စစ္မွဴး အူဘာမီယန္းအေနနဲ႔ သူ႕အတြက္ ဒီလုိမ်ဳိး ဆုံးျဖတ္ခ်က္ ခ်ႏုိင္ခဲ့တာဟာ နည္းျပ မီခယ္လ္ အာတီတာရဲ႕ အရည္အေသြးနဲ႔ ပရိသတ္ေတြရဲ႕ ေမတၱာကို ခံစားမိလို႔ျဖစ္ေၾကာင္းဆုိ။

– ကြင္းလယ္လူ လူးကပ္စ္ ေတာ္ရဲရားကို ေခၚယူႏုိင္ဖို႔ အက္သလက္တီကို မက္ဒရစ္အသင္းရဲ႕ တုိက္စစ္မွဴးသစ္ လူးဝစ္ဇ္ ဆြာရက္ဇ္အေနနဲ႔ တစ္ဖက္တစ္လမ္းက စည္း႐ုံးေနၿပီး အာဆင္နယ္အသင္းဆီက အငွားနဲ႔ ေခၚယူႏုိင္ဖို႔ ေဆြးေႏြးေန။

– အသင္းရဲ႕ ေနာက္ဆုံးပြဲေတြမွာ ျပသထားခဲ့တဲ့ ကြင္းလယ္လူ မိုဟာမက္ အယ္လ္နန္နီရဲ႕ ေျခစြမ္းကို ပရိသတ္ေတြ သေဘာက်ေနၾကၿပီး တခ်ဳိ႕ကေတာ့ သူ႕ေလာက္သာ ေသာမတ္စ္ ပါေတးက လုပ္ျပခဲ့တာဆုိရင္ အားလုံး ကြင္းပြင့္ထြက္ေအာင္ ေအာ္ေနေလာက္ၿပီလို႔ မီဒီယာေတြရဲ႕ မမွ်တပုံကို ေထာက္ျပေနၾက။

– အာဆင္နယ္ေနာက္ခံလူ ဆိုကရာတစ္ ပါပါစတာသိုပူးေလာ့စ္ရဲ႕ အေျပာင္းအေရႊ႕ကို အတည္ျပဳႏုိင္ဖို႔ နာပိုလီအသင္းဘက္က ကူလီေဘလီရဲ႕ မေသခ်ာေသးတဲ့ အနာဂတ္ေၾကာင့္ ၾကန္႔ၾကာေနၿပီး ေလာေလာဆယ္မွာ တစ္ႏွစ္လုပ္ ယူ႐ို ၄ သန္းနဲ႔ ၃ ႏွစ္ သေဘာတူညီထားတယ္လို႔ဆုိ။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

UNICODE:

– အာဆင်နယ်အသင်းအနေနဲ့ ပိုလျှံနေတဲ့ ကစားသမားတွေကို ရောင်းချပြီးရင် လီယွန်ကွင်းလယ်လူ ဟူဆင်းမ် အောဝါကို သေသေချာချာ ကမ်းလှမ်းဖြစ်လိမ့်ဦးမယ်လို့ ယုံကြည်နေကြောင်း ဖာဘရီဇီယို ရိုမာနို ပြောကြား။

– ဘော်ဒိုးအသင်းနဲ့ မိတ်ဆက်ခဲ့တဲ့ ဗီဒီယိုအတွက် အီယန်ရိုက်အပါအဝင် အာဆင်နယ်ပရိသတ်တွေရဲ့ အမျက်ဒေါသနဲ့ ရင်ဆိုင်ခဲ့ရတဲ့ လော့ရင့် ကိုစီယယ်လ်နီက သူ့အနေနဲ့ ဒီလိုမျိုးဖြစ်အောင် မရည်ရွယ်ခဲ့ကြောင်းနဲ့ တောင်းပန်ကြောင်း တစ်နှစ်အကြာမှာ ပြောကြားသွား။

– ဘာလိုဂွန်အတွက် ရှက်ဖီးလ်ယူနိုက်တက်နဲ့ ဆွေးနွေးမှုတွေက အပြုသဘောဆောင်နေခဲ့ပေမယ့် အာဆင်နယ်အသင်းဘက်က ကိုင်စွဲထားတဲ့ ပေါင် ၁၅ သန်း ကိစ္စကိုတော့ ဖြေရှင်းရဖို့ ရှိနေပြီး များများစားစား လျှော့ချပေးနိုင်မှာ မဟုတ်ဘူးလို့ သိရ။

– အာဆင်နယ်အသင်းမှာ နှစ်ရှည်စာချုပ်နဲ့ ဆက်ရှိနေဖို့ သဘောတူညီခဲ့တဲ့ တိုက်စစ်မှူး အူဘာမီယန်းအနေနဲ့ သူ့အတွက် ဒီလိုမျိုး ဆုံးဖြတ်ချက် ချနိုင်ခဲ့တာဟာ နည်းပြ မီခယ်လ် အာတီတာရဲ့ အရည်အသွေးနဲ့ ပရိသတ်တွေရဲ့ မေတ္တာကို ခံစားမိလို့ဖြစ်ကြောင်းဆို။

– ကွင်းလယ်လူ လူးကပ်စ် တော်ရဲရားကို ခေါ်ယူနိုင်ဖို့ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှူးသစ် လူးဝစ်ဇ် ဆွာရက်ဇ်အနေနဲ့ တစ်ဖက်တစ်လမ်းက စည်းရုံးနေပြီး အာဆင်နယ်အသင်းဆီက အငှားနဲ့ ခေါ်ယူနိုင်ဖို့ ဆွေးနွေးနေ။

– အသင်းရဲ့ နောက်ဆုံးပွဲတွေမှာ ပြသထားခဲ့တဲ့ ကွင်းလယ်လူ မိုဟာမက် အယ်လ်နန်နီရဲ့ ခြေစွမ်းကို ပရိသတ်တွေ သဘောကျနေကြပြီး တချို့ကတော့ သူ့လောက်သာ သောမတ်စ် ပါတေးက လုပ်ပြခဲ့တာဆိုရင် အားလုံး ကွင်းပွင့်ထွက်အောင် အော်နေလောက်ပြီလို့ မီဒီယာတွေရဲ့ မမျှတပုံကို ထောက်ပြနေကြ။

– အာဆင်နယ်နောက်ခံလူ ဆိုကရာတစ် ပါပါစတာသိုပူးလော့စ်ရဲ့ အပြောင်းအရွှေ့ကို အတည်ပြုနိုင်ဖို့ နာပိုလီအသင်းဘက်က ကူလီဘေလီရဲ့ မသေချာသေးတဲ့ အနာဂတ်ကြောင့် ကြန့်ကြာနေပြီး လောလောဆယ်မှာ တစ်နှစ်လုပ် ယူရို ၄ သန်းနဲ့ ၃ နှစ် သဘောတူညီထားတယ်လို့ဆို။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.