Premier League

မာဆေးဆိုဒ်ဒါဘီပွဲအပြီး ထိပ်ဆုံး ၄ နေရာအတွက် အမြင်မတူတဲ့ နဗီးနဲ့ ကာရေဂါ

ဂယ်ရီ နဗီးဟာ တနင်္လာနေ့ညက အန်းဖီးမှာ ကစားခဲ့တဲ့ မာဆေးဆိုဒ်ဒါဘီပွဲစဉ်မှာ ယာဂန် ကလော့ပ်ရဲ့အသင်း နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာကို မြင်တွေ့ခဲ့ပြီးနောက် လီဗာပူးလ်အသင်းက ထိပ်ဆုံး ၄ နေရာအတွက် ပြိုင်ပွဲထဲမှာ ရှိနေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။

ဘရိုက်တန်နဲ့ ဝုလ်ဗ်စ်တို့လို အသင်းတွေကို ရှုံးနိမ့်ခဲ့တဲ့ ကလော့ပ်နဲ့ လီဗာပူးလ်အသင်းအတွက် စိတ်ပျက်ဖွယ် ရက်သတ္တပတ်အနည်းငယ်ဖြစ်ခဲ့ပေမယ့်လည်း ဒေသတွင်းပြိုင်ဘက်ဖြစ်တဲ့ အဲဗာတန်ကို အိမ်ကွင်းမှာ လက်ခံယှဉ်ပြိုင်ခဲ့ရတဲ့ပွဲစဉ်မှာတော့ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့တာဖြစ်ပါတယ်။ မိုဟာမက် ဆာလားနဲ့ ကိုဒီ ဂက်ခ်ပိုတို့ရဲ့ သွင်းဂိုးတွေကြောင့် လီဗာပူးလ်အသင်းက ၂-၀ နဲ့ အနိုင်ရရှိသွားခဲ့တာဖြစ်ပြီး စနေနေ့မှာ နယူးကာဆယ်လ်နဲ့ ကစားရမယ့် အရေးကြီးပွဲစဉ်အတွက် ယုံကြည်ချက် ရရှိခဲ့ပြီ ဖြစ်ပါတယ်။

စိန့် ဂျိမ်းစ်ပါ့ခ်က နိုင်ပွဲဟာ ချန်ပီယံလိဂ် ဝင်ခွင့်နေရာနဲ့ ကွာဟမှုကို ၆ မှတ်အထိ လျှော့ချပေးနိုင်မှာဖြစ်ပြီး လီဗာပူးလ်ပထမအသင်းကစားသမားအချို့လည်း ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာတော့မှာဖြစ်တာကြောင့် နဗီးက ကလော့ပ်ရဲ့အသင်းကို ပွဲအများကြီး ကျန်နေသေးချိန်မှာ လျှော့တွက်ရင် မိုက်မဲရာကျလိမ့်မယ်လို့ ခံစားနေရတာဖြစ်ပါတယ်။

“သူတို့ရဲ့ ခြေစွမ်းနဲ့ပတ်သက်ပြီး အားလုံး ပြောခဲ့ကြတယ်။ သူတို့ရဲ့ ဆိုးရွားတဲ့ခံစစ်ကစားပုံအကြောင်းရောပေါ့။ ဒါပေမယ့် သူတို့တွေ ကစားသမားတွေအများကြီး ပျောက်ဆုံးနေခဲ့ပါတယ်။ ခင်ဗျား အဲဒီအသင်းထဲမှာ ဗန်ဒိုက်ကိုထည့်လိုက်။ အရန်ခုံမှာ ဒီယက်ဇ်နဲ့အတူ ထိုင်နေရတဲ့ ဂျိုတာလည်း ပြန်ပါလာမယ်။ ဖာမီနိုလည်း ပြန်ကစားမယ်ဆိုရင် လုံးဝကို မတူညီတဲ့ ဇာတ်လမ်းဖြစ်လာပါလိမ့်မယ်”

