Premier League

VAR ဒိုင်လဲပေးပေမယ့် ကွင်းလယ်ဒိုင်ကိုမြင်လို့ စိတ်ပျက်ခဲ့ရတဲ့ အာတီတာ

ပုံမှန်အားဖြင့် ရက်သတ္တပတ်အလယ်မှာ ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေက ပရိသတ်တွေကို ဖမ်းစားထားလေ့ရှိပေမယ့်လည်း ဗုဒ္ဓဟူးနေ့မှာ ပရီးမီးယားလိဂ်အမှတ်ပေးဖလားအတွက် အဆုံးအဖြတ်ဖြစ်လာနိုင်တဲ့ အာဆင်နယ်နဲ့ မန်စီးတီးတို့ပွဲထက် ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ပွဲမရှိတော့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ ဘရန့်တ်ဖို့ဒ်နဲ့ပွဲစဉ်မှာ အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် ရမှတ် ၂ မှတ် နစ်နာခဲ့ရပြီး ဗုဒ္ဓဟူးနေ့ပွဲစဉ်မှာလည်း ဘရိုက်တန်နဲ့ ခရစ္စတယ်ပဲလေ့စ်တို့ပွဲစဉ်မှာ မှားယွင်းတဲ့လူကျွံဆုံးဖြတ်ချက် ချမှတ်ခဲ့တဲ့ ဂျွန် ဘရွတ်ခ်စ်ကို တာဝန်ပေးထားတာကြောင့် စိုးရိမ်ခဲ့ရပေမယ့်လည်း ပရီးမီးယားလိဂ်က VAR ဒိုင်ကို လဲလှယ်ပေးခဲ့လို့ စိတ်သက်သာရာ ရခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်က VAR ကြောင့် ဒုက္ခရောက်နေချိန်မှာ အမှတ်ပေးဇယားဒုတိယနေရာက မန်ချက်စတာစီးတီးက အက်စတန် ဗီလာကို ၃-၁ နဲ့ သက်တောင့်သက်သာ အနိုင်ယူပြီး ဖလားပြိုင်ဘက်တွေရဲ့ အခက်အခဲကို အခွင့်ကောင်းယူပြီး ၃ မှတ်အကွာကို တက်လှမ်းခဲ့ကြတာဖြစ်ပါတယ်။

ဒီအပတ်ပွဲစဉ်တွေမှာ VAR က အငြင်းပွားစရာအကောင်းဆုံးဖြစ်ခဲ့ပြီး အာတီတာအတွက် ဗုဒ္ဓဟူးနေ့ပွဲစဉ်မတိုင်ခင် လီး မေဆန်ရဲ့ လုပ်ဖော်ကိုင်ဖက် အန်သိုနီ တေလာနဲ့ ဆက်ဆံရေးက စိတ်ဝင်စားစရာကောင်းတဲ့ ပြောစရာအချက် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

အာတီတာဟာ ယခုရာသီအစောပိုင်းမှာ ပရီးမီးယားလိဂ်ဒိုင်လူကြီးအပေါ် အထင်မကြီးတဲ့အကြောင်း ပြောကြားခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ် အန်သိုနီ တေလာနဲ့ တွေ့ဆုံရတော့မှာဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးဒိုင်လူကြီးတွေထဲက တစ်ဦးအဖြစ် ယူဆခြင်းခံထားရတဲ့ တေလာဟာ ဗုဒ္ဓဟူးနေ့ အမ်းမရိတ်စ်က ပွဲစဉ်ကို ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူကိုင်တွယ်သွားတော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာဟာ နှစ်သစ်ကူးအကြိုနေ့က ဘရိုက်တန်ကို ၄-၂ နဲ့ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်ရဲ့ပွဲစဉ်အတွင်းမှာ အန်သိုနီ တေလာရဲ့ ပွဲကြီးကြပ်ပုံကြောင့် မကျေမနပ်ဖြစ်ခဲ့ရတာဖြစ်ပြီး ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အံ့အားသင့်ခဲ့ရတာ ဖြစ်ပါတယ်။ အန်သိုနီ တေလာဟာ ယခုရာသီမှာ အာဆင်နယ်ရဲ့ ပွဲစဉ် ၄ ပွဲအထိ တာဝန်ယူကိုင်တွယ်ခဲ့ရာမှာ အာတီတာရဲ့အသင်းက ၄ ပွဲစလုံးမှာ အနိုင်ရရှိခဲ့ပေမယ့်လည်း စပိန်လူမျိုးနည်းပြဟာ ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အစပိုင်းတုန်းက ဆုံးဖြတ်ချက်ကို စောဒကတက်ခဲ့ပေမယ့်လည်း နောက်ပိုင်းမှာတော့ ဘာမှ မပြောဘဲ ပြုံးပဲ ပြုံးနေခဲ့တော့တာ ဖြစ်ပါတယ်။