“ရုတ်တရက် ခင်ဗျား လိဂ်အမှတ်ပေးဇယားကို ကြည့်လိုက်တဲ့အချိန်ကျရင် သူတို့တွေက ထိပ်ဆုံး ၄ နေရာပြိုင်ပွဲအပြင်ဘက်မှာ ရှိနေတဲ့ပုံပေါ်မှာမဟုတ်ပါဘူး။ သူတို့တွေ ထိပ်ဆုံး ၄ နေရာပြိုင်ပွဲအပြင်ဘက်မှာ ရှိနေတယ်လို့ ကျွန်တော် ဘယ်တုန်းကမှ မထင်ခဲ့ဘူး။ အခုအချိန်က နယူးကာဆယ်လ်က နည်းနည်းခြေစွမ်းကျဆင်းနေပြီး သူတို့တွေ ၆ ပွဲမှာ ၁ ပွဲပဲ အနိုင်ရခဲ့တယ်။ လီဗာပူးလ်သာ စနေနေ့ နယူးကာဆယ်လ်နဲ့ပွဲမှာ အနိုင်ရခဲ့ရင် သူတို့တွေက အရမ်းအားကောင်းတဲ့အနေအထားမှာ ရှိလာမှာပါ။ သူတို့တွေ အရမ်းကို ယုံကြည်ချက်ရှိနေပြီး ရပ်တန့်ဖို့ ခက်ခဲလာပြီလို့ ခံစားနေရပါတယ်။ လီဗာပူးလ်နဲ့ပတ်သက်ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာ ကျွန်တော် သိပ်မပြောခဲ့တဲ့အကြောင်းအရင်းက ဒီကစားသမားတွေက ဒီမှာရှိနေခဲ့တာ ၅ နှစ်လောက်ရှိခဲ့ပြီဖြစ်ပြီး သူတို့တွေ စွမ်းဆောင်ခဲ့တဲ့ပုံစံနဲ့ပတ်သက်ပြီး ချီးကျူးမှုတွေနဲ့ ယုံကြည်မှုတွေ အများကြီး တည်ဆောက်ခဲ့ပြီးသားမို့လို့ပါ”

“သူတို့မှာ ရှိတဲ့ အဆင့်အတန်းက ကျဆင်းနိုင်တယ်လို့ ကျွန်တော် ပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ ကြည့်ရှုနေတာနဲ့ ကျွန်တော်တို့ မြင်တွေ့ခဲ့ရတာ တစ်ခုတည်းနဲ့တင် အဲဒီလိုဖြစ်ရင် သူတို့ကိုယ်တိုင်အတွက်တောင် တော်တော်လေး လက်ခံနိုင်စရာမဟုတ်တာ သိသာပါတယ်။ အမှန်တရားက သူတို့တွေ ဒီရာသီမှာ နောက်ထပ်တစ်ကြိမ် ပြန်လာနိုင်ပြီး သူတို့ရဲ့အဓိကကစားသမားတွေ အသင်းထဲပြန်ပါလာရင် နိုင်ပွဲဆက်နိုင်ပါလိမ့်မယ်”လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါကတော့ လီဗာပူးလ်အသင်းအနေနဲ့ ယခုရာသီ ထိပ်ဆုံး ၄ နေရာထဲမှာ ရာသီပြီးဆုံးနိုင်ဖွယ်မရှိဘူးလို့ ယုံကြည်နေဆဲ ဖြစ်ပါတယ်။

“ကလော့ပ်က လီဗာပူးလ်အနေနဲ့ အခုအချိန်မှာ နိုင်ပွဲတွေ ရယူပြီး ထိပ်ဆုံး ၄ နေရာအတွက် တိုက်ပွဲဝင်နိုင်ပြီလို့ မျှော်လင့်နေမှာပါ။ သူတို့အနေနဲ့ ထိပ်ဆုံး ၄ နေရာဝင်ဖို့အတွက် အခွင့်အရေးက ကြီးမားတဲ့ပြင်ပအခွင့်အရေးလို့ ထင်နေတုန်းပါပဲ။ လီဗာပူးလ်ရဲ့လာမယ့်အဝေးကွင်းပွဲဖြစ်တဲ့ နယူးကာဆယ်လ်နဲ့ပွဲက အရေးကြီးပါတယ်။ သူတို့တွေ အဲဒီပွဲမှာ ၃ မှတ်ရယူနိုင်ရင်တော့ သူတို့တွေ ထိပ်ဆုံး ၄ နေရာပြိုင်ပွဲထဲ ပြန်လာနိုင်မယ်လို့ ထင်ပါတယ်။ ရာသီကလည်း သွားဖို့ အဝေးကြီးကျန်ပါသေးတယ်။ လီဗာပူးလ်က ဒီပွဲမှာ သူတို့ရဲ့အရင်ခြေ ပြန်ရနေပုံပေါ်ခဲ့ပါတယ်။ တစ်ခါတရံ ကြီးမားတဲ့ပွဲစဉ်က ကြီးမားတဲ့ရလဒ်က တစ်စုံတရာကို တောက်ပစေနိုင်တယ်။ သူတို့တွေ ချန်ပီယံလိဂ်မှာ ပုံစံကောင်းရနိုင်မှာလား”လို့ ပြောကြားခဲ့ပါတယ်။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.

ZAWGYI:

ဂယ္ရီ နဗီးဟာ တနလၤာေန႔ညက အန္းဖီးမွာ ကစားခဲ့တဲ့ မာေဆးဆိုဒ္ဒါဘီပြဲစဥ္မွာ ယာဂန္ ကေလာ့ပ္ရဲ႕အသင္း ႏိုင္ပြဲျပန္လည္ရယူႏိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ၿပီးေနာက္ လီဗာပူးလ္အသင္းက ထိပ္ဆုံး ၄ ေနရာအတြက္ ၿပိဳင္ပြဲထဲမွာ ရွိေနလိမ့္မယ္လို႔ ယုံၾကည္ေနပါတယ္။

ဘ႐ိုက္တန္နဲ႔ ဝုလ္ဗ္စ္တို႔လို အသင္းေတြကို ရႈံးနိမ့္ခဲ့တဲ့ ကေလာ့ပ္နဲ႔ လီဗာပူးလ္အသင္းအတြက္ စိတ္ပ်က္ဖြယ္ ရက္သတၱပတ္အနည္းငယ္ျဖစ္ခဲ့ေပမယ့္လည္း ေဒသတြင္းၿပိဳင္ဘက္ျဖစ္တဲ့ အဲဗာတန္ကို အိမ္ကြင္းမွာ လက္ခံယွဥ္ၿပိဳင္ခဲ့ရတဲ့ပြဲစဥ္မွာေတာ့ အေကာင္းဆုံးပုံစံနဲ႔ ျပန္လာႏိုင္ခဲ့တာျဖစ္ပါတယ္။ မိုဟာမက္ ဆာလားနဲ႔ ကိုဒီ ဂက္ခ္ပိုတို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ လီဗာပူးလ္အသင္းက ၂-၀ နဲ႔ အႏိုင္ရရွိသြားခဲ့တာျဖစ္ၿပီး စေနေန႔မွာ နယူးကာဆယ္လ္နဲ႔ ကစားရမယ့္ အေရးႀကီးပြဲစဥ္အတြက္ ယုံၾကည္ခ်က္ ရရွိခဲ့ၿပီ ျဖစ္ပါတယ္။

စိန႔္ ဂ်ိမ္းစ္ပါ့ခ္က ႏိုင္ပြဲဟာ ခ်န္ပီယံလိဂ္ ဝင္ခြင့္ေနရာနဲ႔ ကြာဟမႈကို ၆ မွတ္အထိ ေလွ်ာ့ခ်ေပးႏိုင္မွာျဖစ္ၿပီး လီဗာပူးလ္ပထမအသင္းကစားသမားအခ်ိဳ႕လည္း ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာေတာ့မွာျဖစ္တာေၾကာင့္ နဗီးက ကေလာ့ပ္ရဲ႕အသင္းကို ပြဲအမ်ားႀကီး က်န္ေနေသးခ်ိန္မွာ ေလွ်ာ့တြက္ရင္ မိုက္မဲရာက်လိမ့္မယ္လို႔ ခံစားေနရတာျဖစ္ပါတယ္။

“သူတို႔ရဲ႕ ေျခစြမ္းနဲ႔ပတ္သက္ၿပီး အားလုံး ေျပာခဲ့ၾကတယ္။ သူတို႔ရဲ႕ ဆိုး႐ြားတဲ့ခံစစ္ကစားပုံအေၾကာင္းေရာေပါ့။ ဒါေပမယ့္ သူတို႔ေတြ ကစားသမားေတြအမ်ားႀကီး ေပ်ာက္ဆုံးေနခဲ့ပါတယ္။ ခင္ဗ်ား အဲဒီအသင္းထဲမွာ ဗန္ဒိုက္ကိုထည့္လိုက္။ အရန္ခုံမွာ ဒီယက္ဇ္နဲ႔အတူ ထိုင္ေနရတဲ့ ဂ်ိဳတာလည္း ျပန္ပါလာမယ္။ ဖာမီႏိုလည္း ျပန္ကစားမယ္ဆိုရင္ လုံးဝကို မတူညီတဲ့ ဇာတ္လမ္းျဖစ္လာပါလိမ့္မယ္”