မန်ချက်စတာယူနိုက်တက်ကို နကီးတီးယားရဲ့ နောက်ကျဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ VAR ကြောင့် ဂိုးရရှိခဲ့တာဖြစ်ပြီး အဲဒီပွဲစဉ်အတွင်း အာတီတာရဲ့ ကွင်းဘေးစည်းက အပြုအမူနဲ့ပတ်သက်ပြီး အန်သိုနီ တေလာက အဝါကတ်ပြား ပြသခဲ့တာဖြစ်ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ပုံမွန္အားျဖင့္ ရက္သတၱပတ္အလယ္မွာ ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းတဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြက ပရိသတ္ေတြကို ဖမ္းစားထားေလ့ရွိေပမယ့္လည္း ဗုဒၶဟူးေန႔မွာ ပရီးမီးယားလိဂ္အမွတ္ေပးဖလားအတြက္ အဆုံးအျဖတ္ျဖစ္လာႏိုင္တဲ့ အာဆင္နယ္နဲ႔ မန္စီးတီးတို႔ပြဲထက္ ပရိသတ္ေတြအတြက္ စိတ္ဝင္စားစရာေကာင္းတဲ့ပြဲမရွိေတာ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲစဥ္မွာ အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ေၾကာင့္ ရမွတ္ ၂ မွတ္ နစ္နာခဲ့ရၿပီး ဗုဒၶဟူးေန႔ပြဲစဥ္မွာလည္း ဘ႐ိုက္တန္နဲ႔ ခရစၥတယ္ပဲေလ့စ္တို႔ပြဲစဥ္မွာ မွားယြင္းတဲ့လူကြၽံဆုံးျဖတ္ခ်က္ ခ်မွတ္ခဲ့တဲ့ ဂြၽန္ ဘ႐ြတ္ခ္စ္ကို တာဝန္ေပးထားတာေၾကာင့္ စိုးရိမ္ခဲ့ရေပမယ့္လည္း ပရီးမီးယားလိဂ္က VAR ဒိုင္ကို လဲလွယ္ေပးခဲ့လို႔ စိတ္သက္သာရာ ရခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္က VAR ေၾကာင့္ ဒုကၡေရာက္ေနခ်ိန္မွာ အမွတ္ေပးဇယားဒုတိယေနရာက မန္ခ်က္စတာစီးတီးက အက္စတန္ ဗီလာကို ၃-၁ နဲ႔ သက္ေတာင့္သက္သာ အႏိုင္ယူၿပီး ဖလားၿပိဳင္ဘက္ေတြရဲ႕ အခက္အခဲကို အခြင့္ေကာင္းယူၿပီး ၃ မွတ္အကြာကို တက္လွမ္းခဲ့ၾကတာျဖစ္ပါတယ္။

ဒီအပတ္ပြဲစဥ္ေတြမွာ VAR က အျငင္းပြားစရာအေကာင္းဆုံးျဖစ္ခဲ့ၿပီး အာတီတာအတြက္ ဗုဒၶဟူးေန႔ပြဲစဥ္မတိုင္ခင္ လီး ေမဆန္ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ အန္သိုနီ ေတလာနဲ႔ ဆက္ဆံေရးက စိတ္ဝင္စားစရာေကာင္းတဲ့ ေျပာစရာအခ်က္ ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။

အာတီတာဟာ ယခုရာသီအေစာပိုင္းမွာ ပရီးမီးယားလိဂ္ဒိုင္လူႀကီးအေပၚ အထင္မႀကီးတဲ့အေၾကာင္း ေျပာၾကားခဲ့ၿပီးေနာက္ ေနာက္ထပ္တစ္ႀကိမ္ အန္သိုနီ ေတလာနဲ႔ ေတြ႕ဆုံရေတာ့မွာျဖစ္ၿပီး ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးဒိုင္လူႀကီးေတြထဲက တစ္ဦးအျဖစ္ ယူဆျခင္းခံထားရတဲ့ ေတလာဟာ ဗုဒၶဟူးေန႔ အမ္းမရိတ္စ္က ပြဲစဥ္ကို ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူကိုင္တြယ္သြားေတာ့မွာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာတီတာဟာ ႏွစ္သစ္ကူးအႀကိဳေန႔က ဘ႐ိုက္တန္ကို ၄-၂ နဲ႔ အႏိုင္ရရွိခဲ့တဲ့ အာဆင္နယ္ရဲ႕ပြဲစဥ္အတြင္းမွာ အန္သိုနီ ေတလာရဲ႕ ပြဲႀကီးၾကပ္ပုံေၾကာင့္ မေက်မနပ္ျဖစ္ခဲ့ရတာျဖစ္ၿပီး ဒိုင္လူႀကီးရဲ႕ ဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး အံ့အားသင့္ခဲ့ရတာ ျဖစ္ပါတယ္။ အန္သိုနီ ေတလာဟာ ယခုရာသီမွာ အာဆင္နယ္ရဲ႕ ပြဲစဥ္ ၄ ပြဲအထိ တာဝန္ယူကိုင္တြယ္ခဲ့ရာမွာ အာတီတာရဲ႕အသင္းက ၄ ပြဲစလုံးမွာ အႏိုင္ရရွိခဲ့ေပမယ့္လည္း စပိန္လူမ်ိဳးနည္းျပဟာ ဘ႐ိုက္တန္ကို အႏိုင္ရခဲ့တဲ့ပြဲမွာ အစပိုင္းတုန္းက ဆုံးျဖတ္ခ်က္ကို ေစာဒကတက္ခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာေတာ့ ဘာမွ မေျပာဘဲ ၿပဳံးပဲ ၿပဳံးေနခဲ့ေတာ့တာ ျဖစ္ပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ကို နကီးတီးယားရဲ႕ ေနာက္က်ဂိုးနဲ႔ အႏိုင္ရရွိခဲ့တဲ့ပြဲစဥ္မွာ VAR ေၾကာင့္ ဂိုးရရွိခဲ့တာျဖစ္ၿပီး အဲဒီပြဲစဥ္အတြင္း အာတီတာရဲ႕ ကြင္းေဘးစည္းက အျပဳအမူနဲ႔ပတ္သက္ၿပီး အန္သိုနီ ေတလာက အဝါကတ္ျပား ျပသခဲ့တာျဖစ္ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.