“႐ုတ္တရက္ ခင္ဗ်ား လိဂ္အမွတ္ေပးဇယားကို ၾကည့္လိုက္တဲ့အခ်ိန္က်ရင္ သူတို႔ေတြက ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲအျပင္ဘက္မွာ ရွိေနတဲ့ပုံေပၚမွာမဟုတ္ပါဘူး။ သူတို႔ေတြ ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲအျပင္ဘက္မွာ ရွိေနတယ္လို႔ ကြၽန္ေတာ္ ဘယ္တုန္းကမွ မထင္ခဲ့ဘူး။ အခုအခ်ိန္က နယူးကာဆယ္လ္က နည္းနည္းေျခစြမ္းက်ဆင္းေနၿပီး သူတို႔ေတြ ၆ ပြဲမွာ ၁ ပြဲပဲ အႏိုင္ရခဲ့တယ္။ လီဗာပူးလ္သာ စေနေန႔ နယူးကာဆယ္လ္နဲ႔ပြဲမွာ အႏိုင္ရခဲ့ရင္ သူတို႔ေတြက အရမ္းအားေကာင္းတဲ့အေနအထားမွာ ရွိလာမွာပါ။ သူတို႔ေတြ အရမ္းကို ယုံၾကည္ခ်က္ရွိေနၿပီး ရပ္တန႔္ဖို႔ ခက္ခဲလာၿပီလို႔ ခံစားေနရပါတယ္။ လီဗာပူးလ္နဲ႔ပတ္သက္ၿပီး ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာ ကြၽန္ေတာ္ သိပ္မေျပာခဲ့တဲ့အေၾကာင္းအရင္းက ဒီကစားသမားေတြက ဒီမွာရွိေနခဲ့တာ ၅ ႏွစ္ေလာက္ရွိခဲ့ၿပီျဖစ္ၿပီး သူတို႔ေတြ စြမ္းေဆာင္ခဲ့တဲ့ပုံစံနဲ႔ပတ္သက္ၿပီး ခ်ီးက်ဴးမႈေတြနဲ႔ ယုံၾကည္မႈေတြ အမ်ားႀကီး တည္ေဆာက္ခဲ့ၿပီးသားမို႔လို႔ပါ”

“သူတို႔မွာ ရွိတဲ့ အဆင့္အတန္းက က်ဆင္းႏိုင္တယ္လို႔ ကြၽန္ေတာ္ ေျပာေနတာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ ၾကည့္ရႈေနတာနဲ႔ ကြၽန္ေတာ္တို႔ ျမင္ေတြ႕ခဲ့ရတာ တစ္ခုတည္းနဲ႔တင္ အဲဒီလိုျဖစ္ရင္ သူတို႔ကိုယ္တိုင္အတြက္ေတာင္ ေတာ္ေတာ္ေလး လက္ခံႏိုင္စရာမဟုတ္တာ သိသာပါတယ္။ အမွန္တရားက သူတို႔ေတြ ဒီရာသီမွာ ေနာက္ထပ္တစ္ႀကိမ္ ျပန္လာႏိုင္ၿပီး သူတို႔ရဲ႕အဓိကကစားသမားေတြ အသင္းထဲျပန္ပါလာရင္ ႏိုင္ပြဲဆက္ႏိုင္ပါလိမ့္မယ္”လို႔ ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္လည္း လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါကေတာ့ လီဗာပူးလ္အသင္းအေနနဲ႔ ယခုရာသီ ထိပ္ဆုံး ၄ ေနရာထဲမွာ ရာသီၿပီးဆုံးႏိုင္ဖြယ္မရွိဘူးလို႔ ယုံၾကည္ေနဆဲ ျဖစ္ပါတယ္။

“ကေလာ့ပ္က လီဗာပူးလ္အေနနဲ႔ အခုအခ်ိန္မွာ ႏိုင္ပြဲေတြ ရယူၿပီး ထိပ္ဆုံး ၄ ေနရာအတြက္ တိုက္ပြဲဝင္ႏိုင္ၿပီလို႔ ေမွ်ာ္လင့္ေနမွာပါ။ သူတို႔အေနနဲ႔ ထိပ္ဆုံး ၄ ေနရာဝင္ဖို႔အတြက္ အခြင့္အေရးက ႀကီးမားတဲ့ျပင္ပအခြင့္အေရးလို႔ ထင္ေနတုန္းပါပဲ။ လီဗာပူးလ္ရဲ႕လာမယ့္အေဝးကြင္းပြဲျဖစ္တဲ့ နယူးကာဆယ္လ္နဲ႔ပြဲက အေရးႀကီးပါတယ္။ သူတို႔ေတြ အဲဒီပြဲမွာ ၃ မွတ္ရယူႏိုင္ရင္ေတာ့ သူတို႔ေတြ ထိပ္ဆုံး ၄ ေနရာၿပိဳင္ပြဲထဲ ျပန္လာႏိုင္မယ္လို႔ ထင္ပါတယ္။ ရာသီကလည္း သြားဖို႔ အေဝးႀကီးက်န္ပါေသးတယ္။ လီဗာပူးလ္က ဒီပြဲမွာ သူတို႔ရဲ႕အရင္ေျခ ျပန္ရေနပုံေပၚခဲ့ပါတယ္။ တစ္ခါတရံ ႀကီးမားတဲ့ပြဲစဥ္က ႀကီးမားတဲ့ရလဒ္က တစ္စုံတရာကို ေတာက္ပေစႏိုင္တယ္။ သူတို႔ေတြ ခ်န္ပီယံလိဂ္မွာ ပုံစံေကာင္းရႏိုင္မွာလား”လို႔ ေျပာၾကားခဲ့ပါတယ္။

REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.